♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 3, 2015

" နှလုံး အပြင်ဘက် ရောက်နေတဲ့ ကောင်မလေး "


 

 ရုရှားနိုင်ငံတွင် နေထိုင်သည့် အသက် ခြောက်နှစ် အရွယ် ကောင်မလေး တစ်ဦးသည် မွေးရာပါ နှလုံး အပြင်ဘက်
 ရောက်နေသည့် ရောဂါ ရရှိ နေသောကြောင့် ခွဲစိတ် ကုသမှုများ ပြုလုပ်ရန် ကြိုးစားလျက် ရှိသည်။ ယင်းအခြေအနေသည် ဗြိတိန်တွင် လူတစ်သန်းတွင် တစ်ဦးပင် ဖြစ်နိုင်ခြေ မရှိကြောင်း သိသည်။
          ထို့ကြောင့် ကောင်မလေး၏ ဖြစ်ရပ်ကို စိတ်မကောင်း ဖြစ်ခဲ့ ကြပြီး အမြန်ဆုံး သက်သာ ကောင်းမွန် စေရန် ဆုတောင်း ပေးနေကြသည်။ ဗာဆာဗီယာ အမည်ရ ကောင်မလေးသည် မွေးရာပါ နှလုံး အပြင်ဘက် ရောက်နေခြင်းကြောင့် ရင်ဘတ်တွင် နှလုံး ထွက်ရှိ နေခြင်းကို သိသာစွာ မြင်တွေ့ ရမည် ဖြစ်သည်။ နှလုံးကို အရေပြားကသာ ဖုံးလွှမ်း ထားခြင်း ဖြစ်သည်။ သာမန်အားဖြင့် နှလုံးသည် နံရိုးအိမ် အတွင်းသာ ရှိရမည် ဖြစ်သော်လည်း ထူးဆန်းစွာ အပြင်သို့ ရောက်ရှိ နေခြင်း ဖြစ်သည်။ သို့သော် သာမန် လူများ ကဲ့သို့ သွားလာ လှုပ်ရှား နိုင်သည်။
          ဗာဆာဗီယာသည် နှလုံး အပြင်ဘက် ရောက်နေသော်လည်း အက ကခြင်းကို ပြုလုပ် ခဲ့သည်။ အချို့က နှလုံးကို ကာကွယ် ပေးနိုင်သည့် အရာသည် အရေပြားသာ ရှိသောကြောင့် အနေအထိုင် ဆင်ခြင်ရန် လိုအပ်ကြောင်း သတိ ပေးခဲ့သည်။ ဗာဆာဗီယာ၏ မိခင် ဖြစ်သူသည် သမီးဖြစ်သူ၏ အခြေအနေကို လူမှုကွန်ရက်တွင် အကူအညီ တောင်းခံ ခဲ့သောကြောင့် အမေရိကန်တွင် ခွဲစိတ် ကုသမှု ပြုလုပ်ခွင့် ရှိခဲ့သည်။ ထို့ကြောင့် ရုရှားမှ အမေရိကန်သို့
မိုင်ပေါင်း ထောင်ပေါင်း များစွာ ခရီးနှင်ပြီး ရောက်ရှိ လာခဲ့သည်။
          ဘော်စတွန်ရှိ ကလေး ဆေးရုံတွင် ခွဲစိတ်ရန် စီစဉ် ထားသော်လည်း သွေးပေါင်ချိန် တက်နေသောကြောင့် ခွဲစိတ်မည့် အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရသည်။ ယင်းနောက် ဆေးရုံကိုလည်း ပြောင်းရွှေ့ ထားသည်။ သွေးပေါင် ကျသည့် နေ့တွင် ခွဲစိတ်မှုများ ပြုလုပ် သွားမည် ဖြစ်သည်။ ဗာဆာဗီယာ၏ ခွဲစိတ်မှုသည် ရှုပ်ထွေးနိုင်သောကြောင့် အကြိမ်ကြိမ် ပြုလုပ် ရဖွယ် ရှိသည်။ ဗာဆာဗီယာသည် ချစ်စရာ ကလေးငယ် တစ်ဦး ဖြစ်ပြီး၊ ပန်းချီ ဆွဲခြင်း ကိုလည်း ၀ါသနာပါသူ ဖြစ်သည်။
          ဗာဆာဗီယာက မိမိသည် ကျောင်းကို မသွားရကြောင်း၊ ထို့ပြင် အရာရာကို သတိထား နေရကြောင်း၊ အိမ်တွင်သာ အနေများကြောင်း၊ မိမိ၏ မိခင်ဖြစ်သူက  နှလုံးကို ကိုင်တွယ်ရသည်ကို သဘောကျ နေကြောင်း ပြောကြား ခဲ့သည်။ လူမှုကွန်ရက်များတွင်တော့ ဗာဆာဗီယာ အမြန်ဆုံး ကျန်းမာလာဖို့ ဆုတောင်း နေကြသည်။
cအသင်အောင်

Credit : http://www.messengernewsjournal.com/General/Eventure/detail.php?id=48043

No comments:

Subscribe

လာလည်သူများ

free counters