♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 13, 2015

" ထိုင်းနိုင်ငံရဲ့ကောင်းကင်မှာ နေ့အချိန်အတွင်း မြင်တွေ့ခဲ့ရတဲ့ မီးဘောလုံး "



ထိုင်းနိုင်ငံမှာ နေ့အချိန်အတွင်း ကောင်းကင်ပေါ်က ကျလာပြီး ကားသမားတစ်ဦးရဲ့ ကားကင်မရာနဲ့ ရိုက်ကူးထားတဲ့ မီးဘောလုံးဟာ အာကာသအတွင်းကနေ ကမ္ဘာမြေပေါ်ကို ကျလာတာဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။

ကောင်းကင်ပေါ်က ကျလာတဲ့ မီးဘောလုံးကြီးကို Porjai Jaturongkhakun ကYouTube မှာ ဗီဒီယိုဖိုင်အဖြစ် တင်ထားခဲ့တာဖြစ်ပါတယ်။ Nonthaburi ဒေသမှာ တနင်္လာနေ့က  ဖြစ်ပွားခဲ့တာဖြစ်ပြီး YouTube သုံးစွဲသူတွေကတော့ ကြယ်ကြွေကျတာ ဒါမှမဟုတ် ကြယ်ပျံတစ်ခုဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုကြပါတယ်။

ဘန်ကောက် အာကာသသိပ္ပံဌာနကတော့ ဗီဒီယိုရိုက်ကူးခဲ့တဲ့ နေရာတစ်ဝိုက်မှာ ကြယ်ပျံလိုမျိုးအရာ တွေ့ရှိတာမျိုး မရှိခဲ့ဘူးလို့ ဆိုပေမယ့် တခြားသတင်းတွေအရတော့ မီးဘောလုံးကို အတည်ပြုထားကြပါသတဲ့။

အာကာသသိပ္ပံမှ တာဝန်ရှိသူတစ်ဦးကတော့ ဒီအရာဟာ ကြယ်ပျံထက် မီးလောင်နေတဲ့ မိုးပျံပူဖေါင်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် satview.org ၀က်ဘ်ဆိုဒ်ကတော့ အာကသာထဲက ဥက္ကာခဲတွေဟာ ကမ္ဘာမြေပေါ်ကို ကြယ်ပျံကြွေကျလာပြီး လေထုအတွင်းမှာ မီးလောင်ကျွမ်းခြင်းကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi

No comments:

Subscribe

လာလည်သူများ

free counters