♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 19, 2015

" ချတ်တဲ့အခါ.. မန့်တဲ့အခါ ပြောကြလေ့ရှိတဲ့ (( ၉ )) ရှိတယ်ဆိုတာ ဒီဟာသဆီက မြစ်ဖျားခံလာသလားပဲဗျာ" (ဟာသ)

 
လွန်ချက်ကတော့ ၉ ပဲ  ..... ဟီးဟီး .. 
 တစ်ခါက ရွာတစ်ရွာမှာ လင်မယားနှစ်ယောက်ရှိတယ်။  လင်ယောင်္ကျားမှာ အကျင့်တစ်ခုရှိတယ်။ သူတို့နှစ်ယောက် အိမ်ထောင်ကျတဲ့အချိန် စကတဲက မိန်းမလုပ်သူဟာ အိပ်ရေးပျက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယောင်္ကျားဖြစ်သူ ဟာ အိပ်ယာဝင်ခါ နီးတစ်ကြိမ်  ညလယ်မှာတစ်ကြိမ် မနက်မိုးလင်းခါနီးတစ်ကြိမ် အမြဲနှောင့်ယှက်တယ်။ (သဘောပေါက်) ။

             အဲဒါ တစ်ရက်တစ်လေမဟုတ်ဘူး နေ့စဉ်နေ့တိုင်း တစ်လလောက်ကြာတော့ မိန်းမလုပ်တဲ့သူ ဟာ သီးမခံနိုင်တော့ဘူး ။  သူကြီးက သူ့ရဲ့ ဘကြီး ။ ဒီတော့ ဒီကိစ္စကို သူကြီးကိုတိုင်တယ်။ သူကြီးက သူ့တူမ ဒုက္ခကို သဘောပေါက်တယ်။ ဒါပေမယ့် လင်မယား ကိစ္စဆိုတော့ သူ့အာဏာ သုံးလို့အဆင်မပြေဘူး။


        အဲဒါနဲ့ အကြံထုတ်တယ်။  အကြံတစ်ခုရသွားတယ်။ အဲဒါကတော့ သူ့တူမ သုံးရက်လောက်အနား ရလည်း မနည်းဘူး လို့တွေးပြီး  သူ့တူမယောင်္ကျားကို တစ်ခြားဒေသကို ရပ်ရေးကိစ္စတစ်ခု ဖန်တီးပြီး လွှတ်လိုက်တယ်။ တူမကလဲ သဘောတူတယ်။


            ဒီလိုနဲ့ သူလဲ  သူကြီးအာဏာကို မလွန်ဆန်နိုင်တော့ တစ်ခြားအရပ်  ကို သုံးရက်ကြာ ခရီးထွက်ရ တော့တာပေါ့.။ အဲဒီတော့မှ သူကြီးတူမလည်း အိပ်ရေးဝဝ အိပ်ရတော့တယ်။ ဒီလိုနဲ  သုံးရက်ဟာ ခဏလေးနဲ့

" ချစ်သူနှစ်ဦး တွဲတာ သိပ်မကြာသေးခင် အမျိုးသားဘက်က ကိုယ့်ကို ခပ်ခွာခွာဖြစ်သွားစေတဲ့ အကြောင်းအရင်းများ"

သင်နဲ့သင့်ချစ်သူဟာ တွဲပြီး တစ်လကျော်၊ နှစ်လလောက်အကြာမှာ အခြေအနေတွေ မူမမှန်ဖြစ်လာပါသလား။ သင့်ချစ်သူကောင်လေးက သင့်ကို ခပ်ခွာခွာပုံစံမျိုး ဖြစ်လာပါသလား။ သင်ချိန်းတိုင်း သူ မအားကြောင်း ပြောပြီး ဆယ်ခါမှာ သုံးခါလောက်သာ သင့်ကိုလာတွေ့တတ်တယ်ဆိုရင်တော့ ဒီလို ဖြစ်ရတဲ့ အကြောင်းရင်းလေးတွေ အဖြေရှာကြည့်ရအောင်။ အမျိုးသားတွေဟာ သူတို့သဘောကျတဲ့ အမျိုးသမီးတစ်ဦးကို ခပ်ခွာခွာဖြစ်သွားရတဲ့ အကြောင်းရင်းက ဒီအချက်တွေကြောင့် အဖြစ်များပါတယ်။

၁။သူနဲ့ချိန်းတွေ့တိုင်း သင်ကချည်း အကုန်ခံခြင်း၊ (သို့) သူ့ကို အားလုံးအကုန်အကျ ခံခိုင်းခြင်း
သင့်ချစ်သူနဲ့ ချိန်းတွေ့တဲ့အခါ သင်တို့နှစ်ဦးသွားသမျှနေရာတွေမှာ ကုန်ကျသမျှ အားလုံးကို သူ့ကို ပေးမရှင်းတာမျိုး သင်လုပ်ဖူးပါသလား။ အမှန်တော့ သူက ကိုယ့်လောက် ငွေကြေးမတတ်နိုင်တာကို သိလို့ ကိုယ့်ဘက်က သိတတ်လွန်သွားတဲ့ သဘောဆိုပေမယ့် တစ်ဖက်သားကတော့ အနေရအထိုင်ရခက်နေပါလိမ့်မယ်။ သူ့ကိုပါ တစ်ယောက်တစ်လှည့် ရှင်းခိုင်းတာမျိုး လုပ်သင့်ပါတယ်။ နောက်တစ်ချက်က သင်က သူ့ကိုချည်း အားလုံးကို အကုန်အကျခံခိုင်းတာမျိုး၊ တစ်ခုခုဝယ်ပေးဖို့ ပူဆာလွန်းတာမျိုးဆိုရင်လည်း သင့်ချစ်သူကောင်လေးက သိပ်မချမ်းသာဘူး၊ အတိုင်းအတာနဲ့သုံးစွဲရသူတစ်ဦးဆိုရင် သင့်ကို ခပ်ခွာခွာလေး ဖြစ်သွားပါလိမ့်မယ်။

၂။တွဲတာတစ်လတောင် မပြည့်ခင်ကတည်းက ဘယ်အချိန် လက်ထပ်ကြမလဲလို့ ထပ်တလဲလဲ အမေးခံရခြင်း
သင်နဲ့သင့်ချစ်သူ တွဲတာ နှစ်ပတ်၊ သုံးပတ်အတွင်း သင့်ကို ဘယ်တော့လက်ထပ်မလဲဆိုတဲ့ မေးခွန်းက စောလွန်းအားကြီးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် လေ့လာသင့်တာတွေ ရှိနေသေးသလို၊ တစ်ယောက် အကြောင်း တစ်ယောက် သေချာမသိသေးခင်မှာပဲ ခုလိုမျိုး အတည်ပေါက်ကြီး မေးချလိုက်မယ်ဆိုရင် တစ်ဖက်ကလည်း နည်းနည်း

" မဖဲဝါကို ဖမ်းမဲ့ကဝေ " (တာတေ)

မဖဲဝါကို ဖမ်းမဲ့ကဝေ (တာတေ)
Sorceress who will Catch Ma Phare War
Author စာရေး ဆြာ : Tar Tay  (တာတေ)
Novels, Thriller
Posted Date : 03-Aug-2015
View Count : 10293      Download Here ဒီမှာ နှိပ်ပါ
 

"မျက်နှာပေါ်ရှိ မလိုလားအပ်သည့် အမွေးတွေကို သဘာဝနည်းဖြင့် ဖယ်ရှားနည်း "


 

ပျမ်းမျှ အမျိုးသမီး ၁၀-ဦးမှာ ၂-ဦးခန့် က သာမန်ထက် ထူးကဲစွာ မျက်နှာပေါ်မှာ အမွှေးများပေါက် တတ်ကြ ပါတယ်။ နှုတ်ခမ်းမွှေး ခပ်ရေးရေးလေးက ဆွဲဆောင်မှု ပိုစေတာ မှန်သော်လည်း အချို့  အမျိုးသမီး တွေမှာတော့ အမျိုးသားများကဲ့သို့  နားသယ်မှစ၍ အပေါ်နှုတ်ခမ်း တ၀ိုက် သိသိသာသာ အမွှေးတွေ ပေါက်နေကြ တာကြောင့် “အမွှေးအမျှင် ထူတယ်” လို့  စိတ်သောက ရောက်ကြရ ပါတယ်။ အဲဒီလို သာမန်ထက် ထူးကဲနေရခြင်း၏ အဓိက ပြဿနာကတော့ phytoestrogens (ခေါ်) အက်စ်ထရို ဂျင်ဟိုမုန်း မညီမျှ ခြင်းကြောင့်ပါဘဲ။ အထူးသဖြင့် မျိုးရိုးဗီဇအရ အိန္ဒိယနွယ်ဖွား အမျိုး သမီးများမှာ မျက်နှာပေါ်အမွှေးအမျှင်ထူတတ်ကြပါတယ်။ မျိုးရိုးဗီဇကြောင့်မဟုတ်ဘဲ အက် စ်ထရိုဂျင် ဟိုမုန်း မညီမျှမှု အတွက် နွယ်ချို၊ နွားစားမြက်ချို၊ လျှော်ပင်၏အစေ့၊ စမုံစပါး တို့ ကို စား ပေးသင့်တယ်လို့  အိန္ဒိယ ဆေးကျမ်းများမှာ ဖော်ပြထားပါတယ်။

၂၁- ရာစုမှစပြီး အမျိုးသမီးများ၏ ဆံပင်မှလွှဲ၍ ခြေ-လက်-မျက်နှာပေါ်ရှိ အမွှေးအမျှင် ကင်းစင် ပြောင်ချောနေတဲ့ လှပမှုရေးရာ ဖက်ရှင် တစ်ခေတ် ဆန်းလာတာကြောင့်လည်း ထိုမလိုလားအပ်တဲ့ အမွှေးအမျှင်များကို ဂျယ်၊ ဖယောင်းစသည်တို့ သုံး၍ အမွှေး ချွတ်ကြရပါတယ်။ သို့ သော် ထိုနည်းတွေက ဘေးထွက်ဆိုးကျိုး ရှိနိုင်တာကြောင့် အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ သဘာဝနည်းလေးများက အထောက် အကူဖြစ်စေနိုင်ပါကြောင်း Health.India.com tip (ခေါ်) အိန္ဒိယနိုင်ငံထုတ်

" ဆရာ သုတဆန်းရဲ့ အကြွေးပြန်ရစေတဲ့ မေတ္တာဓာတ်ဆင်နည်း "

 

လွယ်လွယ်နဲ့အကြွေးပြန်ရစေတဲ့ ဂမ္ဘီရနည်းလမ်းလေးတစ်ခုကို အမြဲမှတ်မိနေအောင် ကျနော်က ဒီလိုမှတ်ထားပါတယ်။ 
 
ငွေအိတ်ချီမယ့် ပုရွက်ဆိတ်

ငှားလာသမျှ လာထားမယ့် ရွှေငါး

အတိုးမထပ်တဲ့ ပိုးဟပ်

ကြွက်ကို ချောင်းနေတဲ့ ကြောင်

အဲဒီအထဲက သတ္တ၀ါတွေကို ဓာတ်စာကျွေးပြီး ငွေရအောင် ဆုတောင်းတဲ့နည်းပါ။ ဒီနည်းကို ၄ - ၅ ရက်လောက်နဲ့ အကြွေးပြန်ရချင်ရင်မလုပ်ပါနဲ့။ နည်းနည်းပါးပါးရစရာရှိရုံနဲ့မလုပ်ပါနဲ့လို့ ကြိုတင်မေတ္တာရပ်ခံပါတယ်။ ဒီနည်းက လွယ်လွယ်လေးပါ။
ပထမဆုံး ပေါက်ပေါက်တစ်ဆုပ်ကို ရေအိုင်ထဲပစ်ချပါ။ ငါးစာကျွေးတာပါ။
ဒုတိယ သကြားနည်းနည်းကို ပုရွက်ဆိတ်တွင်းနားချထားပါ။ ပုရွက်ဆိတ်စာကျွေးပေးပါ။
တတိယ စက္ကူတစ်ရွက်မှာ ထမင်းလုံးနဲ့ ကော်သုတ်သလိုသုတ်ပြီး အိမ်ထောင့်တစ်နေရာမှာထားပါ။ ပိုးဟပ်စာကျွေးတာပါ။
စတုတ္ထ ကိတ်မုန့်တစ်တုံး အိမ်အတွင်းတစ်နေရာမှာထားပါ။ ကြွက်စာကျွေးတာပါ။
ပဉ္စမ ငါးကြော်တစ်ကောင်ကို ကြောင်ကျွေးပါ။ ဒါတွေကျွေးတိုင်း ဆုတောင်းရမှာက …
“ သတ္တ၀ါလေးတွေ စိတ်ချမ်းသာသလို အကြွေးပြန်ရချင်သော ကျွန်ုပ်သည်လည်း အမြန်ဆုံးရရပါလို၏။ ”  … လို့ဆုတောင်းပါ။ သတ္တ၀ါလေးတွေ အစာစားပြီး ထူးပါလိမ့်မယ်။ ဒီနည်းကို ရှေးဂမ္ဘီရပညာရှင်ကြီးတွေက မေတ္တာအလှူဓာတ်လို့ ပြောလေ့ရှိပါတယ်။ ကြီးမားတဲ့ငွေကြေးပြန်မရရင် ခေါင်းမာသူက

"မူကြိုကျောင်းကနေ ဖောက်ထွင်းထွက်ပြေးပြီး Jaguar ကားဝယ်ဖို့ ကြိုးစားခဲ့တဲ့ ကလေးငယ် ၂ ဦး"



သေးငယ်လှတဲ့ ကလေး လေး ၂ ယောက်ဟာ သူတို့ရဲ့ မူကြိုကျောင်းထဲကနေ လှိုဏ်ခေါင်း သဖွယ် အပေါက်တစ်ခုကို တူးပြီး ကျောင်းထဲကနေ ခိုးထွက်ကာ Jaguar အမှတ်တံဆိပ် ကားအရောင်းပြခန်းကို မိုင်ပေါင်းများစွာ လမ်းလျှောက်သွားပြီး ကားဝယ်ယူဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

ထို အသက် ၅ နှစ်သာ ရှိသေးတဲ့ ကလေး ၂ ယောက်ကို ရုရှားနိုင်ငံ ၊ Magnitogorsk မြို့မှာရှိတဲ့ Jaguar ကားအရောင်းပြခန်းရဲ့ အပြင်ဘက်မှာ တွေ့လိုက်ရပြီး သူတို့ ၂ ယောက်ဟာ ကားအရောင်းပြခန်းအတွင်းကိုလည်း ငေးနေကြပြီး ဘေးကရပ်ကြည့်နေသူတွေကိုလည်း သူတို့ဟာ အရွယ်ရောက်ပြီးသား ကားတစ်စီး ကို လိုချင်တယ်လို့ ဆိုခဲ့ပါတယ်တဲ့။

ဒီလိုနဲ့ပဲ ထိုကလေး ၂ ယောက်ဟာ Ordzhonikidze ရဲစခန်းကို ခေါ်ဆောင်သွားခြင်း ခံခဲ့ရ တယ်လို့ Siberian Times သတင်းဌာနက ဖော်ပြထားပါသေးတယ်။ သူတို့ ၂ ယောက်ဟာ ရဲစခန်း အရောက်မှာတော့ သူတို့ အနေနဲ့ ကျောင်းကနေ ထွက်ပြေးလာဖို့အတွက် ရက်ပေါင်းများစွာ ပြင်ဆင်ခဲ့ရပြီး အရုပ်တွေကို အသုံးပြုကာ ခြံစည်းရိုး အောက်မှာ အပေါက်တစ်ခု ဖြစ်လာအောင် တူးခဲ့ကြတယ်ဆိုတာကို ၀န်ခံခဲ့ပါတယ်။

သူတို့ဟာ ကျောင်းဝန်ထမ်းတွေ အခြား တစ်နေရာကိုအာရုံစိုက်နေတဲ့အချိန် ကျောင်းထဲကနေလစ်ထွက်လာကြတာဖြစ်ပါတယ်။
ထို မူကြိုကျောင်းရဲ့ ကျောင်းအုပ်ဖြစ်တဲ့ Olga Denisenko ကတော့ "ဒါဟာ စည်းကမ်းချိုးဖောက်တဲ့ ကိစ္စပါ။ ဒီကိစ္စဖြစ်လာဖို့

"သင့်အချစ်ရေးကို ပျက်ပြားစေမယ့် အယူအဆမှား (၅) မျိုး "

 
လူတိုင်းဟာ အချစ်နဲ့တွေ့တဲ့အခါ အရင်တုန်းက အမှန်လို့ ယူဆထားတာတွေကို အမှားလို့ မြင်လာကြသလို အရင်တုန်းက ဒါ မဟုတ်ဘူး၊ မဖြစ်နိုင်ဘူးလို့ သေချာနေပြီးသား အရာတွေကိုတောင် ဒါအမှန်၊ ဖြစ်ကိုဖြစ်နိုင်တယ်လို့ မြင်လာ ကြပါပြီ။ ဒီအချက်မှာ ပညာလေးနဲ့ယှဉ်၊ ဦးနှောက်လေးနဲ့ယှဉ်ပြီးတော့သာ နှလုံးသားအလိုကို လိုက်ရမှာပါ။ မျက်လုံစုံးကန်းနေသလို ချစ်ခြင်းမျိုးဆိုရင်တော့ သင့်အတွက် တစ်ချိန်မှာ နာကျင်စရာတွေနဲ့ ကြုံလာနိုင်ပါတယ်။ ဒီတော့ ကိုယ်တွဲမယ့်သူဟာ ဘယ်လိုအခြေအနေလေးလဲဆိုတာ သုံးသပ်ခန့်မှန်းရင် ဒီအယူအဆတွေကို လုံးဝစွန့်လွှတ်ကြဖို့ တိုက်တွန်းပါရစေ။ 
 
၁။ကိုယ့်ချစ်သူက ဘာမှသက်သေမပြနိုင်ရင်တောင် ကိုယ့်ကို ချစ်တယ်တဖွဖွပြောနေရင် ကျေနပ်နေတာမျိုး
မိန်းကလေးတော်တော်များများဟာ ကိုယ့်ချစ်သူက အပြောလေးကောင်းပြီး ကိုယ့်ကို ပါးစပ်လေးနဲ့ ချစ်ပြရင် ကျေနပ်နေတတ်ကြပါတယ်။ သစ္စာရှိရှိသာနေ တစ်ခြားဘာမှမလုပ်ရင်တောင် ရှာကျွေးထားချင်တတ်ကြတဲ့အထိကို ချစ်တာပါ။ ဒါပေမယ့် ဒီအရာတွေက တကယ်တော့ မိုက်ရူးရဲဆန်လွန်းတယ်ဆိုတာ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ဖို့တော့ လိုပါလိမ့်မယ်။ အထူးသဖြင့် သင့်ကို ဘာလုပ်ပြမယ်၊ ဘယ်အချိန်မှာ ဘာလုပ်ဖို့ အစီအစဉ်ရှိတယ် စသဖြင့် ကတိတွေပေးပြီး တစ်ခါမက၊ နှစ်ခါမက ဘာမှဖြစ်မလာဘူးဆိုရင် ဒီလို ချစ်သူမျိုး ရေရှည်အတွက် လက်မတွဲသင့်ပါဘူး။ သူက ကိုယ့်ကို နောက်ပိုင်းလည်း အပြောချိုချိုလေးနဲ့ပဲ နှပ်ချနေဦးမှာပါပဲ။

၂။အချစ်ဆိုတာ ပေးဆပ်ဖို့ သပ်သပ်လို့ ယူဆထားတာမျိုး

ဘယ်အရာမဆို အပေး၊ အယူ ဆိုတာရှိကြပါတယ်။ အပေးအယူမျှမှလည်း ရေရှည်မှာ အဆင်ပြေနိုင်မှာပါ။ အချစ်ရေးမှာလည်း ဒီလိုပါပဲ။ တစ်ဖက်တည်းကချည်း စွန့်လွှတ်အနစ်နာခံနေဖို့ မလိုပါဘူး။ အလှည့်ဆိုတာရှိမှ ကြာရှည် လက်တွဲသွားနိုင်မှာပါ။

၃။ကြိုတင်တွက်လို့ရနေတဲ့ အချစ်ရေးဟာ ပျင်းဖို့ကောင်းတယ်ဆိုတာမျိုး
ကိုယ်သဘောကျနေတဲ့ ကောင်လေးက ရိုးသားတဲ့ပုံလေးမို့ သူနဲ့တွဲရမှာ ပျင်းစရာကောင်းတယ်လို့ ထင်ချင်ထင်နေမှာပါ။ ဒီတော့

" မျက်ရည်တစ်ခါသုပ်ပေးလျှင် ဒေါ်လာ ၈၀ ရတဲ့ ဂျပန်က အမျိုးသားများ "



 

ဂျပန်နိုင်ငံမှာ Ikemeso လို့အမည်ရတဲ့ ကုမ္ဗဏီမှာ လူငယ် ဂျပန်ကောင်လေး ချောချောလေးများ အလုပ်လုပ်ပါတယ်။ သူတို့ရဲ့ တာဝန်က မိန်းကလေးများ ခေါ်တဲ့အခါ သွားရောက်လို့ မျက်ရည်သုပ်ပေး စကားပြောပေးရန်သာ ဖြစ်ပြီး တစ်ခါသွားတိုင်း ဒေါ်လာ ၈၀ ရရှိပါတယ်။
ဂျပန်မှာ လူတိုင်း အလုပ်များပြီး Stress တွေများနေတဲ့အချိန် စိတ်ထွက်ပေါက် အမျိုးမျိုး ရှာကြရာ အမျိုးသမီးများအတွက် စိတ်ထွက်ပေါက်ရှာရန် နည်းလမ်းဟာ နည်းပါးကြောင့် ယင်းလုပ်ငန်း တည်ထောင်သူက ပြောပါတယ်။ ဒါကြောင့်မို့ သူဟာ ယင်း စီးပွားရေး လုပ်ရန် အိုင်ဒီယာရသွားပြီး တည်ထောင်ခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ အထူးသဖြင့် စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကို ရည်ရွယ်ပြီးတော့ ဖန်တီးတဲ့ စီးပွားရေး ဖြစ်ပါတယ်။ 

စီးပွားရေး လုပ်ငန်းမှာ အဆင်မပြေလို့ပဲ ဖြစ်ဖြစ် စိတ်ညစ်လို့ပဲ ဖြစ်ဖြစ် မျက်ရည်ကျတဲ့အခါ သူတို့ကို လှမ်းခေါ်နိုင်ပြီး ခပ်ချောချောကောင်လေးတစ်ယောက်က ရောက်လာလို့ မျက်ရည် သုပ်ပေးပါလိမ့်မယ်။ ပြီးတော့ မိန်းကလေးပြော

September 18, 2015

" ချစ်ခြင်းဟာ ထူးဆန်းတယ် "


 
ချစ်ခြင်းဟာ ထူးဆန်းတယ်
မရည်ရွယ်ပါပဲလည်း စတင်မိတတ်တယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
မမြင်မတွေ့ မရင်းနှီးဖူးပေမယ့်လည်း ချစ်မိတတ်တယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
မချစ်သင့်မှန်း သိရက်နဲ့လည်း ချစ်မိတတ်တယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
မသင့်တော်မှန်း သိရက်နဲ့လည်း ဖြတ်ဖို့ ခက်တတ်တယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
ချစ်ခြင်းဟာ အရာအားလုံး မဟုတ်ဘူး
ကိုယ့်စိတ်ကိုယ် အသိဥာဏ် ဆေးသွင်းလည်းမိုက်မဲမြဲ မိုက်မဲ နေတတ်တယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
ချစ်သူအတွက် ရည်ရွယ်တဲ့အခါ
တစ်သက်တာ မလုပ်ဖူးတဲ့ အလုပ်တွေလည်း လုပ်လာနိုင်တယ်။
တစ်သက်တာ မကြိုးစားဖူးသမျှလည်း ကြိုးစားဖြစ်သွားတယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
သူ မရှိလို့ မဖြစ်တော့ဘူးလို့ ယုံကြည်လာတဲ့အခါ

" ငှက်ပျောအူနိုင်းချင်းနဲ့ ချက်ထားတဲ့ မော်လမြိုင် မုန့်ဟင်းခါးလေး "

 

ကျွန်မချစ်သော မောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မအလယ်တန်းနဲ့ အထက်တန်းကျောင်း တက်စဉ်ကာလမှာ နေ့လည် မုန့်စားဆင်းချိန်မှာ စားဖြစ်ခဲ့တဲ့ ငှက်ပျောအူနိုင်းချင်းနဲ့ ချက်ထားတဲ့ မော်လမြိုင် မုန့်ဟင်းခါးလေး ချက်ကျွေးပါရစေဦးနော်။

ကျွန်မ မူလတန်းကျောင်းပြီးတော့ အလယ်တန်း တက်ရတော့မယ်ဆိုတော့ မော်လမြိုင်မှာ မော်တလိန်းဂျက်ဆင်လို့ လူသိများကြတဲ့ အမှတ် (၆) အ.ထ.က ကို ပြောင်းတက်ရတယ်လေ။ အဲ့ဒီကျောင်းမှာ နေ့လည် မုန့်စားဆင်းချိန်ဆိုရင် ကြက်ပတေ (http://lulucooking.blogspot.com/2008/05/blog-post.html မှာ ရေးဖူးပါတယ်နော်) ဒါမှမဟုတ် မုန့်ဟင်းခါးဟင်းရည်ကို အမြဲတမ်း ဝယ်စားနေကျလေ။

ကျွန်မတို့ကျောင်းမှာ နေ့လည် မုန့်စားဆင်းချိန်ဆို မုန့်ဈေးတန်းမှာ အသုပ်၊ မြန်မာမုန့်၊ အချဉ်ထုပ်၊ သကြားလုံး စတာတွေအပြင် မုန့်ဟင်းခါးရည်ကို သပ်သပ်ရောင်းတဲ့ ဆိုင်လေးလေးရှိတယ်လေ။ မုန့်ဟင်းခါးဟင်းရည်တစ်ပွဲ (၂၅ ပြားပဲ ပေးရတယ်) လို့ မှာလိုက်ရင် အဲ့ဒီဟင်းရည်ထဲမှာ မန်ကျည်းရည်လေး ထည့်ပေးတယ်၊ ပြီးတော့ ငရုတ်သီး အကျက်မှုန့်လေးရယ်၊ ကြက်သွန်ဖြူ ဆီချက်ကြော်လေးရယ်၊ နံနံပင်လေး၊ ပူစီနံ၊ ပဲသီး စသဖြင့် ရာသီပေါ်အလိုက် ထည့်ပေးတယ်နော်။ မုန့်ဟင်းခါးဟင်းရည်က ငါးရယ်၊ ငှက်ပျောအူကို ငှက်ပျောခေါင်းပါ ပါအောင်ချက်ထားတာ၊ ငှက်ပျောအူ၊ ငှက်ပျောခေါင်း ကလည်း နူးအိပြီး အရသာကို ရှိနေတာပဲ။ ကျွန်မရဲ့ အစ်ကိုဆို သိပ်ကြိုက်တာ။ တစ်နေ့ကျတော့ ကျွန်မတို့ မောင်နှမတွေ စုံတုန်း အစ်ကိုက တို့ငယ်ငယ်တုန်းက စားခဲ့တဲ့ ငှက်ပျောအူနိုင်းချင်း မုန့်ဟင်းခါးလေး ချက်စားကြရအောင်တဲ့လေ။ လုပ်လိုက်လေ ကြာသလားလို့ပေါ့နော်။ အဲ့ဒါနဲ့ပဲ မောင်နှမတွေ တစ်ယောက်တစ်လက်နဲ့ ဝိုင်းချက်လိုက်တာ ငါးနဲ့ ငှက်ပျောအူ နိုင်းချင်း

" မြန်မာတို့ နှင့် အတိတ်၊ နမိတ်၊ တဘောင်များအကြောင်း "

 ရှေးယခင်ကတည်းက မြန်မာတို့ဟာ အတိတ် နိမိတ်ကို ယုံကြည်တဲ့ လူမျိုးများဖြစ်ပါတယ်။ ခုချိန်ထိတိုင်အောင်လည်း ယုံကြည်ကြ သူများရှိပါသေးတယ်။

အတိတ် ဆိုသည်မှာ ဖြစ်ခဲ့၊ ဖြစ်ဆဲသော အခြင်းအရာတို့ဟာ နောက်တစ်ချိန်တွင် တစ်ကျော့ပြန်ဖြစ်နိုင်တယ် ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

နိမိတ် ဆိုတာကတော့ နောက်ဖြစ်လာမယ့် အကြောင်းကို ကြိုတင်၍ပြတဲ့ အဓိပ္ပါယ်ပါ။ ဥပမာ တခုခုကျကွဲတာမျိုး၊ စိတ်တွေ

လေးနေတာမျိုး ဆိုလျင် ဒီနေ့တော့ အဆင်မပြေတာ တခုခုဖြစ်ဦးမယ် ဆိုသလို၊ ဘုရားအလောင်းက သူအို၊ သူနာ၊ သူသေ၊
ရဟန်း စတဲ့ နိမိတ်ကြီးလေးပါကို မြင်သလို စတာတွေဟာ နိမိတ်ပါ။

နောက် စနည်း ဆိုတာ ရှိပါသေးတယ်။ ဒါကိုလည်း သမိုင်းစာအုပ်တွေမှာ အမြဲလိုလိုပါလေ့ ရှိပါတယ်။ တိုင်းရေး ပြည်ရေး စနည်းထွက်နာ လိုက်ဦးမယ် ဆိုတာမျိုးပါ။

နောက် တဘောင်ကတော့ သူငယ်၊ သဘင်သည် နှင့် သူရူး တို့ပြော ဆိုကြသော နိမိတ်စကား လို့ မြန်မာအဘိဓာန်က ဆိုပါတယ်။ ဥပမာ ကုန်းဘောင်ခေတ်က တဘောင် ဆိုရင်
 

" တုံးအောက်က သီတွန် လူလွန်မသား၊
မုန့်ဆီကြော် အလယ်အက်တယ်၊
ထီးဖျက်မဲ့သား " ဟူ၍ ဖြစ်ပါတယ်။
သီတွန် က သီပေါမင်းကို ဆိုပါတယ်။ တုံးအောက် ဆိုတဲ့အတွက် မင်းတုန်းမင်းသား သီပေါမင်း၊ လူလွန်မသား ဆိုတာက

" သင်ကော သင်ချစ်တဲ့သူကို သင့်ရဲ့ ကြီးမားတဲ့ချစ်ခြင်းမေတ္တာ အကြောင်းကို သက်သေပြဖူးပြီးပြီလားခင်ဗျာ ?

 
ကောင်လေးက အဲ့ဒီတုန်းက ၁၉ နှစ် သူ အသက်၂၉နှစ်ရှိပြီး ဖြစ်တဲ့မမ ကိုဆုံတွေ့ ချစ်ကြိုက် မိခဲ့တယ် ..
ရွာသူရွာသား တွေနဲ့ ဆွေမျိုးအသိုင်းအဝိုင်းတွေက သူတို့ နှစ်ယောက်လုံးကိုလုံးဝသဘောမတူ လက်မခံကြဘူး အဲ့ဒီတုန်းက ကောင်လေးက အသက် ၁၀နှစ် ကျော်တောင် ငယ်နေ သေးတယ် ဒီအပြင် ကောင်မလေးမှာက ခလေးတစ်ယောက် လည်းရှိနေခဲ့ ပြီးပြီ..
...............
........
ဒါနဲ့ ကောင်လေး က သူ့မမနဲ့ ခလေး ကိုပါ ခိုးပြေးပြီး ရွာနဲ့ ဝေးတဲ့ တောင်တန်းတွေပေါ်
က Jiangjin County in Southern ChongQing Municipality ဆိုတဲ့ လိုဏ်ဂူ ကြီးထဲ မှာသွားနေကြတယ်
...............
...........
ခုသူတို့ အတူတူ နေလာလိုက်ကြတာ ၅၂ နှစ်တောင်ကြာသွာ
းခဲ့တယ်
သူတို့တောင်ပေါ်ေ
တာထဲမှာ သွားနေခဲ့ကြတုန်းက လူသူနဲ့ ဝေးကွာလွန်းတော့ ဘာအသုံးအဆောင် အစားအသောက်မှ မရှိတော့ တအားခက်ခဲ ဆင်းရဲပြီး စိုက်ပျိုးစားသောက်ကြရတာ အရမ်းပင်ပန်းခဲ့ကြတယ် တစ်ခါတစ်လေ သစ်ဥသစ်ဖု သစ်မြစ် တွေစားပြီးအသက်ဆက်ခဲ့ ကြရရှာတယ်
အဲ့ဒီတုန်း က အဖွား က အဖိုးကိုမေးခဲ့တ
ာ “ နင် ဝမ်းနည်းတယ်လို့ မခံစားရဘူး လား? ” ဆိုတော့ အဖိုး ကအ မြဲ ပြန်ဖြေခဲ့တာ “ အချိန်တွေ ကျော်လွန်သွားပြီးယင် အရာရာက ကောင်းမွန်လာမှာပါ ” တဲ့
...............
...................
သူတို့ နေထိုင် ခဲ့ ကြ ရတဲ့ အခြေအနေဟာ ခု ၅၂ နှစ် ကြာလာတဲ့ အထိဘာမှ မထူးခြားမပြောင်
းလဲလာပါဘူး...
သူတို့ စလာနေခဲ့ကြ တဲ့ အချိန် ၂ နှစ်လောက်ကြာခဲ့
တုန်းက သူတို့ နေတဲ့ တောင်ကြီး ကို တက်ရဆင်းရတာ ဘယ်လောက်တောင် ခက်ခဲ ပြီးသူ့ မမ အတွက် အခက်အခဲ ဖြစ်နေသလဲ ဆိုတာ နားလည်တဲ့အ တွက် “ သူ့ မမ အတွက် ”

" စင်္ကာပူတွင် (6) လကျောင်းတက်ရုံဖြင့် (5) Star Hotel ကြီးများ | အဆင့်မြင့်စားသောက်ဆိုင်များတွင် အလုပ်သင် ( ၆ ) လလုပ်နိုင်ပါပြီ "

လူကြီးမင်းတို့ပြည်ပနိုင်ငံတွင်အလုပ်လုပ်ဖို့  အလုပ်အကိုင်ရှာဖွေနေပါသလား? သင့်ဘ၀အာမခံမှုရှိပြီးခေတ်အလိုက်တိုးတက်ပြောင်းလဲလာတဲ့ Hotel & Tourism Industry ၏ Food & Beverage sectorတွင်နိုင်ငံတစ်ကာအဆင့်မီ skilled employee ဖြစ်လိုပါသလား?
Singapore နှိင်ငံရှိ ပုဂ္ဂလိကပညာရေးကောင်စီမှအသိမှတ်ပြုထားသော Edu- Trust(4) Years ရရှိထားသည့် SHRM College တွင် Food & Beverage Professional တစ်ဦးဖြစ်လာရန် ( ၆ ) လTraining သင်ယူ ဒီပလိုမာရရှိပြီ........၊နောက်( ၆) လအတွက် Singapore နိုင်ငံတွင် နာမည်ကြီး 5 star hotel များနှင့်စားသောက်ဆိုင်ကြီးများတွင် အလုပ်သင်ဝင်လုပ်ရမှာ ဖြစ်ပါသည်။

တစ်လလျှင် SGD 800 ( ၇ သိန်းခန့် ) မှ SGD 1,600 ( ၁၃ သိန်းခန့်) အထိ လစာရရှိနိုင်ပါသည်။
IELTS (လုံးဝ) မလိုအပ်ဘဲအနည်းဆုံးပညာအရည်အချင်းပထမနှစ်

" ကွန်ပျူတာပညာရှင်လက်စွဲစာအုပ် (ရဲမင်းအောင်-Ray-Electronic) " ( မောင်ပေါက် )


Computer Technician ပြုလုပ်လိုတဲ့ လေ့လာသူများအတွက် Hardware ပိုင်းဆိုင်ရိာမှတ်စရာတွေကို သိရှိနိုင်ဖို့၊မှတ်နိုင်ဖို့နဲ့ ပြုပြင်နိုင်ဖို့ အထူးရည်ရွယ်ပြီးရေးသားထားတာဖြစ်ပါတယ်။  ဒီစာအုပ်ဟာ Computer Technician အနေနဲ့ အသက်မွေးဝမ်ကျောင်း မပြုသော်လည်းပဲ ကိုယ်တိုင်ကိုယ်ကျ စိတ်ဝင်စားပြီးလေ့လာချင်တယ်ဆိုရင်လည်း ဖတ်ရှုလေ့လာနိုင်မှာလည်းဖြစ်ပါတယ်။ ဒီစာအုပ်ရဲ့အထူးအာသာချက်အနေဖြင့် တိုးတက်ပြောင်းလဲနေတဲ့၊ ထွက်ရှိပြီးတဲ့ ပစ္စည်းအသစ်တွေကိုလည်း တတ်နိုင်သလောက်စုစည်းပြီးတင်ပြပေးထားပါသေးတယ်။

စာအုပ်အမည်....ကွန်ပျူတာပညာရှင်လက်စွဲ

September 17, 2015

" အသည်းထဲ စူးနစ်အောင် လန်းစေတဲ့ အလန်းတကာ့ အလန်းဆုံး ဖက်ရှင်မယ်လေးများ "


ဟွာလေ.... အလန်းလေးတွေ ကြည့်ချင်ရင်ပေါ့နော်.. အောက်ဘက်ကိုသာ လှပ်သာ ကြည့်ပေါ့နော်
ပုံအလန်းလေးတွေ ထွက်လာလိမ့်မယ် ပေါ့နော်...ခ်ခ်ခ်
Read more ကိုနှိပ်ခိုင်းတာနော် မောင်..ခ်ခ်ခ်

" ထူးထူးခြားခြား ကမ္ဘာ့မြေအောက် ဆေးရုံ "

မြေအောက်မှာ ဆောက်ထားတဲ့ ဆေးရုံ ဆိုပဲ....

ဒီဆေးရုံကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဆေးရုံတွေနဲ့ မတူ၊ တစ်မူ ထူးဆန်းတဲ့ဆေးရုံဖြစ်ပါတယ်။ ထူးဆန်းဆို ကမ္ဘာ့မြေမျက်နှာပြင်ပေါ်မှာမဟုတ်ပဲ မြေအောက် မီတာ ၃၀၀ ရာကျော်အနက်မှာ ရှိတဲ့ ဆေးရုံဖြစ်ပါတယ်။ ဒီ Solotvyno’s Allergological Hospital ဟာ ယူကရိန်းနိုင်ငံမှာ တည်ရှိပြီးတော့ အရင်တုန်းကတော့

ဝ တပ်ဖွဲ့စိုးမိုးနယ်မြေတွေမှာ မဲစာရင်း မကောက်ယူနိုင်


"ဝ" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ Photo: (AFP)
ရှမ်းပြည်နယ် တရုတ်-မြန်မာ နယ်စပ်အနီးက ဝတပ်ဖွဲ့တွေ သြဇာလွှမ်းတဲ့ မိုင်းလား မြို့နယ်က ကျေးရွာအုပ်စု ၂ဝ ကျော်မှာ မဲပေးခွင့်ရှိသူစာရင်း ကောက်ယူနိုင်ခြင်း မရှိတဲ့အတွက် အခုချိန်ထိ မဲပေးခွင့်ရှိသူ တစ်ထောင်ကျော်လောက်ကိုသာ ရရှိထားတယ်လို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ပြောပါတယ်။

လုံခြုံရေး စိုးရိမ်ရတဲ့အတွက် ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲတွေ မဖွင့်နိုင်သလို မဲစာရင်းကိုလည်း ကျေးရွာအုပ် စု နှစ်စုမှာသာ ကောက်ယူနိုင်ပြီး ကျန်တဲ့ ၂ဝ ကျော်မှာ စာရင်းယူနိုင်ခြင်းမရှိဘူးလို့ ရှမ်းပြည်နယ်ရွေးကောက် ပွဲကော်မရှင် ဥက္ကဌ ဦးပွင့်က ပြောပါတယ်။

ကလေးငယ်တွေကို အိမ်အပြင်ဘက်မှာ ဆော့ကစားစေခြင်းဟာ အနီးမှုန်ရောဂါ ဖြစ်ပွားခြင်းကို လျှော့ချပေးနိုင်


အိမ်အတွင်းပိုင်းမှာ မဟုတ်တဲ့ ပြင်ပနေရာ တစ်ခုမှာ ဆော့ကစားခြင်းဟာ ကလေးတွေ ရဲ့ အမြင်အာရုံကို ထိခိုက်ခြင်းတွေကနေ ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှု တစ်ခုက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ပြင်ပ မှာ တစ်နေ့ကို မိနစ် ၄၀ ခန့် ဆော့ကစားပေးခြင်းဟာ ကျောင်းနေအရွယ် ကလေးငယ်တွေ အနီးမှုန် ရောဂါ ဖြစ်ပွားခြင်းကနေ ၂၃ ရာခိုင်နှုန်းတိတိ လျှော့ချပေးနိုင်ပါတယ်။ ဘာကြောင့် ပြင်ပ မှာဆော့ကစားခြင်းက အနီးမှုန်ရောဂါ ကို ကာကွယ်ပေးနိုင်တာလဲ?

လေ့လာမှု တစ်ခုက ဆွေးနွးခဲ့ဖူးတာကတော့ လူတွေရဲ့ မျက်လုံး ရဲ့ ဖွံ့ဖြိုးမှု ဟာ နေရောင်ခြည် တောက်ပမှု နဲ့ ဆက်စပ်နေပါတယ်။ အခု သုတေသန အသစ်ဟာလည်း အရှေ့တောင်အာရှမှာ အနီးမှုန်ရောဂါ ဖြစ်နေတဲ့ ကျောင်းနေအရွယ် ကလေးငယ် တွေများပြားလာမှု ကြောင့် ပြုလုပ်ခဲ့ရတာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံက အထက်တန်း ကျောင်းသား ၈၀ ကနေ ၉၀ ရာခိုင်နှုန်းခန့်ဟာ အနီးမှုန်ဖြစ်နေကြပြီး ထို ဖြစ်စဉ်ဟာလည်း တစ်ဖြည်းဖြည်းခြင်း ဥရောပ နဲ့ အရှေ့အလယ်ပိုင်းဒေသ တို့မှာပါ အဖြစ်များလာတာကို တွေ့ရပြန်ပါတယ်။ လက်ရှိမှာတော့ အနီးမှုန်ရောဂါ နဲ့ ပတ်သက်ပြီး ထိရောက်စွာ ကာကွယ်နိုင်မယ့် နည်းလမ်းတွေ မရှိသေးပါဘူး။

" သင့်ဘက် ပါအောင်လုပ်ရန် နည်း(၁၂)နည်း "

 

၁။တစ်ဖက်သားကို မိမိဘက်သို့ပါအောင် လုပ်ရန်အတွက် အကောင်းဆုံးသော နည်းတခုသည်

ငြင်းခုံနေခြင်းကိုရှောင်ပါ..........။

၂။တစ်ဖက်သား အယူအဆကို အလေးဂရုပြုပါ..။

လူတဦးတယောက်အားမှားသည် ဟုဘယ်သောအခါမှ မပြောလေနှင့်..။

၃။ အကယ်၍ သင်သည် မှားခဲ့ပါလျှင် ထိုအမှားကို လျင်လျင်မြန်မြန်နှင့် လေးလေးနက်နက် ၀န်ခံပါ..။

၎။ ချိုချိုသာသာနှင့် စကားစပါ...။

၅။ တစ်ဖက်သား အလျင်အမြန် အင်း လိုက်အောင် ကြိုးစားပါ...။

၆။ တစ်ဖက်သားကို သူပြောတာ ၀ အောင် ပြောပါစေ..။

၇။ တစ်ဖက်သားအား ပေးသောအကြံသည် သူ၏အကြံသာ ဖြစ်သည် ဟု အထင်ရောက်ပါစေ..။

၈။တစ်ဖက်သားဘက်မှနေ၍ အရာခပ်သိမ်းကို ဝေဖန်ပိုင်းခြားနိုင်အောင် စိတ်ကောင်းစေတနာကောင်းနှင့်

စီးကရက် ပုံမှန်သောက်သုံးသူတွေဟာ သွားတွေ ပျက်စီးဆုံးရှုံးနိုင်ချေများ


စီးကရက် ပုံမှန်သောက်သုံးသူတွေဟာ သူတို့ရဲ့ သွားတွေကို ဆုံးရှုံးရဖို့ အခွင့်အရေး များစေနိုင်တယ်လို့ သုတေသီတွေက လေ့လာမှု အသစ်တစ်ခု အရ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးကရက်တွေဟာ သွားဖုံး တွေရဲ့ ပျက်စီးနေတဲ့ ပကတိ အခြေအနေကို ဖုံးကွယ်ထားပြီး သွားတွေကို ရှိရင်း အနေအထား ထက် ပိုမို ကျန်းမာနေတဲ့ အသွင် ဖန်တီးပေးထားလို့ပါ။

သုတေသီတွေရဲ့ ပြောကြားချက်အရတော့ သွားဖုံး ရောဂါ တွေနဲ့ သွားများပျက်စီးခြင်း တွေဟာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်လာတဲ့ ကျန်းမာရေး သက်ရောက်မှု တွေဖြစ်ပြီး ဆေးလိပ် ကို စွဲလန်းစွာ အမြဲတစေ သောက်သုံးသူတွေဟာ သာမန်အတိုင်းသောက်သုံးသူ တွေထက် ပိုပြီး သွားတွေပျက်စီးဖို့ အခွင့်အရေးပိုများပါတယ်။

" တမာရွက်ခါးသော်လည်း ထူးကဲတဲ့အာနိသင်များသတဲ့ "



တမာရွက် မှာ ဆေးဖက် ဝင် အာနိသင် တွေရှိ တယ်ဆိုတာ လူအ များစုက သတိပြု မိကြ ပါတယ်။ တ မာရွက်တင်မက တမာခေါက်တွေ ကို အိန္ဒိယမှာ အလွန်ထင်ရှားတဲ့ ဆေးဖက်ဝင်ပစ္စည်းအဖြစ် အသုံးပြု ခဲ့ပါတယ်။ အခုအခါ တစ်ကမ္ဘာ လုံးမှာပါ တမာပင်ရဲ့  ဆေးဖက်ဝင် အစွမ်းတွေကို သိနားလည်ပြီး အသုံးပြုနေကြပြီဖြစ်ပါတယ်။ ဒါပေ မဲ့ တမာရွက်ကို များများစားရင် အကြောတက်တယ်လို့ ရှေးလူကြီးတွေက ဆိုကြ တာကြောင့် အသင့်အတင့်သာ စားပေးသင့်ပါတယ်။

(၁) ပိုးသတ်အာနိသင်ရှိပါတယ်
တမာရွက်မှာ ဘက်တီးရီးယား၊ ကပ် ပါးကောင်၊ ဖန်းဂပ်စ်မှို၊ ပရိုတိုဇွနဲ့ ဗိုင်း ရပ်စ်တွေကို ဆန့်ကျင်နိုင်တဲ့ ပိုးသတ်အာ နိသင်တွေ ရှိပါတယ်။ ဒါကြောင့် အနာ ပေါက်နေချိန်မှာ တမာရွက်ကို ပြုတ်ပြီး တို့စားတာ၊ တမာရွက်ကို ကျိုပြီး ရလာ တဲ့ ရေနဲ့ အနာကို ဖန်ရည်ဆေးတာတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။

(၂) ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ ပိုးမွှား တွေကို သေစေနိုင်ပါတယ်
သင့်ခန္ဓာကိုယ်အရေပြား ယားယံ နေရင် တမာရွက်ပြုတ်ရည်နဲ့ ရေချိုးလိုက် ပါ။ တမာရွက်ရဲ့ ဆေးဖက်ဝင်အာနိသင် ကြောင့် ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့
ပိုး မွှားတွေကို ကင်းစင်စေပါတယ်။

(၃) ပြတ်ရှရာနဲ့ အနာတွေကို အမြန် သက်သာစေပါတယ်
သင့်အရေပြားမှာ ပြတ်ရှရာ ဒါမှမ ဟုတ် အနာတွေ ဖြစ်ပေါ်နေရင် တမာ ဆီကိုလိမ်းပေးနိုင်ပါတယ်။ ဒဏ်ရာနဲ့ အ နာတွေမှာ ကပ်ငြိနေတဲ့ ပိုးမွှားမှန်သမျှ တွန်းလှန်ပေးပြီး အနာကျက်မြန်စေပါ တယ်။

September 16, 2015

" ရွှေဆိုင်တစ်ဆိုင် ရွှေ ၁၁ ပိသာခန့် ဖောက်ထွင်း ခိုးယူခံရ"

ဖောက်ထွင်းခံရသည့်နေရာနှင့် ဖောက်ထွင်းကိရိယာများကို စစ်ဆေးကြည့်ရှုနေစဉ်(ဓာတ်ပုံ-အောင်မြင့်သောင်း)
 
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့ရှိ မြင့်ရတနာရွှေ ဆိုင်ဖောက်ထွင်းခံရပြီး ရွှေထည် ၁၁ ပိဿာခန့် (ကာလတန်ဖိုး ကျပ်သိန်းရှစ်ထောင်ခန့်)ခိုးယူခံရ ကြောင်းသတင်းရရှိသည်။


စက်တင်ဘာ ၁၃ ရက်ည တွင် တန့်ဆည်မြို့ မဟာမြိုင်ရပ်ကွက်ရှိ မြင့်ရတနာရွှေဆိုင်ဖောက်ထွင်းခံရခြင်းဖြစ်ကြောင်း တန့်ဆည်မြို့မရဲတပ်ဖွဲ့မှူးဒုရဲမှူးစိန်ဝင်းကအတည်ပြုပြောကြားသည်။

‘‘ပြတင်းပေါက်ကို ကလန့်ပြီးတော့ဝင်တာ။ ဆိုင်ပိုင်ရှင်က လည်း မနက် ၅ နာရီလောက်မှ သိတာ။ ညဘယ်အချိန်ကဖောက် သွားမှန်းမသိဘူး။ ရွှေကအထည် တွေပါ။ ရောင်းထည်တွေပါ အထည်ပေါင်းစုံပေါ့။ ဆယ်ပိ ဿာကျော်လောက်ပေါ့။ တရားခံ ကိုစုံစမ်းနေတုန်းပါပဲ’’ဟု ဒုရဲမှူး စိန်ဝင်းကပြောသည်။


ရွှေဆိုင်ဖောက်ထွင်းခံရမှု နှင့်ပတ်သက်၍ တန့်ဆည်မြို့မ ရဲတပ်ဖွဲ့သို့  ဆက်သွယ်စုံစမ်းရာ ရွှေအထည် ၁၀ ပိဿာနှင့် ၉၈ ကျပ်သား (စုစုပေါင်း)၁၁ပိဿာ ခန့်ခိုးယူခံရပြီး ငွေခိုးယူခံရခြင်းမရှိကြောင်း တန့်ဆည်မြို့မရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ စက်တင်ဘာ ၁၄ ရက်တွင် ရွှေတစ်ကျပ်သားပေါက်ဈေးမှာ ကျပ်ခုနစ်သိန်းခြောက်သောင်းကျော်ဖြစ်သည်။

" သွားတိုက်တံ ( သွားပွတ်တံ) သိမ်းနည်း အမှား (၄) မျိုး "

ခံတွင်းနှင့်သွားများ သန့် ရှင်းစင်ကြယ်စေဖို့ အတွက် သွားတိုက်တံတွေကမရှိမဖြစ်ပါ။ သို့ သော် သွားတိုက်တံတွေမှာ ဘက်တီး ရီးယား မှိုပိုးတွေကပ်ငြိနေမယ်ဆိုရင်တော့ သွားနှင့်သွားဖုံးများ ပျက်စီးစေရုံမျှမက၊ ခံတွင်းရောဂါများဖြစ်လာနိုင်တာကြောင့် သွား တိုက်တံကို သန့် သန့်  ရှင်း ရှင်းထားပေးဖို့  အထူးလိုအပ်လှပါတယ်။ တစ်ကိုယ်ရေသန့် ရှင်းရေးအတွက် တစ်နေ့  ၂-ကြိမ် သွား တိုက်လေ့ ရှိကြသော်လည်း၊ သတိမထားမိတဲ့ သွားတိုက်တံသိမ်းနည်းအမှားမျိုးတွေ မပြုမိကြစေဖို့ အတွက် အောက်ပါအတိုင်း အကြံပြု လိုက်ပါရစေ။

အမှား (၁) အိမ်သာ(သန့် စင်ခန်း)နှင့် ၆ ပေ အတွင်းမှာသိမ်းထားခြင်း။

မျက်နှာသစ်ဘေစင် နှင့် အိမ်သာတို့ ကို တွဲလျက်ထား၍သုံးခြင်းက အန္တရာယ်ကိုလွယ် ထားခြင်းဖြစ်ပါတယ်။ အဘယ်ကြောင့်ဆို သော် မျက်စေ့ဖြင့်မမြင်နိုင်တဲ့ မစင်အညစ် အကြေး နှင့် ၄င်းအနံ့ အသက်ဆိုးတွေက သွားတိုက်တံမှာ ကယ်ငြိသွားကြတာ ကြောင့်၊ ထိုသွားတိုက်တံဘရက်ရှ်တွေက မိလ္လာထိုင်ခုံထက်ပို၍ ညစ်ပတ်သွားပြီဖြစ်ပါတယ်။ ဒါကြောင့် သွားတိုက်တံကို အိမ်သာ (သန့် စင် ခန်း)နှင့် အနည်းဆုံး ၆ ပေထက် ပိုဝေးတဲ့နေရာမှာ သိမ်းထားသင့်ပါတယ်။

အမှား(၂) ပလပ်စတစ်ဗူးထဲမှာ သိမ်းထားခြင်း။

သွားတိုက်တံကို သုံးပြီးတဲ့အခါတိုင်း ရေစင်စင်ဆေးဖို့ လိုအပ်ပြီး၊၍ ရေမခိုအောင်းနိုင်တဲ့ပလပ်စတစ် ခြင်းတောင်း(ကြဲကြဲ)လေး ထဲမှာသိမ်းရပါမယ်။ သွားတိုက်တံရဲ့ ဘရက်ရှ် ကိုအပေါ်ဖက်မှာထား၍ လက်ကိုင်ပိုင်းကတော့ ခြင်း တောင်းထဲမှာ စိုက်ထောင်

၍သိမ်းပေးပါ။ သွားတိုက်တံတွေကို ပလပ်စတစ်ပါကင်ဗူးဖြင့် ထုပ်ပိုးရောင်းချလေ့ရှိသော်လည်း၊ အ သုံး ပြုပြီးတဲ့အခါမှာတော့ ထိုပလပ်စတစ်ဗူးခွံထဲ သိမ်းမထားသင့်တော့ပါဘူး။ ဤသို့ သိမ်းမိပါ က သွားတိုက်တံရှိ ရေအကြွင်းအကျန် များက ပလပ်စတစ်

" ကိုကိုးဓါတ်ပေါင်းတွေဟာ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင် "

 
ကိုကိုးဓါတ်ပေါင်းတွေဟာ သွေးဖိအားကိုလျော့ကျစေပြီး သွေးကြောတွေရဲ့လုပ်ငန်းဆောင်တာတွေကို တိုးတက်စေတယ်လို့ လတ်တလောလေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။ ဒါဟာ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်ပွားမှုနှုန်းကို လျှော့ချပေးနိုင်တဲ့ အကျိုးကျေးဇူးတွေပါပဲ။

ကိုကာပဲကို ချက်ပြုတ်စားသောက်တဲ့အခါ ကိုကာဓါတ်ပေါင်းတွေဟာ တစ်ခါတစ်ရံ အစာချေဖက်မှုလုပ်ငန်းစဉ်တွေကို အနှောက်အယှက်ပေးနိုင်ပါတယ်။


University Hospital Düsseldorf မှ ပါမောက္ခ၊ FLAVIOLA ရဲ့ ညွှန်ကြားရေးမှူး Dr. Malte Kelm က “ ကမ္ဘာ့လူဦးရေမှာ သက်ကြီးရွယ်အိုတွေ များလာတာနဲ့အမျှ နှလုံးရောဂါဖြစ်ပွားမှုတွေ ရုတ်တရက်နှလုံးရပ်တန့်တာတွေလည်း တိုးပွားလျက်ရှိပါတယ်။ ဒါကြောင့် နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်ဖို့ အစားအသောက်ရဲ့အကျိုးသက်ရောက်မှုတွေကို နားလည်ပြီး အစားအသောက်မှာ ပါဝင်တဲ့ ကိုကိုးမှုန့်ဓါတ်တွေက နှလုံးကျန်းမာရေးနဲ့ သွေးကြောတွေကို ကျန်းမာသန်စွမ်းအောင် ဘယ်လိုလုပ်ဆောင်ပေးနေတယ်ဆိုတာကို ကျွန်တော်တို့ သိချင်ပါတယ်” လို့ ထုတ်ဖော်ပြောကြားသွားပါတယ်။

အသက် ၃၅နှစ်အောက် လူငယ်၂၂ယောက်နဲ့ အသက် ၅၀နဲ့ ၈၀ကြား လူ၂၀ကို ကိုကိုးမှုန့်ပါဝင်တဲ့ အဖျော်ယမကာများကို နှစ်ပတ်အတွင်း တစ်နေ့၂ကြိမ်သောက်သုံးစေပြီး စမ်းသပ်မှုများပြုလုပ်ခဲ့ကြပါတယ်။

သွေးဖိအားကို လျော့ကျစေတဲ့ သွေးကြောတွေပိုမိုကျယ်ပြန့်လာတဲ့အတွက် လူငယ်တွေမှာ ၃၃ရာခိုင်နှုန်း ပိုမိုကောင်းမွန်တာကို တွေ့ရပြီး ကိုကိုးမှုန့်မသောက်သုံးတဲ့ လူကြီးတွေထက် ကိုကိုးမှုန့်ပါဝင်တဲ့ အဖျော်ယမကာသောက်သုံးသူ

" ဂြိုလ်သားတွေ ရန်က ကာကွယ်နိုင်အောင် အိမ်မှာ အလင်းရောင်တွေတပ်ဆင်ခဲ့တဲ့ အမျိုးသား ဒဏ်ငွေ ရိုက်ခံရ "

အမျိုးသား တစ်ယောက်ဟာ သူ့ရဲ့ အိမ်ကို ခဲ ပြားတွေနဲ့ ဖုံးအုပ်ထားပြီး အမြဲတမ်းလည်း ခဲပြားနဲ့ ပြုလုပ်ထားတဲ့ ဦးထုပ်ကို
 ဆောင်းထားပြီး သူ့အိမ်မှာ တပ်ဆင်ထားတဲ့ စူးရှတဲ့ အလင်းရောင်တန်း ကို လည်း ပိတ်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

အသက် ၇၈ နှစ် ရှိနေပြီဖြစ်တဲ့ Arthur Brown ဆိုသူ ထိုလူ ဟာ ဂြိုလ်သားတွေရန် က ကာကွယ်နိုင်စေဖို့ဆိုတဲ့ အတွေးနဲ့ သူ့ရဲ့ အိမ်ကို ရောင်ပြန်တွေ ၊ အလင်းရောင်တွေနဲ့ လူတကာ မျက်စိကျိန်းအောင် ပြုလုပ်ထားပြီး အခုတော့ သူ့ရဲ့ လုပ်ရပ်တွေကြောင့် ဒေါ်လာ ၂ သိန်း ဒဏ်ငွေရိုက်ခံရကာ သက်ဆိုင်ရာ အစိုးရ ကို အကြွေးတင်နေရှာပါတယ်။

သူ့ရဲ့ အိမ်နီးချင်း တွေပြောပြချက်အရတော့ သူဟာ သူ့ရဲ့ အိမ်ထဲက ထွက်လာပြီးရင် ဖြတ်သွားဖြတ်လာတွေကိုလည်း မီးအလင်းရောင်နဲ့ လိုက်ထိုး ကြည့်တယ်လို့ သိရပါတယ်။ အဲဒီလို လုပ်ရတဲ့အကြောင်းအရင်းကတော့ လူတွေကို သူက ဂြိုလ်သားတွေလို့ ထင်နေလို့ပါတဲ့။

အိမ်နီးချင်းတစ်ယောက်ဖြစ်တဲ့ Nancy Raich ကတော့ "ဒီလူဟာ ပြသနာ တစ်ခုဖြစ်လာတာ နှစ်နဲ့ချီ ကြာနေပါပြီ။ သူ့မှာ ဂြိုလ်သား တွေကို ကြောက်လန့်တဲ့ ပြသနာ ရှိနေပါတယ်" လို့ဆိုပါတယ်။

ထို ပုဂ္ဂိုလ်ကတော့ အမေရိကန်ပြည်ထောင်စု ၊ Pennsylvania ပြည်နယ် ၊ Hermitage မြို့က ဖြစ်ပြီး မြို့ရဲ့ အုပ်ချုပ်သူ ဖြစ်တဲ့

" ကာလသားတို့ရေ ဘယ်လို မိန်းကလေး ကိုလက်ထပ်ကြမလည်း "

 
အောက်က စာတွေဖတ်ပြီး စိတ်ပိန်လိုက်တာ..ဟွန့်

၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း)
၂. ပိုက်ဆံကိုထိန်းနည်း
၃. လူကိုထိန်းနည်း
၎. မိမိကိုယ်ကိုထိန်းနည်း

၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း)

နံပါတ်တစ်နည်းကို အသုံးပြုသော မိန်းကလေးသည် သဘောထား အဖြူစင်ဆုံးဖြစ်သည်။ ထိုမိန်းကလေးမျိုးကို အိမ်ထောင်ဖက် အဖြစ်ရွေးချယ်သော ယောကျာ်းသည် ကံကောင်းသောသူဖြစ်သည်။ သူမသည် သူချစ်သော ယောကျာ်းကို လွတ်လပ်ခွင့်
ပေးထားသောကြောင့်ဖြစ်သည်။ သူမအတွက် တစ်ခုသော မျှော်လင့်ချက်မှာ မိမိပြင်ဆင်ချက်ပြုတ်ထားသော အရသာရှိရှိ ထမင်းကောင်း ဟင်းလျှာများကိုမိမိယောကျာ်းက အချိန်မှန်မှန်ပြန်လာ စားရန်သာဖြစ်သည်။

၂. ပိုက်ဆံကိုထိန်းနည်း

နံပါတ်နှစ်နည်းကိုအသုံးပြုသောမိန်းကလေးသည်လည်လွန်းသောသူဖြစ်သည်။ငွေသည် ယောကျာ်း၏အသက်၊ ငွေသည်

ယောကျာ်း၏မာန၊ ယောကျာ်းများကို ငွေဖြင့်ထိန်းချုပ်ခြင်းသည် အထိရောက်ဆုံးဟု ထင်မြင်ထားသောကြောင့်ဖြစ်သည်။
မိန်းကလေးအများစုသည် ဒီနည်းကို ကြိုက်ကြသည်။ သူမ၏မျက်စိထဲတွင်ငွေဖြင့်အရာရာကို မြန်မြန်ဆန်ဆန် ပြီးနိုင်သည်ဟု

" Lover လဗ်ဗားကို ချစ်သူလို့ ခေါ်ဆိုခြင်း၏ အနက်အဓိပ္ပာယ် လွဲမှားမှုများ "

 
ဟင်!!!..နင်..နင်..နင်..ဟဲ့အကောင်..နင်ကများ ငါ့ကိုလေ.. ပြောရက်လိုက်တာ ကြည့်စမ်း
 
လွဲမှားမှုတွေ ။ ဘာလွဲမှားမှုတွေလည်းဆိုတော့ဗျာ.. အင်္ဂလိပ်စာလွဲမှားမှုလေးတွေ ဗျ။ကျွန်တော် ဟိုတစ်နေ့က မြို့တော်ထဲ
မှာ လျှောက်ကြည့်ရင်းနဲ့ “ချစ်သူ” ဆိုတာကို“lover” လို့ သုံးထားတာတွေ့ရတယ်ဗျာ။ အဲဒါတစ်ခြားလူတွေ တော်တော်များ
များလည်းဒီလိုပဲဗျ။
“ချစ်သူ” ဆိုတဲ့စကားလုံးကို “lover” လို့ ထင်နေကြတယ်။ အဲလိုပဲ လူတော်တော်များများသုံးနေကြတယ်။  love ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကတော့ ချစ်တယ် တဲ့။ ဒါတော့ လူတိုင်းသိမှာပါ။အင်္ဂလိပ်စာ word/verb တစ်ခု ကို နောက်ကနေ -er,-or ဆိုတဲ့ နောက်လိုက်လေးတွေထည့်လိုက်ရင် noun ဖြစ်သွားတယ်ဆိုတာလေးကိုလည်း လူတိုင်းလိုလိုသိကြတယ်။ 

အဲ.. အဲဒီမှာ ပြသနာစတာပဲ။
မမှန်ဘူး မဟုတ်ပါဘူး။ မှန်ပါတယ်။ ဒါပေမယ့် ဒီ lover ဆိုတဲ့ နေရာမှာကျတော့ မှားနေပြီဗျ။ ကျွန်တော်တို့ တွေက love (ချစ်တယ်) ဆိုတာကို အစွဲပြုပြီး နောက်မှာ-er ထည့်လိုက်ရင် lover(ချစ်သူ) ဖြစ်ပြီ ထင်နေကြတယ်။အမှန်တော့ lover ဆိုတာက ချစ်သူမဟုတ်ပါဘူး။ အောက်မှာ definitionရေးပေးလိုက်ပါတယ်။

*lover (noun) - a partner in a sexual relationship outside marriage*

သူ့ရဲ့ မြန်မာလိုအဓိပ္ပါယ်ကတော့...လက်မထပ်ပဲလိင်ဆက်ဆံ ပေါင်းသင်းနေတဲ့အဖော်တဲ့ခင်ဗျ။ တနည်းအားဖြင့် ပြောရရင်

September 15, 2015

လက်ဆစ်ချိုးရင် ဘာဖြစ်နိုင်လဲ


တချို့လူတွေမှာလက်ဆစ်ချိုးပြီး အညောင်းဖြေ၊အပျင်းဖြေတဲ့အကျင့်ရှိပါတယ်။ လက်တချောင်းချင်းဆီကိုကွေးပြီး နောက်လက်ဖဝါးနဲ့ အသံမြည်အောင်ဖိတာ၊ လက်ချောင်းတွေကို အသံမြည်တဲ့အထိဘယ်၊ ညာနှစ်ဖက်တွန်းကော့ထားတာတွေ လုပ်ကြပါတယ်။ ဒီလိုလုပ်တာကြာရင် လက်ဆစ်တွေရောင်တာ (osteroarthritis)၊ တုပ်လာတာတွေ ဖြစ်လေ့ရှိတယ်လို့ ပြောကြပါတယ်။ တကယ် ဟုက်၊မဟုက်ဆိုတာ သုတေသနရလဒ်တွေအပေါ် အခြေခံပြီးဆုံးဖြတ်နိုင်ပါတယ်။

" ငိုမလှ ရယ်မလှ သရဲမသက်ထား "

 
တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတိုလေး တစ်ပုဒ်ပါ။ မိန်းကလေးတွေအများစု အရမ်းလှလွန်းရင် မူရာ၊ မာယာ များတတ်ပါတယ်။ သူတို့ကို ယောက်ျားလေးတွေ ၀ိုင်းဝိုင်းလည်နေရင် ပို၍ ပဲပေးတတ်ကြပါတယ်။ ဒါက မိန်းကလေးတိုင်းပါ။ ဘယ်လောက်ပဲ အထာမကိုင်တတ်ဘူး၊ မာနမကြီးတတ်ဘူး ပြောလေ့ရှိတဲ့ မိန်းကလေးတွေတောင် သူ့အလှတရားအတွက် တစ်နေရာရာမှာ ထင်ပေါ်စေချင်ကြ အပြောခံချင်ကြပါတယ်။

"အင်းစိန်မြို့နယ်" တစ်နေရာက အန်တီ့အချစ်ဆုံးသူငယ်ချင်းပေါ့။ နာမည်လေးက "မသက်ထား" တဲ့။ အလွန်ချော အလွန်လှပေါ့။ အန်တီတို့ခေတ်တုန်းက ထမိန်ကို ခြေသလုံးအလယ်အထိဝတ်၊ ဆံပင်တစ်ခြမ်းစောင်းကေနဲ့ မိန်းကလေးအများစု ထားခဲ့ နေခဲ့ဖူးကြတယ်လို့ အန်တီပြောတယ်။

အဲဒီခေတ်မှာ "အန်တီသက်ထား" က အင်းစိန်
အ.ထ.က (၁) ရဲ့ အချောဆုံး အလှဆုံး "ကွင်း" (Queen) တဲ့။ ၈-တန်းနှစ်ကတည်းက ရည်းစားထားတာ ၁၀-တန်းနှစ်အထိပေါ့။ အန်တီတို့သူတို့က ကျောင်းအရမ်းပြေးကြတာ။ အန်တီကလည်း ၁၀-တန်းနှစ်မှာ ရည်းစား စ,ထားတာတဲ့။ "မသက်ထား" ကတော့သူတို့ဆရာတဲ့။ "မသက်ထား" က တစ်ဦးတည်းသောသမီး။ ရည်းစား စ,ထားကတည်းက သူက သူ့ရည်းစားမိဘက ချမ်းသာရမယ်၊ ပညာတတ်ရမယ်။ သူ့ရည်းစားက စာတော်တာ မတော်တာမလိုဘူး။ သူ့လိုရုပ်လှရမယ်။ ချောရမယ်။ ရုပ်ရည်မသန့်ပြန့်တဲ့ကောင် ရည်းစားစကားလာမပြောနဲ့… ဆိုပြီး နှစ်ပြားမတန် အရှက်ခွဲပြောဆိုတတ်တယ်။

သူတို့သူငယ်ချင်းများ ၁၀-တန်းပထမနှစ်ပေါ့။ "မသက်ထား" ကျောင်းမှာ ရည်းစား၂-ယောက်။ အပြင်မှာ တက္ကသိုလ်ကျောင်းသားရည်းစား၂-ယောက် "မသက်ထား" ၄-ယောက် လက်မလည်အောင် ချိန်းတွေ့ရတယ်။ သူ့ရည်းစား ၄-ယောက်လုံးကလည်း အလန်း။ ပိုက်ဆံရှိ သားသမီးတွေပေါ့။

သူတို့အများဆုံး ဘဲနဲ့ချိန်းတွေ့တဲ့နေရာက "ကမ္ဘာအေးဘုရား"။ တစ်နေ့ သူနဲ့ သူငယ်ချင်းများတစ်ဖွဲ့ ကျောင်းပြေးပြီး ဘဲတွေကိုယ်စီနဲ့ပြန်လာကြတာ။ အဲဒီအချိန်မှာ တစ်လမ်းလုံး သူငယ်ချင်းတွေဆူညံ့
နေကြတာပေါ့။ လမ်းချိုးတစ်နေရာရောက်တော့
စက်ဘီးတစ်စီးက အမှတ်မထင် ရေအိုင်ကိုနင်းမိတော့ "မသက်ထား" ကိုစင်သွားပါလေရော။ အဲဒီအချိန်မှာ "မသက်ထား" ဒေါသဖြစ်ပြီး စက်ဘီးသမားကို အတင်းလှမ်းတား သူ့ရည်းစား "ကိုဇေ" က ပထမနှစ်ကျောင်းသား။ ရုပ်ချောသလောက် ခပ်မိုက်မိုက်ပေါ့။ စက်ဘီးသမားကို အတင်းတားတော့ စက်ဘီးသမားက ရပ်လိုက်တယ်။ အဲဒီစက်ဘီးသမားက "မသက်ထား" ကို၉-တန်းနှစ်က ရည်းစားစကားပြောဖူးတဲ့ "ကိုသော်" ဖြစ်နေတယ်။ "ကိုသော်" က စီးပွားရေး အဆင်မပြေတော့လို့ ကျောင်းမတတ်တော့ပဲ ဝက်သတ်ရုံမှာ လုပ်နေတာ။ "ကိုသော်" က

" ကလေးငယ်ကို အဓ္ဓမပြုကျင့်သတ်ဖြတ်ခဲ့တဲ့ တရားခံ အခြားလူ တစ်ဦးရဲ့ အဓ္ဓမပြုကျင့်မှုကိုခံရ " ဟိုက်! .... ယူတဲ့လူ အပေးခံရပြီ

သူတစ်ပါးအပေါ် မကောင်းကြံခဲ့ရင် အဲ့ဒီအကုသိုလ်ကြောင့် ပြန်ခံ ရမယ့် ကိုယ့်ရဲ့အလှည့်က မဝေးတော့တဲ့ အချိန်အတွင်းမှာပဲ ပြန် လည်ပေါ်လာတတ်ပါတယ်။

အဲ့ဒီလိုပြန်ပြီးတလှည့်ပြန်ခံရတဲ့အခါ ကိုယ်လုပ်ခဲ့တာထက် အဆပေါင်းများစွာ ပိုပြီး ပြန်ခံစားရတယ်ဆို တာ

" တကယ့် ဟာသဆန်တဲ့ ဒဲ့ဒိုးကြီးပြန်ထားတဲ့ နေ့ စဉ်သုံး မြန်မာ-အင်္ဂလိပ် ဘာသာစကား "

 
> နေ့ စဉ်သုံး မြန်မာ-အင်္ဂလိပ် ဘာသာစကား
> ကျုံးသွင်း ပညာရေး သမဝါယမ လီမိတက်မှ စေတနာအပြည့်ဖြင့် ဘာသာစကား
> တိုးတက်စေရန် နိုင်ငံခြားပြန် ဆရာကြီး ကိုယ်တိုင် အသေးစိတ် ပြုစုထားသည့်
> နေ့ စဉ်သုံး မြန်မာ-အင်္ဂလိပ် ဘာသာစကား အဘိဓာန် ကြီး ကို သင့်ဆီသို့ ဂုဏ်ယူ
> ဝင့်ကြွားစွာ တင်ဆက်လိုက်လေပြီ ။ အမြန် မေးဝယ်ပါ။ အုပ်ရေ ၅၀ အထက်
> မှာယူသူများ အတွက် ကံစမ်းမဲ ရှိသည် ။

> ပထမဆု ပါဆားရစ် ဘွန်လေး ရထား အသွားအပြန်လက်မှတ် (T & C Apply)

> ဒုတိယဆု ဟိုတယ် အယ်လ်ဂျူးနိ ၂ ညအိပ်(ကုတင်၊စောင်နှင့် မနက်စာ မပါ)
> ( သရဲ ကြောက်တတ်သူ အထီးကျန်အမျိုးသားများ အဖော်ခေါ်နိုင်)
> တတိယဆု လက်နှိပ်စက် သုံးလုံး

> စားသုံးသူများ၏ စေတနာကို ကျေးဇူးတုံ့ ပြန်သော အားဖြင့် အောက်ပါ စကားလုံးများ

> ကို ရက် ၃၀ အမြည်းသဘော အခမဲ့ ပေးဖတ်လိုက်ပြီ ။

> ပြဒါးတလမ်း သံတလမ်း Mercury one way, Iron one way

> လက်လွတ်စပယ် Hand Free Jasmine
> ဆရာ မလုပ်နဲ့  Don't Make the Teacher
> ရေချိုးချင်တယ် I Want to Break the Water
> ဒီနေ့  နေပွင့်တယ် Today, the Sun is Open
> ကျေးဇူးပြုပြီး မီးဖွင့်ပါ Please Open the Fire
> မီးပိတ်လိုက်တော့ Close the Fire
> ဗိုက်မဆာ ဘူးလား Stomach Not Hungry?
> ရေဝင်ပြေး Water Enter Run
> မနေ့ က နှာခေါင်းပိတ်တယ် Yesterday, My Nose closed

" သိမှတ်ထားသင့်သည့် မြန်မာ့ရှေးဟောင်း အချင်..အဝင်..အချိန်..အတိုင်းအတာ အခေါ်အဝေါ်များ "

 
 
မြန်မာ့ရှေးဟောင်း ဟင်္သာ အလေးပုံ

မြန်မာ့ အချင်အတွယ် အခေါ်အဝေါ်များ

၂လမြူ                       =     ၁ လမြက်
၂လမြတ်                   =     ၁ လမယ်
၂လမယ်                    =     ၁စလယ်
၂စလယ်                    =     ၁ခွက်
၂ခွက်                       =     ၁ပြည်
၎ပြည်                      =     ၁စိတ်
၂စိတ်                       =     ၁ခွဲ
၂ခွဲ                           =     ၁တင်း
၁တင်းခွဲ                    =     ၁အိပ်
စပါး ၂၅တင်း              =     လှည်းတစ်စီးတိုက်
ဆန်တစ်အိပ်              =     ၁၀၈ ပေါင်

မြန်မာအတိုင်းအတာအခေါ်များ
 
၁၀ ဆံချည်                 =     ၁ နှမ်း
၆ နှမ်း                       =     ၁ မုယော
၎ မုယော                   =     ၁ လက်သစ်
၈ လက်သစ်                =     ၁ မိုက်
၃ မိုက်                       =     ၁ တောင်
၎ တောင်                   =     ၁ လံ

" ကြွက်ကြိုက်သူများအတွက် အာဖရိကမှ နောက်ဆုံးပေါ် အစားအစာ "

 
 ဟောဒိက ကြွက်ကင် ပူပူလေးနော်... လတ်တယ်နော် လတ်တယ်...လာနော်အမရေ...

" ချဉ်ပေါင်ဖူးဖျော်ရည်နှင့် ကျန်းမာရေး အကျိုးကျေးဇူးများ "


ချဉ်ပေါင်ဖူးကို ထောင်းပြီး စားတာ၊ ချက်ပြီး စားတာ စသဖြင့် အမျိုးမျိုး ဟင်းလျာပြင်ဆင်ကာ စားလေ့ ရှိကြပါတယ်။ ချဉ်ပေါင်ဖူးကို လတ်လတ်ဆတ်ဆတ် စားတာက ခြောက်အောင်ထားပြီး စားတာထက် အင်တီအောက်ဆီးဒင့် ပမာဏ ပိုများတာကြောင့် ကျန်းမာရေး အကျိုးကျေးဇူး ပိုများတယ်လို့လည်း လေ့လာမှုတွေက ဆိုထားပါတယ်။ ဒါ့အပြင် ချဉ်ပေါင်ဖူးမှာ အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိတာကိုလည်း လေ့လာမှုတွေအရ သိရပါတယ်။ ချြ်ပေါင်ဖူးကို အီဂျစ်နှင့် အာရပ်လူမျိုးအများစုက ဟင်းအပြင် အခြောက်လှမ်ထားပြီး ရေနွေး သကြားတို့နှင့် ရောတယ်ကာ ချဉ်ပေါင်လက်ဘက်ရည် အဖြစ်လည်း သောက်ကြပါတယ်။ ဥရောပနိုင်ငံတွေမှာရှိတဲ့ အာရပ်လူမျိုးများရဲ့ ကုန်ဆိုင်တွေမှာ ချဉ်ပေါင်ဖူး ခြောက်တွေကို ရောင်းချတာမြင်တွေ့နိုင်ပါတယ်။ အာရပ်စကားနှင့် ချဉ်ပေါင်ဖူးကို Karkadeh ကာရ်ကဒီးယာ

လို့ခေါ်ပါတယ်။ ဥရောပမှာ Karkadeh tea လို့ သူ့လက်ဘက်ရည်ကို ခေါ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားနှင့် ချဉ်ပေါင်ပင်
ကို Hibiscus လို့ ခေါ်ပြီး သူ့လက်ဘက်ရည်ကို Hibiscus Tea လို့ခေါ်ပါတယ်။ ရေခဲချောင်းလဲ လုပ်စားနိုင်ပါတယ်။ 




အအေးမိ အသံဝင်ချောင်းဆိုးခြင်း

ချဉ်ပေါင်ဖူး လက်ဘက်ရည် (သို့) ချဉ်ပေါင်ဖူးဖျော်ရည်ကို ခပ်နွှေးနွှေးလေး သောက်ပေးခြင်းဖြင့် အအေးမိ နှာစေး၊ အသံဝင်ခြင်း
တွေကို ပျောက်ကင်းစေနိုင်ပါတယ်။ ချဉ်ပေါင်ဖူး ဖျော်ရည်ကို ဆားအနည်းငယ်နှင့် သကြားတို့နှင့် သောက်ပေးပါက ချွေးထွက်
လွန်လို့ ပင်ပန်းနွှမ်းနှယ်မှုတွေကို ပပျောက်စေပါတယ်။ စိတ်ကို လန်းဆန်းစေပါတယ်။ ချဉ်ပေါင်ဖူးဖျော်ရည်ကို အအေးခံထားပြီး

September 14, 2015

" လူပျောက် ကြော်ငြာ "

 
ရှယ် ဆိုလို့ ရှယ် ပေးလိုက်ပါတယ် 
 

" ကိုယ့်မွေး ဂဏန်းများနှင့် ဆိုင်သော ယတြာများ" ( ဟာသ)

 
မီးက..သုံး ဆိုတော့ သရက်ဆောင် ထားတယ်..ဗျာ..အဲ..ရှင် ဟိဟိ
* ၁ ဂဏန်းသမားများ *
*နံပါတ်(၁)*။ ၁၊ ၁၀၊ ရက်များတွင်မွေးဖွားသူများက ၁ ဂဏန်းသမားများပါ။
သင်သည် တစ်နေ့ တနေ့ တစ်နေရသဖြင့် တစ်ခြင်းမရှိအောင် ဝမ်းနုတ်ဆေး ဆောင်ထားပါ။ တစ်နေ့တစ်ထုပ်သောက်ပါ။ 
တတစ်တစ်နှင့် ညှစ်နေရသည့် အဖြစ်မှ လွတ်ကာ ပရစ်တစ်တစ်ဟု မြည်ကာ ဓါတ်ပျော့ပျော့သွားသည်ကို တစ်နာရီအတွင်း တမဟုတ်ခြင်း မြင်ရအံ့။ 

*၂ ဂဏန်းသမားများ *
*နံပါတ်(၂)*၂၊ ၁၁၊ ၂၀၊ ၂၉ ရက်များတွင် မွေးဖွားသူများက ၂ ဂဏန်း သမားများပါ။
*သင်သည် ဤနှစ်ဝယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခြင်း၊ နှာပွခြင်းတို့ကို နှစ်ရှည်လများ ခံစားရပေအံ့။
*ပညာရေး - နှစ်နှစ်ခြိုက်ခြိုက် အိပ်ခြင်းပညာကို လေ့လာရတတ်သည်။
*စီးပွားရေး - နှစ်ရှည်လများက အကြွေးများကိုပြန်ရကိန်းရှိသည်။
*အချစ်ရေး - နှမချင်းမစာနာတတ်သူ၏ ဆွဲလားရမ်းလားလုပ်ခံရတတ်သည်။
***ယတြာ - မိမိနှာခေါင်းနှစ်ပေါက်ကို လက်နှစ်ချောင်းဖြင့်ပိတ်၍ အချစ်ဆုံးသူငယ်ချင်းကို မျက်နှာချင်းဆိုင်ကြည့်ကာ " နင့်သတင်းတွေ ငါကြားနေရတယ် " ဟု မဲ့ကာရွဲ့ကာဖြင့် မာန်ပါပါပြောပါလေ။

*၃ ဂဏန်းသမားများ*
*နံပါတ် (၃)*၃၊ ၁၂၊ ၂၁၊ ၃၀ ရက်များတွင် မွေးဖွားသူများက ၃ ဂဏန်း သမားများပါ။
*ကိုယ့်ကိုယ်ကို သုံးမရဘူးဟုထင်ပြီး စိတ်ဓါတ်ကျနေတတ်သည်။
*သံစူးခြင်း၊ သန်းတွယ်ခြင်း၊ သေးမထွက်ခြင်းတိ
ု့ကို ခံစားရတတ်သည်။

" အင်တာနက်တွင် ကျော်ကြားသူမိန်းကလေး တရားမ၀င်လောင်းကစားလုပ်ကိုင်မှုနဲ့ ထောင်ဒဏ်ငါးနှစ်ကျခံရ"

တရုတ်နိုင်ငံရဲ့ အင်တာနက်တွင် နာမည်ကျော်ကြားသူ Guo Meimei အား တရားမ၀င်ကက်စီနိုလောင်းကစား လုပ်ကိုင်မှုနဲ့ ဘေဂျင်းမြို့ Dongcheng People တရားရုံးမှ ကြာသပတေးနေ့က ထောင်ဒဏ် ငါးနှစ် ချမှတ်လိုက်ပါတယ်။
သူမအား တရားရုံးမှ ထောင်ဒဏ်အပြင် တရုတ်ယွမ်ငွေ ငါးသောင်း(အမေရိကန်ဒေါ်လာ ၇၈၀၀) ကို ဒဏ်ငွေအဖြစ် ချမှတ်လိုက်တာပါ။ ဒါ့အပြင် သူမရဲ့လုပ်ဖော်ကိုင်ဖက်တဦးဖြစ်သူ Zhao Xiaolai ကိုတော့ ထောင် ဒဏ် ၂ နှစ် နှင့် ဒဏ်ငွေ ယွမ် နှစ်သောင်း ချမှတ်လိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ် Guo ဆိုတဲ့ အမျိုးသမီးငယ်ဟာ ၂၀၁၁ ခုနှစ်ကစလို့ နာမည်ဆိုးနဲ့ ကျော်ကြားလာသူပါ။
ငွေကို ရေလိုသုံးဖြုန်းကာ သွားလာပျော်ပါးနေထိုင်ခဲ့တဲ့ သူမရဲ့ နေထိုင်ပုံတွေကို မှတ်တမ်းတင် ထားသော ဓာတ်ပုံတွေဟာ တရုတ်လူမှုမီဒီယာပေါ်မှာ ပျံနှံ့လာခဲ့ပြီးနောက်ပိုင်း အခုလို နာမည်ဆိုးနဲ့ကျော် ကြားလာခဲ့ခြင်းလည်းဖြစ်ပါတယ်။

သူမစီးတဲ့ တန်ဖိုးကြီး ကားများအကြောင်း၊ သူမ အသုံးပြုကိုင်ဆောင်တဲ့ ပိုက်ဆံအိတ်များ အကြောင်းကို အွန်လိုင်းမှာ ကြွားလုံးထုတ်နေတုန်း သူမကိုယ်သူမလည်း တရုတ်ကြက်ခြေနီအသင်းအဖွဲ့မှာ စီးပွားရေး ကဏ္ဍဆိုင်ရာ မန်နေဂျာတဦးအဖြစ် အလုပ် လုပ်ကိုင်နေသူပါလို့လည်း အခိုင်အမာပြောဆိုခဲ့ပါတယ်။

အဲ့ဒီလို သူမတင်ခဲ့တဲ့ပို့စ်တွေဟာ ပြည်သူတွေရဲ့ဒေါသကို ပိုပြီးထိုးဆွလိုက်သလိုဖြစ်ခဲ့ကာ အဆိုးဆုံး ကတော့ သူမဟာ

" (၇) ရက်အတွင်း သင့်အချစ်ရေး အရင်လို ပြန်လည်လန်းဆန်းလာစေဖို့ အတွက်ဆိုရင် "

 
ချစ်သူနှစ်ဦး တွဲလာတဲ့ သက်တမ်းကြာလာလို့ နှစ်ယောက်ဆုံတဲ့အခါ ဘာမှထူးထူးခြားခြား ပြောစရာ လုပ်စရာ သွားစရာမရှိတော့ဘူးလို့ ခံစားလာရပြီလား။ ဟိုးအရင်တုန်းက လို နှစ်ဦးသား အချစ်ရေး နုပျိုလန်းဆန်း သွားချင်တယ်ဆိုရင် (၇)ရက်အတွင်း သင်လုပ်ဆောင်ရမယ့် အရာလေးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။ သင့်ချစ်သူကို ရိုမန်တစ်ဆန်ဆန် နှိပ်နယ်ပေးတာမျိုးလုပ်ပါ။
ရုပ်ရှင်တွေထဲမှာ မြင်နေကျ ဖယောင်းတိုင်လေးကြား ချစ်သူနှစ်ဦး ကြည်ကြည်နူးနူးရှိနေသလိုမျိုးပဲ သင်လည်း လုပ်ဆောင်နိုင်ပါတယ်။ ဒါကတော့ မွှေးရနံ့သင်းတဲ့ ဖယောင်းတိုင်လေးတွေ ထွန်းပြီး သင့်ချစ်သူရဲ့ လက်တွေ ခြေထောက်တွေကို နှိပ်နယ်ပေးပါ။ နှစ်ယောက်အပြန်အလှန် နှိပ်နယ်ပေးတာမျိုးလည်း ကောင်းပါတယ်။ စိတ်ဖိစီးမှုတွေ လျော့ကျသွားမှာ ဖြစ်တဲ့အပြင် သင်တို့နှစ်ဦးအတွက်လည်း ပိုမိုရင်းနှီးသွားစေပါလိမ့်မယ်။ ဒါ့အပြင် ခုလို နှိပ်နယ်နေချိန်အတွင်း သီချင်းလေး ဖွင့်ထားပါ။ ရိုမန်တစ်ဆန်ဆန်လေးပေါ့။

၂။ ချစ်သူနဲ့ပတ်သက်ပြီး သင်သဘောကျတဲ့အရာတွေ ရေးချပါ။
ချစ်သူနဲ့ပတ်သက်ပြီး ရေးချင်တာရေးဖို့ စာအုပ်လေး တစ်အုပ်ထားပါ။ အဲ့ဒီစာအုပ်လေးထဲမှာ သင့်ချစ်သူနဲ့ပတ်သက်ပြီး ဘယ်အရာတွေကို သင်မြတ်နိုးသဘောကျတယ်ဆိုတာ ရေးသားပါ။

၃။နှစ်ဦးသား အနမ်းခြွေပါ။
ပထမဆုံးအကြိမ်တုန်းက ရင်ခုန်စွာ နမ်းခဲ့ရတဲ့ ဒီနှုတ်ခမ်းတစ်စုံအကြောင်း တွေးပါ။ ဟိုးအရင်တုန်းကလို စိတ်ကို ပေါ့ပေါ့ပါးပါးလေးထားပြီး ချစ်သူကို ပြန်ရင်ခုန်ကြည့်လိုက်ပါ။ သူ့ရဲ့နှုတ်ခမ်းလေးတွေကို ကြင်နာစွာနမ်းပါ။

၎။သင့်ချစ်သူ ကြိုက်တဲ့ ဟင်း ၊ အစားအစာတစ်ခုခုကို ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပါ။
တစ်ခါတစ်လေ လူတစ်ယောက်ဟာ ပြောဆိုနေတာထက် တကယ်လုပ်ပြဖို့ လိုပါတယ်။ သူ့ကိုတစ်နေ့

" ဆံသားတွေ ပြန်လည် ညိုမည်းသွားစေမယ့် အစွမ်းထက် တေဆေး "


ခုပြောပြပေးမယ့် တေဆေးရည်မှာ ဖြူနေတဲ့ဆံပင်တွေကို သူ့မူလ အရောင်အတိုင်း ပြန်လည်မည်းနက်လာစေမယ့် သတ္တိပါရှိပါတယ်။ အဲ့ဒါကတော့ ၄င်းမှာ ပါဝင်အစွမ်းထက် ပါဝင်ပစ္စည်းတွေကြောင့် ဖြစ်ပါတယ်။ ထို့အပြင် အမြင်အာရုံ ချွတ်ယွင်းမှုရှိသူတွေအတွက် အလွန်ပင် အကျိုးဖြစ်ထွန်းစေပါတယ်။

ပါဝင်ပစ္စည်းများ
နှမ်းကြတ်ဆီ (၂၀၀) ဂရမ်
ကြက်သွန်ဖြူ (၃) စိတ် (အသေး)
ပျားရည် (၁) ကီလိုဂရမ်
သံပုယိုသီး (၄) လုံး

လမ်းညွှန်ချက်
သံပုယိုနဲ့ ကြက်သွန်ဖြူကို မွှေစက်တစ်ခုထဲထည့်ပြီး သေချာစွာ ရောသမမွှေပါ။ ထို့နောက် နှမ်းကြတ်ဆီနဲ့ ပျားရည် ထပ်ရောပေးရပါမယ်။ အဲဒီ အရောနှောလေးကို ဖန်ခွက်တစ်ခုထဲ ပြောင်းထည့်၊ အဖုံးနဲ့ သေချာ ဖုံးပြီး ရေခဲသေတ္တာထဲ

" လူတိုင်း လုပ်မိနေတဲ့ ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်ဆိုး ( ၇ )ခု "

ကျန်းမာရေးကို ဘေးဖြစ်စေတဲ့ အပြုအမူတွေကို လူတွေဟာ သတိမထားမိဘဲ ပြုလုပ်နေလေ့ရှိပါတယ်။ မပြောပလောက်တဲ့ အမူအကျင့်လေးတွေက ဆိုးရွားတဲ့ ကျန်းမာရေး အန္တရာယ် ကို ဖြစ်စေတတ်တာမို့ အချိန်မီရှောင်နိုင်အောင် လူတိုင်းပြုလုပ်လေ့ ရှိတဲ့ အမူအကျင့်အမှားလေးတွေကို ဖော်ပြလိုက်ပါတယ်။

၁။ မျက်နှာကို လက်နဲ့ ပွတ်သပ်ခြင်း
လူအများစုဟာ တစ်နာရီကို အနည်းဆုံးလေးကြိမ် မျက်နှာကို ထိတွေ့ ပွတ်သပ်လေ့ရှိပါတယ်။ မျက်စိနဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယားအများအပြားဟာ သင့်ရဲ့လက်တွေမှာ ခိုအောင်းနေပြီး သင့်ကို နာမကျန်းဖြစ်စေနိုင်ပါတယ်။ မျက်နှာကို ထိကိုင်ခြင်း ဒါမှမဟုတ် ပွတ်သပ်ခြင်းကြောင့် အညစ်အကြေးနဲ့ ပိုးမွှားတွေဟာ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကနေ ၀င်သွားပြီး ချွေးပေါက်ကို ပိတ်ဆို့ ကာ ၀က်ခြံတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

၂။ ကုလားထိုင်မှာအကြာကြီးထိုင်ခြင်း
တစ်နေရာမှာ အချိန်အကြာကြီး ထိုင်တာက သင့်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အ၀လွန်ခြင်း၊ ဆီးချို သွေးတိုး၊ လေသင်တုန်းနဲ့ နှလုံးနဲ့ ပတ်သက်တဲ့ရောဂါတွေကိုပါ ဖြစ်စေနိုက်ပါတယ်။ အချိန်အကြာ ထိုင်ခြင်းက လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့လူတွေကိုတောင် ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းနိုင်မယ့် နည်းလမ်းကို ခဏခဏထပေးတာမျိုးနဲ့ လမ်းများများလျှောက် ပေးတာမျိုးဖြစ်ပါတယ်။

၃။ ဆိုရှယ်မီဒီယာမှာ အချိန်မတရား ကုန်ဆုံးခြင်း
Facebook တို့ Twiiter တို့ လို social media တွေမှာ အချိန်ဖြုန်းခြင်းက သင့်ရဲ့ကျန်းမာရေးကိုသာမက အချစ်ရေး၊အိမ်ထောင်ရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဆိုရှယ်မီဒီယာစွဲစွဲမြဲမြဲသုံးသူတွေဟာ အချစ်ရေး ဖောက်ပြန်မှု ပိုရှိနိုင်ပြီး

September 13, 2015

"ကျီးတွေဆီက သင်ယူစရာများ"

 
ကျီးကန်းဟု ဆိုလိုက်လျင် လူတိုင်းသိကြပါလိမ့်မယ်။ အမွှေးအတောင်က မဲသည့်အပြင် အသံကလည်း တအာအာ။ မနှစ်သက်သူများက ရုပ်ဆိုး ကျီးကန်းဟု ဆိုတတ်သလို နှစ်သက်သူများကလည်း ရွှေကျီးညို၊ ရွှေကျီးကလေး ဟုခေါ်ကာ ကဗျာ၊ သီချင်းများထဲတွင် အမွှမ်းတင်တတ်ပါသေးတယ်။ မြန်မာ့ဇာတ်သဘင် တွင် ရွှေကျီးညို အမည်နဲ့ နာမည်ကြီး ဇာတ်မင်းသားကြီး တစ်ဦးလည်း ပေါ်ပေါက်ခဲ့ပါသေးတယ်။

ကျီးကို သာမန်အားဖြင့် တောကျီးကန်း နှင့် မြို့ကျီးကန်း ဟူ၍ ကျွန်တော်တို့သိထားလေ့ ရှိပါတယ်။ မြို့ကျီးက အာ.အာ ဟုအော်ပြီး တောကျီးကန်းက အာလောက်လောက်..အာလောက်လောက် ဟုအော်တတ်ပါတယ်။ တကယ်တော့ မြန်မာ့စာပေတွင် ကျီးကို အမျိုးအစား ၅ မျိုးခွဲခြားထားပါတယ်။
 ၁။ ကိုယ်လုံးကြီး၊ နှုတ်သီးရှည်၊ မဲနက်လျင် ဗြဟ္မဏမျိုး၊
 ၂။ မျက်လုံးကြောင်၊ နှုတ်သီးနက်၊ ပြင်းသောအသံရှိလျင် ခတ္တိယမျိုး၊
 ၃။ အဆင်းညို၊ နှုတ်သီးညို၊ အသံမပြင်းလျင် ဗိသျှမျိုး၊
 ၄။ ခြောက်ကပ် ညိုပြာသောကိုယ်၊ ကြောက်မက်ဖွယ်အသံမြည်လျင် သဒ္ဒိယမျိုး၊
 ၅။ ခြောက်ကပ်သောကိုယ်၊ လည်ပင်းရှည်၊ အသံသေး ငြိမ်ငြိမ်နေတတ်လျင် အဏ္ဍဇမျိုးဟူ၍ပင်။

ထို့ပြင် ကျီးတို့တွင် လူတွေအတယူသင့်တဲ့ အချက် ၄ ချက်ရှိပါတယ်။
၁။ ကျီးတို့သည် မေထုန်မှု၌ လျှို့ဝှက်ကြ
 အခြား သတ္တဝါများနှင့် ဆန့်ကျင်၍ ကျီးတို့သည် မေထုန်အမှုကို လျှို့ဝှက်စွာ ပြုတတ်ကြပါတယ်။ လူတို့သည်လည်း ကျီးတွေလို

" တောင် ပေါ်မှာ ချစ်သူ ကို ရိုမက်တစ် ဆန်ဆန် ပရိုပို့စ်ရင်း က တောင်အောက်သို့ပြုတ်ကျသေဆုံး "




စေ့စပ်ပြီးသား စုံတွဲ တစ်တွဲ ရဲ့ ရိုမန်းတစ်ဆန် တဲ့ အချစ် တစ်ခန်းရပ် ဇာတ်လမ်းလေး က ဇာတ်သိမ်းလေး မလှခဲ့ ရှာပါဘူး။ စေ့စပ်ထား တဲ့ ချစ်သူကို ရိုမန်းတစ် ဆန်ဆန် ပရိုဖို့စ် ပျော်ရွှင်စရာ ဖန်တီးပေးရင်း နဲ့ ချစ်သူ အမျိုးသားတောင်အောက် ထဲ ကို ပြုတ်ကျသေဆုံး သွားခဲ့ တာပဲဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု က လူလည်ပတ်မှု အများဆုံး အပန်းဖြေ ဥယျာဉ်တစ်ခုဖြစ်တဲ့ ရော့စမိုက် အမျိုးသား အပန်းဖြေ ဥယျာဉ်ထဲ က တူလူမီနင်း မြက်ခင်းစိမ်း ဧရိယာရဲ့ အပျော်တမ်း တက် တောင်စောင်း တစ်ခုပေါ် ကို အသက် ၃၆ နှစ် အရွယ် ၀ါရင့်တောင်တက် သမား ဘရက်ပတ်ကာ က ချစ်သူကောင်လေး ဂျန်နီးဒီရယ်နဲ့ အတူ တက်ခဲ့ကြပါတယ်။

" ချတ်တင်သည့်အခါ စံတင်အောင်လွယ်ကူစေမည့် သင်္ကေတတိုများ "

 

chatting သင်္ကေတများ

ATM = At the moment = ဒီခဏ၊ အခု၊ အခိုက်အတန့်မှာ
;-) = wink = သိတယ် မဟုတ်လား
:-{ = sad face = ၀မ်းနည်းနေတယ်။
10Q = thank you = ကျေးဇူး
24/7 = 24 hours a day, 7 days a week = တစ်ပတ်မှာခုနှစ်ရက်၊ တစ်ရက်မှာ၂၄နာရီ
brb = be right back = အခု ပြန်လာခဲ့မယ်
B4 = before = ...မတိုင်ခင်
B/C = because = ဘာဖြစ်လို့လဲဆိုတော့
afaik = as far as I known = ငါသိထားတာနဲ့ ဝေးလွန်းတယ်
asap = as soon as possible = ဖြစ်နိုင်ရင် အခုချက်ချင်း
cu18R = see you later = နောက်မှ တွေ့မယ်
u = you = သင်


esp = especially = အထူးသဖြင့်
18R = later = နောက်မှ
MYOB = mind your own business = ကိုယ့်လုပ်ငန်းကိုယ် အာရုံစိုက်ပါ
ppl = people = လူများ
FYI = for your information = မင်းရဲ့ သတင်းအတွက်

IH8U = I hate you = မင်းကိုမုန်းတယ်

" ဘုရင်ကြီးကက ရုတ်တရက် ပိုးဖလံနှစ်ကောင်ရဲ့ စကားကို ကြားလိုက်မိတာကတော့...." ဆက်သာဖတ်ကြည့်ကြပါ..ဟိဟိ

တစ်ခါက ရှင်ဘုရင်တစ်ပါးဟာ ပန်းခြံထဲ ခြေစင်္ကြာဖြန့်နေတုန်း လှပတဲ့မြွေလေးတစ်ကောင် စည်းရိုးနားက ဆူးခက်တွေကြားမှာ ငြိနေတာကို တွေ့လိုက်တယ်။ မြွေငယ်ကို ဘုရင်က ကယ်တင်လိုက်တယ်။

နောက်တစ်နေ့ ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အတ်အစား သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်တယ်။

“အသင်ဟာ ဘယ်သူလဲ..? ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော်ဝင်ရောက်လာသလဲ”

“မထိတ်လန့်ပါနဲ့ အရှင်။ ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့အတွက် ရောက်ရှိလာခြင်း ဖြစ်ပါတယ်”

“ဘာကျေးဇူးများလဲ”

“မနေ့က ကျွန်တော့်မျိုး သမီးလေး အရှင်ပန်းခြံထဲက ပန်းများကိုရှုစားရင်း စည်းရိုးမှာ ငြိနေခဲ့တယ်။ အရှင်ကယ်တင်ခဲ့လို့ သမီးတော်လေး နေလောင်ခြင်းမှာ လွှတ်ကင်းခဲ့ရတဲ့အတွက် ကျေးဇူးဆပ်ချင်ပါတယ်။ အရှင်လိုရာ ပြောပါ။ ကျွန်တော်မျိုး ကူညီဖို့အသင့်ပါ”

“အင်း...နန်းတော်မှာ အဖိုးတန်ပစ္စည်းတွေ အများအပြားရှိတယ်။ ဘာမှလိုလေသေး မရှိဘူးဆိုပေမဲ့ သတ္တဝါတို့ရဲ့ ဘာသာစကားကို အကျွန်ုပ်တတ်ချင်တယ်။ အကျွန်ုပ်က ကျေးငှက်တိရိစ္ဆာန်တွေကို ချစ်ခင်နှစ်သက်တယ်။ ဒါပေမဲ့ သူတို့ဘာတွေပြောနေမှန်း နားမလည်ခဲ့ဘူး”

“ဒါ မခက်ခဲပါဘူး အရှင်။ သူတို့ရဲ့ စကားကို နားလည်ချင်ရင် ဒီနေ့ကစပြီး သူတို့ရဲ့အသားကို မစားပါနဲ့။ သူ့အသားကိုစားပြီး သူ့စကားကို နားလည်တာမျိုးက မဖြစ်နိုင်ဘူး။ သက်သတ်လွတ်စားပြီး ခုနှစ်ရက်အတွင်း သူတို့စကားကို အရှင်နားလည်လာပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စကို အရှင်လျှို့ဝှက်ထားရမယ်။ တစ်ယောက်ယောက်က သိသွားရင် အစွမ်းပြယ်သွားလိမ့်မယ်”

နဂါးမင်းက ပြောပြောဆိုဆို ပျောက်ကွယ်သွားတယ်။ ဘုရင်ကြီးက နဂါးမင်းပြောတဲ့အတိုင်း လိုက်နာခဲ့တယ်။ ခုနှစ်ရက်ရောက်တော့ ဘုရင်ကြီး စားပွဲတော်ခံနေတုန်း ပိုးဖလံနှစ်ကောင်ရဲ့ အသံကိုကြားလိုက်တယ်။

ပိုးဖလံတစ်ကောင်က “တော်... ဟိုကြမ်းပြင်မှာကျနေတဲ့ ထမင်းစေ့ကို သွားကောက်ပါလား”

" ကောင်မလေး ဖတ်ဖို့ပါ "

 
(၁) ကိုယ့်ရှေ့က ဒီယောက်ျားဟာ ဘယ်လောက်ပဲကောင်းကောင်း ပြောစရာမရှိအောင် ကောင်းနေပါစေ။ သင့်ကိုသူမချစ်ရင် ဒါဟာချွတ်ယွင်းချက်ပါ.. ဒီချွတ်ယွင်းချက်ကို သင်လုံးဝပြောင်းလဲလို့ မရဘူး။
(၂) လူတစ်ယောက်ရဲ့ အကြီးဆုံးချွတ်ယွင်းချက်က တစ်ကိုယ်ကောင်းဆန်တာ၊ ရိုင်းစိုင်းတာ၊ မတည်တံ့တာ မဟုတ်ဘူး။ ကိုယ့်ကို မချစ်တဲ့လူတစ်ယောက်ကို ခေါင်းမာမာနဲ့ ဆက်ချစ်နေတာပဲဖြစ်တယ်။

(၃) သင့်လက်ရှိအနေထားဟာ ဘယ်လောက်ပဲဆိုးနေပါစေ။ သင့်ကို ချစ်တဲ့လူ ရှိနိုင်တယ်။
သင့်လက်ရှိအနေအထားဟာ ဘယ်လောက်ပဲကောင်းနေပါစေ။ သင့်ကို မချစ်တဲ့လူ ရှိနိုင်တယ်။

(၄) ဘယ်လောက်ပဲ လှအောင်ပြင်ပြင်၊ ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ အဝတ်အစား ဝတ်ဝတ် ဒါတွေဟာ ခဏတာပဲဖြစ်တယ်။ စိတ်ရင်းစေတနာကောင်းတွေကမှ အပြင်ပန်းရဲ့ တကယ့်အလှဆုံးတွေဖြစ်တယ်။

(၅) သင့်ကို ဘာကြောင့်ထိခိုက်စေခဲ့သလဲလို့ အချစ်ကို သင်အပြစ်ဆိုခဲ့ရင် .... မေးပါရစေ.... စစချင်းမှာ အချစ်ရောက်ရှိလာဖို့ကို သင်ခေါင်းညိတ် လက်ခံခဲ့တယ် မဟုတ်လား!

(၆) ပါးစပ်နဲ့ပြောပြနိုင်တဲ့ သောကတွေဟာ တကယ့်သောကတွေမဟုတ်ဘူး။ သင့်ကို ခွဲသွားနိုင်တဲ့ချစ်သူဟာ တကယ့်ချစ်သူမဟုတ်ဘူး။

(၇) အချိန်တိုက်စားမသွားနိုင်တဲ့ ရင်ထဲက ဒဏ်ရာပါးပါးတချို့ဟာလည်း ပျော်ရွှင်ခြင်းတွေဖြစ်တယ်။

(၈) တကယ်လို့ လူတစ်ယောက်မှာ အားလပ်ချိန်မရှိဘူးဆိုရင် သူ မအားလပ်ချင်လို့ဖြစ်တယ်။

" ထိုင်းနိုင်ငံရဲ့ကောင်းကင်မှာ နေ့အချိန်အတွင်း မြင်တွေ့ခဲ့ရတဲ့ မီးဘောလုံး "



ထိုင်းနိုင်ငံမှာ နေ့အချိန်အတွင်း ကောင်းကင်ပေါ်က ကျလာပြီး ကားသမားတစ်ဦးရဲ့ ကားကင်မရာနဲ့ ရိုက်ကူးထားတဲ့ မီးဘောလုံးဟာ အာကာသအတွင်းကနေ ကမ္ဘာမြေပေါ်ကို ကျလာတာဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။

ကောင်းကင်ပေါ်က ကျလာတဲ့ မီးဘောလုံးကြီးကို Porjai Jaturongkhakun ကYouTube မှာ ဗီဒီယိုဖိုင်အဖြစ် တင်ထားခဲ့တာဖြစ်ပါတယ်။ Nonthaburi ဒေသမှာ တနင်္လာနေ့က  ဖြစ်ပွားခဲ့တာဖြစ်ပြီး YouTube သုံးစွဲသူတွေကတော့ ကြယ်ကြွေကျတာ ဒါမှမဟုတ် ကြယ်ပျံတစ်ခုဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုကြပါတယ်။

ဘန်ကောက် အာကာသသိပ္ပံဌာနကတော့ ဗီဒီယိုရိုက်ကူးခဲ့တဲ့ နေရာတစ်ဝိုက်မှာ ကြယ်ပျံလိုမျိုးအရာ တွေ့ရှိတာမျိုး မရှိခဲ့ဘူးလို့ ဆိုပေမယ့် တခြားသတင်းတွေအရတော့ မီးဘောလုံးကို အတည်ပြုထားကြပါသတဲ့။

အာကာသသိပ္ပံမှ တာဝန်ရှိသူတစ်ဦးကတော့ ဒီအရာဟာ ကြယ်ပျံထက် မီးလောင်နေတဲ့
Subscribe

လာလည်သူများ

free counters