♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 22, 2014

သိန်းကုဋေ' ယာဉ်တိုက်မှု ၃ ဦးသေ၊ ၉ ဦးဒဏ်ရာ

 လမ်းလယ်ကျွန်းလမ်းဖြတ်သို့ ရုတ်တရက်ချိုးကွေ့သောယာဉ်အား ခရီးသည်တင်မှန်လုံယာဉ်မှ ဝင်ရောက်တိုက်မိ၍ သေဆုံး/ဒဏ်ရာရ

နေပြည်တော်၊ ဒီဇင်ဘာ ၂၁

၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ဝ ရက်နေ့ နံနက် ၄ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၈/၅-၆)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်း အရ ဘောနတ်ကြီး အမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။


စစ်ဆေးချက်အရ နေပြည်တော်ဘက်မှ ရန်ကုန် ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာမြို့သစ်နေ ကျော်စိုးမိုး(၄၄)နှစ် မောင်းနှင်လာသည့် 8B/**** လိုက်ထရပ်အဖြူရောင်ယာဉ်သည် လမ်းယာဘက်မြေသားလမ်းအစပ်မှ လမ်းလယ်ကျွန်းလမ်းဖြတ်သို့ ရုတ်တရက်ချိုးကွေ့စဉ် နောက်မှ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်္ဂလာ ရပ်ကွက်နေ စိုင်းထွန်းမြင့်(၂၉)နှစ်မောင်းနှင်လာသော ၈ဈ/**** ''သိန်းကုဋေ''ခရီးသည်တင်မှန်လုံ ယာဉ်မှ လိုက်ထရပ်ယာဉ်၏ ဝဲဘက်ခေါင်းပိုင်းအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တိုက်မိမှုကြောင့် လိုက်ထရပ်ယာဉ်ပေါ်တွင်လိုက်ပါလာသူ(၁ဝ)ဦးအနက် ယာဉ်မောင်း ကျော်စိုးမိုး ပါ ကျား ၄ ဦး၊ မ ၅ ဦး၊ စုစုပေါင်း(၉)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ တင်ပို့ကုသစဉ် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာမြို့သစ်နေ ဒေါ်ကြည်ဌေး (၅၈)နှစ်ပါ ကျား ၁ ဦး၊ မ ၂ ဦး၊ စုစုပေါင်း(၃)ဦး သေဆုံးသွားခဲ့ကြောင်းနှင့် ကျော်စိုးမိုးအား ဘောနတ်ကြီး အမြန်လမ်းရဲစခန်း ယာဉ်(ပ)၃၂/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
သိန်းကုဋေ ခရီးသည်တင်ယာဉ်လိုင်းအခုလို့ဖြစ်ရတဲ့အတွက် ကျွန်တော်မောင်စိုး အရမ်းစိတ်မကောင်းဖြစ်မိပါတယ်ဗျာ
ကျွန်တော် မောင်စိုးက express ကားကြီးတွေကို ချစ်မြတ်နိုးသူတစ်ယောက်ပါ

No comments:

Subscribe

လာလည်သူများ

free counters