♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 6, 2015

"မိန်းကလေးတွေ ကြွေတဲ့ ကောင်လေးတွေရဲ့ပုံစံ"

မိန်းကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူကြဘူးဆိုပေမယ့် များသောအားဖြင့် ဘယ်လိုယောင်္ကျားလေး
မျိုးက အထာကျတယ်၊ ကြည့်လိုက်တာနဲ့ စိတ်ထဲ တန်းရောက်သွားစေတဲ့ သူတို့သဘောကျတဲ့ ယောင်္ကျားလေးပုံစံမျိုးလေး
တွေကတော့ တူညီနေတတ်တာ တွေ့ရပါတယ်။ အဲ့ဒီလို မိန်းကလေးတွေ သဘောကျတဲ့ ယောင်္ကျားပုံစံတွေကတော့

၁။ ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး ပြင်ဆင်မထားဘဲ အဆင်ပြေပြေ နေထိုင်တတ်သူ။
ခေါင်းအစ၊ ခြေအဆုံး မိန်းကလေးထက် ပိုမိုပြင်ဆင်ထားမျိုးတဲ့ ဘဲမျိုးဆိုရင်တော့ ဘယ်ကောင်မလေးက ကြွေတော့မှာလဲနော်။ စိတ်တောင်လေသွားဦးမယ်။

၂။ စကားပြောတဲ့အခါ ဖြေးဖြေးမှန်မှန်ပြောတတ်သူ။
စကားထစ်နေတာ၊ စကားပြောမြန်လွန်းတာ၊ ဒါမှမဟုတ် စကားတစ်ခွန်းပြောဖို့ အရှိန်တော်တော်ယူရတဲ့ ကောင်လေးမျိုးတွေလည်း ကောင်မလေးတွေက မကြွေကြပါဘူး။ ဖြေးဖြေးနဲ့ ခပ်မှန်မှန်ပြော တတ်တဲ့ ယောင်္ကျားမျိုးကိုလည်း ကောင်မလေးတွေ သဘောကျကြပါတယ်။

၃။ ကိုယ်သင်းရနံ့ ရှိသူ။
ဘေးနားကပ်ပြီး စကားပြောကြည့်လိုက်လို့ ကိုယ်နံ့သင်းသင်းလေး ရနေတတ်တဲ့ ဘဲမျိုးကို ကောင်မလေးတွေက သိပ်ကိုကြွေတာပါ။ ရေမွှေးတွေ အသားကုန်ဆွတ်ထားတာမျိုးလည်း မဟုတ်၊ ဒါမှမဟုတ် ချွေးနံ့တွေ တထောင်းထောင်းထွက်နေတာမျိုးလည်း မဟုတ်တဲ့ ကောင်လေးမျိုးပေါ့။

၎။ တိရိစ္ဆာန်ချစ်တဲ့သူ။
ကိုယ့်ချစ်တဲ့ကြောင်၊ ဒါမှမဟုတ်ခွေးကို မြင်မြင်ချင်း ကောင်လေးကလည်း ချစ်တဲ့ပုံပြတယ်၊ လက်နဲ့ပွေ့ချီလိုက်ပြီဆိုရင်တော့
အဲ့ဒီကောင်လေးအတွက် အမှတ်တွေ ရသွားပြီပေါ့။

၅။ တက်တူးရှိတဲ့ သူ။
တက်တူးတွေရှိတဲ့ ကောင်လေးမျိုးကို ကောင်မလေးတွေက မိုက်တယ်လို့ ထင်တတ်ကြသလို သဘောလည်းကျ တတ်ကြပါတယ်။

၆။ ကလေးချစ်တတ်တဲ့သူ။
ကလေးချစ်တတ်တဲ့ ကောင်လေးမျိုးဆိုရင်လည်း ကောင်မလေးတွေက ကြွေတတ်ကြတာပါပဲ။ ကလေးချစ်တတ်တဲ့ ယောင်္ကျားလေးတွေဟာ နူးညံ့တဲ့နှလုံးသားရှိတယ်လို့ ယူဆကြတာကိုး။

၇။ မိဘဆွေးမျိုးတွေနဲ့ အဆင်ပြေပြေ ဆက်ဆံတတ်သူ။
ကိုယ့်မိဘနဲ့ အဆင်ပြေပြေ ပြောဆိုနေထိုင်တတ်တဲ့ ကောင်လေးမျိုးဆိုရင်လည်း ကောင်မလေးတွေက သဘောကျတတ်ကြပြန်ရော။

၈။ တစ်ပါးသူကို ကူညီပေးတတ်တဲ့သူ။
ကိုယ်မှမဟုတ် တစ်ခြားသူတွေကို ကူညီတတ်တဲ့ ယောင်္ကျားမျိုးဆိုရင်လည်း ကောင်မလေးတွေက စိတ်ထဲက အမှတ်တွေ ပေးနေတတ်ပါတယ်။

၉။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့သူ။
ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ဟန်ပေါက်တဲ့ ယောင်္ကျားမျိုးဆိုရင် ကောင်မလေးတွေက အားကိုးလို့ရတဲ့ ယောင်္ကျားမျိုးဖြစ်မယ်လို့ သတ်မှတ်ကြလေ့ရှိပါတယ်။

၁၀။ ကိုယ်ပြောသမျှကို မငြီးမညူနားထောင်ပေးတတ်တဲ့သူ။
ကိုယ်ပြောသမျှကို မျက်နှာမပျက်ဘဲ ပြုံးပြုံးလေး ငြိမ်နားထောင်တတ်တဲ့ ယောင်္ကျားလေးမျိုးဆိုရင်လည်း သူတို့ကြွေကြပြန်ရော။ ဘယ်မိန်းကလေးကတော့ ကိုယ်ပြောတာကို တစ်ခွန်းမခံ ပြန်ခံပြော၊ ဒါမှမဟုတ် ပြန်ငြင်းခုန်နေမယ့် ယောင်္ကျားလေးမျိုးကို နှစ်ခြိုက်မှာပဲ။ ငြင်းရမယ့် ကိစ္စဆိုရင်တောင် တစ်ဘက်က စကားဆုံးတဲ့အထိ နားထောင်ပြီးမှ ပြန်ပြောရမှာပေါ့နော်။


Ref:cosmopolitan.com
Credit : http://www.trend.com.mm/2015/10/30/relationships-7998

No comments:

Subscribe

လာလည်သူများ

free counters