♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 7, 2015

" အနမ်း တခု အကြောင်း "

အနမ်း တခုကြောင့် ဘာတွေဖြစ်နိုင်တယ် ဖြစ်တယ်ဆိုတာ .....ဖတ်ရှုရမှာ ဖြစ်ပါတယ်.....

၁) ၃၇ % သောအမျိုးသားတွေဟာ နမ်းနေတဲ့အချိန်မှာ မျက်လုံးတွေပိတ်ထားလေ့ရှိပြိး ၉၇ % သောအမျိုးသမီးတွေကလည်း နမ်းနေစဉ်မျက်လုံးပိတ်ထားတတ်
ကြပါတယ်...
၂) ၁ မိနစ်လောက် နမ်းလိုက်ခြင်းအားဖြင့် ၂၆ ကယ်လိုရီလောက် လောင်ကျွမ်းနိုင်ပါတယ်...

၃) သုတေသနပြုချက်များအရ လူနှစ်ယောက် နမ်းနေတဲ့အချိန်မှာ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားအကုန်လုံးနီးပါးကို အသုံးပြုတတ်ကြပါတယ်...

၎) သင်နဲ့ ဆံပင်အရောင်တူတဲ့ သူနဲ့ နမ်းမယ်ဆိုရင် ချစ်စိတ်တွေပိုပြီးပြင်းပြလာနိုင်ပါတယ်....

၅) ကျွန်တော်တို့ရဲ့ သက်တမ်းတစ်လျှောက်မှာ အနမ်းပေါင်း ၂၅၀၀၀ အထိ လက်ခံရရှိနိုင်ပါတယ်... အဲ့ဒီအနမ်းတွေထဲမှာ ပါးလေးကို ဖွဖွနမ်းလိုက်တာကနေစပြီး ခြေနှစ်ဖက်ညွှတ်ခွေသွားအောင် အားပါးတရနမ်းလိုက်တာမျိုးအထိ ပါဝင်ပါတယ်....

၆) ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ အမှောင်ထဲက တခြားနှုတ်ခမ်းတစ်စုံကို အလိုလိုရှာဖွေနိုင်တဲ့ အာရုံကြောစနစ်တွေပါဝင်ပါတယ်....

၇) အနမ်းတစ်ခုဟာ နာကျင်မှုကို သက်သာစေတဲ့နေရာမှာ မော်ဖင်းထက် ဆယ်ဆ ပိုထိရောက်ပါတယ်... ဘာကြောင့်လဲဆိုတော့ အနမ်းဟာ ခန္ဓာကိုယ်ရဲ့ နာကျင်မှုပပျောက်စေတဲ့ ဓာတ်တွေကို နှိုးဆွပေးနိုင်လို့ပါပဲ... ဒါကြောင့် မိခင်တွေဟာ သူတို့ရဲ့ ကလေးငယ်လေးတွေ ဒဏ်ရာအနာတရဖြစ်လာရင် အနမ်းလေးနဲ့ နှစ်သိမ့်ပေးတာဟာ ထိရောက်တဲ့ လုပ်ဆောင်ချက်တစ်ရပ်ဖြစ်နေရခြင်း ဖြစ်ပါတယ်....

၈) ရှေးအီဂျစ်လူမျိုးတွေဟာ သူတို့ရဲ့ နှာခေါင်းတွေကို အသုံးပြုပြီးနမ်းကြပါတယ်.... နှုတ်ခမ်းနဲ့ မနမ်းကြပါဘူး....

၉) လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် သူတို့သက်တမ်းတစ်လျှောက်လုံးမှာ နမ်းဖို့အတွက် ၁၄ ရက်လောက်

" အချစ်ဆိုတာ‬…… "

 
တကယ်တော့ အချစ်ဆိုတာ....ချစ်နေရုံ သက်သက်နှင့် ပြည့်စုံပါတယ်
 ဘာပဲပြောပြော ချစ်နေဖို့ပဲ လိုတာပါ.....

၁)
သူမ.. အပြင်မှာ နောက်ယောက်ျားလေးအသစ်တစ်ယောက် တွေ့နေတာကြောင့် အိမ်ကယောကျာ်းနဲ့ တစ်ကုတင်တည်းမအိပ်ချင်တော့ဘူး။
ဘီဒိုထဲက စောင်နဲ့ ခေါင်းအုံးအသစ်ထပ်ထုတ်ပြီး ယောကျာ်းနဲ့ကုတင်ခွဲအိပ်တယ်။
တစ်ယောက်တည်း ကုတင်အထက်မှာ ချမ်းလွန်းလို့ တုန်နေတယ်။
ယောက်ျားက ချက်ချင်းကုတင်နားလာပြီး သူ့စောင်နဲ့ လဲလိုက်တယ်..
ပြီးတော့ ပြောတယ်..
“ ငတုံးမလေး… အရင်နေ့တွေက ငါနင့်ထက်အရင်စောပြီး အိပ်ရာဝင်တာ ငါ့ကိုယ်ငွေ့နဲ့ အရင်နွေးပေးအောင်လုပ်တာ.. စိတ်ချပါ.. ငါနင့်စောင်မဖယ်ပါဘူး.. ”
သူမ စိတ် အရည်ပျော်သွားသည်။
နောက်နေ့ အပြင်က ချစ်သူနဲ့တွေ့တဲ့အခါသူမက မေးလိုက်သည်။
“ရှင် ကျမကို ချစ်လား” ?
“ အမ်… အင်း… အင်း ချစ်တယ်လေ.. ”
ရုတ်တရတ်အမေးကြောင့် သူနည်းနည်းကြောင်သွားသည်။
“ဒါဆို ကျမစောင်ကို ရှင်နွေးထွေးအောင်လုပ်ပေးမှာလား”
သူ ဒီ့ထက်ပိုကြောင်သွားတယ် .. “ ဘယ်လို… ဘယ်ဟာကို….”
သူမ အခန်းတံခါးကိုဆွဲဖွင့်လိုက်ပြီးတစ်ခွန်းလှည့်ပြောလိုက်တယ်..
“ ဒီနေ့ ရှင်နဲ့ ကျမ နောက်ဆုံးပဲ… ဘိုင့်”
[ အချစ်ဆိုတာ ကိုယ်ခန္ဓာရဲ့ အနွေးဓာတ်လေးတစ်ခု ]
(၂)
သူမ ကားမောင်းရင် အာရုံပျံ့လွင့်တတ်တယ်။
ရုံးက ပြန်လာနေတုန်း ပျင်းပျင်းရှိတာနဲ့ ယောက်ျားဆီဖုန်းခေါ်လိုက်တယ်..
ယောက်ျားဆီအမြဲ အဲလိုဖုန်းဆက်တိုင်း “ အင်း… ” တစ်လုံးထက်ပိုမပြောဘူး…
အဲဒါနဲ့ ဖုန်းချပစ်လိုက်ပြီး ကျောင်းနေဖက်သူငယ်ချင်းကို ဖုန်းလှမ်းခေါ်လိုက်တယ်။
တစ်ဖက်က ကျူတဲ့အဆင့်ထိတက်လာတော့ သူမ အာရုံထွေပြားသွားပြီး ကားတိုက်မှုဖြစ်သွားတယ်။
ဆေးရုံမှာ ယောက်ျားဖြစ်သူက နေ့ညမနား ပြုစုပေးတယ်။
သူမ သတိရလာတော့ ယောက်ျားက သူမလက်ကိုဆုပ်ကိုင်ပြီးပြောတယ်။

"အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးဖြစ်ရခြင်း၏ အကျိုးကျေးဇူးများ "

http://themountainlifeteam.com/wp-content/uploads/2015/07/Family.jpg
ဒီနေ့ခေတ်မှာ အမျိုးသမီးတစ်ဦးကို လက်ထပ်ဖို့ အတွက် အိမ်တွင်းမှု ကျွမ်းကျင်နိုင်နင်းမှဆိုတဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ အယူဆတွေ မရှိတော့ပါဘူး။ ဒီနေ့ခေတ် အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေကို အိမ်တွင်းမှု တစ်ခု လုပ်တတ်ရုံ အမျိုးသမီးတွေကိုဘဲ ရှာဖွေနေကြတာမျိုး မဟုတ်တော့ပါဘူး။ ခုခေတ်မိန်းကလေးတွေကတော့ သူတို့တတ်နိုင်တဲ့ ဘက်ကနေ အလုပ်လုပ်ကြရင်း အိမ်ထောင်တာဝန်တွေကို ထမ်းဆောင်နေကြပါပြီ။

အဲဒီလိုပဲတစ်ဦးနဲ့တစ်ဦးပေါင်းသင်းနေထိုင်ကြတယ်ဆိုတာကအမှီသဟဲအပေါင်းအဖော်ပြုဖို့၊
ချစ်မေတ္တာရှိဖို့၊ ကတိကဝတ်ပြုထားလို့ စတဲ့ အကြောင်းအမျိုးမျိုးတွေကြောင့် အတောမသတ်နိုင်ကြတဲ့ အလိုဆန္ဒတွေ အားလုံးအတွက် လက်ထပ်ပေါင်းသင်းလာကြပါတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ အမျိုးတွေအတွက် မင်္ဂလာဆောင်ပြီးတဲ့နောက်  နောက်ထပ်လုပ်နိုင်သေးတဲ့ ကောင်းကျိုးတွေကိုအကြံပြု ဖော်ပြပေးလိုက်ရပါတယ်။

၁။ ဘဝအတွက်  အကောင်းဆုံးအဖော်မွန် ရရှိစေခြင်း။

မိန်းကလေးတစ်ယောက်အနေနဲ့ လက်မထပ်ဘဲ ဘ၀မှာ တစ်ဦးတည်း ခိုင်မာစွာ ရပ်တည်နိုင်ပါတယ်။ ဒါပေမယ့်လည်းသူငယ်ချင်းတွေ မိတ်ဆွေ အပေါင်းသင်းတွေမှာလည်းသူတို့ရဲ့ ဘဝနဲ့ သူတို့ရှိနေမှာမို့ အမြဲတမ်းတော့  သင်နဲ့ အတူတကွနေထိုင်ပေးနေနိုင်မှာမဟုတ်ပါဘူး။ လက်မထပ်ရသေးဘဲ တစ်ယောက်တည်းနေထိုင်တတ်တဲ့ ဘဝကသင့်ကိုအထီးကျန်မှုဝေဒနာတွေကိုသယ်ဆောင်ပေးပါလိမ့်မယ်။ လက်ထပ်ခြင်းကတော့ သင့်ဘဝထဲကိုအတူတူလက်တွဲ ဖြစ်သန်းကြမယ့် အဖော်ကောင်းအဖော်မွန်တစ်ယောက်ကိုယူဆောင်ပေးလိုက်တာပါပဲ။

၂။ ငွေကြေးဆိုင်ရာတိုးတက်မှုတွေ သယ်ဆောင်လာခြင်း။

ငွေကြေးပိုင်းဆိုင်ရာတိုးတက်မှုအနေနဲ့ တစ်ဦးနဲ့တစ်ဦးအပြန်အလှန် အစီအစဉ်တွေချမှတ်တာတွေ ဝေမျှတာတွေကတစ်ဆင့်ကောင်းကျိုးတွေ ရရှိနိုင်ပါတယ်။ ရှေ့ဆက်လျှောက်ကြမယ့် ဘဝရှေ့ရေးတွေအတွက် လင်မယားအချင်းချင်းညှိညှိနှိုင်းနှိုင်းတိုင်တိုင်ပင်ပင်နဲ့ အတူတူစုဆောင်းကြပြီးဝေမျှသုံးစွဲလေ့ရှိကြတာကြောင့်မို့ ငွေးကြေးပိုင်းဆိုင်ရာလိုအပ်ချက်တွေ လျော့ပါးလာစေပါတယ်။

၃။ လူမှုဆက်ဆံရေးတွင်လည်းကောင်းကျိုးတွေ ဖြစ်ပေါ်စေခြင်း။

တစ်ခါတစ်ရံမှာတော့ အိမ်ထောင်ရှင် အမျိုးသမီးတွေဟာ အိမ်ထောင်မပြုရသေးတဲ့ အခြေအနေမျိုးတွေကို ပြန်လည်မျှော်လင့်တတ်ကြပေမယ့်  လူမှုဆက်ဆံရေးတွေမှာ ကိုယ့်ရဲ့လက်တွဲဖော်ကြောင့် ပိုပြီးဂုဏ်တက်လာတာမျိုးတွေ  ပိုပြီးလူချစ်လူခင်ပေါလာတာမျိုးတွေရှိလာတတ်ပါတယ်။ လူတွေမေးလေ့ရှိတဲ့ ‘ဘယ်တော့စားရမှာလည်း’ ‘မင်္ဂလာမဆောင်သေးဖူးလား’ စတဲ့ ဒုက္ဒရောက်စေတဲ့ မေးခွန်းတွေကို ဖြေစရာမလိုတော့ပါဘူး။ ‘တစ်ယောက်ယောက်နဲ့ ချိန်းတွေ့နေတာလား’ အဲလိုကပ်သီးကပ်သပ်မွေးခွန်းတွေလည်းအမေးမခံရတော့ဖူးလေ။

၎။ ဘဝမှာလည်းနေရာသစ်၊ ရာထူးသစ် တိုးချဲ့ရရှိစေနိုင်ခြင်း။

ဇနီးမယားတစ်ယောက်အနေနဲ့ ကလေးရှိလာပြီဆိုရင် အမေတစ်ယောက်ရဲ့ ရာထူးတိုးလာမယ်။ မိမိခင်ပွန်းသည်ရဲ့ ဆွေမျိုးအပေါင်းအသင်းပေါ်မူတည်ပြီးချွေးမနေရာ၊ ယောင်းမနေရာနောက်ထပ် မရီးနေရာတွေ စတဲ့

" လမ်းလျှောက်တတ်သော သစ်ပင် (Walking Palm)"

 
လမ်းလျှောက်တတ်သော သစ်ပင် တကယ့်အပြင်မှာ ရှိပါတယ်။ သူ့ကို Socratea exorrhiza လို့ခေါ်ပြီး Walking Palm လို့လည်း လူသိများပါတယ်။

အလင်းရောင်ရရှိမယ့် နေရာကို သူ့အလိုအလျောက် လမ်းလျှောက်နိုင်ပါ တယ်။ လမ်းလျှေ
...
ာက်တတ်သော သစ်ပင်ဆိုတာထက် အသက်ရှိသော သစ်ပင်လို့ဆိုရင် ပိုမှန်ပါတယ်။ အမြစ်ရဲ့  ကြီးထွားမှုနှုန်း၊ မြေထဲ စိုက်ဝင် မှုနှုန်းကို သူ့အလိုအလျောက် ထိန်းချုပ်နိုင်ပါတယ်။ သစ်ပင်တစ်ပင်ပင်က သူ့အပေါ် လဲကျရင် အလိုအလျောက် ပြန်ထနိုင်ပါတယ်။ မြေဇီမြေသြဇာ မကောင်းတော့ဘူးဆိုရင် အခြား နေရာတစ်နေရာကို အလို အလျောက် ပြောင်းရွေ့ ပါတယ်။

အပင်က ပျမ်းမျှအားဖြင့် ၁၅ မီတာမှ မီတာ ၂၀ ကြားမြင့်နိုင်ပြီး ပတ်လည် လုံးပတ်ကတော့ ၁၂ စင်တီမီတာပဲ ရှိပါတယ်။ ဒါကြောင့် အမြစ်ကို လည်း မြေထဲမှာပဲ အားလုံး မြှုပ်မနေစေပဲ ခြေထောက်များပမာ ထုတ်ထား တာမျိုးကိုလည်း

" ကလေးအဖေ ဘယ်သူလဲ ??? ( ဖြစ်ရပ်မှန် ဟာသ )


၂၀၀၉ ခုနှစ်၊ ဧပြီလက ဂျာမနီနိုင်ငံမှာ နာမည်ကြီး သွားတဲ့ မှုခင်း တစ်ခုဖြစ် ပါတယ်။ ဝမ်းနည်း ဝမ်းသာ ဖြစ်ရ တယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ် ပါတယ်။

တရားရုံး တစ်ရုံးက အမိန့် တစ်ခု ချစရာ ရှိနေပါ တယ်။ အမှုက ဒီလိုပါ။ ဂျာမနီမှ အလှမယ် တစ်ယောက် ကို လက်ထပ် ခဲ့တဲ့ အသက် ၂၉ နှစ် အရွယ် Soupolos ဟာ သား သမီး လိုချင်ပေမယ့် မိမိကိုယ်တိုင်က အမြုံဖြစ်နေ လို့ ကလေး မရနိုင်ဘူး ဖြစ်နေ ပါတယ်။ ဒါကြောင့် ကိုယ်တိုင် ကလည်း ကလေး လိုချင်၊ ဇနီးဖြစ် သူက လည်း ဝမ်းနည်းနေရတဲ့အတွက် မိန်းမရဲ့ လိုအင် ဆန္ဒကိုဖြည့် ဆည်းပေးဖို့ အိမ်ဘေးက သူငယ်ချင်း အသက် ၃၄ နှစ်အရွယ် ကလေးအဖေ Frank Maus ကို အလုပ် အပ်ပါတယ်။

ယင်း အလုပ်ကတော့ သူ့မိန်းမ အလှမယ်လေးကို တစ်ပတ်သုံးကြိမ် အတူနေခွင့်ပေးတဲ့အပြင် ဒေါ်လာ ၂၅၀၀ ပေးရပါတယ်။

သား သမီးနှစ်ယောက်ရှိတဲ့ ကလေးအဖေ Frank Maus ရဲ့ မိန်းမကလည်း ဒီလို လုပ်တာကို မကြိုက်ပေမယ့် “ငါဒီ အလုပ်တွေ မလုပ်ချင်ပါဘူး မိန်းမရာ ပိုက်ဆံကြောင့်ပါ” လို့ဇနီးကို ချော့မော့ ထားသတဲ့။ ဒါနဲ့...စာချုပ် သက်တမ်း ၆ လ

November 6, 2015

"ဟင်းခတ်အမွှေးအကြိုင် အခေါ်အဝေါ်များ"

 
၁။ ဆား = Salt

၂။ ငရုတ်သီးမှုန့် = Chilli powder

၃။ ငရုတ်သီးစိမ်း = green Chilli

၎။ ငရုတ်ကောင်းမှုန့် = pepper (Black/ White)

၅။ ဟင်းခတ်သစ်ရွက် = Curry leaf ( ပျဉ်းတော်သိမ်ရွက် )

၆။ တရုတ်ကြက်သွန်မြိတ် (ထန်းကြက်သွန်ကြီး) = Leek

၇။ ကြက်သားမှုန့် = Chicken Powder

၈။ တရုတ်နံနံပင် = Celery

၉။ နံနံပင် = Coriander leaf (Cilantro)

၁၀။ နံနံစေ့ = Coriander seed

၁၁။ မုန့်ညှင်းစေ့ = Mustard Seed

၁၂။ မုန့်ညှင်းရွက် = Mustard leaf

၁၃။ ပူဒီနာ = Mint

၁၄။ မန်ကျည်းသီး = Tamarind

၁၅။ နနွင်းမှုန့် = Turmeric powder

"မိန်းကလေးတွေ ကြွေတဲ့ ကောင်လေးတွေရဲ့ပုံစံ"

မိန်းကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူကြဘူးဆိုပေမယ့် များသောအားဖြင့် ဘယ်လိုယောင်္ကျားလေး
မျိုးက အထာကျတယ်၊ ကြည့်လိုက်တာနဲ့ စိတ်ထဲ တန်းရောက်သွားစေတဲ့ သူတို့သဘောကျတဲ့ ယောင်္ကျားလေးပုံစံမျိုးလေး
တွေကတော့ တူညီနေတတ်တာ တွေ့ရပါတယ်။ အဲ့ဒီလို မိန်းကလေးတွေ သဘောကျတဲ့ ယောင်္ကျားပုံစံတွေကတော့

၁။ ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး ပြင်ဆင်မထားဘဲ အဆင်ပြေပြေ နေထိုင်တတ်သူ။
ခေါင်းအစ၊ ခြေအဆုံး မိန်းကလေးထက် ပိုမိုပြင်ဆင်ထားမျိုးတဲ့ ဘဲမျိုးဆိုရင်တော့ ဘယ်ကောင်မလေးက ကြွေတော့မှာလဲနော်။ စိတ်တောင်လေသွားဦးမယ်။

၂။ စကားပြောတဲ့အခါ ဖြေးဖြေးမှန်မှန်ပြောတတ်သူ။
စကားထစ်နေတာ၊ စကားပြောမြန်လွန်းတာ၊ ဒါမှမဟုတ် စကားတစ်ခွန်းပြောဖို့ အရှိန်တော်တော်ယူရတဲ့ ကောင်လေးမျိုးတွေလည်း ကောင်မလေးတွေက မကြွေကြပါဘူး။ ဖြေးဖြေးနဲ့ ခပ်မှန်မှန်ပြော တတ်တဲ့ ယောင်္ကျားမျိုးကိုလည်း ကောင်မလေးတွေ သဘောကျကြပါတယ်။

၃။ ကိုယ်သင်းရနံ့ ရှိသူ။
ဘေးနားကပ်ပြီး စကားပြောကြည့်လိုက်လို့ ကိုယ်နံ့သင်းသင်းလေး ရနေတတ်တဲ့ ဘဲမျိုးကို ကောင်မလေးတွေက သိပ်ကိုကြွေတာပါ။ ရေမွှေးတွေ အသားကုန်ဆွတ်ထားတာမျိုးလည်း မဟုတ်၊ ဒါမှမဟုတ် ချွေးနံ့တွေ တထောင်းထောင်းထွက်နေတာမျိုးလည်း မဟုတ်တဲ့ ကောင်လေးမျိုးပေါ့။

၎။ တိရိစ္ဆာန်ချစ်တဲ့သူ။
ကိုယ့်ချစ်တဲ့ကြောင်၊ ဒါမှမဟုတ်ခွေးကို မြင်မြင်ချင်း ကောင်လေးကလည်း ချစ်တဲ့ပုံပြတယ်၊ လက်နဲ့ပွေ့ချီလိုက်ပြီဆိုရင်တော့

"ကောင်မလေးနဲ့ ချိန်းတွေ့တဲ့အခါ အမျိုးသားတွေ စိုးရိမ်ပူပန်ရလေ့ရှိတဲ့ အချက်များ"

ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ အပြင်မှာ ပထမဆုံး နှစ်ယောက်တည်းတွေ့ဖို့ ချိန်းဆိုပြီးလို့ သူနဲ့တွေ့ဖို့သွားတဲ့ခါ အမျိုးသားတွေအနေနဲ့ စိုးရိမ်ပူပန်ရလေ့ရှိတဲ့အချက်တွေ ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။ သူ့ရဲ့ဆံပင်ဟာ သိပ်ပြီး စတိုင်မကျတဲ့အခါ အမျိုးသားတွေအတွက်က မိတ်ကပ်လိမ်းတာမျိုးလည်း မရှိဘူး၊ အ၀တ်အစားနဲ့ပတ်သတ်ပြီးတော့လည်း သိပ်အထူးတလည်ကြီး ရွေးချယ်စရာ မလိုပေမယ့် ဆံပင်ကတော့ အလွန်အရေးကြီးပါတဲ့ ကဏ္ဍဖြစ်သွားပါပြီ။

၂။ ၀တ်လာခဲ့တဲ့ အင်္ကျီကို ကောင်းစွာ မီးပူမတိုက်လာမိတဲ့အခါ ကောင်မလေးနဲ့ ချိန်းထားတဲ့နေရာကိုသွားတဲ့လမ်းမှာ ချွေးထွက်လာခဲ့ရင် ဘာမှမတတ်နိုင်ပါဘူး။ သွားပြီလေ။ ကိုယ်သွားနတဲ့ နေရာဟာ မီးရောင်ကောင်းကောင်းရှိဖို့ပဲ မျှော်လင့်ရတော့မှာပေါ့။


၃။ ချိန်းဆိုထားတဲ့ စားသောက်ဆိုင်ရဲ့အစားအစာတွေဟာ ထင်ထားတာထက် ပိုပြီး ဈေးကြီး တဲ့အခါ ကောင်မလေးနဲ့ချိန်းဆိုတဲ့အခါ ကိုယ့်ဘက်က ပိုက်ဆံရှင်းရမှာက သေချာသလောက် ရှိပါတယ်။ ချိန်းထားတဲ့ စားသောက်ဆိုင်ကို ရောက်လို့ menu ကို ဖွင့်ကြည့်လိုက်တဲ့အခါ ဈေးနှုန်းတွေက မြင့်မားနေတယ်ဆိုရင်တော့ နည်းနည်းစိုးရိမ်ပူပန်စရာလေးတွေ ဖြစ်လာပြီပေါ့။

၎။ ညစ်ပတ်တဲ့ ဟာသတွေပြောလို့ရ၊မရ မသိတဲ့အခါ ကိုယ်က ညစ်ပတ်တဲ့ဟာသတွေကို ပြောတတ်တဲ့ သူတစ်ယောက်ဆိုရင် ကောင်မလေးနဲ့ ပထမဆုံးခြေလှမ်းကို စတင်ဖို့ စောင့်နေမိမှာပါ။ ကိုယ့် ပင်ကိုစရိုက်ကို ဖော်ပြဖို့အတွက်လည်း မ၀ံ့မရဲ ဖြစ်နေမိမှာပါ။

၅။ ဘီယာ ၃ ခွက် က များနေပြီလို့ထင်တဲ့အခါ ကိုယ်က ကောင်မလေးရဲ့ ထိန်းချုပ်မှုကိုခံနေမှာလား။ မသောက်ပဲနေတာက

"အမျိုးသမီးလို ဝတ်ဆင်ပြီး ပေပေါင်းများစွာ မြင့်တဲ့ မြို့ကို ဝန်းရံတဲ့ တောင်တွေပေါ်မှာ ကြိုးချည်လို့ ကြိုးတမ်းပေါက် လမ်းလျှောက်"

 

"အသက် ၅နှစ် မြေးမကို သဲကန္တာရထဲ သေနတ်နဲ့ထားခဲ့တဲ့ အဖိုး "

အရီဇိုးနားပြည်နယ်သား အဖိုးတစ်ယောက်ဟာ သူ့ရဲ့ ၅နှစ်အရွယ် မြေးမလေးကို ကျည်ဆံဖြည့်ထားတဲ့ သေနတ်တစ်
လက်ပေးပြီး သဲကန္တာရထဲမှာ ထားခဲ့မှုနဲ့ အဖမ်းခံခဲ့ရပါတယ်။ သေနတ်ပေးခဲ့တာက လူဆိုးတွေကို ပစ်ဖို့လို့ ဆိုပါတယ်။

အသက် ၅၃နှစ်ရှိပြီဖြစ်တဲ့ Paul Rater ဟာ ပစ်ကပ်ထရပ်ကားကို အသက်၅နှစ်အရွယ် မြေးမလေးနဲ့ သဲကန္တာရထဲမှာ မောင်းနှင်ခဲ့ပြီး ကားပျက်သွားခဲ့တယ်လို့ အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ် မာရီကိုပါစီရင်စု ငြိမ်ဝပ်ပိပြားရေးမှူးရုံး ကပြောခဲ့ပါတယ်။

Rater က သူ့မြေးမကို သစ်ပင်အောက်မှာ အရိပ်ကောင်းကောင်းနဲ့ တရေးတမော အိပ်လို့ရအောင် ထားခဲ့ပြီး .45-cabliber သေနတ်ကိုပေးခဲ့ပါတယ်။ အဲ့ဒီ့သေနတ်က ကျည်ဆံဖြည့်ပြီး မောင်းတင်ပြီးသားပါ။ သေနတ်ကို သူ ယူမသွားချင်လို့ပါတဲ့။

Rater ဟာ တစ်မိုင်လောက် လမ်းလျှောက်ပြီးတဲ့အခါ ဒေသခံ ဘားတစ်ခုကိုရောက်ပြီး ချိစ်ဘာကာ စားနေတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကန္တာရထဲမှာ မောင်းတင်ထားတဲ့သေနတ်ကိုကိုင်လျက်သား ကလေးကိုတော့ မီးသတ်သမားတစ်ဦးက

November 5, 2015

" ဘုန်းကြီးကျောင်းမှာခြောက်တဲ့ တစ္ဆေ"

ဘုန်းကြီးကျောင်းမှာခြောက်တဲ့ တစ္ဆေ  ၂၀၁၅ ခုနှစ် ၇ လပိုင်းကျော် ၈ လပိုင်းအတွင်းက မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများအတွင်း စံချိန်တင်ရေကြီးရေလျှံ မှု ကြီး ဖြစ်ပွားနေစဉ် ကာလအတွင်းမှာ မကွေးတိုင်း ရေစကြို မြို့နယ်အတွင်းရှိ ချင်းတွင်းမြစ် တစ်ဖက်ကမ်း က ရွာလေးတစ်ရွာမှာအမှန်တစ်ကယ်ဖြစ်ပွားခဲ့သော ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသည်။

"ဟေ့ ရေတွေအရမ်းတက်ပြီကွ ခုရွာသင်္ချိင်းမှာထားထားတဲ့ အလောင်းစင် နဲ့ သေတ္တာ တွေတစ်စစီရေထဲမှာမျောနေပြီ သွားဆယ်ကြရအောင်လာလိုက်ခဲ့ကြ
"ရပ်ရွာအုပ်ချုပ်ရေးမှုးက ရွာကာလသားများကို စုဝေးစေပြီးနောက် ရွာသင်္ချိင်းကုန်းရှိရာသို့ လာခဲ့ကြသည်။

ထို့နောက် တစ်စီပြန့်ကျဲနေသော လူသေကောင်တင်ရာ အလောင်းစင် နှင့် လူသေကောင်ထည့်သည့် အခေါင်း တို့ကို လိုက်လံသိမ်းစည်းပြီးနောက် ရွာဦးဘုန်းကြီးကျောင်းသို့ သယ်လာခဲ့ကြသည်။

"ဘုန်းဘုန်း ဘုရား တပည့်တော်တို့ ပစ္စည်းတွေ ကျောင်းမှာ ခဏထားချင်ပါတယ်ဘုရား ရွာသင်္ချိင်းက စင်နဲ့ သေတ္တာပါဘုရား ရေတွေကြီးလို့ ရေထဲမျောနေလို့ပါဘုရား""အေးအေး ဒကာတို့ ခြံထဲမှာထားခဲ့ကြလေဒါပေမယ့် အဲ့ဒီအခေါင်းကြီးတော့ပြန်သယ်သွားကြ ဘုန်းကြီးကျောင်းလာကြတဲ့ လူတွေကြောက်နေကြလိမ့်မယ် အလောင်းစင်ကတော့အရှင်ဆိုတော့ ခု တစ်စစီဖြစ်နေတာဆိုတော့ အမှတ်တမဲ့သိမှာမဟုတ်ဘူး""တင်ပါ့ဘုရား ဒါဆိုလည်း အခေါင်းကိုတော့ သင်္ချိင်းမှာပဲ ဖြစ်သလိုကြိုး ချည်ထားလိုက်ပါ့မယ် ဒါဆိုတပည့်တော်တို့ ထားခဲ့ပြီဘုရာ့

""အေး အေး ဒကာတို့"ရွာဘုန်းကြီးက ကျောင်းကြီးတစ်ကျောင်းလုံးမှာ တစ်ပါးတည်း ကျောင်းထိုင်သည်။ညဘက် ကျိန်းတော့လည်း ဗိမ္မာန်ထဲမှာတစ်ပါးတည်းကျိန်းသည်။

ပထမည။ထိုည ၇ နာရီ ၈ နာရီလောက်ပင်ရှိလိမ့်ဦးမည်။သော့ခတ်ထားသော သံဘာဂျာ တံခါး ကိုဖောက်၍ အရပ်ရှည်ရှည် အသားမည်းမည်း လူတစ်ယောက်ဝင်လာသည်ကို အိပ်မပျော်သေးသော ဘုန်းဘုန်းမှ မြင်လိုက်ရသည်။

ထိုလူမှ ဘာမပြောညာမပြောနှင့် ဘုန်းကြီးအား အတင်းဝင်လုံးတော့သည်။ဘုန်းကြီးလည်း ရုန်းရင်းကန်ရင်း နှင့် လုံးထွေးသတ်ပုတ်ပြီးခဏအကြာ ထိုလူပျောက်သွားသည်။

ထိုသို့ဖြစ်ပြီးမကြာမှီအချိန်တွင်းမှာပင် မိန်းမတစ်ယောက်ကတံခါးကို အတင်းတွန်းပြီး"တံခါးဖွင့်ပေး ပါ တံခါးဖွင့်ပေးပါ"ဟုအော်ဟစ်ပြီး သံဘာဂျာတံခါးကိုတွန်းလိုက်ဆွဲလိုက်နှင့် တစ်ဝုန်းဝုန်းနှင့် ဆူညံနေတော့သည်။

သူ့နောက်မှ ခလေးများ ငိုသံကိုလည်း ကြားလိုက်ရပြန်သည်။ထိုမိန်းမမှပင်"ဟဲ့ကလေးတွေ တိတ်ကြစမ်း ဘာလို့အင်္ကျီ တွေ ချွတ်နေကြတာတုန်း ခုပြန်ဝတ်စမ်း"မိန်းမ၏သဏ္ဏန်ကိုသာမြင်ရပြီး ကလေးများကိုတော့မမြင်ရပေ။

ဘုန်းကြီးလည်း မျက်စိမှိတ်၍ဘုရားစာသာရွတ်နေလိုက်တော့သည်။ထိုညတော့ ဘာသံမှထပ်မကြားရတော့ပေ။

"အရက်မူးလွန်ပြီး အဆိုးရွားဆုံး ဆေးမင်ကြောင် ထိုးခံရသူ"

 
ဗြိတိန်နိုင်ငံ ဝေလပြည်နယ်၊ ဆွမ်ဆီးမြို့တွင် နေထိုင်သည့် အမျိုးသားတစ်ဦး ဖြစ်သည်။ အရက်မူးလွန်ပြီး သူငယ်ချင်းများနှင့် ဆေးမင်ကြောင် ရေးထိုးခဲ့ရာ အရှက်ရစရာပုံစံ ဖြစ်သွားခဲ့သည်။ ယင်းအမျိုးသားသည် မျက်လုံးတစ်ဝိုက်တွင် နေကာမျက်မှန်ပုံစံ ဆေးမင်ကြောင်ကို ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ပါတီပွဲတစ်ခုတွင် သောက်စားမူးယစ်ပြီးနောက် မျက်မှန်ပုံစံ ဆေးမင်ကြောင်ကို ရေးထိုးမိခြင်း ဖြစ်သည်။ နံနက်လင်းသည့်အခါ ဘောပင်ဖြင့် ရေးထိုးထားခြင်းဟု ထင်မှတ်ကာ ရေဆေးသော်လည်း မပျက်ခဲ့သောကြောင့် ဆေးမင်ကြောင်မှန်း သိလိုက်ရသည့် အချိန်တွင် နောင်တကြီးစွာ ရရှိခဲ့သည်။

ထို့ကြောင့် ယင်းဆေးမင်ကြောင်ကို လေဆာဖြင့် ဖျက်နေသည်မှာ နှစ်နှစ်နီးပါး ရှိနေပြီဖြစ်ကြောင်း သိရသည်။

      အဆိုပါ အမျိုးသားက မိမိအနေဖြင့် ဘောပင်ဖြင့် ရေးဆွဲခဲ့ခြင်း ဖြစ်သည်ဟု ထင်ခဲ့ကြောင်း၊ မိမိသည် အရက်မူးလွန် နေသောကြောင့် ဘာလုပ်ခဲ့သည်ကို မမှတ်မိခဲ့ကြောင်း၊ မနက်သို့ ရောက်သည့်အခါ မျက်နှာတွင် ရေးထိုးထားသည်များကို ရေဖြင့် ဆေးသော်လည်း မပျက်ခဲ့သောကြောင့် ဆေးမင်ကြောင်

" ကော်ဖီ၏ ကောင်းကျိုးနှင့် ဆိုးကျိုးများ "

 ကော်ဖီက ကမ္ဘာတစ်ဝှမ်းလုံး နှစ်ခြိုက်စွာ သောက်သုံးနေကြတဲ့ သောက်စရာ အရည်တစ်မျိုး ဖြစ်ပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ဓာတ်တွေရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကိုလည်း စမ်းသပ် ရှာဖွေလျက် ရှိကြဆဲ ဖြစ်ပါတယ်။ ယနေ့ထက်တိုင် တွေ့ရှိထားတဲ့ အချက်အလက်တွေ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ကောင်းကျိုးများ

          ၁။ ကော်ဖီက ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကို မြှင့်တင်ပေးပါတယ်။ ကိုယ်လက် လေ့ကျင့်ခန်း မလုပ်ခင် တစ်နာရီခန့် အလိုမှာ ကော်ဖီကြမ်း (black coffee) တစ်ခွက် သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ် အတွက် ပိုမိုကောင်းမွန် စေပါတယ်။

          ၂။ ကော်ဖီက ၀ိတ်ကျစေနိုင်ပါတယ်။ ၎င်းက အဆီပိုများကို ဖြိုခွဲနိုင်လို့ ဖြစ်ပါတယ်။

          ၃။ ကော်ဖီက သင့်ကို နိုးကြားတက်ကြွစေပါတယ်။ နေ့စဉ် ကော်ဖီ ပုံမှန် သောက်သုံးပေးခြင်းက စိတ်ကျန်းမာရေး အခြေအနေကို မြှင့်တင်ပေးပါတယ်။

          ၄။ ကော်ဖီက ကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပါတယ်။ လေ့လာတွေ့ရှိချက် တစ်ခုအရ ကော်ဖီက ယောကျာ်းတွေမှာ ဖြစ်တတ်တဲ့ ဆီးကျိတ် ကင်ဆာကို (၂၀) ရာခိုင်နှုန်းလျှော့ချပြီး မိန်းမတွေမှာ ဖြစ်တတ်တဲ့ သားအိမ် ခေါင်းကင်ဆာကို (၂၅) ရာခိုင်နှုန်း လျှော့ချပေးပါတယ်တဲ့။

          ၅။ ကော်ဖီက လေဖြတ်နိုင်ချေကိုလည်း လျော့နည်းစေပါတယ်။ တစ်နေ့ကို ကော်ဖီ နှစ်ခွက်မှ လေးခွက် အထိ သောက်သုံးပေးခြင်းဖြင့် ကာကွယ် နိုင်ပါတယ်။

          ၆။ ကော်ဖီက ဦးနှောက်ကို ကာကွယ် ပေးပါတယ်။ သွေးကြောထဲမှာ ကဖင်းဓာတ် ရှိနေခြင်းက အယ်ဇိုင်းမား ရောဂါကို ကာကွယ် ပေးပါတယ်။

ဆိုးကျိုးများ

          ၁။ ကော်ဖီကို မနက်စောစော အိပ်ယာထထချင်း အစာမစားရသေးခင် မသောက်သင့်ပါဘူး။

          ၂။ ကော်ဖီကို တစ်နေ့ထဲ အလွန်အကျွံ သောက်ရင် အသက် အန္တရာယ် ရှိနိုင်ပါတယ်။

          ၃။ ကော်ဖီက အိပ်မပျော်တဲ့ ရောဂါကို တွန်းအား ဖြစ်စေပါတယ်။ သင်ဟာ ညဘက်

"**သူတောင်းစား နဲ့ ထင်းရှူးသေတ္တာ**

လမ်းဘေး မြေပြင် တစ်နေရာ မှာ ထင်းရှူးသေတ္တာ အဟောင်းလေး တစ်လုံး ရှိတယ်။ သူတောင်းစား တစ်ယောက်က အဲ့ဒီ ထင်းရှူး သေတ္တာလေး ပေါ်မှာ ထိုင်နေတယ်။ သံကြေးခွက် တစ်လုံး ကို သူ့ရှေ့မှာ ချထားတယ်။ သူ အဲ့မှာ ရှိနေတာ နှစ်ပေါင်း များစွာ ကြာမြင့် တဲ့ အချိန် ကတည်းက ဖြစ်ပါတယ်။ ။ နှစ်ချို့ နေအောင် ကြာလင့် တဲ့ အထိ အဲ့သည် နေရာမှာ သူ နေ့တိုင်း ထိုင် တယ်။ နေ့စဉ် ရက်ဆက် တောင်းရမ်း စားသောက်တစ်နေ့မှာ တော့ ဒီ သူတောင်းစား ရဲ့ ရှေ့ကို လူစိမ်း တစ်ယောက် ရောက် လာတယ်။ သူတောင်းစား က ရိုကျိုး တဲ့ မျက်နှာထား နဲ့ မျက်လွှာချ လိုက်တယ်။ "အကြွေလေးများ ရှိရင် စွန့်ကြဲခဲ့ပါ။ သနား ကရုဏာ ရှိသောအားဖြင့် စွန့်ကြဲခဲ့ပါဗျာ" - တုန်ရီ တဲ့ အသံနဲ့ စိတ်လိုလက်ရ တောင်းခံ တယ်။ သူ့ရဲ့ ကြေးခွက်ကို ခပ်ဆဆ လေး မြှောက်ထားမယ်။ တတွတ်တွတ် စကား ဆိုတယ်။

လူစိမ်းက ပြန်ပြောတယ်။
"ကျုပ်မှာ ခင်ဗျား ကို ပေးစရာ ဘာမှ မရှိဘူး။"
"အကြွေလေး အနည်းအကျဉ်း လောက် ဖြစ်ဖြစ်ပါ ...."
"ဟင့်အင်း ၊ ကျုပ်မှာ အကြွေ အနည်းအကျဉ်း တောင် မပါဘူး၊ ဒါနဲ့ ခင်ဗျား အခု ထိုင်နေတဲ့ဟာ က ဘာလဲ"
"ဘာမှ မဟုတ်ပါဘူး။ သေတ္တာ အဟောင်း တစ်လုံးပါ။ ကျနော် မှတ်မိသလောက် ကျနော် ငယ်ငယ် အချိန်ကတည်းက ဒီမှာပဲ ထိုင်ရင်း တောင်းရမ်းနေခဲ့တာ။ ဒါ ကျနော့ရဲ့ နေရာလေး ဆိုလည်း ဟုတ်ပါတယ်။ ကျနော့ အတွက် အကြွေအစ အနလေးပဲ ဖြစ်ဖြစ် စွန့်ခဲ့ပါ ခင်ဗျာ"
"နေပါဦး - ခင်ဗျား အထဲကို ကြည့်ခဲ့ဖူး သလား"
"ဟင့်အင်း - မကြည့်ဖူးပါဘူး။ ဘာဖြစ်လို့လဲ။ ဒါ အဟောင်းကြီးပဲ။ ထားပါလေ - ကျနော့ အတွက် အရေးကြီးတာ - တစ်နေ့စာ အတွက် များများ တောင်းရမ်း နိုင်ဖို့ပဲ။ ခင်ဗျား တကယ် ကို အကြွေ မပါ တာလား - မပေးနိုင်တာလား ဗျာ။ "
"မဟုတ်သေးဘူးဗျ ။ ခင်ဗျားဟာ ခင်ဗျား - သေသေချာချာလည်း ကြည့်ကြည့်ပါဦး"

လူစိမ်းက မရမက ပြောနေတာမို့ သူတောင်းစားက ထင်းရှူးသေတ္တာကို ဆွဲထုတ် လိုက်ရတယ်။ အဖုံးအကာတွေ ဆွဲခွာ ပစ်လိုက်တယ်။ အဲ့ဒီနောက် - သူ အံ့ဩသွားတယ်။ သူ့မျက်လုံးကို သူ မယုံနိုင်အောင် ဖြစ်တယ်။ အံ့အားသင့် မှင်သက် သွားတယ်။ သူ နှစ်ပေါင်း များစွာ ထိုင်နေတဲ့ ထင်းရှူး သေတ္တာအစုတ် ထဲမှာ ရွှေအပြည့် ရှိပါတယ်။


ဒါဟာ နိမိတ်ပုံ ဇာတ်လမ်းသက်သက်ပဲ ။ ဗုဒ္ဓ၊ ခရစ်၊ လောက်ဇူ၊ မိုဟာမက် စသဖြင့် သူတို့က ပုံပြင်အရ - လူစိမ်း နဲ့ တူတယ်။ ခင်ဗျား အတွက် သူတို့ဆီက ၊ ဒါမှမဟုတ် ၊ ခင်ဗျား ယုံကြည်ရာ တစ်ယောက်ယောက်ဆီက လက်ဝါးဖြန့် နေမယ်။ အကြွေ အနည်းအများ သွားတောင်းခံ မယ်။ တောင်းတဲ့ စကား ကွဲပြားကောင်း ကွဲပြားမယ်။ တောင်းတာ

" ကိုးရီးယားမလေးတွေလို မိတ်ကပ်လိမ်းပြီးရင် ပြောင်ပြောင်တင်းတင်းလေး ဖြစ်ချင်သူများ အတွက်"





Credit : NOE Online Shop

November 4, 2015

" အင်ဒိုနီးရှားစတိုင် ကောက်ညှင်း နှင့် ကြက်သား အစာသွပ်" (Wut Yee Food House)


အင်ဒိုနီးရှားစတိုင် ကောက်ညှင်း၊ ကြက်သား အစပ် အစာသွပ်ထားတာပါ။ ကောက်ညှင်းကို အုန်းနို့နဲ့ ချက်ထားပြီ ကြက်သားအစပ်ကြော်ကို အစာသွပ်ထားတာမို့ အရမ်းစားလို့ ကောင်းပါတယ်။ အစာပြေ ကောင်းကောင်း စားချင်
သူများအတွက် အသစ်ဆန်းတစ်ခုပါ။ တူတူလုပ်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ကောက်ညှင်းဆန် – ၁ခွက်ခွဲ
  • ကြက်ရင်ဗုံသား – ၂၀၀ ဂရမ်
  • နံနံစေ့မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း

  • ဇီယာမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သွန်နီ – ၁ခု (နှုတ်နှုတ်စင်းပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စင်းပါ)
  • မြေပဲ – စားပွဲတင်ဇွန်း ၁ဇွန်း (မညက်တညက်ထောင်းပါ)
  • ငရုတ်နီတောင့်ရှည် – ၁ခု (အစေ့ထုတ်ပြီ နှုတ်နှုတ်စင်းပါ)
  • ပဒယ်ဂေါ – ၁လက်မ (နှုတ်နှုတ်စင်းပါ) (Optional)
  • ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
  • ရှောက်ရွက် – ၂ရွက် (ပါးပါးလှီးပါ)
  • အုန်းနို့ – ၁၀၀ ဂရမ်
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ရေ – ခွက် တ၀က်
ပြင်ဆင်နည်း
၁။ ကောက်ညှင်းကို ဇလုံထဲထည့်ပြီ ကောက်ညှင်းမြုပ်အောင် ရေထည့်ကာ အနည်းဆုံး ၂နာရီခန့်စိမ်ထားပေးပါ။
၂။ ပြီလျှင် ဒယ်အိုးထဲ ရေ(၅၀၀ မီလီလီတာ) ထည့်ပြီ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်ရင်ဗုံသားကို ၁၀မိနစ်ခန့် ကျက်အောင် တည်ထားပေးပါ။
၃။ ကြက်ပြုတ်ရည်ကို သိမ်းထားပါ။ ကြက်ရင်ဗုံသားကို အအေးခံပြီ အသားနွှင်းပေးပါ။

"တစ်ကိုယ်တည်းသမား အပျိုကြီးတွေနဲ့ ပတ်သက်ပြီး အမျိုးသားတွေ စိတ်ပျက်ကြရတဲ့ အချက် (၅) ချက်"

တစ်ကိုယ်တည်း အပျိုကြီးမမတွေ အားလုံးဟာမစွံလို့ အပျိုကြီးတွေ ဖြစ်လာကြတာ မဟုတ်ပါဘူး။ တစ်ချို့ကျတော့လည်း အမျိုးသားတွေကြောင့် သူတို့ဘ၀ပူလောင်တာမျိုး မလိုချင်လို့၊ တစ်ချို့ကျတော့လည်း နှလုံးသားရေးရာ အခြေအနေမကောင်းလို့၊ တစ်ချို့ကျတော့လည်း တစ်ယောက်တည်း အေးဆေးနေရတာ ကြိုက်လို့ စသဖြင့် အမျိုးမျိုးပေါ့လေ။ ဒါပေမယ့် ဒီလိုအပျိုကြီးမမတွေနဲ့ ပတ်သက်ပြီး အမျိုးသားတွေအနေနဲ့ သဘောမတွေ့လှတဲ့ အချက်တွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့

၁။ အမျိုးသားတွေနဲ့ ဒိတ်လုပ်တဲ့အခါ စည်းမျဉ်းတွေကို ချိုးဖောက်လေ့ရှိကြတယ်။

ရည်းစားမထားဖူးတဲ့ အပျိုကြီးမမတွေနဲ့ ဒိတ်လုပ်ရတာ ဘယ်လောက်ခက်ခဲကြောင်း ဖွင့်ဟသွားသူတွေထဲမှာ အမျိုးသားအများစုက သူတို့ဟာ ဒိတ်လုပ်တဲ့အခါ အဆင့်ဆင့်ဘယ်လိုသွားရမယ်၊ ပြီးတော့ အမျိုးသားဘက်ကို နားလည်မှုလေး ဘယ်လိုပေးရမယ်ဆိုတာမျိုးတွေ သိပ်မရှိကြဘူး။ သူတို့လုပ်ချင်လုပ်မယ်၊ မလုပ်ချင်မလုပ်ဘူးဆိုတဲ့ အမျိုးသမီးတွေ များတယ်လို့ ဖွင့်ဟသွားကြပါတယ်။

၂။ သူတို့ကိုယ်သူတို့ အားကိုးကြောင်း အမျိုးသားတွေမလိုအပ်ကြောင်း ပြောလေ့လုပ်ပြလေ့ရှိတယ်။

အပျိုကြီးမမတွေဟာ များသောအားဖြင့် ငါတို့ဘာသာငါတို့ဘ၀နဲ့အေးဆေးနေနိုင်တယ်။ ဘယ်သူ့အကူအညီမှမလိုဘူး။ ယောင်္ကျားတွေ ငါတို့အတွက် မလိုအပ်ဘူးဆိုတဲ့ ဒီဇိုင်းမျိုး ပြောဆိုပြုမူလေ့ရှိကြပါတယ်တဲ့။

၃။ အချစ်ရေးက စမယ်မရှိသေးဘူး၊ အဝေးကိုတွေးပူနေတတ်ကြပါတယ်။

သူနဲ့ကိုယ်ချစ်တာ တစ်လမပြည့်သေးဘူး။ တစ်နှစ်မပြည့်ခင် လက်ထပ်ပြီး ဘယ်တော့ကလေးယူမယ်ဆိုတာမျိုး တွက်ချက်နေတတ်ကြသလို ဒါတွေအဆင်မှပြေပါ့မလားရယ်လို့ တွေးပူနေတတ်ကြပါတယ်တဲ့။ ဒီတော့ လက်ရှိအချစ်ရေးကို

"အမျိုးသမီးတွေရဲ့ ဘယ်ဆံပင်အရောင်က အမျိုးသားတွေကို အများဆုံးဆွဲဆောင်နိုင်သလဲ ..."

 
အားလုံးသိထားပြီးတဲ့အတိုင်း ဆံပင်ကာလာ အရောင်ဖျော့ဖျော့ဆိုးထားတဲ့ သူတွေဟာ ပိုဆွဲဆောင်မှုရှိကြသလို အနက်ရောင်ဆံပင်ဆိုးထားတဲ့သူတွေထက် ပိုပြီးတော့ ငယ်ရွယ်သယောင်လည်း ထင်ခံရလေ့ရှိပါတယ်။  ရွှေရောင်ဖျော့ဖျော့ဆိုးထားသူတွေကတော့ ချမ်းသာတဲ့သူတွေနဲ့ လက်ထပ်ကြလေ့ရှိပါတယ်လို့ ဆိုကြလေ့ရှိပါတယ်။

ဒါဆို ကမ္ဘာအနှံ့က ဆံပင်အနက်ရောင် ဆံကေသာရှင်တွေအတွက် ဒါဟာ သတင်းဆိုးများလား။ ဒါပေမယ့် သင့်ဆံပင်ကို အရောင်ပြောင်းတော့မယ် မစဉ်းစားခင် လေ့လာမှုအသစ်တစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။

ရွှေရောင်ဆံကေသာပိုင်ရှင်တွေဟာ အပျော်အပါးအတွက်သာ ကောင်းပေမယ့် ဆံကေသာ အနက်ရောင်ရှိသူတွေကတော့ တစ်ခုခုဆို လေးနက်စွာ လုပ်ကိုင်လေ့ရှိကြပါတယ်တဲ့။ ဒီလေ့လာမှုဟာ Scandinavian Journal of Psychology ကနေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

လေ့လာမှုအတွက် အသားအရေအသင့်အတင့်နဲ့ ကြည့်ကောင်းတဲ့ အမျိုးသမီးတစ်ဦးက ကလပ်သုံးခုကို တစ်ညစီသွားခဲ့တာပါ။ ပထမညမှာ အနက်ရောင်ဆံကေသာနဲ့ သွားခဲ့တာဖြစ်ပြီး၊ ဒုတိယနေ့မှာတော့  နောက်ကလပ်တစ်ခုကို ရွှေရောင်ဆံပင်နဲ့သွားခဲ့ပါတယ်။ နောက်ဆုံးညမှာတော့ နောက်ထပ်ကလပ်တစ်ခုကို ဆံပင်အနီရောင်ဆိုးပြီး သွားခဲ့တာပါ။ သူပုံစံကြည့်ရတာ သဘာဝကျနေအောင် ဆံပင်ကို ကျွမ်းကျင်တဲ့ ဆံပင်ညှပ်ဆရာက ဆိုးပေးခဲ့တာပါတဲ့။

အမျိုးသားတွေဟာ ရွှေရောင်ဆံပင်ဆိုးတဲ့ညမှာ အဲ့ဒီအမျိုးသမီးနား အတင်းချဉ်းကပ်ခဲ့ကြတာကြောင့် အရောင်ဖျော့ကို သူတို့သဘောကျကြပုံရပါတယ်။ နောက်ထပ်လေ့လာမှုတစ်ခုမှာတော့ သုတေသနပညာရှင်တွေက အမျိုးသားတွေကို အဲ့ဒီအမျိုးသမီးရဲ့ ဓာတ်ပုံတွေပြပြီး မေးမြန်းခဲ့တာပါ။ ဆံပင်အနီဆိုးထားတာကိုကြည့်ပြီး အဲ့ဒီအမျိုးသမီးဟာ စိတ်ဆတ်တဲ့

" မြန်မာငွေ ၁၀ သိန်းကျော်တန် ဒေါ်လာ 1490 တန် လက်ဆွဲအိတ်"

လက်ကိုင်အိတ် ဖက်ရှင်ကို သဘောကျတဲ့ မမ တို့အတွက် Gucci ရဲ့ ဒေါ်လာ 1490 တန် လက်ကိုင်အိတ် ဖြစ်ပါတယ်.. အရောင်အသွေးစုံလင်ပြီး Model တစ်ယောက်ရဲ့ ဖက်ရှင် ကျကျ လှပနေတာကိုမြင်တွေ့ရပါမယ်..

" မြန်မာနိုင်ငံမှ စက်ရုပ်တီထွင်သူ " (Mg Pauk)

 
သိပ္ပံပညာ ထွန်းကားသော အနောက်တိုင်းနိုင်ငံများလိုလိုပင် စက်ရုပ်များ၊ စက်များနှင့်အခြားသော လူတို့၏ဘ၀ကို လွယ်ကူသက်သာစေမည့် ပစ္စည်းများ တီထွင်တတ်ကြလေသည်။ ထုတ်လုပ်ရသည့် ရည်ရွယ်ချက်မှာ မြင့်မားလာသော
လုပ်အားခ ပြဿနာနှင့် အန္တရာယ်ရှိ လုပ်ငန်းခွင်တွင်းမှ လူသားတို့၏
အသက်အန္တရာယ်ကို ကာကွယ်လျော့ချရန် ဖြစ်သည်။ အနောက်နိုင်ငံများတွင်
ကုမ္ပဏီများက စက်ရုပ်များကို တီထွင်ဖန်တီးထုတ်လုပ်ခြင်း ဖြစ်သော်လည်း
မြန်မာနိုင်ငံတွင်တော့ စက်မှုလက်မှု သိပ္ပံကျောင်းဆင်း ကထိက ဆရာတစ်ဦးက ဦးဆောင်၍ တီထွင်ဖန်တီးခဲ့ခြင်းဆိုလျှင် ၀န်ဇင်းစာချစ်ပရိသတ်များ အံ့သြနေမည်လား မသိပါ။

ဟုတ်ပါသည်။ လွန်ခဲ့သော အနှစ် ၂၀ ခန့်က စက်မှုလက်မှု သိပ္ပံကျောင်းဆင်း ဆရာတစ်ဦးသည် စက်ရုပ်တစ်ရုပ်ကို တီထွင်ခဲ့ပါသည်။ မြန်မာနိုင်ငံ ပြည်တွင်းဖြစ် ပစ္စည်းအပိုင်းအစများဖြင့် ပြုလုပ်ခဲ့သော စက်ရုပ်မှာ ထိုအချိန်က သူမတူအောင် ထူးခြားသော အောင်မြင်မှုမျိုးလည်း ရရှိခဲ့ပါသည်။ ထို စက်ရုပ်ကို တီထွင်ခဲ့သူမှာစက်မှု လက်မှု သိပ္ပံမှ လက်ထောက် ကထိက ဆရာ ဦိးကြည် ဆိုသူ ဖြစ်ပါသည်။

ဆရာဦးကြည်ကို ၁၉၃၄ ခုနှစ်၊ ဇွန် ၁ ရက်နေ့တွင် အဖ ဦးဘလှိုင်၊ အမိ ဒေါ်အမာတို့က ထားဝယ်မြို့၌ မွေးဖွားခဲ့ပြီး ငယ်စဉ်ကပင် ပညာထူးချွန်သူတစ်ယောက်အဖြစ် ထင်ရှားကာ ဆယ်တန်းအောင်မြင် သောအခါ အင်းစိန် စက်မှု လက်မှု သိပ္ပံကျောင်း သို့ တက်ရောက်ခွင့် ရရှိခဲ့သည်ဟု သိရပါသည်။

စက်မှုလက်မှု သိပ္ပံကျောင်းဆိုသည်မှာ ထိုအခေတ်အခါက အရှေ့တောင် အာရှနိုင်ငံများ၏ အားကိုးအားထားပြုရာ

November 3, 2015

"ချစ်သူစုံတွဲတွေကြား လျစ်လျူရှုပစ်ရမယ့် စည်းမျဉ်းစည်းကမ်းများ"

သင်ဟာ အရင်ထားခဲ့ဖူးတဲ့ ရည်းစားတွေနဲ့ အဆင်မပြေတဲ့အရာတွေမှန်သမျှ နောက်ထပ်ထားမယ့် ချစ်သူနဲ့ပါ မဆင်မပြေနိုင်တော့ဘူးလို့ တွေးရင်မှားမှာပေါ့။ အတိတ်ကို အတိတ်မှာထားခဲ့ပါ။ တစ်ခါတစ်လေ ချစ်သူရည်းစားတွေကြား လျစ်လျူရှုထားရမယ့် စည်းမျဉ်းလေးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့

 ၁။သူငယ်ချင်းလိုနေပြီးမှသာ ချစ်သူတွေဖြစ်ရင် အဆင်ပြေမယ်။ သူက သူငယ်ချင်းကောင်းလည်း ဖြစ်ရမယ် ဆိုတာမျိုး။ သူငယ်ချင်းဆိုတာ သူငယ်ချင်းပါပဲ။ ကိုယ်နဲ့အိမ်ထောင်ပြုမယ့်သူဟာ သူငယ်ချင်းဖြစ်ရမယ်ဆိုတာမျိုးဟာ အူကြောင်ကြောင်နိုင်လွန်းတဲ့ အတွေးပါ။

၂။သင်နဲ့ သင့်ချစ်သူဟာ ပွဲတိုင်းအတူ တက်ရမယ်ဆိုတာမျိုး။ ဒီလို အတွေးမျိုးကလည်း ခုခေတ်မှာ မတွေးသင့်တောပါဘူး။ ချစ်သူနှစ်ဦး တပူးတွဲတွဲနဲ့ ချစ်ကြတာမျိုးရှိတာ သိပ်ကောင်းတဲ့အရာပေါ့။ ဒါပေမယ့် ဘယ်လိုပွဲမျိုးမဆို သူနဲ့ကိုယ်နဲ့ အတူတူသွားရမယ်ဆိုတဲ့ တယူသန်အတွေးမျိုးကိုတော့ ဖယ်ထုတ်ထားသင့်ပါတယ်။

၃။သူဘာတွေကြိုက်တတ်သလဲဆိုတာ သိအောင်လုပ်ပြီး သူနဲ့အတူ လိုက်လုပ်ရမယ်ဆိုတာမျိုး။ သူက ဂေါ့ဖ်ရိုက်တာကိုနှစ်ခြိုက်တယ်ဆိုတော့ ကိုယ်ပါဂေါ့ဖ်လိုက်ရိုက်ရမယ်ဆိုတာမျိုးကလည်း ပေါကြောင်လွန်းလှတဲ့ အတွေးမျိုးပေါ့။ တစ်ယောက်အကြိုက် တစ်ယောက်သိထားပြီး ကိုယ်ဝါသနာပါရာကို သီးသန့်လုပ်ဆောင်လို့ရတာပဲလေ။

 ၄။ဒေါသတွေနဲ့ အိပ်ယာမ၀င်ပါနဲ့ ဆိုတာမျိုး။ ချစ်သူနှစ်ဦး ရန်ဖြစ်ပြီး ဒေါသတွေထွက်၊ ပြဿနာကို ဆက်မရှင်းတော့ပဲ အိပ်ယာဝင်လိုက်ရတာမျိုးရှိကောင်းရှိနိုင်ပါတယ်။ ဒါဟာ ကောင်းတဲ့အချက်ပါပဲ။ ဘာလို့လဲဆိုတော့

" အလကားသုံးကြတဲ့....အလုပ်ဖုန်း ... "

တယ်လီဖုန်း ငွေတောင်းခံလွှာ ရောက်လာတဲ့အခါ ပေးဆောင်ရမယ့် ငွေပမာဏက
များလွန်းနေတာမို့ အိမ်ထောင်ဦးစီးဖြစ်တဲ့ အမျိုးသားခမျာ ထိတ်လန့်သွားပါတော့တယ်။

ဒါကြောင့် ညနေပိုင်းမှာ မိသားစု တွေဆုံပြီး ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာ အဖြေရှာဖို့
ကြိုးစားပါတော့တယ်။

အဖေ - "ပေးဆောင်ရမယ့် ငွေပမာဏက မဖြစ်နိုင်လောက်အောင်ကို များနေတယ်။
အိမ်က ကြိုးဖုန်းကို ငါလည်း မသုံးဘူး။ ငါက အလုပ်ကဖုန်းကို သုံးတာ"

အမေ - "ကျွန်မလည်း အတူတူပဲ။ အိမ်က ဖုန်းကို သုံးခဲတယ်။ ကုမ္ပဏီက ဖုန်းကိုပဲ သုံးတာ"

သား - "ကျွန်တော်လည်း ရုံးက လက်ကိုင်ဖုန်းပဲသုံးတာ။ အိမ်ဖုန်းကို တစ်ခါမှတောင် မသုံးဘူး"

မိသားစုသုံးယောက်စလုံးဟာ တစ်ခုခုကို သဘောပေါက်သွားပြီး သူတို့အနားမှာ စိတ်ရှည်ရှည်နဲ့

" အာဘွား ဘက်တီးရီးယား " ဟီးဟီး ဂယ်ပြောတာ...တဂဒဲ.. ပိုးချင်းဖလှယ်တာလေးကိုများ ဟွန့်

နှုတ်ခမ်းချင်း နမ်းသည့်အခါ တစ်ယောက်နဲ့ တစ်ယောက် ဘက်တီးရီးယားမည်မျှ ကူးစက်နိုင်သနည်း။ နယ်သာလန်မှ သုတေသီများသည် ချစ်သူစုံတွဲ (၂၁) တွဲကို အကူအညီ တောင်းကာ စမ်းသပ် ကြည့်ခဲ့သည်။ စုံတွဲများအနက် တစ်ယောက်ကို အန္တရာယ် မဖြစ်စေသော ဘက်တီးရီးယားများ ထည့်သွင်းထားသော ဒိန်ချဉ်တိုက်သည်။
             ထိုဒိန်ချဉ်သောက်ပြီးနောက် မိမိ၏ ချစ်သူနဲ့ (၁၀) စက္ကန့် ကြာအောင် နှုတ်ခမ်းချင်း နမ်းစေသည်။ ထိုအခါ ဒိန်ချဉ် သောက်ထားသူထံမှ ဘက်တီးရီးယား သန်း (၈၀) ၀န်းကျင် ချစ်သူ၏ ပါးစပ်ထဲသို့ ရောက်သွားကြောင်း တွေ့ရှိခဲ့သည်။
          သိပ်များသည်ဟု ထင်ပါသလား။ ထိုနှုန်းသည် ပုံမှန်နှုန်းလောက်သာ ရှိသောကြောင့် ကြောက်လန့် နေရန်မလို။ ကျွမ်းကျင်သူများ၏ အဆိုအရ လူသည် အခြားသူများ၏ ဘက်တီးရီးယားများနှင့် အတိုင်းအတာ တစ်ခုအထိ ပုံမှန်လိုလို ထိတွေ့နေပါမှ ကိုယ်ခံအားစနစ်သည် ဘက်တီးရီးယားများနဲ့ ယဉ်ပါးကာ ဘက်တီးရီးယားဒဏ် ခံနိုင်သွားကြောင်း သိရသည်။

" ဇနီးများ သက်ရှည် ကျန်းမာရေးအတွက် ခင်ပွန်းများက ဥပုသ်စောင့် "

အိန္ဒိယနိုင်ငံတွင် ဇနီးသည်များ အသက်ရှည် ကျန်းမာစေရေး အတွက် ဥပုသ်စောင့်ပြီး ဆုတောင်း ၀တ်ပြုသည့် ခင်ပွန်းဦးရေ များပြားလာ နေပြီဖြစ်ကြောင်း သိရသည်။
          အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ကာရ်ဗာချောက် ဓလေ့အရ အမျိုးသမီးများသည် ခင်ပွန်းများ သက်ရှည် ကျန်းမာရေးအတွက် ဥပုသ်သီလကို စောင့်ထိန်း တတ်ကြသည်။ သို့သော် ယခုအချိန်တွင်မူ ဇနီးများ သက်ရှည် ကျန်းမာရေးအတွက် ဥပုသ်သီလ စောင့်ထိန်းသည့် ခင်ပွန်းများလည်း ရှိလာနေပြီဖြစ်သည်။
          ရာချစ်နှင့် ပင်ကီချိုပရာတို့သည် ကာရ်ဗာချောက် အတွက် ပြင်ဆင်မှုများကို ပြုလုပ်နေပြီဖြစ်သည်။ ဇနီးဖြစ်သူက ၎င်းအတွက် ဥပုသ်စောင့်ပေး သလို ဇနီး သက်ရှည် ကျန်းမာရေး အတွက်လည်း ၎င်းက ဥပုသ်စောင့်ပေးမည် ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင် ရာချစ်က ပြောဆိုခဲ့သည်။
          အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ခင်ပွန်းများအတွက် ဇနီးများက ဥပုသ်စောင့်ပေးခြင်းသည် အမျိုးသား ကြီးစိုးသော ဓလေ့၏ လက္ခဏာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော် ခင်ပွန်းများက ဇနီးများအတွက် ဥပုသ်စောင့်ပေးခြင်း

" နှလုံး အပြင်ဘက် ရောက်နေတဲ့ ကောင်မလေး "


 

 ရုရှားနိုင်ငံတွင် နေထိုင်သည့် အသက် ခြောက်နှစ် အရွယ် ကောင်မလေး တစ်ဦးသည် မွေးရာပါ နှလုံး အပြင်ဘက်
 ရောက်နေသည့် ရောဂါ ရရှိ နေသောကြောင့် ခွဲစိတ် ကုသမှုများ ပြုလုပ်ရန် ကြိုးစားလျက် ရှိသည်။ ယင်းအခြေအနေသည် ဗြိတိန်တွင် လူတစ်သန်းတွင် တစ်ဦးပင် ဖြစ်နိုင်ခြေ မရှိကြောင်း သိသည်။
          ထို့ကြောင့် ကောင်မလေး၏ ဖြစ်ရပ်ကို စိတ်မကောင်း ဖြစ်ခဲ့ ကြပြီး အမြန်ဆုံး သက်သာ ကောင်းမွန် စေရန် ဆုတောင်း ပေးနေကြသည်။ ဗာဆာဗီယာ အမည်ရ ကောင်မလေးသည် မွေးရာပါ နှလုံး အပြင်ဘက် ရောက်နေခြင်းကြောင့် ရင်ဘတ်တွင် နှလုံး ထွက်ရှိ နေခြင်းကို သိသာစွာ မြင်တွေ့ ရမည် ဖြစ်သည်။ နှလုံးကို အရေပြားကသာ ဖုံးလွှမ်း ထားခြင်း ဖြစ်သည်။ သာမန်အားဖြင့် နှလုံးသည် နံရိုးအိမ် အတွင်းသာ ရှိရမည် ဖြစ်သော်လည်း ထူးဆန်းစွာ အပြင်သို့ ရောက်ရှိ နေခြင်း ဖြစ်သည်။ သို့သော် သာမန် လူများ ကဲ့သို့ သွားလာ လှုပ်ရှား နိုင်သည်။
          ဗာဆာဗီယာသည် နှလုံး အပြင်ဘက် ရောက်နေသော်လည်း အက ကခြင်းကို ပြုလုပ် ခဲ့သည်။ အချို့က နှလုံးကို ကာကွယ် ပေးနိုင်သည့် အရာသည် အရေပြားသာ ရှိသောကြောင့် အနေအထိုင် ဆင်ခြင်ရန် လိုအပ်ကြောင်း သတိ ပေးခဲ့သည်။ ဗာဆာဗီယာ၏ မိခင် ဖြစ်သူသည် သမီးဖြစ်သူ၏ အခြေအနေကို လူမှုကွန်ရက်တွင် အကူအညီ တောင်းခံ ခဲ့သောကြောင့် အမေရိကန်တွင် ခွဲစိတ် ကုသမှု ပြုလုပ်ခွင့် ရှိခဲ့သည်။ ထို့ကြောင့် ရုရှားမှ အမေရိကန်သို့

November 2, 2015

" အိပ်ပျော်ရင်းနဲ့ ၉ မိုင် လမ်းလျှောက်၊ ဘတ်စ်ကားစီးပြီး တခြားမြို့ရောက်မှ နိုးလာသူ "

 
အမေရိကန်နိုင်ငံက မိန်းကလေးတစ်ယောက်ဟာ အိပ်ပျော်နေရင်းနဲ့ ၉ မိုင်အထိ လမ်းလျှောက်ကာ ဘတ်စ်ကားစီးပြီးမှ အိပ်ရာကနိုးလာတဲ့အဖြစ်တစ်ခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

တေလာဂမ်မယ်လ်လို့အမည်ရတဲ့ အသက် ၁၉ နှစ်အရွယ်မိန်းကလေးဟာ စတိုးဆိုင်တစ်ဆိုင်ကိုလည်း ၀င်ခဲ့သေးပြီး တစ်ချိန်လုံး အိပ်မောကျနေတာဖြစ်လို့ သူဘာတွေလုပ်ခဲ့မိမှန်း လုံးဝမသိဘူးလို့ ဆိုပါတယ်။

တေလာအိပ်ပျော်နေရင်း လမ်းလျှောက်ခဲ့တဲ့နေ့က မနက် ၆ နာရီမှာ အိပ်ရာနိုးလာတဲ့ သူ့အဖေက ကော်လိုရာဒိုပြည်နယ်၊ အာဗာဒါမြို့က သူတို့အိမ်မှာ သမီးကိုမတွေ့တာကြောင့် အလန့်တကြားဖြစ်ခဲ့ရပါတယ်။

တေလာဟာ အိပ်ပျော်ရင်းလမ်းလျှောက်တတ်တဲ့အကျင့်ရှိတာကြောင့် သူ့အဖေက ရဲကိုအကြောင်းကြားခဲ့ပြီး လမ်းတကာလိုက်ရှာသလို သူ့ဓာတ်ပုံကိုလည်း အင်တာနက်နဲ့ တီဗီတို့ကနေ ထုတ်ပြန်ခဲ့ပါတယ်။

၃ နာရီကြာ ၉ မိုင်ခရီးကို လမ်းလျှောက်ပြီးနောက်မှာတော့ တေလာဂမ်မယ်လ်ဟာ ၀က်မင်စတာက သူ့တို့မောင်နှမတစ်
ဝမ်းကွဲအိမ်ရဲ့ ဆိုဖာမှာ အိပ်ပျော်နေခဲ့ပါတယ်။

အဲဒီအချိန်တစ်လျှောက်လုံးမှာ သူဟာ အားကစားဘောင်းဘီ၊ တီရှပ်နဲ့ ခြေအိတ်တို့ကိုသာဝတ်ထားတာပါ။

" အခုတလော မကောင်းဆိုးဝါးတွေကျက်စားတယ်လို့ နာမည်ကြီးနေတဲ့ မန္တလေး – ပြင်ဦးလွင်တောင်ဆင်းတောင်တက်လမ်း.."

မန္တလေးကနေပြင်ဦးလွင်ကို ၄၂မိုင်ကွာဝေးပါတယ်။ဒါပေမယ့်တောင်ဆင်းတောင်တက်လမ်းမို့ ရှိရင်းစွဲထက်ခရီးအကွာ
အဝေးပိုများတယ်လို့ထင်ရပါတယ်။အခုတလော မန္တလေး- ပြင်ဦးလွင်ကားသမားလောကမှာ သတင်းတစ်ခုခေတ်စားနေပါတယ်။ အဲဒါကတော့ မန္တလေးကတက်လာရင် ၂၁မိုင်ကျော်ပြီး ပြင်စာမရောက်ခင်ကြားမှာ ညဘက်ကားမောင်းလာရင် ကားတွေ ဘရိတ်မမိတော့ပဲ လမ်းဘေးကို ထိုးထိုးဆင်းတာမနည်းတော့ဘူးဆိုတဲ့သတင်းပါ။

ဒါနဲ့ သက်ဆိုင် မသက်ဆိုင်သေချာမသိပေမယ့် အဲဒီနေရာနဲ့ပတ်သက်ပြီး ကျွန်တော်ပြောပြချင်တာတစ်ခုတော့ရှိပါတယ်။

မကြာသေးတဲ့အချိန်က လူတစ်ယောက်က ည ၁၂နာရီခွဲလောက်မှာ မန္တလေးကလေးဆေးရုံမှာသေသွားတဲ့ သူ့ ကလေးလေးရဲ့အလောင်းကိုကားပေါ်တင်ပြီး ညတွင်းချင်းပြင်ဦးလွင်ကိုပြန်တက်လာခဲ့တယ်။ မန္တလေးက သူနဲ့ညီအစ်ကိုလိုနေသူတွေက သူနဲ့အတူ ကားမောင်းဖို့အဖော် ၂ယောက်ထည့်ပေးလိုက်တယ်။သူလည်းသူ့အပူနဲ့သူ ဘာမှလမ်းမှာစကားမပြောပဲလိုက်လာခဲ့တယ်။

ပုသိမ်ကြီးကနေပြင်ဦးလွင်စတက်တဲ့ အချိန်မှာပဲ သူ့နားထဲကို” ခွင့်မပြုဘူး “ဆိုတဲ့ မိန်းမတစ်ယောက်ရဲ့အသံကိုပီပီသသကြီးကြားလိုက်ရတယ်။မိုးတွေကလည်းသည်းနေ၊ အိပ်ရေးပျက်တာလည်း ၆ရက်လောက်ရှိပြီဆိုတော့ စိတ်ထင်တာနေမှာပါဆိုပြီးကလေးအလောင်းလေးကိုပိုက်ပြီးလာခဲ့ပါတယ်။နောက်မကြာ၊မကြာ မိန်းမတစ်ယောက်ရဲ့ တားမြစ်တဲ့အသံကိုကြားရပါတယ်။ ရှေ့က အဖော်ပါလာတဲ့ ကားမောင်းနေတဲ့သူနဲ့ ဘေးကလူကိုကြည့်တော့ ဘာမှမသိသလိုပါပဲ။ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး ကားပေါ်ကတရားခွေတွေဖွင့်တာ တစ်ခွေမှဖွင့်မရပါဘူး။ 
ဒါနဲ့ ၂၁ မိုင်ရောက်တော့ ကားရပ်ခိုင်းပြီး မိုးသဲသဲထဲကားပေါ်ကပြေးဆင်း ပိတ်နေတဲ့ဆိုင်တစ်ဆိုင်ကိုတံခါးခေါက်ပြီးတရားခွေကိုတောင်းပါတယ်။”သားလေးကိုကားပေါ်မှာဖွင့်ပြချင်လို့ပါ “လို့ပြောတော့ အပူသည်ရုပ်ပေါက်နေတဲ့ သူ့ကိုဆိုင်ရှင်ကသနားပြီး တရားခွေတစ်ခွေပေးလိုက်ပါတယ်။ သူလည်းကျေးဇူးတင်စကားအထပ်ထပ်ပြောပြီး ကားပေါ်ပြန်တက်ပြီး ထွက်လာကြပါတယ်။

" ထမင်း မစားခင် ရေသောက်ပြီး ဝိတ် ၃ ပေါင် ချပေးနိုင် "

 
ဗြိတိန်နိုင်ငံမှ ကျန်းမာရေး ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး ဆရာဝန်များရဲ့ စမ်းသပ် ဖော်ထုတ်ချက်အရ ရေသောက်ခြင်း
ဟာ ဝိတ်ကျစေကြောင်း ဆိုပါတယ်။ ဝိတ်ကျစေရန် သောက်ရန် အညွန်းက ဒီလိုပါ။

ထမင်းစား ခါနီးတိုင်းမှာ 500ml (မီလီလီတာ) ပမာဏ ရှိတဲ့ ဖန်ခွက် တစ်ခွက်စာ ရေကို အရင် သောက်ရန် ဖြစ်ပါတယ်။ ယင်းကဲ့သို့ ရေပမာဏ သောက်ပြီးတော့ ထမင်းစားတဲ့အခါ ၁၂ ပတ် ကြာတော့ ဝိတ်ချတဲ့အခါ ဝိတ်က ၂.၈၇ ပေါင် (၃ပေါင် နီးပါး) ကျတာကို သွားတွေ့ရပါတယ်။

စုစုပေါင်း လူပေါင်း ၄၀ ကျော်ကို ယင်းကဲ့သို့ နေထိုင် စားသောက်ရန် စီမံ စောင့်ကြည့်ခဲ့ခြင်း ဖြစ်ပြီး ပျမ်းမျှ ယူထားခြင်းပါ။ အချို့ဆိုရင် ၃ ပေါင်မက ဝိတ်ကျသွားပါတယ်။ အခြား ၄၀ ဦးကိုတော့ ထမင်း မစားခင် ရေ မသောက်စေပဲ စားစေတဲ့အခါ

" ခင်ပွန်းကို အဓမ္မပြုကျင့်ဟု စွပ်စွဲခံရတဲ့ ဇနီးသည် တောင်ကိုရီးယားမှာပထမဆုံးဖြစ်ရပ်အဖြစ်သမိုင်းသစ်တွင် "

 
ဆိုးလ်မြို့ကအမျိုးသမီးတစ်ဦးဟာ လင်ယောက်ျားကို အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး နောက် တောင်ကိုရီးယား
သမိုင်းမှာတော့ မိန်းမက ယောက်ျားကို အဓမ္မပြုကျင့်တဲ့ ပထမဦးဆုံးဖြစ်ရပ် အနေနဲ့ မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဆိုးလ်မြို့ဗဟိုတရားရုံးရဲ့ပြောကြားချက်အရ အသက် ၄ဝအရွယ်အမျိုးသမီးဟာ ခင်ပွန်းသည် ကို နေအိမ်အခန်းထဲမှာ
 သော့ခတ်ထားပြီး သူနဲ့လိင်ဆက်ဆံဖို့ အတင်းအဓမ္မ ဖိအားပေးခဲ့တယ်လို့ သိရ ပါတယ်။ ယခုဖြစ်ရပ်ကို Yonrhap သတင်းအေဂျင်စီက ဖော်ပြခဲ့တာပါ။ စွပ်စွဲချက်တွေအရ အမျိုးသမီး ဟာ ခင်ပွန်းနဲ့ကွာရှင်းပြတ်စဲဖို့ အစီအစဉ်အတွက် ခိုင်လုံတဲ့ သက်သေအထောက်အထားရှိဖို့ ဖန်တီးတဲ့ လုပ်ရပ်လို့ သိရပါတယ်။

တောင်ကိုရီးယားမှာ အိမ်ထောင်ဖက်အချင်းချင်း အဓမ္မပြုကျင့်မှုကို ရာဇဝတ်မှုအဖြစ်လက်ခံခဲ့ တာက၂ဝ၁၃ခုနှစ်ကမှ

" ဖုန်းထဲမှာ effect တွေ အမိုက်စားနဲ့ လုပ်မယ် - InstaMag - Halloween Collage v3.7 APK "

Android ဖုန်းကိုင်ထားသေါ ဘော်ဒါတို့အတွက် အရမ်းကိုလန်းတဲ့ Camera Android Application လေးတစ်ခုကိုတင်ပေးလိုက်ပါတယ် ။ ဒီကောင်လေးကတော့ အရမ်းလန်းတယ်ဗျ။ ဘာဖြစ်ဆိုတော့ ဓာတ်ပုံတွေကို ပုံစံ အမျိုးမျိုး Effect အမျိုးမျိုး တွေနဲ့လုပ်လိုရပါတယ် ။ ပြော၇မယ်ဆိုရင် PC မှာ သုံးနေတဲ့ Adobe Software ကိုကျော်သွားလောက်အောင်ကောင်းပါတယ်ဗျာ။ ဘယ်လို့ ပုံစံတွေရသလည်းဆိုရင် ကျနော် အောက်မှာ ပုံစံ screen shot လေးရိုက်ပြထားပါတယ်။ ဒီ Android Application ကတော့ 2.3 အထက်ရှိဖုန်းများသုံးနိုင်ပြီး ဖိုင်ဆိုဒ်လေးကတော့ 22.23 MB ရှိပါတယ်။ အသုံးပြုလိုသူများအတွက် အောက်မှာ ဒေါင်းလုပ်ယူနိုင်ပြီး။

November 1, 2015

" အမျိုးသားတွေ ဆံပင်သန်ဖို့ စားသင့်တဲ့ ဗီတာမင်များ"

 
အမျိုးသမီးတွေလို ဆံပင်အလှအ ပအတွက် သီးသန့်မဟုတ်ပေမယ့် ဆံပင်ညှပ်တာ အဆင်မပြေလို့ပဲ ဖြစ်ဖြစ်၊ ဆံပင်နည်းလို့၊ ပါးလို့ပဲ ဖြစ်ဖြစ် ဆံပင်မကောင်းသူတွေ အတွက် ဓာတုဆေးဝါးတွေ မသုံး ဘဲ ဘေးထွက်ဆိုးကျိုးကင်းကင်း နဲ့ ဆံပင်သန်စွမ်းစေဖို့ လုပ်သင့်    တာလေးတွေကို မျှဝေပေးချင်ပါတယ်။

ဆံပင်နည်းတဲ့   ပြဿနာကို   သဘာဝ အာဟာရ ဓာတ်တွေ၊ ဗီတာမင်၊ သတ္တုဓာတ်တွေ စားပေး ခြင်းက အကောင်းဆုံးဖြေရှင်းနည်းပဲ ဖြစ်ပါတယ်။ဗီတာမင်ဘီ ၇ -ဘိုင်အို တင်လို့လည်း လူသိများတဲ့ ဗီတာ မင်ဘီ ၇ ဟာ ဆံပင်နဲ့ ဦးရေပြား ကျန်းမာရေးအတွက် ထောက်ကူ ပေးပါတယ်။ ဆံပင်တင်မကဘူး။ အရေပြားနဲ့ လက်သည်း၊ ခြေ သည်းတွေ ကျန်းမာဖို့အတွက်ပါ အကျိုးပြုပါတယ်။ ဗီတာမင် ဘီ ၇ ကို ဖြည့်စွက်စားပေးမယ်ဆိုရင် ဆံပင်ရှည်နှုန်းမြန်စေသလို ထူထဲ သန်စွမ်းစေပါတယ်။
ဗီတာမင်အေ - ဆံသားတွေ သန်စွမ်းတောက်ပြောင်အောင်  ထောက်ကူးပေးသလို ဦးရေပြား ခြောက်သွေ့ခြင်း ကင်းစေပါ တယ်။

ဗီတာမင်ဘီ- ဗီတာမင်ဘီ ၁၊ ၂၊ ၃၊ ၅၊ ၆ နဲ့ ၁၂ ဟာ ဆံပင်ကျွတ် သူ၊ ဆံပင်ပါးသူနဲ့ ထိပ်ပြောင်သူ တွေ စားပေးသင့်ပါတယ်။

ဗီတာမင်စီ-ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ ဗီတာမင်စီဟာ ဆံပင်၊ အရေပြား၊ လက်သည်း၊ ခြေသည်းတွေသာမက ကိုယ်ခံ စွမ်းအားအတွက်ပါ အကျိုးပြုပါ တယ်။
ဗီတာမင်အီး -  ဆံပင်မွေးညင်း ပေါက်နဲ့ ဦးရေပြားတစ်ဝိုက်သွေး လည်ပတ်မှု ကောင်းစေပြီး ဆံသားကျန်းမာစေပါတယ်။ ဒါ့အပြင် ဇင့်၊ အိုမီဂါ ၃ ဖက်တီးအက်စစ်၊ အမိုင်နိုအက်စစ်၊ သံဓာတ်၊ အိုင် အိုဒင်းစတဲ့အား ဖြည့်ဓာတ်စာ တွေလည်း

" ချစ်လားမချစ်လား သိဖို့အတွက် ..."

 
ချစ်လားမချစ်လား သိဖို့အတွက် နည်းလမ်း ၁၂ ခု ဝေမျှပေးချင်ပါတယ်။ မှန်လား မမှန်လားတော့ ကိုယ့်ဘာသာ စမ်းသပ်ကြည့်ကြပါနော်။

၁၂။ သင်ဟာ သူနဲ့ ညဘက်ထိစကားပြောမယ်။ အဲဒါတောင်မှ အိပ်ရာထဲရောက်ရင်လည်း သင်ဟာ သူ့အကြောင်းကို တွေးနေမိလိမ့်မယ်။

၁၁။ သင် သူနဲ့တွဲပြီး လမ်းလျှောက်တဲ့အခါမှာ သင့်ခြေလှမ်းတွေ နှေးနေလိမ့်မယ်။

၁၀။ သင် သူနဲ့ဝေးနေရတဲ့အခါ သင် ၀မ်းနည်းသလို ခံစားရလိမ့်မယ်။

၉။ သင် သူ့အသံကိုကြားတာနဲ့ ပျော်ရွှင်နေလိမ့်မယ်။

၈။ သင် သူ့ကိုကြည့်နေတဲ့အခါ သူ့တစ်ယောက်ကိုပဲ မြင်လိမ့်မယ်။ သင်ဟာ ပတ်ဝန်းကျင်ကို ဂရုစိုက်မှာ မဟုတ်တော့ဘူး။

၆။ သင်ရဲ့အတွေးထဲမှာ သူက အမြဲစိုးမိုးနေလိမ့်မယ်။ သင် စဉ်းစားသမျှအရာအားလုံးဟာ သူ့အတွက်ပဲ။

၅။ သင် သူနဲ့တွေ့တဲ့အခါ အမြဲ ပျော်ရွှင်နေလိမ့်မယ်။ သင့်မျက်နှာမှာ အပြုံးတွေ စိုးမိုးနေလိမ့်မယ်။

၎။ သင် သူနဲ့တွေ့ရဖို့အတွက် ဘာမဆို လုပ်လိမ့်မယ်။

၃။ သင် ဒီစာကိုဖတ်စဉ်မှာ တစ်စုံတစ်ယောက်ဟာ သင့်နှလုံးသားထဲမှာ အချိန်တိုင်း ရှိနေလိမ့်မယ်။

၂။ သင်ဟာ အဲဒီတစ်ယောက်အကြောင်း တွေးနေလို့ သင့်ဦးနှောက် အလုပ်ရှုပ်နေတာကြောင့် သင်ဟာ နံပါတ် ၇

"စကားပုံများ..ဆိုရိုးစကားများ..ဥပမာများကို ခေတ်သစ် အသုံးအနှုန်းတို့ဖြင့် ခပ်ကြောင်ကြောင် အစားထိုးခြင်း"

 

တောင်ရေးမြောက်ရေး စာစုများ .....

အခု ကျွန်တော်ပြောချင်တာက မြန်မာ စကားပုံတွေ၊ ဆိုရိုးစကားတွေ၊ ဥပမာ အလင်္ကာတွေ အကြောင်းပါ။ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ကျွန်တော် ပေါက်တက်ကရ လျှောက် စဉ်းစားမိတဲ့ ဟာတွေမှာ။ မှားနေရင် လည်း ထောက်ပြပေးကြပါဗျား။

ပထမဆုံး တွေးမိတဲ့ စကားပုံကတော့ 'လသာတုံး ဗိုင်းငင်' တဲ့။ ပြောရရင် အဲဒီ စကားပုံက တော်တော် ဒိတ်အောက်ပါပြီ။ အခုအချိန်မှာ ဗိုင်းငင်တယ် ဆိုတာ စက်နဲ့ လုပ်တာ ပိုများလာပါပြီ။ ပြီးတော့ လသာစရာလည်း မလို လျှပ်စစ်မီးနဲ့ လုပ်လို့ရနေပြီလေ (အဲ မီးလာရင်ပေါ့လေ)။ ကဲ အဲဒီတော့ 'လသာတုံး ဗိုင်းငင်' ဆိုတာထက် 'မီးလာတုံး ရေတင်' ဆိုရင် ခေတ်နဲ့ ပိုလျှော်ညီမလား လို့။ အဲ့ဒါ ခေတ်နောက်ကျသွားပြီ... "မီးလာတုန်း ဖုန်းအားသွင်းလေ" ရေမရှိရင်နေပါစေ ဖုန်းကိုတော့ လက်နှင့်တချိန်လုံးပွတ်နေရတဲ့ခေတ် ဟုတ်တယ်မဟုတ်လား။ (ရောရောသမ)

ပြီးတော့ ဥပမာပေးတဲ့ အကြောင်းအရာတစ်ခုရှိသေးတယ်။ ကျွန်တော် ငယ်ငယ်ကတည်းက ဖတ်ဖူးတာ။ ဆိုးဆိုးဝါးဝါး တစ်ခုခုဖြစ်ပြီဆိုလျှင် ကမ္ဘာမြေကြီးသည် အိုးထိန်းစက်ကဲ့သို့ ချာချာ လည်သွားလေသည် တဲ့။ ကျွန်တော်ငယ်ငယ်က အဲဒီလို ဖတ်လိုက်ရတော့ လည်သွားတယ်ဆိုတာတော့ သိတယ်။ ကွက်ကွက်ကွင်းကွင်း မမြင်ဘူးဗျ။ ဘာလို့လဲဆိုတော့ အိုးထိန်းစက်ဆိုတာ မြင်မှ မမြင်ဘူးတာကိုး။ အိုးထိန်းစက်ဆိုတာ ဘယ်တော့ မှ မြင်ဘူးသလဲဆိုတော့ Ghost ဇာတ်လမ်း ကြည့်ပြီး မင်းသမီး အိုးလုပ်နေတာ တွေ့မှ မြင်ဖူးတာဗျာ။ (ဗဟုသုတ နည်းတဲ့ ကောင်လို့ ဆိုချင်လည်း ဆိုတော့ မိတ်ဆွေ)။

တကယ်တော့ အဲလို ဥပမာ အကြောင်းအရာတွေဆိုတာ လူတွေ ပိုနားလည်အောင် ပေးကြတာဗျ။ အဲ မမြင်ဘူးတာကို ဥပမာပေးတော့ ရည်ရွယ်ချက် သိပ်မပေါက် မြောက်ဘူးပေါ့ဗျာ။ ခုခေတ်ဆိုရင် ကမ္ဘာကြီးသည် အ၀တ်လျှော်စက်ကဲ့သို့ ချာချာလည်သွား သည်ဆိုရင် ပိုနားလည်နိုင်မလားလို့။ အင်းဒါဆိုရင်လည်းအ၀တ်လျှော်စက် မသုံးတဲ့ သူတွေက စောဒက တက်ဦးမှာပဲ။ တစ်ခြားတစ်ခု ရှာမှ။ "ဖုန်းမှာ အဝိုင်းလေးလည်နေသလို" ဆိုတော်သေး (ရောရောသမ)

နောက်တစ်ခုက ငါးရံ့ နှစ်ကောင် ဖမ်းတာကို ဆိုတာ ရှိသေးတယ်။ ဆိုလိုချင်တာကတော့ လောဘကြီး ပြီး

" မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက် စေနိုင်သော အချက်များ "

 
မိန်းကလေး တွေဟာ အလှအပ နောက်ကို လိုက် ရင်း ကျန်းမာရေး ထိခိုက် စေနိုင်တာ တွေကို အ လေး မထား မိတာမျိုး ဖြစ်တတ် ကြပါတယ်။
(၁) စိတ်ညစ်တိုင်း အစာစားလေ့ ရှိခြင်း
ယော ကျာ်းလေး အများစုက ပျော်ရွှင်တဲ့ အခါမျိုးမှာ အစာပိုစား တတ်ကြပြီး မိန်းကလေး တွေကတော့ စိတ်ညစ်တဲ့ အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အ စားအစာ တွေကို ပိုစားလေ့ ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့ အစားအစာတွေက သင့်ခါး အနေအထားကို ပြောင်းလဲစေပြီး သင့်ကို ဝလာစေပါတယ်။ စိတ် ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစား တာထက် လေ့ကျင့်ခန်း လုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်း အသင်းတွေနဲ့ ပျော်ပျော်ပါးပါး နေတာတွေနဲ့ အစားထိုး လုပ်ဆောင် ကြည့်ပါ။
(၂) ဝသည်ဟု ထင်မြင်နေခြင်း
မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့တတ်ကြပြီး ဝိတ်ချနေတယ် လို့လည်း တွင်တွင် ပြောတတ်ကြပါတယ်။ လေ့လာ မှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်း လောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင် တယ်ဆိုပေမယ့် အစားအ သောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာက အကောင်းဆုံး နည်းလမ်းပါ။
(၃) မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း
ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ အိပ်စက်တာကြောင့် တစ်နေကုန် မျက် နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ် တွေ၊ ကပ်ငြိနေတဲ့ ဖုန်တွေနဲ့ ထွက်လာတဲ့ ချွေးတွေ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေပါ တယ။် မျက်လုံးမှာ ဆိုးထားတဲ့ မျက်တောင်ကော့ ဆေးရည်ကို မဖျက်ဘဲ အိပ်တာက မျက်လုံးကို ယားယံ တာ၊ ပိုး ဝင်တာတွေကို ဖြစ်စေပါတယ်။ ညအိပ်ရာမဝင်မီ သင့်မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေ ကို သေချာစွာ သန့်စင်ပေးဖို့ လိုပါတယ်။ မျက်နှာ သန့်စင်ရာမှာ ကြေးချွတ်အား မပြင်းတဲ့ မျက်နှာသစ် ဆေးရည်ကို အသုံးပြုပါ။ မျက်နှာသစ်ပြီးပါက အစိုဓာတ်ထိန်းပေး နိုင်တဲ့ ညလိမ်းခရင်မ်လိမ်းအိပ်ပါ။
(၄) ယောကျာ်းလေးများနှင့် ရင်ပေါင်တန်းကာ သောက်စားခြင်း
ဒီကနေ့ ခေတ်မှာ မိန်းကလေးတွေဟာ ယောကျာ်းလေး တွေနဲ့ ရင်ပေါင်တန်းကာ မူးယစ် သောက်စား တတ်လာပါတယ်။ ဒါဟာ ကောင်းတဲ့ အမူအကျင့်တော့ မဟုတ်ပေမယ့် လက်ခံ ကျင့်သုံးသူ များလာပါ တယ်။ မိန်းကလေးတွေဟာ ယောကျာ်းလေး တွေထက် ခန္ဓာကိုယ် အနည်းငယ် ပိုပြီး သေးသွယ် တာကြောင့်

" သမီးဖြစ်သူ၏ ဘဝခရီးလမ်း အတွက် ဒေါ်လာ ၁၉၅ သန်း လက်ဖွဲ့ခဲ့သည့် တရုတ် နိုင်ငံမှ အာဂ ဖခင် "

 
တရုတ် နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးသည် သမီး ဖြစ်သူ၏ မင်္ဂလာပွဲတွင် သတို့သားနှင့် သတို့ သမီး တို့ အတွက် ခန်းဝင် ပစ္စည်းများနှင့် မင်္ဂလာ စရိတ်အတွက် ယွမ် တစ်ဘီလီယံ (အမေရိ ကန် ဒေါ်လာ ၁၉၅ သန်း)သုံး စွဲခဲ့ကြောင်း သိရသည်။
ဝူကျူ ယန်ဘောင် ဆိုသူ အဆိုပါ စီးပွားရေး လုပ်ငန်းရှင်သည် သမီးဖြစ်သူ၏ မင်္ဂလာပွဲတွင် ရွှေသေတ္တာ လေး လုံးကို အနီရောင် ဖဲကြိုး စည်းနှောင်၍ လွှဲပြောင်း ပေးအပ်ခဲ့သည်။ သတို့သမီး၏ အမည်ကို ဖော်ပြ ထားခြင်း မရှိသော်လည်း အဆိုပါ စုံတွဲသည် ကလေးဘဝမှ စတင် သိကျွမ်းခဲ့ခြင်း ဖြစ်ပြီး အလယ် တန်းကျောင်း ကတည်း က အတန်းဖော်များ ဖြစ်ကြောင်း တရုတ် သတင်းဌာန များ၏ ဖော်ပြချက်ကို ကိုးကား၍ South China Morning Post သတင်းစာက ဖော်ပြခဲ့သည်။
သတို့ သား၏ အမည်မှာ ရူ ဆိုသူ ဖြစ်ပြီး ဒေသဆိုင်ရာ အစိုးရ အရာရှိ တစ်ဦး ဖြစ်သည်ဟု သိရသည်။ ထို့ပြင် ၎င်းသည်  ဖူကျန်းပြည်နယ် ချန်ကျို့ စီရင်စု နယ်သားတစ်ဦး ဖြစ်သည်။ ၎င်းတို့ နှစ်ဦး၏ မင်္ဂလာ ပွဲအား ဖူကျန်း စီရင်စုနယ် ကျင်ကျန်းကောင်စီ ချီကျောင်မြို့တွင် ကျင်းပ ခဲ့သည်ဟု သိရသည်။ ယင်း မင်္ဂလာ ပွဲအား ဒီဇင်ဘာ ၂၈ ရက်တွင် စတင်၍ ၈ ရက်ကြာ ကျင်းပခဲ့သည်ဟု စီးပွားရေး လုပ်ငန်းရှင်၏ ပြောရေး ဆိုခွင့် ရှိသူက ပြောကြား ခဲ့သည်။ စီးပွားေ ရး လုပ်ငန်းရှင်သည်  သမီးဖြစ်သူ မင်္ဂလာပွဲ အ တွက် ရွှေများ၊ တန်ဖိုးကြီးသော ကားများကိုသာ ပေးအပ်ခဲ့ခြင်း မဟုတ်ပေ။   ၎င်း၏ သမီးဖြစ်သူ ဇနီး မောင်နှံ အတွက်  ၎င်းကုမ္ပဏီ၏  ရှယ်ယာ ယွမ် ၅ သန်းကို ခွဲဝေ ပေးခဲ့သည့် အပြင် ယွမ်သန်း ၂ဝ တန်ဖိုး ရှိ ဘဏ်အကောင့် တစ်ခုကိုလည်း ဖွင့်ပေးခဲ့ကြောင်း သိရသည်။
ကံကောင်းလှသည့် သတို့သားသည် ထိုစည်းစိမ်များ အပြင် ချန်ကျို့စီရင်စု နယ်တွင် လက်လီဆိုင်ကြီး တစ်ဆိုင် နှင့် ခမ်းနားလှသော အိမ်ကြီးအိမ်ကောင်း များကိုလည်း ပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် သတို့သမီး၏ ဖခင်သည် လိုအပ်သည့် လူမှုရေး လုပ်ငန်းများတွင် အလှူငွေ လှူဒါန်းရန်လည်း မမေ့ မလျော့ ခဲ့ပေ။ သမီးဖြစ်သူ ၏ ဘဝခရီး သာယာ ဖြောင့်ဖြူးစေရန် ဒေသဆိုင်ရာ လူမှုရေး အသင်းအဖွဲ့ များသို့လည်း  အလှူငွေ ယွမ် ၁၅ သန်း လှူဒါန်းခဲ့ သည်။ 
သားမက် ဖြစ်သူသည် ထူးချွန်သော အစိုးရ ဝန်ထမ်းကောင်း တစ်ယောက်ဖြစ်ကြောင်း၊ မိမိသည် သမီးဖြစ်သူအား စီးပွားရေး လုပ်ငန်းရှင်ထက် တည်ငြိမ်သော အစိုးရ ဝန်ထမ်း တစ်ဦးနှင့်သာ လက်ဆက် ပေးလိုကြောင်း၊ စီးပွားရေး လောကထက် အေးချမ်းသော ဘဝတွင် နေစေလိုကြောင်း သတို့ သမီး၏ မိခင်က ဆိုသည်။ သတို့သမီး မိဘများ ပိုင်ဆိုင်သော ဖူကျန်းဝမ်လီ ကုမ္ပဏီသည် မီးဖိုခန်းနှင့် ရေချိုး ခန်းသုံး အဆင့်မြင့် ကြွေထည် ပစ္စည်းများ ထုတ်လုပ်ပြီး
Subscribe

လာလည်သူများ

free counters