♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label မြန်မာစာ. Show all posts
Showing posts with label မြန်မာစာ. Show all posts

April 11, 2016

January 29, 2016

" မြန်မာဖေ့စ်ဖွတ် ခက်ဆစ် အနက်ဖွင့် နဲ့ ဘန်းစကားများ "


ပုလင်းကွဲရှ = မိန်းမချင်းကြိုက်သော
ပွတ်စပါး = ပွတ်သပ်သည်
ချေသည် = ခပ်ကြွားကြွားပြောသည်
ပလစ် = လျှော်သည် ပစ်ထားသည်
တိဘူး / တိဝူး = မသိဘူး
ဘာလား = ဘာလည်း
ဖွာသည် = ကြိုက်သည် နှစ်သက်သည်
ဂေါ်သည် = အရမ်းမိုက်သည်
အိုဗာတင်း = အလွန်အကျွံ
မယ်အံ့ကျော်=ဇွတ်တရွတ်အကြမ်းပတမ်းလုပ်သော မိန်းမ
ဂျိန်းသည် = ဆက်ယှက်သည်
လျှမ်းသည် = ကဲသည်
အစစ်မ = အခြောက်များက မိန်းမများကို ခေါ်သောအမည်
မိန်းမစစ်= မိန်းမအစစ်
ငံပြာရည်မ = အခြောက်များက မိန်းမများကို ခေါ်သောအမည်
အစာခိမ = ပြောင်းပြန်ဖတ်ပါလေ
ဖော်လော်မ = စကားဖလှယ်ဟိုပို့ ဒီပို့ လုပ်သော
မိန်းမ / အခြောက်မ
အဆင် = သန့်သော နှစ်သက်ဖွယ်ကောင်းသော
သငယ် = ယောကျာ်းငယ်
ကလော်ကလယ် = စကားကိုကပြောင်းကပြန်ပြောသည်
စနှိုက်ကျော်မ = သူငယ်ချင်း၏ ပါတနာ / ချစ်သူကိုကျော်ခွဖြတ်ခုတ်သောသူ
သာမီး/စမီး = သမီး
ခေး = ကလေး
ရွံထှာ = ရွံလိုက်တာ
မူးထှာ = သူတပါးသူ၏ ကြွားဝါမှု မျက်စိနောက်မှုများကို မြင်သောအခါပြောသည်
စိန်ဗေဒါပတ်လုံးတီး = တစ်ယောက်တည်းက အများအပြားနဲ့ တစ်ပြိုင်တည်းပျော်ပါးခြင်း
အောလီအောလက် = အပေအတေမနှစ်မြို့စရာ
ဂျွတ်စ်စပွတ် = အပေအတေလေး
ဂျလုံးပလုံး = ပေတိပေစုတ်
အောက်စက်ဆော့မ = တန်ဖိုးမရှိသော တွေ့ရာလူနဲ့ပတ်သတ်သောမိန်းမ / အခြောက်မ
စခွီ = အကြောင်းရာတစ်ခုကိုရီစရာလုပ်ပြီးပြောကြသည်
ပျဇီ ပျဇေ = ပါရစေ
ပိတ်သတ် = ပရိတ်သတ်
လုပ်ပျိုက်မှာ = လုပ်ပစ်လိုက်မှာ
ဖလမ်းဖလမ်းထ = လှုပ်ခတ်တက်ကြွလွန်းသော ယွသော
အဇမ်း = အရမ်း အလွန်
လုခံစိန် = ယောကျာ်းတစ်ယောက်ကို တခြားသူထံမှ လုပြီး ပတ်သတ်စပ်ဆက်သောမိန်းမ

December 30, 2015

" မြန်မာ စကားပုံများ ကကြီး မှ အ အထိ "

 
က
၁. “ကြက်ကန်း ဆန်အိုးတိုး”
၂. “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ”
၃. “ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ”
၎. “ကိုယ်ထင် ကုတင်ရွှေနန်း”
၅. “ကျွဲပါး စောင်းတီး”
၆. “ကတုံးပေါ် ထိပ်ကွက်”
၇. “ကျေးဇူးရှိမှ ကျေးစွပ်”
၈. “ကြမ်းကျွံရင် နှုတ်ရ..စကားကျွံရင် နှုတ်မရ”
၉. “ကျန်းမာခြင်းသည်..လဘ်တစ်ပါး”
၁၀. “ကြက်တူရွေးကတော်တော်...မယ်ဘော်က..ကဲ”
၁၁. “ကျူပင်ခုတ်..ကျူငုတ်ပါမကျန်”
၁၂. ကျားဆရာကြောင်...ကြောင်ဆရာကြွက်”
၁၃. “ကြွက်မနိုင်..ကျီမီးနဲ့ရှို့”
၁၄. “ကျီစားသန်က..ရန်များ၏”
၁၅. “က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ”
၁၆. “ကျားကြောက်လို့...ရှင်ကြီးကိုး..ရှင်ကြီး.ကျားထက်ဆိုး”
၁၇. “ကံကိုယုံတော့..စုံလုံးကန်း”
၁၈. “ကျော်တော့..လှေသူကြီး...ညားတော့..လှေထိုးသား”
၁၉. “ကံကိုယုံပြီး...ဆူးပုံနင်း”
၂၀. “ကျားရှေ့...မှောက်ရက်လဲ”
၂၁. “ကြာကြာဝါးမှ..ခါးမှန်းသိ”
၂၂. “ကြာကြာဝါးမယ့်သွား...အရိုးကြည့်ရှောင်”
၂၃. “ကျားကြီး..ခြေရာကြီး”
၂၄. “ကံဆိုးမသွားရာ...မိုးလိုက်လို့ရွာ”
၂၅. “ကြွေတစ်လှည့်...ကြက်တစ်ခုန်”
၂၆. “ကြောင်သူတော်..ကြွက်သူခိုး”
၂၇. “ကျောသားကလည်းသား...ရင်သားကလည်းသား”
၂၈. “ကြွက်သေတစ်ခု....အရင်းပြု”
၂၉. “ကုသိုလ်တစ်ပဲ...ငရဲတစ်ပိဿာ”
၃၀. “ကုလားမနိုင်....ရခိုင်မဲ”
၃၁. “ကြောက်ရင်လာဘ်လွဲ...ရဲလျှင်မင်းဖြစ်”
၃၂. “ကွန်တစ်ချက်....ဟင်းတစ်ခွက်”

October 3, 2015

" မြန်မာဗျည်း (၃၃) လုံး ဖြစ်ပေါ်လာပုံ "

 http://www.thuriya.org/rom1/images/828514a.jpg
အများသူတို.ကိုဗဟုသုတ ရစေချင်သောအလို.ငှာ ပြန်လည်မျှဝေ လိုက်ရပါသည်။ မြန်မာဗျည်း ၃၃-လုံး ဖြစ်ပေါ်လာပုံအကြောင်း ပြောရာမှာ ဗျည်းရော သရရော မြန်မာအက္ခရာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာက စပြောဖို့လိုမှာပေါ့။ မြန်မာအက္ခရာဟာ အိန္ဒိယနိုင်ငံမှာ ဘိစီ ၅၀၀-လောက်က ၇၀၀-ကျော်အထိ ထွန်းကားခဲ့တဲ့ ဗြာဟ္မီ (Brahmi) အက္ခရာက ဆင်းသက်လာကြောင်း ပညာရှင်တွေက မိန့်ဆိုကြတယ်။

ခရစ်နှစ်ဦး...ပိုင်းလောက်မှာ အိန္ဒိယနိုင်ငံသားတွေ အရှေ့တောင်အာရှကို သင်္ဘောကြီးတွေနဲ့ ရွက်လွင့်လာ ရာမှ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အက္ခရာ၊ နီတိကျမ်း၊ ဓမ္မသတ်ကျမ်း စတဲ့ ယဉ်ကျေးမှုတွေပါလာပြီး အရှေ့တောင်အာရှ နိုင်ငံတွေမှာ ထွန်းကားတာပါ။ 

အဲဒီအက္ခရာဟာ မွန်လူမျိုးတွေဆီ အရင်ရောက်ပြီး အဲဒီကမှတဆင့် မြန်မာတွေဆီရောက်တယ်။ မြန်မာတွေက အဲဒီအက္ခရာတွေကို မြန်မာစကားသံတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် လိုအပ်သလို မွမ်းမံအသုံးပြုရာက မြန်မာအက္ခရာ ပေါ်ပေါက်လာတယ်လို့ ယူဆကြပါတယ်။

 မြန်မာအက္ခရာဆိုရာမှာ ဗျည်းရော၊ သရရော ပါဝင်ပါတယ်။ ဗျည်းတွေကို အမည်ပေးပုံက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘယ်တုန်းကစပြီး ကကြီး-ခခွေး-ဂငယ်-ဃကြီး-စတဲ့အမည်တွေ ပေးတာလဲလို့ စဉ်းစားကြည့်ရင် မြန်မာအက္ခရာတွေကို ပေရွက်ပေါ်မှာ ကညစ်နဲ့ အ၀ိုင်းပုံရေးတော့မှ ဖြစ်လိမ့်မယ်လို့ ဆိုချင်ပါတယ်။

 ကျောက်စာ စရေးထိုးတဲ့ ပုဂံခေတ်တုန်းကတော့ ခုလို ၀ိုင်းဝိုင်းစက်စက် မဟုတ်ကြောင်း ပုဂံကျောက်စာတွေကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီတုန်းက ကျောက်ပေါ်မှာ ဆောက်တို့၊ ဘာတို့နဲ့ ထွင်းရတာမို့ လေးထောင့်ပုံတွေ ထွင်းတယ်၊ မ၀ိုင်းသေးဘူး။ ၀-၀ကလေး ၀ိုင်းဝိုင်းရေး-လို့ ပြောလို့မရသေးဘူး။

 ပေပေါ်မှာရေးတော့ လေးထောင့်ရေးရင် အဆင်မပြေဘူး။ ပေရွက်အကြောတွေ စုတ်ပြတ်နိုင်တယ်။ အ၀ိုင်းရေးတော့

September 5, 2015

"မြန်မာစာ၊ မြန်မာစကား (၃)"


ပဲနှင့်ဘဲ ခွဲခြား သတ်မှတ် ရေးသားတာကိုတော့ တက္ကသိုလ်နည်းပြဖြစ်တဲ့ ကျွန်မရဲ့ ၉တန်း၊ ၁၀တန်း မြန်မာစာဆရာ ဦးဥာဏ်ထွန်း ကျေးဇူးကြောင့် သိခဲ့ရတယ်။ ဒါပေမဲ့ တချို့တလေက မှားရေးထားတာ တွေ့မိတာနဲ့...

******* ***** ***

ပဲ နှင့် ဘဲ

ပဲ နှင့် ဘဲ ကို ကွဲကွဲပြားပြား ခွဲခြား သတ်မှတ် ရေးတတ်ကြဖို့ လိုသည်။ ပဲ ကား အနက်စွဲအရေး ဘဲ ကား ဖဲ ၏ အသံစွဲအရေး ဖြစ်သည်။ ပဲ နှင့် ဘဲ(ဖဲ)တို့ အနက်လည်း မတူ၊ အရေးလည်း မတူ။ ထို့ကြောင့် အသုံးအနှုန်း ရေးထုံး မတူနိုင်ပေ။ ပဲ ကို ပက် ဟုလည်း ရှေးက သုံးစွဲရိုးရှိသည်။ ပင် နှင့်လည်း အနက်တူပင်ဖြစ်သည်။ ပဲ၊ ပက်၊ ပင် သည် အနက်တူဖြစ်သည်။ သို့ရာတွင် ပဲ ကို အောက်ပါအတိုင်း သုံးကြရသည်။

၁။ လူပဲ၊ နတ်ပဲ၊ ဗြဟ္မာပဲ၊ သူပဲ၊ ငါပဲ၊ ဆရာပဲ၊ ကျောင်းသားပဲ၊ စာအုပ်ပဲ၊ အိမ်ပဲ၊ ကျောင်းပဲ၊ မြစ်ပဲ၊ ချောင်းပဲ စသည်...

ဤတွင် ပဲ ကို ပင် နှင့် ဖလှယ်လျှင် လူပင်၊ နတ်ပင်၊ ဗြဟ္မာပင်၊ သူပင်၊ ငါပင်၊ ... စသည်အတိုင်း ဖြစ်လာမည်။ ပဲ၊ ပင် ၏အနက်မှာ ပေါင်းစည်းနက်ဖြစ်သည်။ စင်စစ် ဟု အနက်ဖွင့်လျှင် ရနိုင်သည်။
သာဓက။ ။လူပဲ၊ နတ်ပဲ၊ ဗြဟ္မာပဲ။
လူပင်၊ နတ်ပင်၊ ဗြဟ္မာပင်။
လူစင်စစ်၊ နတ်စင်စစ်၊ ဗြဟ္မာစင်စစ်။

၂။ စားပဲစားနိုင်လွန်း၊ တတ်ပဲတတ်နိုင်လွန်း၊ ပြောပဲပြောနိုင်လွန်း၊ သောက်ပဲသောက်နိုင်လွန်း စသည်...

August 31, 2015

" ဗဟုသုတရဖွယ်ရာ ဘန်းစကားများ ပေါ်ပေါက်လာပုံ အကြောင်းများ" (မြန်မာစာ)

 
မြန်မာတို့ သုံးနှုန်းပြောဆိုနေကြသော စကားများတွင် တိမ်မြုပ် ၊ တိမ်ကောလာခဲ့
သော ရှေးသုံး ပေါရာဏ စကားများပါရှိသကဲ့သို့ အသစ်အသစ် တိုးဝင်နေသော ခေတ်ပေါ်
စကားများကလည်း တစ်ပိုင်းတစ်ကဏ္ဍ ဖြစ်တည်နေခဲ့ပေသည် ။  ထိုသို့ အသစ်ဝင်လာသော
စကားများအနက် အကြောင်းသင့်ရာ ခေါ်တွင်သော ဘန်းစကားများလည်း ပါဝင်လာခဲ့လေ
သည် ။
            ဘန်းစကားဆိုသော်လည်း ဘန်းစကားအမျိုးမျိုးရှိသည် ။


စကားဝှက် ဘန်းစကား
ဇတ်သဘင်တို့တွင် အခြားလူများ မသိစေရန် အချင်းချင်းသာ သိစေသော အမှတ်အသား
စကားဝှက်တို့ဖြင့် ပြောဆိုကြရာမှ အခြားသူများကပါ သုံးနှုန်းပြောဆိုလာခဲ့သော
ဘန်းစကားမျိုးလည်း ရှိပေသည် ။ 
             ပုံစံအားဖြင့် -             ( ငွေ )                   -  ဝက်
           ( မင်းသမီး )           -  ဗလပ်ပျံ
           ( ဘုန်းကြီး )            -  ယောပန
           ( စောင်း )               -  ဂေါက်
           ( ထမင်း )               -  ပုန်း
           ( လက္ဘ်ရည် )          -  ဒေါင်
          စသည် ဖြစ်လေသည် ။ ထိုစကားလုံးတွင် အဘယ်ကြောင့် ဤသို့စွဲခေါ်သည်ကို သိရှိနိုင်သည်လည်းရှိ၍ အသိခက်သည်လည်း ရှိလေသည် ။
အဆွယ် ဘန်းစကား
         စကားလုံးသစ်များ တီထွင်၍ သုံးစွဲကြရာတွင် တစ်စုံတစ်ရာကို ဆွဲယူ၍ သုံးနှုန်းခြင်း ၊
ပုံဆောင်၍ သုံးနှုန်းခြင်းဖြင့်လည်း ဘန်းစကားများ ပေါ်ပေါက်လာရလေသည် ။
     ပုံစံအားဖြင့် -         ဝေလာဝေး               ( လုံးဝကင်းစင်သည် )
                                        ( ကင်းမဲ့ ခေါင်းပါးသည် )
        ခတ်ကွင်းပြင်            ( ကြိုတင်ပြင်ဆင်သည် )
                                        ( ဟန်ရေးပြသည် )
       စသည်ဖြင့် သုံးစွဲရာတွင် ငွေဒင်္ဂါးတွင် ဝိတိုရိယ ဘုရင်မခေါင်း ၊ ဝေလမင်းသား
( အက်ဒွပ်ဘုရင် ) ခေါင်း ၊ ဂျော့ဘုရင်ခေါင်း စသည်ဖြင့် ခတ်နှိပ်ခဲ့ရာ ငွေကြေးတစ်ပြားမှ
မကပ်ဟူ၍ တင်စားကာ " ဝေလာဝေး " ဟူ၍ သုံးစွဲခဲ့လေသည် ။ ထိုမှတစ်ဆင့် မျှော်လင့်ချက် လုံးဝကင်းရှင်းကြောင်းကို တင်စား၍ " သူ့ကို သနားဖို့ တော့ ဝေလာဝေး
ရော " စသည်ဖြင့် သုံးစွဲလာလေသည် ။
     ထိုနည်းတူပင် ခတ်ကွင်းပြင်သည်ဆိုရာ၌ လှေ၏ခတ်တက်အတွက် ကွင်းများခိုင်ခံ့စေ
ရန် ပြင် ဆင်ခြင်းဖြင့် ရှေ့တွင် အားသွန်ခါန်စိုက် လှော်ခတ်ရန်အတွက် အသင့်ဖြစ်စေသည်

July 13, 2015

" စီးချင်းတိုက်ပွဲ "


                                                            
                                                 စီးချင်းတိုက်ပွဲ
                      ကောက်နုတ်သည့်စာအုပ် = ရာဇာဓိရာဇ် အရေးတော်ပုံ
                         ခေတ်                         = တောင်ငူခေတ်
                         ရေးသူ                        = မွန်ဝန်ကြီး ဗညားဒလ

 
ရည်ရွယ်ချက်သူရဲကောင်းတို့၏ တိုက်ရည်ခိုက်ရည်နှင့် စိတ်ထားတို့ကို တင်ပြလိုခြင်း။
- စီးချင်းတိုက်ပွဲ စကားပြေ ဗျည်းနွဲ့၏ စိတ်ထားနှင့် ဗညာနွဲ့ စိတ်ထားကို ဖော်ပြပါ။ (သို့မပာုတ်) သူရဲကောင်း
တို့၏ စိတ်ဓာတ်ကိုဖော်ပြပါ။
စီးချင်းတိုက်ပွဲ စကားပြေကို ရေးသားသူမှာ တောင်ငူခေတ် မွန်ဝန်ကြီး ဗညားဒလ ဖြစ်သည်။

July 10, 2015

“သင် သေသွားသော်” (ဒသမတန်း မြန်မာ ကဗျာ)



 
ဆရာ ဇော်ဂျီ  
*********************


Copy and WIN : http://ow.ly/KNICZ

ကျွန်တော်မောင်စိုး တက္ကသိုလ်ဝင်တန်းဖြေတုံးက  အရမ်းကြိုက်တဲ့ ကဗျာတစ်ပုဒ်ပါဗျာ 

“သင်သေသွားသော်” ကဗျာသည် ကိုလိုနီခေတ်က ခေတ်စမ်းစာဆို ဆရာဇော်ဂျီရေးဖွဲ့သော လင်္ကာကဗျာအမျိုး
အစားဖြစ်ပါသည်။ ထိုကဗျာသည် နိုင်ငံနှင့်လူမျိုး၏အကျိုး၊ ဘာသာစာပေ၏အကျိုးကို မိမိသေဆုံးသည်အထိ
သယ်ပိုးဆောင်ရွက်သင့်ကြောင်းတင်ပြလိုခြင်းဖြစ်ပါသည်။ ထိုကဗျာတွင် စာဖတ်သူအား တိုက်ရိုက်ဦးတည်ပြော
ဆို၍ ဆွေးနွေးပာန်ရေးဖွဲ့ကာ နိုင်ငံသားကောင်းတစ်ယောက်၏ တာဝန်ကို ဖော်ညွှန်းထားပါသည်။

July 1, 2015

" မြန်မာစာ၊ မြန်မာစကား (၂) "

 
 
ဒီတခါတော့ ကျွန်မ အလွန်သိချင်တဲ့ ဖူး နှင့် ဘူး အသုံးပြု ရေးသားပုံ၊ ရေးသားနည်းပါ။ ဒါလေးတွေ ဖတ်လိုက်ရတော့ ခုနောက်ပိုင်းက စပြီး ဖူးနဲ့ ဘူး၊ ဖက်နဲ့ ဘက်ကို မှားရေးမိတော့မယ် မထင်ဘူး။

***** *** *****
ဖူး၊ ဘူး

မြန်မာစာအဖွဲ့က ထုတ်ဝေသော မြန်မာ အဘိဓာန်တွင် ဖူး ကို ဖူးတွေ့၊ ဖူးမြော်၊ ဖူးရောင်၊ ဖူးထွက် ဟူသော အနက်များကို ပြပြီးနောက် "ဖူး၊ စည်း---ကြုံတွေ့သိမြင် ဖြစ်ပျက်ခဲ့ပြီးကြောင်း ထင်ရှားစေသည့် စကားလုံး" ဟု ဖွင့်ဆိုထားသည်။ စည်း မှာ ပစ္စည်း ဟု ဆိုလိုသည်။

June 27, 2015

" တတ်"ကို "တက်"လုပ်နေကြသူတွေ တက်တာတွေ ရပ်သင့်ပြီ...မြန်မာစာ တတ်အောင်သာ သင်ကြပါတော့"

 
အခုခေတ်မှာ လူကြီးကော..လူငယ်ကော..သတင်း စာနယ်ဇင်းတွေ...ဘလော့ဂါတွေ..မှာ "တက်" တဲ့ အတက်ရောဂါ စွဲကပ်နေတော့တယ်....ဖေ့စ်ဘွခ်ဆိုရင်တော့... စာရင်းထဲမထည့်နှင့်တော့....အတက်လွန်ပြီး အောက်မကျတော့ပါဘူး.... ပြောချင်တာက မြန်မာစာ
ရေးရင် "တ"သတ်နှင့် "က" သတ် မခွဲခြားနိုင်တာလား မသိပါဘူး...တတက်တည်း တက်နေတော့...
စာဖတ်ရတာ အလွန်ကသိကအောက် နိုင်လွန်းတယ်....
လုပ်တတ်တယ် လို့ ရေးရမည့်အစား....လုပ်တက်တယ်တဲ့...ဘာလုပ်ပြီး ဘာတက်တယ်မသိ..

May 31, 2015

" မြန်မာစာ.. မြန်မာစကား "


 မြန်မာလူမျိုးဖြစ်ပြီး မြန်မာစာကို မှန်အောင် မရေးနိုင်မှာ ကျွန်မ အလွန်ပဲ စိုးရိမ်မိပါတယ်။ တခါမှလည်း မြန်မာစာ သတ်ပုံကျမ်းတွေ၊ ဘာတွေ မဖတ်ဘူးတဲ့အတွက် ကိုယ်ရေးသမျှ အမှန်လို့ စိတ်မချနိုင် ဖြစ်ရပါတယ်။ အဲဒီအတွက် (ပြီးခဲ့တဲ့ တနှစ်လောက်က) အန်တီငြိမ်းက "မြန်မာစာ သတ်ပုံကျမ်း"စာအုပ်ကို pdf ဖိုင်နဲ့ ပို့ပေးသော်လည်း ကိုယ်ရေးတာ မှန်မှာပါလို့ ယုံကြည်ချက်အနည်းငယ်နဲ့ သတ်ပုံကျမ်းကို တခါပဲ ဖွင့်ဖတ်ဖူးပါတယ်။ မနေ့ကမှ အန်တီငြိမ်းပေးထားတာ ကြာပြီဖြစ်တဲ့၊ မြန်မာစာ
သတ်ပုံကျမ်းလိုပဲ ကျွန်မ တခါမှ ဖွင့်မကြည့်ဖြစ်တဲ့ "မြန်မာစာ၊ မြန်မာစကား"ဆိုတဲ့ pdf ဖိုင်ကို ဋ္ဋီကာ(တီကာ)ရဲ့ အသံထွက် ရှာတွေ့လို၊ ရှာတွေ့ငြား ဖွင့်ဖတ်မိတယ်။ အရင်က ဋ္ဋီကာ ကို ကျွန်မက ဏီကာတို့၊ လီကာတို့ အသံထွက်ပါတယ်။ အခုမှ တီကာလို့ အသံထွက်ရမှန်း သိတယ်။ :D ဋ္ဋ(တသလင်းချိတ်) ပါဆိုမှ တ(တ၀မ်းပူ) အသံထွက်ရမှာကို ကျွန်မ သတိမမူမိဘူးလေ။ ဒီလိုနဲ့ ကျွန်မ သိလိုတာတွေ ရှိဦးမလား ဆက်ဖတ်ရင်းနဲ့ ကျွန်မ အမြဲ မသဲမကွဲဖြစ်ရတဲ့ အရေးအသားတချို့ကို တွေ့ရတော့ ကျွန်မလိုပဲ ဇဝေဇ၀ါ ဖြစ်နေသူများအတွက် ပြန်လည် မျှဝေချင်လာပါတယ်။

May 30, 2015

"မြန်မာစာသည် တို့စာ (၃)"

မြန်မာစာအရေးအသားများ မှားရခြင်း အကြောင်းတစ်ခုမှာ စာကိုသေသေချာချာ လေးလေးစားစားမရေးဘဲ ဖြစ်ကတတ်ဆန်း ရေးခြင်းဖြစ်၏။ အောက်တွင်ရေးထားသောစာကို ကြည့်ပါ။ ဘာသာရေးနှင့် ပတ်သက်၍ တရားဓမ္မ၊ ဗုဒ္ဓပုံတော် စသည်တို့ကို သူငယ်ချင်းများသို့ ပြန်လည်ဝေငှသော email ဖြစ်ပါသည်။ 
 


သူရေးပုံအရ သူတော်တွေစဉ်ကုန်ပြီး မသူတော်တွေပဲ ကျန်တော့သည်။ ကောင်းမြတ်သောသူကို (သူတော်စင်) ဟု ခေါ်သည်။ (စဉ်) ကို (လွင့်စဉ်သွားသည်) (ပြောနေစဉ်၊ ဆိုနေစဉ်) စသဖြင့် သုံးသည်။

May 28, 2015

" မြန်မာစာသည် တို့စာ (၂) "

My Photo 
ယခင်အပတ်က ယနေ့လူကြီး၊ လူငယ်များ မြန်မာစာ အဘယ်ကြောင့် အားနည်းနေရသည်ကို အကျဉ်းချုပ် ပြောပြခဲ့ ပါသည်။ ဤသည်မှာ ကျွန်တော်တွေးမိတာလေးကို တင်ပြခြင်းဖြစ်ပါ၏။ သို့သော်လည်း ထစ်ကနဲရှိတိုင်း ခေတ်နှင့်စနစ်အပေါ် လက်ညှိုးထိုးနေမည့်အစား ကာယကံရှင်များကိုယ်နှိုက်ကရော ကြိုးစားပမ်းစား လေ့လာလိုက်စားကြပါသလား ဟု ဆန်းစစ် ကြည့်ပါ။ လက်တစ်ဆုပ်စာ လူနည်းစုမှလွဲ၍ အများစုမှာ နေသာသလို နေသွားကြတာ ဖြစ်ပါသည်။ အို - ဒါတွေမတတ်လို့လဲ ဘာမှမဖြစ်ပါဘူး။ အချိန်တန်ရင် ဘွဲ့တစ်ခုတော့ရမှာပဲ ဟုသာ ခပ်ပေါ့ပေါ့တွေးကြပါသည်။ ငါတို့ မြန်မာတွေပဲ၊ မြန်မာလို မရေး တတ်စရာ ဘာရှိသလဲ ဟုလည်း ထင်ကြပါမည်။


         အနာသိလျှင် ဆေးရှိရမည် ဖြစ်၍ ဆေးကိုရှာရန် ဦးစွာ အနာကိုသိမှ ဖြစ်ပေမည်။
အနာကား ပထမပိုင်းတွင် ပြောခဲ့သကဲ့သို့ ပညာရေးစနစ်နှင့် ကျောင်းသားများ ပညာရေးအပေါ်ထားရှိသည့် သဘောထားပင် ဖြစ်ပါသည်။ ဤအနာကို မကုစားနိုင်သရွေ့ကာလပတ်လုံးသည်အတိုင်းဆက်သွားမည်သာ
ဖြစ်ပါ၏။    ယခု မြန်မာစာအကြောင်း ဆက်ပါမည်။

May 27, 2015

" မြန်မာစာသည် တို့စာ (၁) "

My Photo 
 ဆရာ ဦးအေးငြိမ်း
ဖွင့်ဟ၀န်ခံချက်
 

ဤဆောင်းပါးကို ရေးလိုက်ခြင်းဖြင့် ကျွန်တော့်ကိုယ်ကျွန်တော် သိလှပြီ၊ တတ်လှပြီ၊ မြန်မာစာကို ကျွမ်းကျင်လှပြီ၊ ကျွန်တော်ရေးသမျှ ခြောက်ပြစ်ကင်း သဲလဲစင်သည်ဟု ဆိုလိုရာမရောက်ကြောင်း ဦးစွာပထမ ပြောလိုပါသည်။ ကျွန်တော်ရေးရသည့် အဓိကရည်ရွယ်ချက်မှာ မြန်မာများဖြစ်သော ကျွန်တော်တို့သည် ကိုယ့်စာဖြစ်သော မြန်မာစာကို တန်ဖိုးထားလေးစားကာ ရေးသား၊ ပြောဆိုကြရန် တိုက်တွန်းလိုရင်းမျှသာ ဖြစ်ပါသည်။

May 5, 2015

"စကားထာ ဆိုသည်မှာ `တစ်ဖက်သား၏ ဉာဏ်ကို စမ်းလိုသောကြောင့်

http://www.jas.com.mm/upload/sakahtericon.png
စကားထာ   
 စကားထာ ဆိုသည်မှာ `တစ်ဖက်သား၏ ဉာဏ်ကို စမ်းလိုသောကြောင့် ကွယ်ဝှက်သော အနက်အဓိပ္ပါယ်တို့ဖြင့် ဖန်တီးထားသည့် အဆိုအမိန့်၊ အဖွဲ့အနွဲ့၊ အမေးပုစ္ဆာ၊ ပဟေဠိ ဟူ၍ ဖွင့်ဆိုသည်။ [၁]
    စကားထာသည် (စကားဓာရ) မှ (စကားဓာ)(စကားထာ) ဖြစ်လာသည်ဟု ဆိုကြသည်။ ဓာရသည် ဆောင်သည်ဟူသော အနက်ရှိသဖြင့် ဆောင်ထားအပ်သော စကားဟူ၍ ဖြစ်နိုင်သည်။ တဖန် ပါဠိဘာသာ ဌာပန သက္ကတဘာသာ သ္ထာပန မြန်မာဘာသာ ထားခြင်း အနက်ကို ဆောင်ပေသည်။ မုန့်ကို ဌာပနာ သကဲ့သို့ စကားကိုလည်း ဌာပနာသည်ဟု သုံးစွဲရာမှ စကားဌာပနာ၊ စကားထာ ဖြစ်လာလေမည် ဟု စဉ်းစားကြသေးသည်။ [၂]
    စကားထာ ဆိုသည် မိမိရည်ညွှန်းလိုသော အရာကို သွယ်ဝိုက်ကာ ဝှက်ထားသော စကားစုကို ခေါ်ဆိုသည်။

March 18, 2015

"မြန်မာဗျည်း (၃၃) လုံး ဖြစ်ပေါ်လာပုံ " မောင်ခင်မင် (ဓနုဖြူ)

 
အများသူတို.ကိုဗဟုသုတ ရစေချင်သောအလို.ငှာ ပြန်လည်မျှဝေလိုက်ရပါသည်။
 မြန်မာဗျည်း ၃၃-လုံး ဖြစ်ပေါ်လာပုံအကြောင်း ပြောရာမှာ ဗျည်းရော သရရော မြန်မာအက္ခရာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာက စပြောဖို့လိုမှာပေါ့။ မြန်မာအက္ခရာဟာ အိန္ဒိယနိုင်ငံမှာ ဘိစီ

March 13, 2015

"ကျင့်ဝတ်များ " ဖတ်ကြည့်ကြပါနော်....အလွန်အဖိုးတန်တဲ့ ဆုံးမ စကားလေးတွေပါ...

မမှတ်မိရင်သာ နေမယ် အားလုံးကတော့ ကြားဖူးကြမှာပါ။ ရှေးဟောင်း ဆိုရိုးစကားတွေရဲ့ ထုံးစံ အတိုင်း လိုက်နာကျင့်သုံးမယ် ဆိုရင်တော့ အကျိုးယုတ်စရာ မရှိပါဘူး။ ကောင်းမွန်တဲ့ ရလဒ်ကိုပဲ ခံစားရမှာပါ။ ဒီအရာလေးတွေကတော့ လူတစ်ယောက်ရဲ့ ရပ်တည်နေတဲ့ အခြေအနေ အရ ကျင့်ကြံသင့်သော " ကျင့်ဝတ် " ငါးချက်ကို ရေးပြထားတာလေးတွေသာ ဖြစ်ပါတယ်။ သားသမီး ဖြစ်နေတဲ့ အခါ ၊ တပည့်ဖြစ်နေတဲ့ အခါ ၊ အလုပ်သမား ဖြစ်နေတဲ့အခါ ၊ မိဘ ဖြစ်လာတဲ့ အခါ ၊ ဆရာ ဖြစ်လာတဲ့ အခါ ၊ အလုပ်ရှင် ဖြစ်လာတဲ့ အခါ ၊ မိတ်ဆွေတွေကို ဆက်ဆံတဲ့ အခါ ၊ မိတ်ဆွေတွေက ဆက်ဆံတဲ့ အခါ  . .  ဒီလို အခြေအနေမျိုးမှာ ဘယ်လို တုံ့ပြန် ၊ ဆောင်ရွက်သင့်သလဲ ဆိုတဲ့ အခြေအနေတွေကို အကြံပေးထားတာပါ။ 

ဒီအကြံပေးချက် ( သို့ ) လိုက်နာရမဲ့ ကျင့်ဝတ်လေးတွေကိုသာ လိုက်နာခဲ့မယ် ဆိုရင်

March 8, 2015

"မြန်မာ စကားပုံများ နှင့် အင်္ဂလိပ်ပြန်"



Adjust burden to strength, like arrow to bow.
တန်နှင့်အားကို လေးနှင့်မြှားကဲ့သို့ ညီအောင်လုပ်ပါ။
Although cowardly be slow to run.
မရဲသော်လည်း ပြေးခဲစေ။
The anger of the prudent never shows.
ပညာရှိအမျက် အပြင်မထွက်။
Arrows all gone before the battle begins.
စစ်မရောက်ခင် မြှားကုန်။
As the doe gives birth to a fawn the tiger eats it.
သမင်မွေးရင်း ကျားစားရင်း။
As to eating it, will it is covered with grit; but as to throwing it away, well, it is rich and luscious.
စားရမှာလည်း သဲတရှပ်ရှပ်၊ လွှင့်ပစ်ရမှာကလည်း အဆီနဲ့ တ၀င်းဝင်း။

March 5, 2015

" မင်းလက်ဝဲသုန္ဒရ အမတ်ကြီး ရေးသားသော မဲဇာတောင်ခြေ ရတုပိုဒ်စုံ "

၁။ မဲဇာတောင်ခြေ၊ စီးတွေတွေတည့်၊ မြစ်ရေ၀န်းလည်၊ မြိုင်တောစည်က၊ ရွှေပြည်ကိုသာ၊ တ,ရှာတော့မိ၊ မိုးရှိရှိလျှင်၊ သီရိကြက်သရေ၊ တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့၊ ကုန်းမော့မော့နှင့်၊ ဘိုးတော့်ကောင်းမှု၊ တည်ထားပြုသည်၊ ဇမ္ဗူ့ဆီမီး၊ ခြောက်ရောင်ညီးမျှ၊

February 10, 2015

"ရှေးစာဆိုတော်များ၏ လက်တန်း ဟာသ ကဗျာများ "


ကဗျာ (၁)

       ရတနာပူရ အင်းဝ စံနန်းတော်အတွင်း ဘကြီးတော်နှင့် နန်းမတော်မယ်နုတို့ ညီလာခံတစ်ခု၌
ထားဝယ်နယ်မှ “မယ်ကယ်သား” နားပန်တော် တစ်ရံကို ရွှေကြုတ်ဖြင့်ထည့်ကာ လာရောက်ဆက်သ
ပါတယ်။ နန်းမတော်ဟာ နားပန်တော်ကို အထူးနှစ်ချိုက်သွားပါတယ်။ အသင့် ခစားနေကြတဲ့
Subscribe

လာလည်သူများ

free counters