♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 27, 2015

" တတ်"ကို "တက်"လုပ်နေကြသူတွေ တက်တာတွေ ရပ်သင့်ပြီ...မြန်မာစာ တတ်အောင်သာ သင်ကြပါတော့"

 
အခုခေတ်မှာ လူကြီးကော..လူငယ်ကော..သတင်း စာနယ်ဇင်းတွေ...ဘလော့ဂါတွေ..မှာ "တက်" တဲ့ အတက်ရောဂါ စွဲကပ်နေတော့တယ်....ဖေ့စ်ဘွခ်ဆိုရင်တော့... စာရင်းထဲမထည့်နှင့်တော့....အတက်လွန်ပြီး အောက်မကျတော့ပါဘူး.... ပြောချင်တာက မြန်မာစာ
ရေးရင် "တ"သတ်နှင့် "က" သတ် မခွဲခြားနိုင်တာလား မသိပါဘူး...တတက်တည်း တက်နေတော့...
စာဖတ်ရတာ အလွန်ကသိကအောက် နိုင်လွန်းတယ်....
လုပ်တတ်တယ် လို့ ရေးရမည့်အစား....လုပ်တက်တယ်တဲ့...ဘာလုပ်ပြီး ဘာတက်တယ်မသိ..

ပြောတတ်တယ်ကို  ပြောတက်တယ်...
ရေးတတ်တာကို ရေးတက်တယ်...
ဖြစ်တတ်တာကို...ဖြစ်တက်တယ်...
သေတတ်တာကို....သေတက်တယ်...
ဖတ်ကြည့်ကြပါလို့ ရေးရမည့်အစား  ဖက်ကြည့်ပါ...ဘယ်သူ့ကို သွားဖက်ရမယ်မသိ.....ဟိဟိ
သတ်မှတ် တာကို   သက်မှတ်တာတဲ့.....
ငြုပ်သီး စပ်တာကို ဘယ်လိုရေးသလဲဆိုတော့ ငြုပ်သီး စက်တာတဲ့...
ပြတ်ပြတ်သားသားကို    ပြက်ပြက်သားသားတဲ့..... ဘာတွေ တပြက်ပြက်နှင့် လျက်စားချင်သလဲမသိပါ....
သတ်စားတယ်ဆိုတာကို...သက်စားတယ်တဲ့....
မင်းရဲ့ လုပ်ရပ်တွေ မင်းသိရဲ့လားဆိုတာကို.......  မင်းရဲ့ လုပ်ရက်တွေ မင်းသိရဲ့လားတဲ့..
အလုပ်လုပ်တဲ့ ရက်တွေကို မေးနေသလားပဲ.....
သိတတ်မှုမရှိဘူး...ဆိုတာကို....သိတက်မှုမရှိဘူးတဲ့....
အတတ်ဆနးထွင်တာကို .....အတက်ဆန်းထွင်သတဲ့ ....တက်ပြီးဆန်းနေတာတော့ ဒုက္ခပဲ..ဟိဟိ
ပြောရရင် အများကြီးရှိပါသေးတယ်.....  ကိုယ့်စာပေကို မှန်မှန်ကန်ကန်ရေးသားဖို့ လိုပါတယ်.. သူများ အတတ်ဆန်းထွင်တိုင်း ကိုယ်ကလည်း လိုက်မရောင်ပါနှင့်....အဓိပ္ပာယ်
တွေလွှဲမှားကုန်ပါတယ်.....


credit to original uploader


No comments:

Subscribe

လာလည်သူများ

free counters