♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 6, 2015

"အမျိုးသမီးလို ဝတ်ဆင်ပြီး ပေပေါင်းများစွာ မြင့်တဲ့ မြို့ကို ဝန်းရံတဲ့ တောင်တွေပေါ်မှာ ကြိုးချည်လို့ ကြိုးတမ်းပေါက် လမ်းလျှောက်"

 






ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုး မြို့မှာ ဖြစ်ပါတယ်။ ပေပေါင်းများစွာ မြင့်တဲ့ မြို့ကို ဝန်းရံတဲ့ တောင်တွေပေါ်မှာ ကြိုးချည်လို့ လမ်းလျှောက်ကြပါတယ်။ ပြိုင်ပွဲ တစ်ခု ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ထူးခြားတဲ့ စည်းကမ်းကတော့ အမျိုသားများ အမျိုးသမီးကဲ့သို့ ဝတ်ဆင်၍ ယှဉ်ပြိုင်ရခြင်း ဖြစ်ပါတယ်။

အဓိက ရည်ရွယ်ချက်ကတော့ အင်မတန် စွန့်စားရတဲ့ အားကစားနည်းတွေမှာ အမျိုးသမီးများ ပါဝင်ခွင့် အခွင့်အရေးကို မြင့်တင်ပေးခြင်း ဖြစ်ပါတယ်။ လက်ရှိမှာ စွန့်စားရတဲ့ အားကစားနည်း အများစုမှာ အမျိုးသမီးများကို ပါဝင်ခွင့် မပေးပါဘူး။ ဒါကြောင့်မို့ ဘရာဇီးက ကြိုးတမ်းပေါ် လမ်းလျှောက်တဲ့ အားကစား အဖွဲ့ တစ်ခု အနေနဲ့ အမျိုးသမီးများ အား ပါဝင်ခွင့် ရရေးအတွက် ရည်ရွယ်လို့ Campaign ပြုလုပ်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ ပြိုင်ပွဲ တစ်ခု ပြုလုပ်ပြီး ယင်း ပြိုင်ပွဲဝင်တဲ့ အမျိုးသားများကို အမျိုးသမီးကဲ့သို့ ဝတ်ဆင်စေခဲ့ ပါတယ်။

အောင်ခမ်း (ရိုးရာလေး)
Credit http://www.lwinpyin.com/2015/11/blog-post_363.html

No comments:

Subscribe

လာလည်သူများ

free counters