♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 27, 2014

ဘုရားဖူးယာဉ် တိမ်းမှောက်ခဲ့သဖြင့် (၁)ဦးသေ၊ (၆)ဦးဒဏ်ရာ


ရန်ကုန်၊ဒီဇင်ဘာ ၂၇

၂၆.၁၂.၂၀၁၄ ရက်နေ့ ၀၇၃၀ အချိန်တွင် ထန်းတပင်မြို့နယ်၊ ရေပေါ်သောင် ကားလမ်းအတိုင်း ထန်းတပင်ဘက်မှ မှော်ဘီဘက်သို့ ထန်းတပင်မြို့နယ်နေ ယာဉ်မောင်း ကိုရဲကိုနိုင် မောင်းနှင်လာသော 2G---- SUZUKI Carry ကိုယ်ပိုင်ယာဉ်သည် သံတဇာကျေးရွာ အနီးအရောက် ယာဉ်၏ ယာဘက်နောက်ဘီး ကျွတ်ထွက်သွားကာ တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင် သွားခဲ့ပါသည်။


ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပျက်စီးခဲ့သည့်အပြင် ယာဉ်ပေါ်ပါ ဘုရားဖူးခရီးသည်(၂၀)ဦးအနက် အသက်(၉)နှစ်အရွယ်ကလေးငယ်တစ်ဦးမှာ အခင်းဖြစ် နေရာတွင် သေဆုံးသွားခဲ့ပြီး အမျိုးသား(၂)ဦး၊ အမျိုးသမီး(၄)ဦးတို့တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် မှော်ဘီဆေးရုံနှင့် ရန်ကုန်ဆေးရုံကြီးတို့၌ အတွင်း/ပြင်ပလူနာ (စိုးရိမ်ရ/မစိုးရိမ်ရ)များအဖြစ် တင်ပို့ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကိုရဲကိုနိုင်အား ထန်းတပင်မြို့နယ်၊ တော်လတဲ့နယ်မြေရဲစခန်း ယာဉ်(ပ)၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/ ၃၃၇/၂၇၉/၂၀၂ ဖြင့် အမှုဖွင့်အရေးယူကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Subscribe

လာလည်သူများ

free counters