♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 14, 2015

" ကိုယ့်မွေး ဂဏန်းများနှင့် ဆိုင်သော ယတြာများ" ( ဟာသ)

 
မီးက..သုံး ဆိုတော့ သရက်ဆောင် ထားတယ်..ဗျာ..အဲ..ရှင် ဟိဟိ
* ၁ ဂဏန်းသမားများ *
*နံပါတ်(၁)*။ ၁၊ ၁၀၊ ရက်များတွင်မွေးဖွားသူများက ၁ ဂဏန်းသမားများပါ။
သင်သည် တစ်နေ့ တနေ့ တစ်နေရသဖြင့် တစ်ခြင်းမရှိအောင် ဝမ်းနုတ်ဆေး ဆောင်ထားပါ။ တစ်နေ့တစ်ထုပ်သောက်ပါ။ 
တတစ်တစ်နှင့် ညှစ်နေရသည့် အဖြစ်မှ လွတ်ကာ ပရစ်တစ်တစ်ဟု မြည်ကာ ဓါတ်ပျော့ပျော့သွားသည်ကို တစ်နာရီအတွင်း တမဟုတ်ခြင်း မြင်ရအံ့။ 

*၂ ဂဏန်းသမားများ *
*နံပါတ်(၂)*၂၊ ၁၁၊ ၂၀၊ ၂၉ ရက်များတွင် မွေးဖွားသူများက ၂ ဂဏန်း သမားများပါ။
*သင်သည် ဤနှစ်ဝယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခြင်း၊ နှာပွခြင်းတို့ကို နှစ်ရှည်လများ ခံစားရပေအံ့။
*ပညာရေး - နှစ်နှစ်ခြိုက်ခြိုက် အိပ်ခြင်းပညာကို လေ့လာရတတ်သည်။
*စီးပွားရေး - နှစ်ရှည်လများက အကြွေးများကိုပြန်ရကိန်းရှိသည်။
*အချစ်ရေး - နှမချင်းမစာနာတတ်သူ၏ ဆွဲလားရမ်းလားလုပ်ခံရတတ်သည်။
***ယတြာ - မိမိနှာခေါင်းနှစ်ပေါက်ကို လက်နှစ်ချောင်းဖြင့်ပိတ်၍ အချစ်ဆုံးသူငယ်ချင်းကို မျက်နှာချင်းဆိုင်ကြည့်ကာ " နင့်သတင်းတွေ ငါကြားနေရတယ် " ဟု မဲ့ကာရွဲ့ကာဖြင့် မာန်ပါပါပြောပါလေ။

*၃ ဂဏန်းသမားများ*
*နံပါတ် (၃)*၃၊ ၁၂၊ ၂၁၊ ၃၀ ရက်များတွင် မွေးဖွားသူများက ၃ ဂဏန်း သမားများပါ။
*ကိုယ့်ကိုယ်ကို သုံးမရဘူးဟုထင်ပြီး စိတ်ဓါတ်ကျနေတတ်သည်။
*သံစူးခြင်း၊ သန်းတွယ်ခြင်း၊ သေးမထွက်ခြင်းတိ
ု့ကို ခံစားရတတ်သည်။

*ပညာရေး - အသုံးမကျအောင်နေထိုင်နည်းကို ဆရာသမားသုံးဦးမှ လမ်းညွှန်တတ်သည်။
*စီးပွားရေး - သူခိုးခိုးခံရတတ်သည်။ တန်ဖိုးရှိပစ္စည်းကို ပစ္စလတ်ခတ်သိမ်းထားပါ။
*အချစ်ရေး - သုံးပွင့်ဆိုင်ဇာတ်လမ်းလေးဖြစ်တတ်သည်။ သုံးဘီးကားမောင်းသူတစ်ဦးနှင့် ဖူးစာဆုံတတ်သည်။
***ယတြာ - တစ်ကိုယ်လုံးဆေး
နီတို့ပါ။ ပြီးလျှင် လမ်းသုံးခွဆုံရာသို့သွား၍ ခြေတစ်ဖက်ကို ထောက်ရပ်ကာ ဘက်နှစ်ဖက်ကိုလေထဲသို့ဆန့်တန်းပြီးခေါင်းငိုက်စိုက်ချထားပါ။ လည်ပင်းတွင်အောက်ပါ ဂမ္ဘီရအနောက်တိုင်းအင်းချပ်ကိုဆွဲထားပါ။ လူတကာ၏မေတ္တာစေတနာကို ခံစားရပါလိမ့်မည်။ HIV (+)

*၄ ဂဏန်းသမားများ *
*နံပါတ် (၄)*၄၊ ၁၃၊ ၂၂၊ ၃၁ ရက်များတွင် မွေးဖွားသူများက ၄ ဂဏန်း သမားများပါ။
*လက်အောက်ငယ်သားများ၏ မလေးမခန့်လုပ်ခြင်းကို အောင့်သက်သက်ခံရတတ်သည်။ လိပ်ခေါင်းထွက်ခြင်း၊ လက်တုန်ခြင်း၊ လှုပ်မရခြင်းတို့ဖြစ်တတ်သည်။
*ပညာရေး - လစ်လျှင်လစ်သလိုကြိုးစားပါ။ လွယ်လွယ်ကူကူအောင်မြင်ပါလိမ့်မည်။ လေးစားအောင်နေ၍ ကွယ်ရာတွင်မဟုတ်တာမှန်သမျှလုပ်သောပညာရပ်ကို သင်ကြားရတတ်သည်။
*စီးပွားရေး - အလစ်သုတ်ခံရတတ်သည်။ ဈေးဝယ်လျှင် အလေးခိုးခံရတတ်သည်။
*အချစ်ရေး - လေးလုံး(မျက်မှန်တပ်သူ) တစ်ဦးနှင့် ဖူးစာဆုံတတ်သည်။ မုဆိုးဖို၊ မုဆိုးမတစ်ဦး၏ လေးစားစွာဖြင့် ချစ်ခွင့်တောင်းခံရတတ်သည်။
***ယတြာ - လစ်ပိုတစ်လုံးသောက်ပြီး လိပ်ဥ(၄၄)လုံးစားကာ လေးထပ်တိုက်ပေါ်မှနေ၍ လေးဘက်ထောက်၍ " အားလုံးကို လေးစားပါတယ် " ဟု အသံဝါကြီးဖြင့်လေးကြိမ်တိတိအော်ပါ။

*၅ ဂဏန်းသမားများ*
*နံပါတ် (၅)*၅၊ ၁၄၊ ၂၃ ရက်များတွင် မွေးဖွားသူများက ၅ ဂဏန်း သမားများပါ။
*ဘ၀တစ်သက်တာတွင် ရေလိုက်ငါးလိုက်အနေရဆုံးဖြစ်သည်။ အမြင့်ရောက်ကိန်းရှိသည် ( ဥပမာ- ငါးထပ်တိုက်ပေါ်)
*ပညာရေး - ငါးပါးသီလကို စနစ်တကျချိုးဖောက်သော ပညာရပ်ကိုတတ်မြောက်လိမ့်မည်။
*စီးပွားရေး - ငါးစိမ်းသည်အလုပ်ဖြင့် အကျိုးပေးမည်။ အချစ်ရေး - ငှက်ဆိုးထိုးသံကဲ့သို့ အသံရှိသူနှင့်ဖူးစာဆုံတတ်သည်။ ငါးခူပြုံးပြုံးတတ်သူ ငါးဦး၏ အီစီကလီလုပ်ခြင်းကို ငါးရက်ခန့် သည်းခံရတတ်သည်။
***ယတြာ - ငါးကြော်ဝယ်စားပြီး ငါးယောက်မြောက်တွေ့သည့်ကောင်မလေးကို ငါးမန်းအကြည့်ဖြင့်ကြည့်၍ "ကကြီးဖင်မှာ ပွေးတွေနဲ့၊ ခခွေးဖင်မှာ ပွေးတွေနဲ့၊ " ဟူ၍ "က"မှ "င" အက္ခရာအထိဆိုပါ။ လက်တွေ့ဆိုကြည့်ပါ။ ထူးခြားပါလိမ့်မည်။

*၆ ဂဏန်းသမားများ*
*နံပါတ် (၆)*၆၊ ၁၅၊ ၂၄ ရက်များတွင် မွေးဖွားသူများက ၆ ဂဏန်း သမားများပါ။
*ခြောက်သွေ့စွာ အထီးကျန်ဖြစ်နေတတ်သည်။ ယောက်ျားစင်စစ်မှနေ၍ ခြောက်သွားခြင်း၊ ခြုံးပွဲချငိုချင်နေခြင်းတို့ဖြစ်တတ်သည်။
*ပညာရေး - ခြုံးခြုံးကျလောက်အောင် ကြိုးစားပါ။ ချက်ချင်းအောင်မြင်မည်။ နတ်ကတော်သင်တန်း၊ အလှဖန်တီးရှင်သင်တန်းကိုတက်ရတတ်သည်။ ခြောက်လှန့်၍ ညာစားသောပညာရပ်များတတ်လွယ်သည်။
*စီးပွားရေး - စီးပွားရေးကံကောင်းနေပြီဖြစ်၍ ခြင်းတောင်းရက်ခြင်း၊ ခြင်ထောင်ချုပ်ခြင်း၊ ခြင်ဆေးခွေထုတ်လုပ်ခြင်းစသည့်လုပ်ငန်းများမှ အူခြောက်လောက်အောင် အမြတ်ရရှိမည်။ အကောင်းများပြေပျောက်၍ အဆိုးများရောက်လာပါလိမ့်မည်။
*အချစ်ရေး - ခြောက်နေသောချစ်သူနှင့် ခြောက်ရက်ကြာစကားများရတတ်သည်။ တက်မတတ်၊ ချက်မတတ်ငိုတတ်သူတစ်ဦးနှင့် ဖူးစာဆုံတတ်သည်။ ချစ်သူ၏ နာကျည်းမှုဖြင့် ခြောက်လုံးပြူးနှင့် အပစ်ခံရတတ်သည်။
***ယတြာ - ချုံထဲတွင် ချိန်းတွေ့နေသာ ချစ်သူနှစ်ဦး၏ကြားထဲသို့ ၆ကျပ်သားခန့် ရှိသော ချီးထုပ်ကိုပစ်ထည့်ပြီး "အချား.. အချား" ဟု အော်၍ အာခြောက်သည်အထိ ပြေးပါ။

*၇ ဂဏန်းသမားများ*
*နံပါတ် (၇)*၇၊ ၁၆၊ ၂၄ ရက်များတွင် မွေးဖွားသူများက ၇ ဂဏန်း သမားများပါ။
*အခွန်မဆောင်နိုင်သဖြင့် အဖမ်းခံရတတ်သည်။ မျက်ခွံဖွင့်မရခြင်း၊ ခွံ့ကျွေးမှစားနိုင်ခြင်း၊ ခါးနာခြင်း၊ ခွက်လက်ဆွဲချင်စိတ်ပေါက်နေခြင်း၊ ခုနှစ်ရက်သားသမီး၏ သတ်ပစ်ချင်လောက်အောင် မေတ္တာထားခြင်းကို ခံရတတ်သည်။
*ပညာရေး - ခိုးချမရဖြစ်တတ်သည်။ ခိုးကူးနေစဉ် အခန်းစောင့်ဆရာမမှ လက်ပူးလက်ကြပ်မိတတ်သည်။ ခုနှစ်ရက်သားသမီးကို ဒုက္ခပေးသော အတတ်ကိုရတတ်သည်။
*အချစ်ရေး - ခုနှစ်သက္ကရာဇ်တူတူ မွေးဖွားသူနှင့် ဖူးစာဆုံရမည်။ ချစ်သူ၏အနှစ်မပါသော အခွံစကားများကို ငြီးငွေ့လာမည်။ ခွက်ထိုးခွက်လန် ရယ်တတ်သူတစ်ဦးကို တိတ်တခိုး ချစ်မိလာတတ်သည်။
*ယတြာ - ခုံပေါ်တက်၍ ခါးတောင်းကို မြှေုာက်အောင်ကျိုက်ပြီး မယ်ဒလင်တီးကာ အက်ဆစ်အဖွဲ့၏ အခန်း(၇) သင်ခန်းစာသီချင်းကို တွံတေးစိုးအောင်ကီးဖြင့်ဆိုပါ။

*၈ ဂဏန်းသမားများ*
*နံပါတ် (၈)*၈၊ ၁၇၊ ၂၆ ရက်များတွင် မွေးဖွားသူများက ၈ ဂဏန်း သမားများပါ။
*ယခုနှစ်လုပ်သမျှ တလွဲဖြစ်လာမည်။ အသည်းရောင်ဘီပိုးစစ်၍ negativeပြရာ ၀မ်းသာနေစဉ် HIV positive ၀င်ကြောင်းသတင်းကြားရတတ်သည်။ ချစ်သူထံမှ အဖြေရသည့်နေ့တွင် ကိုယ့်ချစ်သူကို မိမိထက်ပိုချစ်သူက ကားတင်ပြေးတတ်သည်။
*ပညာရေး - ရှစ်ပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ ခဏခဏပြင်ဝတ်တတ်သော အကျင့်ရမည်။
*စီးပွားရေး - ရှဥ့်မွေးမြူရေးလုပ်ငန်းမှ အမြတ်ရတတ်သည်။ ခြေရှစ်ချောင်းရှိသော သတ္တ၀ါများ(ဥပမာ-ဂဏန်း၊ ပင့်ကူ) စသည်တို့ကို သိပ္ပံနည်းကျ မွေးမြူရင်း သန်းပေါင်းများစွာ(ဆံပင်ထဲတွင်) ချမ်းသာမည်။
*အချစ်ရေး - အရှက်မရှိသူတစ်ဦး၏ ရှိခိုးကာ ချစ်ခွင့်တောင်းခံရတတ်သည်။ ရှုပ်ပွေသောချစ်သူကြောင့်စိတ်ညစ်ရတတ်သည်။
***ယတြာ - ချစ်သူကို ဥသျှစ်သီးကျွေးပြီး ရှိခိုးကာ ရှက်ပြုံးပြုံး၍ "shit" ဟု ရက်ရက်စက်စက်အော်ပါ။

*၉ ဂဏန်းသမားများ*
*နံပါတ် (၉)*၉၊ ၁၈၊ ၂၇ ရက်များတွင် မွေးဖွားသူများက ၉ ဂဏန်း သမားများပါ။
*န၀င်းသမားများအဖို့ ယခုနှစ်ဂမ္ဘီရဆန်သော အဖြစ်အပျက်များနှင့် ကြုံရတတ်သည်။ အထက်မှ ပုဂိုလ်များ(ထန်းတက်သမား၊ ပန်းရံ) တို့၏ လာရောက်ဆက်သွယ်မှုကိုခံယူရမည်။ ဓါတ်စီးသူကို ထိမိ၍ဓါတ်လိုက်သည်။ ဓါတ်တိုင်ပေါ်မှ ဓါတ်မီးသီးသည် သင့်ခေါင်းပေါ်သို့ ဒုတ်ဒုတ်ထိကျတတ်သည်။
*ပညာရေး - ကိုးကွယ်ရာမရှိဖြစ်ပြီး စာမေးပွဲကျတတ်သည်။ ပတ်ဝန်းကျင်မကောင်း၍ ကံအကြောင်းမလှဖြစ်တတ်သည်။ ကုန်းကုန်းကွကွလုပ်ရသော ပညာရပ်ကို သင်ကြားရတတ်သည်။
*စီးပွားရေး - ကုန်သမျှ ပြန်ရမည်။ ရသမျှ ပြန်ကုန်သည်။
*အချစ်ရေး - ကွက်စိတ်ဆရာတစ်ဦးနှင့် အိမ်ထောင်ရက်သား(ရက်ပိုင်းမျှသာ)ကျတတ်သည်။ ကွက်ကြည့်ကွက်ကြည့်လုပ်တတ်သူတစ်ဦးကြောင့် ရင်ခုန်ရတတ်သည်။
***ယတြာ - ကိုကာကိုလာ သောက်နေသူတစ်ဦးကို ကတ္တရာစေးဖြင့်သုတ်၍ "ကိုးကွယ်ပါ၏" ဟုပြောကာ ကျောကုန်းကို ကုတ်ပေးပါ။
ဤကား အသရေစည်သူ အဂ္ဂမဟာပဏ္ဍိတ သီရိမဏိဇောတဓရ သီရိပျံချီ ၀ဏ္ဍကျော်ထင် သူရသိပ္ပ မောင်ရင် ပရစ် အလိုတည်း... grin emoticon
credit -> Prince Akarit

Credit : ဟာသကမ္ဘာ (Funny World)

No comments:

Subscribe

လာလည်သူများ

free counters