♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 19, 2015

"မျက်နှာပေါ်ရှိ မလိုလားအပ်သည့် အမွေးတွေကို သဘာဝနည်းဖြင့် ဖယ်ရှားနည်း "


 

ပျမ်းမျှ အမျိုးသမီး ၁၀-ဦးမှာ ၂-ဦးခန့် က သာမန်ထက် ထူးကဲစွာ မျက်နှာပေါ်မှာ အမွှေးများပေါက် တတ်ကြ ပါတယ်။ နှုတ်ခမ်းမွှေး ခပ်ရေးရေးလေးက ဆွဲဆောင်မှု ပိုစေတာ မှန်သော်လည်း အချို့  အမျိုးသမီး တွေမှာတော့ အမျိုးသားများကဲ့သို့  နားသယ်မှစ၍ အပေါ်နှုတ်ခမ်း တ၀ိုက် သိသိသာသာ အမွှေးတွေ ပေါက်နေကြ တာကြောင့် “အမွှေးအမျှင် ထူတယ်” လို့  စိတ်သောက ရောက်ကြရ ပါတယ်။ အဲဒီလို သာမန်ထက် ထူးကဲနေရခြင်း၏ အဓိက ပြဿနာကတော့ phytoestrogens (ခေါ်) အက်စ်ထရို ဂျင်ဟိုမုန်း မညီမျှ ခြင်းကြောင့်ပါဘဲ။ အထူးသဖြင့် မျိုးရိုးဗီဇအရ အိန္ဒိယနွယ်ဖွား အမျိုး သမီးများမှာ မျက်နှာပေါ်အမွှေးအမျှင်ထူတတ်ကြပါတယ်။ မျိုးရိုးဗီဇကြောင့်မဟုတ်ဘဲ အက် စ်ထရိုဂျင် ဟိုမုန်း မညီမျှမှု အတွက် နွယ်ချို၊ နွားစားမြက်ချို၊ လျှော်ပင်၏အစေ့၊ စမုံစပါး တို့ ကို စား ပေးသင့်တယ်လို့  အိန္ဒိယ ဆေးကျမ်းများမှာ ဖော်ပြထားပါတယ်။

၂၁- ရာစုမှစပြီး အမျိုးသမီးများ၏ ဆံပင်မှလွှဲ၍ ခြေ-လက်-မျက်နှာပေါ်ရှိ အမွှေးအမျှင် ကင်းစင် ပြောင်ချောနေတဲ့ လှပမှုရေးရာ ဖက်ရှင် တစ်ခေတ် ဆန်းလာတာကြောင့်လည်း ထိုမလိုလားအပ်တဲ့ အမွှေးအမျှင်များကို ဂျယ်၊ ဖယောင်းစသည်တို့ သုံး၍ အမွှေး ချွတ်ကြရပါတယ်။ သို့ သော် ထိုနည်းတွေက ဘေးထွက်ဆိုးကျိုး ရှိနိုင်တာကြောင့် အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ သဘာဝနည်းလေးများက အထောက် အကူဖြစ်စေနိုင်ပါကြောင်း Health.India.com tip (ခေါ်) အိန္ဒိယနိုင်ငံထုတ်
ကျန်းမာရေးဂျာနယ်မှာ အကြံပြု ထားပါတယ်။

(၁) နနွင်းမှုန့် 


နနွင်းမှုန့် လေးတွေက အသားအရေ၀င်းပခြင်း၊ ပိုးမွှားကင်းစင်ခြင်း၊ အမွှေးအမျှင်များဖယ် ရှားပေးခြင်း စတဲ့ ကောင်းကျိုးပြု စေတာ ကြောင့်လည်း အိန္ဒိယနိုင်ငံရှိအမျိုးသမီးများက ရှေးပဝေသဏီ ကတည်း ကစလို့  နေ့ စဉ်အသုံးပြုလာခဲ့ကြပါတယ်။ (က) နနွင်းမှုန့် ကို ရေအေးဖြင့် ခပ်ပျစ်ပျစ်ဖျော်၍ မျက်နှာ ပေါ်ရှိ မလိုလားအပ်တဲ့ အမွှေးများပေါ် ခပ်ထူထူ လိမ်းပေးပါ။ ခြောက်သွားတဲ့အခါ သန့် စင်တဲ့ ချည်ထည် အ၀တ်စကို ရေခပ်နွေးနွေး စိမ်ညှစ်၍ မျက်နှာပေါ်ပွတ်တိုက် သန့် စင်ပေးပါ။ (ခ) ချိုချက်ပြီး အအေးခံ ထားသော နွားနို့ (သို့ မဟုတ်)နို့ ကရင်မ်ကို နနွင်းမှုန့် နှင့် ခပ်ပျစ်ပျစ် ဖျော်စပ်၍ မျက်နှာပေါ်ရှိ အမွှေးပေါ် သို့  အသားထဲ ထိစိမ့်ဝင်အောင် စက်ဝိုင်းသဏ္ဍာန် ဖိလိမ်းပေးပါ။ ခြောက်သွားတဲ့အခါ ရေအေးဖြင့် ဆေးကြောပါ။ (ရေခဲရေ မဟုတ်ပါ)

(၂) ဂျုံမှုန့် 

ဂျုံမှုန့် လေးတွေကလည်း နနွင်းမှုန့် များလိုဘဲ မလိုလားအပ်တဲ့ အမွှေးအမျှင်များကို ဖယ်ရှားပေးနိုင်တာ ကြောင့် အိန္ဒိနိုင်ငံမှာ ရိုးရာကုထုံးအဖြစ် သုံးစွဲလျက်ရှိပါတယ်။ ဂျုံမှုန့်  နှင့် နနွင်းမှုန့် ကို ဆတူရောစပ်၍ ရေနည်းနည်းဖြင့် ခပ်ပျစ်ပျစ်ဖျော်ကာ မျက်နှာပေါ်ရှိ မလိုလားအပ်တဲ့အမွှေး များပေါ် ခပ်ထူထူလိမ်းပေးပါ။ ခြောက်သွားတဲ့အခါ သန့် စင်တဲ့ ချည်ထည်အ၀တ်စကို ရေခပ်နွေး နွေးမှာ စိမ်ညှစ်၍ မျက်နှာပေါ် ပွတ်တိုက် သန့် စင်ပေးပါ။

(၃) သကြားမှုန့် 

အလှကုန်ဈေးကွက်မှာ ရောင်းချနေတဲ့ was(ခေါ်) အမွှေးချွတ် ဖယောင်းလိုဘဲ မိမိဖာသာ အိမ်မှာ သကြား မှုန့် တို့ ဖြင့် ဖယောင်း လုပ်လို့ ရပါတယ်။ သို့ သော် ဒီနည်းက အင်မတန်ကပ်စေးနေ တာကြောင့် နနွင်းမှုန့် ၊ ဂျုံမှုန့် တို့ လိုမဟုတ်ဘဲ အသားကို နာကျင် တဲ့ ခံစားမှုဖြစ်စေပါတယ်။ ခွက်တစ်ခုထဲမှာ လ္ဘက်ရည်ဇွန်း ၁-ဇွန်းစာ ပမာဏရှိသော သကြားမှုန့် ကို ၄င်းနှင့်ဆတူ ပျားရည်စစ် စစ် ၁-ဇွန်းရော၍ သံပုရာရည် အနည်းငယ် ညှစ်ထဲ့ကာ ထိုအရောအနှောတွေကို အရည်ပျော်အောင် အပူပေးပြီးနောက် မီးဖိုပေါ်က ချပါ။ ခပ်နွေးနွေးဖြစ်တဲ့အခါ မလိုလားအပ်တဲ့ အမွှေးအမျှင် များပေါ် လိမ်းကျံပြီးတာနဲ့  တပြိုင်နက် အပေါ်ကနေချည်ထည်အ၀တ်စကို ဖိအုပ်လိုက်ပြီး ချက်ချင်းဆိုသလို ထိုအ၀တ်စကို ဆွဲခွာ လိုက်ပါ။ (အ၀တ်စကိုဆွဲခွာတဲ့အခါ အမွှေးတွေလားရာနှင့် ဆန့် ကျင်၍ ပြောင်းပြန် ဆွဲခွာပေးရ ပါမယ်)

(၄) ကြက်ဥအကာ

လွယ်ကူမြန်ဆန်တဲ့ ကြက်ဥလေးတွေကို အသုံးပြုနိုင်ပါတယ်။ ကြက်ဥအကာကို စားပွဲတင်ဇွန်း ၁-ဇွန်း စာ ပမာဏရှိတဲ့ သကြား နှင့်အတူ စားပွဲတင်ဇွန်း တ၀က်စာပမာဏရှိတဲ့ ပြောင်းဖူးမှုန့် ဖြင့်ရောကာ သမအောင် မွှေပြီးနောက် မလိုလားအပ်တဲ့ အမွှေးအမျှင် များပေါ်လိမ်းကျံပေးပါ။ မျက်နှာပေါ်ခြောက်သွေ့  သွားတဲ့အခါ မျက်နှာဖုံးသဏ္ဍာန်အလွှာပါးလေးဖြစ်နေပါလိမ့်မယ်။ ထိုအလွှာကို ဆွဲခွာလိုက်တဲ့အခါ အမွှေးများပါ ကျွတ်၍ ပါသွားပါလိမ့်မယ်။

(၅) သံပုရာရည်

(က) သကြား၊ သံပုရာရည် နှင့် ရေတို့ ကိုဆတူရော၍ သကြားမှုန့် တွေပျော်ကျသွားအောင် သမေ အာင်နယ်ပြီးနောက် မျက်နှာ ပေါ် လိမ်းကျံပေးပါ။ ၁၅-မိနစ်ခန့် အကြာခြောက်သွေ့ သွားပါ လိမ့်မ ယ်။ ထိုအခါ မျက်နှာဖုံးသဏ္ဍာန်အလွှာပါးလေးကို ဆွဲခွာပေး လိုက်ရုံပါဘဲ။ (ခ) သံပုရာ ရည်(လ္ဘက် ရည်ဇွန်း ၁-ဇွန်း)၊ ပျားရည်(လ္ဘက်ရည်ဇွန်း ၄-ဇွန်း)ကို ရောသမမွှေပြီးနောက် မလိုလားအပ်တဲ့ အမွှေးအမျှင်များပေါ် လိမ်းကျံပေးပါ။ ခြောက်သွားတဲ့အခါ အလွှာပါးလေးကို ခွာချပေးလိုက်ပါ။

အထက်ပါနည်းများထဲမှ မိမိနှစ်သက်ရာ တစ်နည်းကိုသုံး၍ ရက်သတ္တ ၁-ပတ်လျှင် ၂-ကြိမ်နှုန်ြး ဖင့် ၈-ပတ်ခန့် ပြုလုပ်ပေးပါ။ ဇွဲရှိဖို့ တော့လိုအပ်ပါတယ်။ အကယ်၍ အထက်ပါနည်းတွေက သတ် မှတ်ချက် ကာလအထိ မသက်သာဘဲ အမွှေးများပေါက်မြဲ တမ်းဆက်ပေါက်နေသေးပါက သက်ဆိုင်ရာဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်၍ ကုသမှုခံယူသင့်ပါတယ်။

(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
--
promise.pauk
--------------------------------------
Credit : ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

No comments:

Subscribe

လာလည်သူများ

free counters