♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 3, 2015

" ဇနီးများ သက်ရှည် ကျန်းမာရေးအတွက် ခင်ပွန်းများက ဥပုသ်စောင့် "

အိန္ဒိယနိုင်ငံတွင် ဇနီးသည်များ အသက်ရှည် ကျန်းမာစေရေး အတွက် ဥပုသ်စောင့်ပြီး ဆုတောင်း ၀တ်ပြုသည့် ခင်ပွန်းဦးရေ များပြားလာ နေပြီဖြစ်ကြောင်း သိရသည်။
          အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ကာရ်ဗာချောက် ဓလေ့အရ အမျိုးသမီးများသည် ခင်ပွန်းများ သက်ရှည် ကျန်းမာရေးအတွက် ဥပုသ်သီလကို စောင့်ထိန်း တတ်ကြသည်။ သို့သော် ယခုအချိန်တွင်မူ ဇနီးများ သက်ရှည် ကျန်းမာရေးအတွက် ဥပုသ်သီလ စောင့်ထိန်းသည့် ခင်ပွန်းများလည်း ရှိလာနေပြီဖြစ်သည်။
          ရာချစ်နှင့် ပင်ကီချိုပရာတို့သည် ကာရ်ဗာချောက် အတွက် ပြင်ဆင်မှုများကို ပြုလုပ်နေပြီဖြစ်သည်။ ဇနီးဖြစ်သူက ၎င်းအတွက် ဥပုသ်စောင့်ပေး သလို ဇနီး သက်ရှည် ကျန်းမာရေး အတွက်လည်း ၎င်းက ဥပုသ်စောင့်ပေးမည် ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင် ရာချစ်က ပြောဆိုခဲ့သည်။
          အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ခင်ပွန်းများအတွက် ဇနီးများက ဥပုသ်စောင့်ပေးခြင်းသည် အမျိုးသား ကြီးစိုးသော ဓလေ့၏ လက္ခဏာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော် ခင်ပွန်းများက ဇနီးများအတွက် ဥပုသ်စောင့်ပေးခြင်း
ကိုမူ ကျားမ တန်းတူညီမျှရေး အတွက် အရေးပါသော ခြေလှမ်းတစ်ရပ်အဖြစ် သတ်မှတ် ပြောဆိုခဲ့သည်။
          အွန်လိုင်းတွင်လည်း “ဇနီးအတွက် ဥပုသ်စောင့်ပေးပါ”အမည်ရသည့် လှုပ်ရှားမှုများ ရှိနေပြီဖြစ်သည်။ ““ကျွန်မတို့က ယောက်ျားတွေ ကြီးစိုးတဲ့ လူ့အဖွဲ့အစည်းပါ၊ ဒါကြောင့် ဥပုသ်စောင့် တာတွေကို အမျိုးသမီးတွေပဲ လုပ်ခဲ့ရတယ်။ (၂၁) ရာစုမှာတော့ အမျိုးသမီးတွေကို တန်းတူ အခွင့်အရေး ပေးချင်တဲ့ မျိုးဆက်သစ်တွေ ရှိလာပါပြီ””ဟု အိန္ဒိယ အမျိုးသမီး ကွန်ဂရက်စ်၏ ဥက္ကဋ္ဌ ဆာယိရှိုဗာ အိုဇာက ပြောဆိုခဲ့သည်။

Source:CAN
Credit : http://www.messengernewsjournal.com/General/Eventure/detail.php?id=48015

No comments:

Subscribe

လာလည်သူများ

free counters