♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 4, 2015

" အင်ဒိုနီးရှားစတိုင် ကောက်ညှင်း နှင့် ကြက်သား အစာသွပ်" (Wut Yee Food House)


အင်ဒိုနီးရှားစတိုင် ကောက်ညှင်း၊ ကြက်သား အစပ် အစာသွပ်ထားတာပါ။ ကောက်ညှင်းကို အုန်းနို့နဲ့ ချက်ထားပြီ ကြက်သားအစပ်ကြော်ကို အစာသွပ်ထားတာမို့ အရမ်းစားလို့ ကောင်းပါတယ်။ အစာပြေ ကောင်းကောင်း စားချင်
သူများအတွက် အသစ်ဆန်းတစ်ခုပါ။ တူတူလုပ်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ကောက်ညှင်းဆန် – ၁ခွက်ခွဲ
  • ကြက်ရင်ဗုံသား – ၂၀၀ ဂရမ်
  • နံနံစေ့မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း

  • ဇီယာမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သွန်နီ – ၁ခု (နှုတ်နှုတ်စင်းပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စင်းပါ)
  • မြေပဲ – စားပွဲတင်ဇွန်း ၁ဇွန်း (မညက်တညက်ထောင်းပါ)
  • ငရုတ်နီတောင့်ရှည် – ၁ခု (အစေ့ထုတ်ပြီ နှုတ်နှုတ်စင်းပါ)
  • ပဒယ်ဂေါ – ၁လက်မ (နှုတ်နှုတ်စင်းပါ) (Optional)
  • ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
  • ရှောက်ရွက် – ၂ရွက် (ပါးပါးလှီးပါ)
  • အုန်းနို့ – ၁၀၀ ဂရမ်
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ရေ – ခွက် တ၀က်
ပြင်ဆင်နည်း
၁။ ကောက်ညှင်းကို ဇလုံထဲထည့်ပြီ ကောက်ညှင်းမြုပ်အောင် ရေထည့်ကာ အနည်းဆုံး ၂နာရီခန့်စိမ်ထားပေးပါ။
၂။ ပြီလျှင် ဒယ်အိုးထဲ ရေ(၅၀၀ မီလီလီတာ) ထည့်ပြီ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်ရင်ဗုံသားကို ၁၀မိနစ်ခန့် ကျက်အောင် တည်ထားပေးပါ။
၃။ ကြက်ပြုတ်ရည်ကို သိမ်းထားပါ။ ကြက်ရင်ဗုံသားကို အအေးခံပြီ အသားနွှင်းပေးပါ။




ချက်ပြုတ်နည်းများ
၁။ ခွက်တစ်ခုထဲ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မြေပဲ၊ နံနံစေ့၊ ဇီယာမှုန့်၊ ငရုတ်နီ၊ ပဒယ်ဂေါကို ထည့်လိုက်ပါ။



၂။ ပြီနောက် ကြိတ်စက်ထည့်ပြီ ရေ(၄ပုံ၁ပုံ) ထည့်ပြီ အနှစ်ရအောင် ကြိတ်ပေးပါ။
၃။ ဒယ်ထဲ ဆီထည့်ကာ ကြိတ်ထားတဲအနှစ်များကို ထည့်ကာ ၂မိနစ်ခန့် တည်ထားပါ။



၎။ ထို့နောက် အုန်းနို့(ခွက် ၄ပုံ၁ပုံ)၊ နွှင်းထားသော ကြက်သား၊ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တ၀က်) တို့ကို ထည့်ပြီ ကြက်သား ခြောက်သည်အထိ ကြော်ပေးပါ။
၅။ ပြီလျှင် အပေါ်မှ ရှောက်ရွက်ဖြူးပေးပြီ ရောမွှေကာ မီးပိတ်လိုက်ပါ။



ကောက်ညှင်းချက်နည်း
၁။ ကောက်ညှင်း ရေစိမ်ထားသော ရေများကို သွန်ပြီ စတီဇလုံထဲ ထည့်ပါ။
၂။ ပြီနောက် အုန်းနို့(ခွက် တ၀က်)၊ ရေ(ခွက် တ၀က်)၊ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တ၀က်) တို့ကို ရောမွှေကာ ပေါင်းအိုးဖြင့် ၂၅မိနစ်ခန့် ပေါင်းပေးပါ။


၃။ ကောက်ညှင်းအိသွားလျှင် ကောက်ညှင်း ၆ပိုင်းပိုင်းခွဲပေးပါ။ ငပျောရွက်ကို မီးပြပေးပါ။


၎။ ပြီနောက် ငပျောရွက်ပေါ်သို့ ကောက်ညှင်း၊ ကြက်သားကြော်(စားပွဲတင်ဇွန်း ၂ဇွန်း) တင်ပေးပါ။


၅။ ပြီလျှင် ပုံတွင်ပါသည့်အတိုင်း ကောက်ညှင်းကို ကြက်သား အုပ်အောင် ပြန်ပိတ်လိုက်ပြီ ပုံတွင်ပါသည့်အတိုင်း ငပျောရွက်ဖြင့် အရှည် ထုပ်ပေးပါ။ သွားကြာထိုးတံဖြင့် ငပျောရွက်ကို ဘေးကိုပိတ်ပေးပါ။


၆။ ထိုနည်းအတိုင်း ကျန်ကောက်ညှင်းထုပ်များကို ကြက်သားအစာသွပ်ပြီ ထုပ်ပေးပါ။


၆။ ပေါင်းအိုးထဲ ၁၀မိနစ်ခန့် ပြန်ပေါင်းပေးပါ။


ရ။ ကောက်ညှင်း ကြက်သားအစာသွပ်ကို အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…





Credit : http://www.wutyeefoodhouse.com/?p=5466

No comments:

Subscribe

လာလည်သူများ

free counters