အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ အဖိုးကြီးနှင့် အဖွားကြီးနှစ်တို့နေထိုင်သော အိမ်တစ်အိမ်မှ ပျားများအုံလုံးကျွတ် ထွက်လာကြပြီး ခွေးဘီလူးကို ဝိုင်းတုပ်ကြရာ အဆိုပါခွေး
မှာ သေဆုံးသွားပြီး အခြားခွေး တစ်ကောင်မှာ စိုးရိမ်ရသော အခြေအနေတွင်ရှိကြောင်း သိရှိရ
သည်။ ဖြစ်စဉ်မှာ ခွေးနှစ်ကောင်သည် အိမ်တွင်စွဲကပ်နေသော ပျားများကို အဆက်မပြတ်
ဟောင်နေကြရာ ထိုအိမ်၏ ထပ်ခိုးတွင် စွဲကပ်နေသော ပျားများသည် ထွက်လာကြပြီးထိုခွေးများ
ကို အုံနှင့်ချီ၍ တုပ်ခဲ့ကြောင်း၊ ခွေး၏ ဦးခေါင်းထိပ်နှင့် နှုတ်သီးဖျားနှင့်နားရွက်အောက်ပိုင်းကိုများ
စွာတုပ်ထားခြင်းဖြစ်ကြောင်းသိရပါသည်။
ပျားနှင့်ဆိုင်သော စစ်ဆေးရေးဌာနမှ တာဝန်ရှိသူက ထပ်ခိုးပေါ်သို့ တက်ကြည့်ရာ ထပ်ခိုး