♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 19, 2015

" ဆရာ သုတဆန်းရဲ့ အကြွေးပြန်ရစေတဲ့ မေတ္တာဓာတ်ဆင်နည်း "

 

လွယ်လွယ်နဲ့အကြွေးပြန်ရစေတဲ့ ဂမ္ဘီရနည်းလမ်းလေးတစ်ခုကို အမြဲမှတ်မိနေအောင် ကျနော်က ဒီလိုမှတ်ထားပါတယ်။ 
 
ငွေအိတ်ချီမယ့် ပုရွက်ဆိတ်

ငှားလာသမျှ လာထားမယ့် ရွှေငါး

အတိုးမထပ်တဲ့ ပိုးဟပ်

ကြွက်ကို ချောင်းနေတဲ့ ကြောင်

အဲဒီအထဲက သတ္တ၀ါတွေကို ဓာတ်စာကျွေးပြီး ငွေရအောင် ဆုတောင်းတဲ့နည်းပါ။ ဒီနည်းကို ၄ - ၅ ရက်လောက်နဲ့ အကြွေးပြန်ရချင်ရင်မလုပ်ပါနဲ့။ နည်းနည်းပါးပါးရစရာရှိရုံနဲ့မလုပ်ပါနဲ့လို့ ကြိုတင်မေတ္တာရပ်ခံပါတယ်။ ဒီနည်းက လွယ်လွယ်လေးပါ။
ပထမဆုံး ပေါက်ပေါက်တစ်ဆုပ်ကို ရေအိုင်ထဲပစ်ချပါ။ ငါးစာကျွေးတာပါ။
ဒုတိယ သကြားနည်းနည်းကို ပုရွက်ဆိတ်တွင်းနားချထားပါ။ ပုရွက်ဆိတ်စာကျွေးပေးပါ။
တတိယ စက္ကူတစ်ရွက်မှာ ထမင်းလုံးနဲ့ ကော်သုတ်သလိုသုတ်ပြီး အိမ်ထောင့်တစ်နေရာမှာထားပါ။ ပိုးဟပ်စာကျွေးတာပါ။
စတုတ္ထ ကိတ်မုန့်တစ်တုံး အိမ်အတွင်းတစ်နေရာမှာထားပါ။ ကြွက်စာကျွေးတာပါ။
ပဉ္စမ ငါးကြော်တစ်ကောင်ကို ကြောင်ကျွေးပါ။ ဒါတွေကျွေးတိုင်း ဆုတောင်းရမှာက …
“ သတ္တ၀ါလေးတွေ စိတ်ချမ်းသာသလို အကြွေးပြန်ရချင်သော ကျွန်ုပ်သည်လည်း အမြန်ဆုံးရရပါလို၏။ ”  … လို့ဆုတောင်းပါ။ သတ္တ၀ါလေးတွေ အစာစားပြီး ထူးပါလိမ့်မယ်။ ဒီနည်းကို ရှေးဂမ္ဘီရပညာရှင်ကြီးတွေက မေတ္တာအလှူဓာတ်လို့ ပြောလေ့ရှိပါတယ်။ ကြီးမားတဲ့ငွေကြေးပြန်မရရင် ခေါင်းမာသူက သိပ်ကိုခေါင်းမာနေရင် မေတ္တာနဲ့ဓာတ်ဆင်ကြည့်ပါ။ မုချအဆင်ပြေပါတယ်။ အဲ … မိမိမှာ ငွေကြေးပြန်ရဖို့ကံမပါရင်တော့ ကျနော်လည်းမတတ်နိုင်ပါ။ ငွေကြေးပြန်ရဖို့ ကံပါ၊ မပါကတော့ မိမိရဲ့ မူလကံဇာတာကို စစ်ဆေးကြည့်ရင်သိနိုင်ပါတယ်။ ဒါကိုတော့ ဖော်မပြတော့ပါခင်ဗျာ … ဒီအစီရင်ကို ၅ ကြိမ်ပြည့်အောင်လုပ်ဖို့တော့ လိုအပ်ပါတယ်။ ၅ကြိမ်တိတိနော် …. အားလုံးပဲ အဆင်ပြေကြပါစေဗျာ ….
 
 

No comments:

Subscribe

လာလည်သူများ

free counters