♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 21, 2014

" အထီး၊ အမ ခွဲခြားနည်း " ဟာသ


ဇနီးသည် ဖြစ်သူဟာ မီးဖိုချောင်ထဲမှာ ယင်ရိုက်တံတစ်ချောင်းနဲ့ ယင်တွေကို ချောင်းမြောင်း နေတဲ့ ယောက်ျားဖြစ်သူကို တွေ့လိုက်ရတာကြောင့် "ရှင် ..ဘာတွေလုပ်နေတာလဲ"လို့ မေးလိုက်ပါတယ်။
အမျိုးသားက "ငါ ..ယင်ကောင်တွေ ဖမ်းနေတာကွ"လို့ ပြန်ဖြေလိုက်တာကြောင့် "အောင်မလေး .. ရှင် အကုသိုလ်အလုပ်တွေ လုပ်နေတယ် ဟုတ်လား။ ဘယ်နှကောင်များ သတ်ပြီးပြီလဲ"လို့ မိန်းမဖြစ်သူက ထပ်ကွန့် လိုက်ပါတယ်။
"လုပ်တယ်ကွာ ..ဘာဖြစ်လဲ .. အထီးသုံးကောင်နဲ့ အမနှစ်ကောင်ကို ငါ သတ်လိုက်တယ်" လို့
ခင်ပွန်းသည်ရဲ့ တုံ့ပြန်မှုက အမျိုးသမီးကို စိတ်ဝင်စားမှု ပိုသွားစေပြီး "ယင်ကောင်တွေကို များ အထီး၊ အမ .. ရှင်ဘယ်လိုခွဲသိလဲ"လို့ ထပ်မေးလိုက်ပြန်ပါတယ်။
အဲဒီအခါ အမျိုးသားပြန်ဖြေလိုက်တာ က "ဟ ..ရှင်းရှင်းလေးပဲဟာ ..ဘီ ယာခွက်ပေါ်က သုံးကောင်က အထီးပဲ ပေါ့။ တယ်လီဖုန်းပေါ်က နှစ်ကောင်က တော့ အမပေါ့ဟ" တဲ့။
Ref: Myanmar Times
Credit : သတင်းရပ်ဝန်း

No comments:

Subscribe

လာလည်သူများ

free counters