♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 23, 2016

" မယားအချစ်လွန် အဖြစ်သည်းလှတဲ့ လှတောသားကြီး " ဟာသ..


" နှစ်ပေါင်း ၁၃၀ နီးပါး ကြာပြီးမှ ဦးခေါင်းနှင့် ခန္ဓာကိုယ် ပြန်လည်ဆက်စပ်နိုင်ခဲ့သည့် နတ်ဘုရားရုပ်တု "

 
ကမ္ဘောဒီးယားနိုင်ငံရှိ ဦးခေါင်းနှင့်ခန္ဓာကိုယ် တခြားစီဖြတ်တောက်ခြင်းခံထားရသည့် ဟိန္ဒူနတ်ဘုရားရုပ်တုတစ်ခုကို နှစ်ပေါင်း ၁၃၀ နီးပါးအကြာတွင် ပြန်လည်ပေါင်းစပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားကို ပြင်သစ်တို့ ကိုလိုနီအဖြစ် အုပ်စိုးစဉ်က အဆိုပါ နတ်ဘုရားရုပ်တု၏ဦးခေါင်းကို ယူဆောင်သွားပြီး ပါရီရှိ ဂီမတ်ပြတိုက်တွင် နှစ်ပေါင်းများစွာ ပြသထားသည်။ ဂီမတ်သည် အာရှအနုပညာလက်ရာများကို ပြသသည့်
ပြင်သစ်အမျိုးသားပြတိုက်လည်း ဖြစ်သည်။

ဗိဿနိုးနှင့် ရှီဝနတ်ဘုရားများ ပေါင်းစည်းထားဟန် ထုလုပ်ထားသည့် ရုပ်တုသည် ရာစုနှစ်တစ်ခုကျော် ဦးခေါင်းမဲ့အခြေအနေဖြင့် ဖြတ်သန်းခဲ့ရသော်လည်း ယခုအခါတွင်မူ ပြင်သစ်အာဏာပိုင်များက ၄၇ ကီလိုဂရမ်အလေးချိန်ရှိသည့် ရုပ်တုဦးခေါင်းကို ပြန်လည် ပေးအပ်သဖြင့် တစ်ပေါင်းတစ်စည်းတည်း ပြန်ဖြစ်လာခဲ့သည်။

ထိုရုပ်တု ဦးခေါင်းကို ကမ္ဘောဒီးယားတောင်ပိုင်း တာကီရိုဒေသရှိ ဖနွမ်ဒါဘုရားကျောင်းမှ ယူဆောင်သွားခြင်း ဖြစ်သည်။ ကိုလိုနီအုပ်ချုပ်ရေးမှူး အက်တနီ အေမွန်နီယာ ယူဆောင်သွားသည့် ရုပ်တုဦးခေါင်းကို ၁၈၈၉ ခုနှစ်က ပါရီရှိ ပြပွဲတစ်ခုတွင် စတင်ခင်းကျင်း ပြသခဲ့သည်။

ဦးခေါင်းမရှိတော့သည့် ရုပ်တုသည် ကမ္ဘောဒီးယားမြို့တော် ဖနွမ်ပင်တွင် နှစ်ပေါင်းများစွာရှိနေခဲ့ပြီး ပြင်သစ်ရှိ ရုပ်တုဦးခေါင်းနှင့် ကိုက်ညီမှုရှိမရှိ သတိမထားမိခဲ့ကြချေ။ ယခုအခါ ယင်းအပိုင်းအစနှစ်ခုကို ပြန်ဆက်ကြည့်သည့်နောက် ပကတိအံဝင်ခွင်ကျ
ဖြစ်နေကြောင်း ကမ္ဘောဒီးယား နေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။

ကမ္ဘောဒီးယားအမျိုးသားပြတိုက် ညွှန်ကြားရေးမှူး ကွန်ဗီရီယက်ခ်က အဆိုပါရုပ်တုဦးခေါင်း ပြန်လည်ရရှိရေးအတွက် ၁၀ နှစ်မျှ ညှိနှိုင်းဆွေးနွေးခဲ့ရကြောင်း ပြောကြားခဲ့သည်။ “ခမာယဉ်ကျေးမှု လက်ရာမွန်တစ်ခုကို အခုလို ပြန်လည်ပေါင်းစည်းပေးနိုင်ခဲ့တာဟာ အရမ်းကိုထူးကဲပါတယ်”ဟု ၎င်းက ဆိုသည်။

ကမ္ဘောဒီးယားသည် ၁၉၉၃ ခုနှစ်တွင် ယဉ်ကျေးမှုအမွေအနှစ်လက်ရာများကို ပြည်ပသို့ တင်ပို့ခြင်း လုံးဝမပြုရန်

" လူအများယုံကြည်မှုရှိစေမည့် ကိုယ်နေကိုယ်ဟန် အနေအထား (၅)မျိုး "

 
လူအများနဲ့ ပြောဆိုဆက်ဆံရာမှာ သင့်ရဲ့ကိုယ်နေဟန်ဟာ သင်ဘယ်လိုလူမျိုးလဲဆိုတာကို ဖော်ပြနိုင်ပါတယ်။ ဒါ့ကြောင့် သင်ဟာ တက်ကြွထက်မြက်သူတစ်ဦးအဖြစ် လူအများက ယုံကြည်စေနိုင်မယ့် ကိုယ်နေဟန် (၅)ခုကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မျက်လုံးအကြည့်ဖြင့် စိတ်ဝင်စားမှုကို ပြသပါ။
သင့်မျက်လုံးတွေက သင့်ရဲ့အာရုံစူးစိုက်မှုကို ဖော်ပြနေပါတယ်။ အကယ်၍ တစ်ယောက်ယောက်နဲ့ စကားပြောနေတုန်းမှာ တခြားနေရာကိုကြည့်နေတာမျိုးက တစ်ဖက်လူပြောသမျှစိတ်ဝင်စားမှုမရှိသည့် အမူအယာဖြစ်တဲ့အတွက် အထင်သေးခံရပါလိမ့်မယ်။ ဒါ့ကြောင့် စကားပြောရာမှာ မျက်လုံးအကြည့်ချင်း ဆုံအောင် ကြိုးစားပြီး ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်ပြတာ၊ နားထောင်နေစဉ် မျက်ခုံးပင့်တာတွေက သင့်ရဲ့ စိတ်ဝင်စားမှုကို ဖော်ပြပေးတဲ့ အမူအယာတွေဖြစ်ပါတယ်။

(၂) လက်တွေကိုလည်း ဂရုစိုက်ပါ။
လက်တွေကို နောက်ပစ်ထားတာ၊ လက်ပိုက်ထားတာတွေက တဖက်လူကို ပမာမခန့်လုပ်ပြတာပဲဖြစ်ပါတယ်။ သင့်ရဲ့လက်ချောင်းတွေကို ရှေ့မှာယှက်ထားပြီး လက်တွေကို သက်သက်သာသာအနေအထား ထားရှိတာဟာ အကောင်းဆုံးပါပဲ။

(၃) စမတ်ကျကျ မတ်တပ်ရပ်ပါ။
ပုခုံးတွေကို ရှေ့ကိုကိုင်းပြီး မသိမသာ ခါးကုန်းနေတာဟာ ယုံကြည်မှုမရှိတဲ့အမူအယာဖြစ်ပါတယ်။ ဒါ့ကြောင့် ခါးမကုန်းစေပဲ ဖြောင့်မတ်စွာရပ်နေဖို့နဲ့ တဖက်လူတည့်တည့်ကို မျက်နှာမူပြီး ရပ်နေဖို့ လိုအပ်ပါတယ်။

(၄) တဖက်လူပုံစံကို အနီးစပ်ဆုံး အတုယူပါ။
တဖက်လူရဲ့နေပုံထိုင်ပုံကို တုပနေထိုင်တာဟာ နှစ်ဦးကြားက တင်းမာမှုတွေကို လျော့နည်းစေပြီး ဆက်သွယ်ရ

" တော်တဲ့ လင်ယောက်ျားတွေ ဇနီးမယားကို မမေးတဲ့ မေးခွန်းများ "


တစ်ခါတစ်လေမှာ မိန်းမနဲ့ စကားပြောရတာ မိုင်းကွင်းထဲ မျက်စိစည်းပြီး လျှောက်နေရသလိုပါပဲ။ မိန်းမတွေဟာ ယောက်ျားတွေထက် နူးညံ့ကာ ခံစားလွယ်ပြီး တုံ့ပြန်မှု ပိုများတတ်ကြပါတယ်။ သူတို့က မေးခွန်းတွေကို ဒီအတိုင်း မစဉ်းစားပဲ သူဘာကို ဆိုလိုတာလဲ ဆိုတဲ့ သဘောနဲ့ ယူစဉ်းစားတတ်ကြပါတယ်။
ကံမကောင်းစွာနဲ့ သင့်မိန်းမက သင့်ရဲ့ မေးခွန်းကို ပေါက်ကွဲစရာတစ်ခုလို ပြောင်းပစ်နိုင်ပါတယ်။ ဒိမှာ သင် သူမကို လုံးဝ မမေးသင့်တဲ့ မေးခွန်း ခု ပါ။ အဲဒါတွေအစား ဘယ်လိုမေးရမယ်ဆိုတာလဲ မေးပြထားပါတယ်။
. နင် ဒီအပါတ် လေ့ကျင့်ခန်း လုပ်ရဲ့လား
အဲဒါကနင် ဝနေသလားလို့ မမေးလိုက်ရုံ တမည်ပါ။ သင်က ရိုးရိုးသားသားလေး မေးလိုက်ရင်တောင် သူမက စော်ကားတဲ့ မေးခွန်းတစ်ခုလို ထင်သွားပါလိမ့်မယ်။
အဲဒီအစားငါအခု Gym သွားမလို့၊ လိုက်မလားလို့ ပြောင်းမေးကြည့်ပါ။ အဲဒါက သူမရဲ့ ကိုယ်အလေးချိန်ကို ကဲ့ရဲ့တဲ့ ပုံစံ မပေါက်စေပဲ နှစ်ယောက် တူတူ အချိန်ဖြုန်းလိုတဲ့ ပုံစံ ပေါက်စေပါတယ်။
. ဒါ ဘယ်လောက်ကျလဲ
အဲဒီမေးခွန်းဟာ သူမကို အကဲခတ်ပုံ ပေါက်စေပါတယ်။ မိန်းမတွေဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို မေးခွန်းထုတ်တာ မကြိုက်ပါဘူး။
အဲဒီအစားပြောစရာက အရေးတော့ မကြီးပါဘူး.. ဘယ်လောက်ပေးရလဲ ချစ်လို မေးကြည့်ပါ။ ဒါမှမဟုတ် သင်က သူမရဲ့ အဖြုန်းနဲ့ ပါတ်သတ်ပြီး စိုးရိမ်ရင်တော့ ဘဏ်မှာ Joint Acc ဖွင့်ထားပါ။
. ငါ မင်းမိဘတွေအိမ်ကို လိုက်ရမှာလား
လုံးဝ မမေးပါနဲ့။ သူမက သင် သူမမိဘတွေကို မုန်းတယ်လို့ ထင်သွားပါလိမ့်မယ်။ ကြားထဲမှာ နေရတဲ့ ဖိအားကိုလဲ ချက်ခြင်း ခံစားရပါလိမ့်မယ်။
တကယ်လို့ သင်သာ လုံးဝ မတွေ့ချင်ရင်တော့ချစ်ရေ၊ ငါ အလုပ်တွေ နစ်နေလို့ မင်းမိဘတွေအိမ် လိုက်နိုင်မယ် မထင်ဘူး။ သူတို့ကို ချစ်တယ် ပြောလိုက်ပါ။အဲလို ပြောကြည့်ပါ။ အခေါက်တိုင်းတော့ မဖြစ်ပါစေနဲ့။
. နင် လိင်ဆက်ဆံချင်နေတာလား
အဲလိုအမေးခံရတာဟာ မိန်းမတွေ လုံးဝ မကြိုက်ဆုံးအရာပါ။ အဲဒီမေးခွန်းနောက်မှာ စိတ်အား ထက်သန်မှု မရှိပဲ ပြီးပြီးရော

" ငလျင်လှူပ်လျှင် ပြိုကျမည့် ဘိလပ်မြေ မခိုင်ခံ့တဲ့ မြန်မာ့ကွန်ဒို တိုက်ခန်းများ "



ကိုယ်မဝယ်နိုင်ပေမဲ့ ငွေထုတ်ပိုက်ပြီး ဝယ်နိုင်သူ သူဌေးတွေအတွက် စိုးရိမ်မိလွန်းလို့ပါ။ အခုတွေ့ရတဲ့ပုံတွေက ဆောက်လုပ်ဆဲ စမ်းချောင်းမြို့နယ်ထဲက ၃၃ထပ်မြင့် Commercial building တခုရဲ့ pile တွေပါ။ အတောင့်လေးက pile ကိုကွန်ကရစ်လောင်းအပြီး နမူနာ cored sample တူးယူထားတာပါ။ (သူငယ်ချင်း Ko Khin Latt ထံကရပါတယ် ) ။

pile ကို လောင်းခဲ့တဲ့ကွန်ကရစ်ထဲက aggregates တွေဟာ ( အပေါ်အလေးချိန်သိပ်မရှိတဲ့ လမ်းခင်းတာမှာသာ အသုံးများတဲ့ friction မရှိတဲ့) ကျောက်စရစ်ခဲgravel လုံးချောတွေဖြစ်နေယုံမက အရွယ်တွေကလည်းကြီးလွန်းလှပါတယ်။ concrete ထဲမှာပါနေတဲ့ gravel ထုတည် ရာခိုင်နှုးန်ကလည်းများလွန်းလှပါတယ်။ အမှန်က ကြမ်းရှတဲ့ rock chips ကျောက်ျိုးတွေ သုံးရမှာပါ ။ အခု ကွန်ကရစ်ရဲ့ အား၊ ဘိလပ်မြေရာခိုင်နှုန်း strength က ဘယ်လောက်တောင်နည်းနေပြီလဲဆိုရင် ပိုလောင်းထားတဲ့ overcast ကွန်ကရစ်တွေကို ငပိန်လေးတွေက လက်နဲ့ တူနဲ့ ထုချေလို့ရနေတဲ့ အထိပါပဲ။

ပိုလောင်းထားတဲ့ ကွန်ကရစ်တွေကို ဖယ်ထုတ်ပြီးပေါ်လာတဲ့သံချောင်းတွေကို နောက်ထသံချောင်းတွေနဲ့ အဆင့်ဆင့် ဆက်သွားပြီး တိုက်ကြီး တခုလုံးရဲ့ ကော်လံတိုင်တွေအဖြစ်ဆောက်ရတာပါ )pile မလောင်းခင် ဆိုက်ကိုရောက်လာတဲ့ သည်လောက်စုတ်ပြတ်သပ်နေတဲ့ concrete mixture တွေကိုစစ်တဲ့သူမရှိဘူးလား။ သည်လို ငပိန်လေးလက်အားနဲ့

January 22, 2016

" ယောက်ျားချင်းတောင် မရှောင်နိုင်တော့တဲ့ခေတ်ဆိုတော့ သံဘောင်းဘီတိုတောင် ဝတ်ထားရမလို ဖြစ်နေပြီ "

 
 
ခေတ်ကြီးကိုက ယောက်ျားလေးအချင်းချင်း၊ မိန်းကလေးအချင်း ချင်းတောင် ကြောက်နေရတဲ့ခေတ်လို့ ပြောလို့ရနေပြီမို့လို့ အမြဲ သွားသတိ၊ လာသတိရှိကြဖို့ သတိပေးပါရစေ။ အရမ်းခင်မင်ရင်းနှီး ရပါတယ်ဆိုတဲ့ ယောက်ျားလေးသူငယ်ချင်းက အတင်းအဓမ္မပြုကျင့် လိုက်လို့ ထိုင်ဝမ်က အသက် ၂၂ နှစ်အရွယ် ကျောင်းသားကောင် လေးကအတွင်းလူနာအဖြစ်ဆေး
ရုံတက် ဆေးကုသမှုခံယူခဲ့ပါ တယ်။

အခင်းဖြစ်ပွားမှုမှာ အဆိုပါ ကျောင်းသားကောင်လေးက သူငယ်ချင်း  ဖြစ်သူနဲ့အတူ ပါတီတက်ပြီး မူးရူးသောက်စားပြီး
နေအိမ်ပြန်လာတဲ့ အချိန် အသိစိတ်လွတ်သွားတဲ့ အခြေအနေမှာ သူ့သူငယ်ချင်းဖြစ် သူကအိမ်သာသို့ အတင်းခေါ်သွားပြီး သူ့ကို နမ်းရှုံ့ခြင်း၊ပွေ့ဖက်ခြင်း နဲ့ နောက်ဆုံးအမျိုးသား အချင်းချင်း လိင်ပိုင်းဆိုင်ရာအတင်းအကျပ် အဓမ္မပြုကျင့်ခြင်းတွေကို
ပြုလုပ်ခဲ့တာပဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ဝင်စစ်ဆေးချက် အရသိရပါတယ်။

ထိုစဉ်မှာ သူက အရက်တွေအလွန်အကျွံ သောက်လာတာကြောင့် ပြန်လည်တွန်းကန်ရုန်းထွက်ဖို့  အားအင်မရှိခဲ့ဘူးလို့လည်း အနိုင် ကျင့်ခံရတဲ့ကျောင်းသားက တရားရုံးတော်မှာ ထွက်ဆိုထားပါ တယ်။

အဆိုပါဖြစ်စဉ်အတွက် တရားခံဖြစ်သူနဲ့ တရားလိုတို့ရဲ့ ထွက်ဆိုချက်သက်သေတွေက မှန်ကန်မှုရှိတာကြောင့် လိင်အ

" ငါးမြီးရိုး fishbone hair style ပုံစံ ကျစ်ဆံမြီး ကျစ်နည်း "

 

ငါးမြီးရိုးသဏ္ဍာန် ကျစ်ဆံမြီး ကျစ်ချင်တဲ့ ပျိုမေတွေအတွက် ထသွားထလာအတွက်သာမက ပွဲတက်အထိ အဆင်ပြေပြီး အထာကျတဲ့ ငါးမြီးရိုးကျစ်ဆံမြီး ကျစ်နည်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။ ဆံပင်အားလုံးကို ဟိုဘက်ဒီဘက် နှစ်စုခွဲပြီး အောက်ပါ လုပ်ဆောက်ချက် အဆင့်ဆင့်အတိုင်း လုပ်ဆောင်လိုက်ရင် ရပါပြီ။

၁။ ခြောက်နေတဲ့ ဆံပင်မှာ ရေအနည်းငယ် ဖျန်းပေးပါ။ ဘီးမသုံးဘဲ ဆံပင်ကို လက်နဲ့ ဆွဲစုပေးပါ။ ဆံပင် လုံးလုံးလေး ဖြစ်လာပါလိမ့်မယ်။

၂။ နောက်ဘက်ကနေ ဆံပင်ကို အညီအမျှ နှစ်ဖွဲ့ ခွဲလိုက်ပါ။ ငါးမြီးပုံစံ ကျစ်ဆံမြီးကျစ်ခြင်းက ဆံပင် (၂) စု သာလိုအပ်ပါတယ်။

၃။ ဦးခေါင်းညာဘက်ခြမ်းမှ နာရွက်အရင်း နီးနားကနေ ဆံပင်လက်မဝက်ခန့်ကို လက်ညွှန်းနှစ်ချောင်းနဲ့ ခွဲထုတ်ရပါမယ်။ အဲဒါကို ဘယ်ဘက်ခြမ်းသို့ ကန့်လန့်ဖြတ်ယူလိုက်ပါ။ အဲဒီလို ကန့်လန့်ဖြတ်ယူတဲ့အခါ အောက်ဆုံးက ဆံပင်တွေဆွဲယူ အရေးကြီးပါတယ်။

၎။ ဘယ်ဘက်ခြမ်းကနေ လက်မဝက်ခန့် ဆံပင်စုကို ညာဘက်ခြမ်းသို့ တစ်ခါ ကန့်လန့်ဖြတ် ပြန်ယူပါ။ ဆံပင်အလွှာတွေ ပြုတ်ထွက်သွားမှာ မစိုးရိမ်ပါနဲ့။ အဲဒါက ချစ်စရာကောင်းပြီး သက်သောင့်သက်သာ ဖြစ်စေပါလိမ့်မယ်။

၅။ အဆုံးထိ မရောက်မချင်း လက်မဝက် ဆံပင်စုကို ဆက်ပေါင်းပေးပြီး အသေ မကျစ်မိဖို့ သတိပြုပါ။ ကျစ်ဆံမြီးကို ချောင်ချိနေစေဖို့ အနည်းငယ် ဆွဲပေးပါ။ အရမ်းအားထည့်ပြီးလည်း မလုပ်ပါနဲ့။ မညီမညာ၊

" ရေချိုးခန်း မသုံးရတဲ့ အင်ဒိုနီးရှားက Tidong လူမျိုးတို့ရဲ့ မင်္ဂလာဓလေ့ "


အင်ဒိုနီးရှားနိုင်ငံက Tidong လူမျိုးတွေရဲ့ ထုံးတမ်းစဉ်လာတွေက အရမ်းထူးခြားပါတယ်။ ချစ်စရာ အကောင်းဆုံး ဓလေ့
တစ်ခုကတော့ သတိုးသမီးကို သတိုးသားက သီချင်းအများကြီး မဆိုပြရင် သတိုးသမီးရဲ့မျက်နှာကို ကြည့်ခွင့်မရနိုင်ပါဘူး ။

သတိုးသားက သတ်မှတ်ထားတဲ့ သီချင်း အရေအတွက်ကို သီဆိုပြီးမှသာ မင်္ဂလာ သတိုးသားနဲ့ သတိုးသမီးကြားမှာ ကာရံထားတဲ့ လိုက်ကာစကို ဖယ်ရှားပစ်တာ ဖြစ်ပါတယ်။ အထူးခြားဆုံးကတော့ သတိုးသားနဲ့သတိုးသမီးက မင်္ဂလာဆောင်ပြီး သုံးရက် သုံးည အတွင်း ရေချိုးခန်းကို အသုံးမပြုရပါဘူး။

Tidong လူမျိုးတို့ရဲ့အယူအဆ အရ သုံးရက်သုံးည ဓလေ့ကို ဖောက်ဖျက်ခဲ့ရင် မင်္ဂလာမောင်နှံမှာ ကံဆိုးခြင်းတွေ ကြုံတွေ့မှာဖြစ်ပါတယ် ။အိမ်ထောင်ကွဲခြင်း ၊ သားသမီးမရခြင်း နဲ့ သားသမီး အရွယ် မရောက်ခင် သေဆုံးခြင်း တို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မင်္ဂလာ မောင်နှံကို လူများစွာက စောင့်ကြည့်နေပြီး အစာနဲ့ရေ အနည်းငယ်သာ

" အချစ် ခံစားမှုဆိုတာ .."


 အချစ်ဟာမနာလိုခြင်းလား
ကျွန်မ မသိ
ကျွန်မ မြင်နေချင်တာ မောင့်မျက်နှာ။
အချစ်ဟာအူတိုခြင်းလား
ကျွန်မ မသိ
ကျွန်မ ကြားနေချင်တာ မောင့်အသံသာ။
အချစ်ဟာ ပိုင်ဆိုင်ခြင်းလား
ကျွန်မ မသိ
ကျွန်မ ပိုင်ဆိုင်ချင်တာ မောင့်မေတ္တာ။
အချစ်ဟာ ပေးဆပ်ခြင်းလား
ကျွန်မ မသိ
ကျွန်မ လိုချင်တာ မောင့်သစ္စာ။
အချစ်ဟာစွန့်လွတ်ခြင်းလား
ကျွန်မ မသိ
ကျွန်မ နေချင်တာ မောင့်ရင်ခွင်မှာ။
အချစ်ဟာရှင်သန်ခြင်းလား
ကျွန်မ မသိ
ကျွန်မ ရှင်သန်ချင်တာ မောင့်ကမ္ဘာမှာ။

" မိမိဖုန်းကို ပျက်စီးစေတဲ့ အလေ့အကျင့်ဆိုးများ " ( Ko Pauk )



ဖုန်းကို ပျက်စီးစေတဲ့အချက်များထဲမှာ app များ ဒေါင်းလုဒ် ရယူခြင်းလည်း ပါဝင်တယ်။ အချို့ app တွေဟာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆော့ဝဲလ်တွေ ပါနိုင်ပါတယ်။ စိစိစစ်စစ်ရှိကို ရှိရပါမယ်။ မိမိဖုန်းကို ပျက်စီးစေတဲ့ အဓိကအရာတွေကတော့
နေရောင်ခြည်နဲ့ထိတွေ့ခြင်း
ဖုန်းကို နေပူထဲ ဘယ်တော့မှ မထားခဲ့ပါနဲ့။
ဘောင်းဘီနောက်ကျောအိပ်ကပ်ထဲ ထည့်သိမ်းထားခြင်း
နောက်ကပ်ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားတာဟာ ထိုင်ရင် ဖုန်းကို ကွေးသွားစေနိုင်ပါတယ်။
ဈေးပေါပေါဖြင့်ရသော အားသွင်းကြိုးများ
အဲဒီလိုအားသွင်းကြိုးအများစုက ပါဝါကို လိုသလောက် မဖြည့်ပေးနိုင်ပါဘူး။ တချို့ဆိုရင် ဘေးကင်းလုံခြုံမှုအပိုင်းကို

January 21, 2016

" ရည်းစားသစ် ထပ်ထားခဲ့တဲ့ ချစ်သူကောင်မလေးနဲ့ သူ့ကောင်လေးကို သတ်ပစ်ခဲ့တဲ့ လူသတ်သမားက သူကိုယ့်သူပါ သေကြောင်းကြံစည်ခဲ့ "

နယူးယော့ခ်အနောက်ပိုင်း Geneseo မြို့လေးက အသက် ၂၀စွန်းစွန်းသာ ရှိသေးတဲ့ လူငယ်သုံးဦး တစ်ပြိုင်နက် သေဆုံးသွားခဲ့တဲ့ ၀မ်းနည်းစရာ သတင်းဟာ လူတော်တော်များများကို စိတ်ထိခိုက်ကြေကွဲစေခဲ့ပါတယ်။ Geneseo က တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေဖြစ်တဲ့ Matthew Hutchison ၂၄နှစ်နဲ့ Kelsey Annese ၂၁နှစ်တို့ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က Annese ရဲ့ အိမ်မှာ သေဆုံးလျှက် တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးကို သတ်ခဲ့သူကတော့ Annese ရဲ့ ရည်းစားဟောင်းဖြစ်သူ အသက် ၂၄နှစ်အရွယ် Colin Kingston ပဲ ဖြစ်ပါတယ်။ သတင်းတွေအရတော့ Colin ဟာ သူတို့နှစ်ဦးကို သတ်ပြီးချိန်မှာပဲ သူ့ကိုယ်သူလည်း သတ်သေသွားခဲ့ပါတယ်တဲ့။

Annese နဲ့ Kingston တို့ဟာ တွဲခဲ့ကြတာ သုံးနှစ်ကြာရှိပြီဖြစ်ပြီး မကြာသေးခင်က လမ်းခွဲလိုက်ကြတာပါ။ Geneseo မြို့က ရဲတွေရဲ့ ပြောပြချက်အရတော့ Kingston ဟာ ကောင်မလေး အိမ်ကို မနက် ၅နာရီခွဲနဲ့၆နာရီကြား မကြာခဏ သွားလေ့ရှိတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားရာနေရာမှာ တွေ့ရတာက Annese နဲ့ Hutchison တို့ဟာ ဓားဒဏ်ရာ အချက်ပေါင်းများစွာနဲ့ သေဆုံးနေတာဖြစ်ပြီး တော်တော်လေး ကြီးတဲ့ ဓားနဲ့ထိုးထားတယ်လို့လည်း ဖော်ပြထားပါတယ်။ သူတို့နှစ်ယောက်ကို သတ်ခဲ့တဲ့ Kingston ကတော့ သတ်ပြီးပြီးချင်း သူ့အဖေဖြစ်သူကို ဖုန်းဆက်ကာ သူလုပ်ခဲ့တာတွေကို ပြောပြခဲ့တဲ့အပြင် သူ့ကိုယ်သူလည်း သတ်သေတော့မှာ ဖြစ်ကြောင်း ပြောပြသွားပါသေးတယ်။ ရဲအရာရှိတွေ ရောက်ရှိသွားချိန်မှာတော့ သုံးဦးစလုံး အသက်မရှိတော့ဘူးလို့ သိရပါတယ်။

Kingston ကလည်း Geneseo ရဲ့ ကျောင်းသားဟောင်းတစ်ယောက် ဖြစ်တဲ့အပြင် သူကိုယ်တိုင်လည်း အရင်က ဘတ်စကတ်ဘော ကစားသမားတစ်ဦးဖြစ်ပါတယ်။ Annese ကတော့ တက္ကသိုလ်ဘတ်စကတ်ဘော အသင်းမှာ ခုချိန်ထိ ကစားနေဆဲပါ။ စနေနေ့ညက သူမဟာ ကစားပွဲရှိခဲ့ပြီး အဲ့ဒီအကြောင်းတွေကို သူမတို့အိမ်မှာ ကစားဖော်တွေနဲ့ ပြောဆိုဆွေးနွေးခဲ့ပါသေးတယ်။ Kingston အိမ်ရောက်လာချိန်မှာ အခြားသူငယ်ချင်းတွေ ရှိနေတယ်လို့သိရပေမယ့် Annese နဲ့ Hutchison တို့ကတော့ အိပ်ပျော်နေကြပါတယ်တဲ့။ ဒါ့ကြောင့်လည်း သူတို့နှစ်ဦး

" ထူးဆန်းတဲ့ ချောကလက် တောင်ကုန်းများ "

 
 
ဖိလစ်ပိုင်နိုင်ငံ၊ ဘိုဟိုးဒေသ မှာ ရှိတဲ့ ချောကလက် တောင်ကုန်းတွေဟာ ခရီးသွားတွေကို ဆွဲဆောင်နိုင်မှု အရှိဆုံးဒေသ တစ်ခု ဖြစ်ပါတယ်။ ဒီလိုတောင်ကုန်းပေါင်း ၁၇၇၆ ခု ရှိဟာ စတုရန်းကီလိုမီတာ ၅၀ ကျော်အကျယ်အဝန်း ထဲမှာ ပျံ့နှံ့တည် ရှိနေပါတယ်။ တောင်ကုန်းတွေ ပေါ်မှာ ပေါက် ရောက်နေတဲ့ အစိမ်းရောင် မြက်ပင်တွေဟာ ခြောက်သွေ့တဲ့ ရာသီမှာ အညိုရောင် ပြောင်းသွားလေ့ရှိတဲ့ အတွက် ချောကလက် တောင်ကုန်းလို့ ခေါ်ကြတာ ဖြစ်ပါတယ်။

ဒီတောင်ကုန်းတွေ မှာ ဒဏ္ဍာရီတွေက အမျိုးမျိုးရှိပြီး ဒဏ္ဍာရီတစ်ခု ကတော့ အာရိုဂိုဆိုတဲ့ ဘီလူးကြီး တစ်ကောင် ရဲ့ အကြောင်းဖြစ်ပါတယ်။ အာရိုဂိုဟာ ငယ်ရွယ်ပြီး အင်အားကြီးမားသန်စွမ်း တဲ့ ဘီလူးဖြစ်ပါတယ်။ အာလိုယာ ဆိုတဲ့ ငယ်ရွယ် ချစ်စရာ ကောင်းတဲ့ လူသားမိန်းကလေး တစ်ဦး ကို ချစ်ခင်နှစ်သက်မိခဲ့ပါသတဲ့။ တစ်နေ့မှာ တော့ မမျှော်လင့်ပဲ

" မင်္ဂလာရှိသော... အချစ်စစ်.... "

 
ကောင်လေးနဲ့ ကောင်မလေးဟာ သိပ်ချစ်ကြတဲ့သူတွေပါ။
ကောင်လေးရဲ့ အားသာချက်ဟာ ကောင်မလေးရဲ့အားနည်းချက်တွေဖြစ်နေတတ်ပြီး
ကောင်မလေးရဲ့ အားသာချက်တွေက ကောင်လေးရဲ့ အားနည်းချက်တွေဖြစ်နေပြန်တယ်။
ကောင်လေးက ဆင်းရဲတယ် ကောင်မလေးကချမ်းသာတယ်
အသွင်မတူတဲ့ အရောင်စုံတွေခင်းထားတဲ့လမ်းမပေါ်မှာ
တူညီစွာလျှောက်လှမ်းသွားကြဖို့ သူတို့စိတ်ကူးထားကြတယ်။
ကောင်လေးရဲ့ မိဘတွေက ဆင်းရဲလွန်းလို့ကောင်လေးခမျာ ဘ၀ကိုချို့တဲ့စွာနဲ့ဖြတ်သန်းခဲ့ရတယ်။
ကောင်မလေးရဲ့ မိဘတွေကတော့ ချမ်းသာလွန်းလို့ ကောင်မလေးကဘ၀ကို ပန်းခင်းလမ်းပေါ်မှာပဲဖြတ်သန်းခဲ့တယ်။
ကောင်လေးက ကဗျာတွေရေးတယ် ကောင်မလေးက သူရေးတဲ့ကဗျာတွေကိုခံစားပေးတယ်။
ကောင်လေးက သူ့အိပ်မက်တွေအကြောင်းပြောတယ် ကောင်မလေးက အဲဒီအိပ်မက်တွေကိုနိုးထခွင့်ပေးတယ်။
ကောင်လေးက သူ့ဘ၀ဘယ်လောက်ပဲဆင်းရဲနေပါစေ ကောင်မလေးကိုတော့ အဆင့်တန်းမြင့်မြင့်နဲ့အမြင်ဆုံးနေရာမှာ
ထားချင်တဲ့သူပါ။ဒါပေမယ့် ကောင်လေးကံကြမ္မာဟာ ဆိုးဝါးလွန်းပါတယ်။
ကောင်လေးမှာ မိဘနှစ်ပါးစလုံးရှိတယ်ဆိုပေမယ့် ဖအေလုပ်တဲ့သူက အရက်သမားကြီး
အမေလုပ်တဲ့သူက နှလုံးရောဂါသည်။ညဘက်တွေဆိုရင် ကောင်လေးဟာ သူ့အိမ်အခြေအနေအကြောင်းတွေးရင်း
အိပ်ယာထဲမှာအမြဲငိုနေရတယ်။သူ့ရဲ့ မပြည့်စုံမှုတွေကြောင့် တစ်နေ့ကောင်မလေးသူ့ကိုထားခဲ့မှာကိုလဲသူစိုးရိမ်နေရတယ်။
တကယ်တော့ ကောင်လေးက စိတ်ကောင်းမနောကောင်းရှိတဲ့ ယောကျာ်းပီသတဲ့သူပါ။
ကိုယ်ကျင့်တရားကို အသက်ထက်ပိုမြတ်နိုးတဲ့သူပါ။
ဘ၀ဟာ ဆူးခင်းသောလမ်းဖြစ်နေပေမယ့် ပန်းလေးတွေပျိုးနေတဲ့ ဥယျာဉ်မှုးလေးပါ။
ကောင်မလေးက ကောင်လေးကို အရမ်းသနားမိတယ်။ကောင်လေးကိုလည်းအမြဲအားပေးစကားတွေပြောလေ့ရှိတယ်။
ကောင်လေးအတွက်ဆိုရင် သူဘာပဲပေးရပေးရ၀န်မလေးတဲ့သူပေါ့။
ဒါပေမယ့်ကောင်မလေးမိဘတွေက ကောင်လေးနဲ့လုံးဝမှသဘောမတူတာ။
ကောင်မလေးခမျာ ချစ်သူနဲ့ဝေးရမှာကိုစိုးထိတ်ပြီး မျက်ရည်တွေကြားမှာ နိုးထနေရတဲ့သူပါ။
ကောင်မလေးက အရမ်းချစ်တတ်တယ်။ကောင်လေးကိုလဲ အရမ်းဂရုစိုက်တယ်။
သူငယ်ချင်းတွေကြားမှာကောင်လေးရဲ့ အားနည်းချက်တွေပြောကြရင် သူဘယ်လိုမှမခံနိုင်ဘူး။
ကောင်မလေးက အချစ်စစ်နဲ့ချစ်ရတဲ့ ကောင်လေးအတွက် ဘာမဆိုရင်ဆိုင်သွားမယ့်သူပါ။
တစ်နေ့ ကောင်မလေးမိဘတွေက ကောင်မလေးကိုတခြားတစ်ယောက်နဲ့လက်ထပ်ပေးဖို့စီစဉ်ကြတယ်။
ကောင်မလေးကလုံးဝသဘောမတူဘူးလို့ ဘယ်လိုပဲငြင်းပေမယ့် မိဘတွေကအတင်းစီစဉ်နေကြတယ်။
ကောင်မလေးဟာ ငိုရလွန်းလို့ အသည်းတွေပေါက်ထွက်မတတ်ခံစားနေရတယ်။
ူသူ့ချစ်သူကောင်လေးကို ဒီအကြောင်းတွေသူပြောပြချင်ပေမယ့် ကောင်လေးအနားကိုဒီရက်ပိုင်းအတွင်းသူမသွားနိုင်ခဲ့ဘူး။
ကောင်လေးက ဆုံနေကျပန်းခြံထဲက ခုံလေးပေါ်မှာ ကောင်မလေးလာမယ့်အချိန်ကိုစောင့်မျှော်ရင်းနဲ့

" အလွန်တရာ အကျိုးရှိတဲ့ Spirulina စိမ်းပြာရေညှိရဲ့ အကျိုးကျေါ်ဇူးကို ဆိုက်သုံးခုမှ စုပေါင်း တင်ပေးလိုက်ပါတယ် "

 
(( ၁ )) ပထမမြောက် ဆိုက်မှာ...
🎋Tiens Spirulina🎋
Spirulina သည် အာနိသင်စုံအစာ ဖြစ်သောကြောင့် အာကာသယာဉ်မှူးများ မရှိမဖြစ်သောဓာတ်စာဖြစ်သည်။
🎋Tiens Spirulina သည် ကမ္ဘာပေါ်ရှိ spirulina အကောင်းဆုံးထွက်ရှိရာဒေသဖြစ်သော တောင်အာဖရိက မှ spirulina ကို ကုန်ကြမ်းအဖြစ်သုံးထားသည်။ 🎋Tiens Spirulina ကိုသောက်သုံးခြင်းအားဖြင့်
 ခုခံစွမ်းအားတိုးခြင်း
Radiation ကိုခန္ဓာကိုယ်မှ ခုခံကာကွယ်ပေးခြင်း
🚿ခန္ဓာ ကိုယ်ထဲရှိအဆိပ်တောက်များကို ရှင်းထုတ်ပေးခြင်း
🔆ကင်ဆာ ဓာတ်ကင်ကုသမှုအတွက်အထောက်ကူပြုပေးခြင်း
🍬ဆီးချိုရောဂါ သည်များအတွက် လိုအပ်သော အာဟာရ ကို လျင်မြန်စွာဖြည့်တင်းပေးခြင်း
သွေးတွင်းအဆီဓာတ်ချပေးခြင်း
🔧သွေးလွတ်ကြောမာခြင်းကိုပြုပြင်ပေးခြင်း
💆အလှပအတွက်လုပ်ဆောင်ပေးခြင်း
🍼ကလေးသူငယ်များအတွက် အာဟာရဖြည့်ပေးခြင်း
သောက်သုံးသင့်သူများ
❄ကိုယ်ခံအားနည်းသူ၊အအေးမိတတ်သူ
❄IT ပစ္စည်း များနှင့်မကြာခဏထိတွေ့နေရသူ
❄အလုပ်ပင်ပန်းသူ
❄အဝလွန်သူ
❄သွေးတိုးရောဂါရှိသူ
❄တင်းတိပ်၊ဝက်ခြံ၊ခံတွင်းနံ့ရှိသူ၊ဓမ္မတာမမှန်သူ
❄နံနက်စာမစားသူ၊ready made အစားစာများမကြာခဏစားသုံးသူ၊စားသောက်မှုပုံစံမမှန်သူ

" ဖနောင့်ပေါက်၍တန်ပြန်စေ.... "

တစ်ခါတစ်လေ တကယ့်လူမှုဘဝတွေမှာ အသားလွတ်ကြီးဆဲခံရတာတွေ ကုန်းချောခံရတာတွေရှိပါတယ်။
               တစ်စုံတစ်ယောက်က မိမိကိုဆဲလာတဲ့အခါ မိမိအနေနဲ့ ဘာကိုမှပြန်မဆဲပါနဲ့...။ ဘာမှလည်းမလုပ်လိုက်ပါနဲ့။ သူ့မျက်နှာ (အနားမှာမရှိရင်လည်းဓာတ်ပုံ) ကိုစေ့စေ့ကြည့်ပါ။ စေ့စေ့ကြည့်ပြီးတော့ အာဏာသံပါပါနဲ့ -
            "ဥုံ - တောင်ဖြိုရေလှိုင်း နဂါးမီးဝိုင်း နင့်စကားငါမယူ နင်ပြန်ယူဟဲ့..."

လို့ပြောကာ ဖနောင့်တစ်ချက်ပြင်းပြင်းပေါက်လိုက်ပါ။ ကိုယ့်ကိုဆဲတဲ့သူ သူ့စားရိတ်နဲ့သူသွားပါလိမ့်မယ်။

January 20, 2016

" သမီးလေးတိုက်တဲ့ ရေနွေးတစ်ခွက် " ( ဟိုက်!!....သေရော) ဟာသ

 
မိခင်ဖြစ်သူ အပြင်သွားတာမို့ သုံးနှစ်သမီးလေး ဆူဇီကို အဖေဖြစ်သူနဲ့ အိမ်မှာထားခဲ့ပါတယ်။ အဖေဖြစ်သူက ညနေခင်း
သတင်းကိုစိတ်ဝင်တစားနဲ့ကြည့်နေချိန်မှာဆူဇီဟာမကြာခင်ကမှမွေးနေ့လက်ဆောင်ရထားတဲ့ ရေနွေးအိုး၊ ရေနွေးခွက်
ကလေးတွေနဲ့ ကစားနေပါတယ်။ ခဏအကြာမှာတော့ သူ့ရဲ့ ရေနွေးခွက်ငယ်ကလေးထဲမှာ ရေထည့်လာပြီး အဖေဖြစ်သူကို
တိုက်ပါတော့တယ်။

သမီးလေးရဲ့ အပြုအမူအတွက် ချီးကျူးစကားဆိုလိုက်ပြီး ဖခင်ဖြစ်သူဟာ ခွက်ထဲကရေတွေကိုသောက်လိုက်ပါတယ်။
လက်ဖက်ရည်ခွက်ပေါင်းများစွာ သောက်လို့အပြီး ဖခင်ဖြစ်သူလည်း ကလေးကို အကြိမ်များစွာချီးကျူး စကားပြော
ရပြီးတဲ့နောက်မှာတော့ မိခင်ဖြစ်သူ အိမ် ပြန် ရောက်လာပါတယ်။ ဆူဇီလေး လက်ဖက်ရည်ခွက်ကိုင်ပြီးသူ့အဖေ
နားကို ထပ်လာချိန်မှာ "တို့ရဲ့ သမီးလေးကို ကြည့်ပါဦး..မိန်းမရယ်"လို့ အမျိုးသားက ဇနီးသည်ကို အပြုံးနဲ့ပြောလိုက်

" ရေခဲသေတ္တာအောက်က ကိုယ်ဝန်သည် မြွေမကြီးကြောင့် လူအိမ်ရှင်မက အိမ်တွင်နေရမှာကြောက်ရွံ့ "

 
သြစတေးလျ အမျိုးသမီးတစ်ယောက်ဟာ သူရဲ့ရေခဲသေတ္တာအောက်မှာ ကိုယ်ဝန်ဆောင်နေတဲ့ အဆိပ်ပြင်းမြွေမကြီးကို
တွေ့ရှိပြီး အိမ်မှာတောင် မနေရဲတော့ပါဘူးတဲ့။

မြွေမကြီးကို မြွေဖမ်းသူ Adelaide က ဖမ်းယူနေတဲ့ ဗီဒီယို ဖိုင်ကိုလည်း You Tube မှာ တင်ထားခဲ့ပါတယ်။ မြွေကို အိမ်ကနေ ဖယ်ရှားပြီးနောက်မှာ မြွေဖမ်းသူက ကိုယ်ဝန်ဆောင်ထားမှန်း သိရှိသွားပြီး ဥပေါင်း ၁၄ ဥ ဥခဲ့ကာ သူကပဲ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

 “ ဒီကံကောင်းတဲ့အမျိုးသမီးက ရေခဲသေတ္တာအောက်က မြွေခေါင်းထွက်နေတာကိုမြင်လိုက်ရပြီး ချက်ချင်းပဲ မြွေဖမ်း
ကျွမ်းကျင်သူကို လှမ်းခေါ်လိုက်တာပါ” လို့ Facebook ပို့စ် မှာရေးသားထားပါတယ်။ တစ်နည်းပြောရင်တော့ အခြေအနေတွေက နည်းနည်းပြောင်းလဲသွားတာပါ အဲလိုမှမဟုတ်ရင် နောက်လအနည်းငယ်အတွင်းမှာ သူ မီးဖိုချောင်ထဲကို

" ကမ္ဘာ့အမြင့်ဆုံး သစ်ပင်အဖြစ် ၃၆၉ ပေရှည်တဲ့ သစ်ပင်ကိုကယ်လီ ဖိုးနီးယား ပန်းဥယျာဉ်တစ်ခုမှာတွေ့ရှိ "

 
ကမ္ဘာပေါ်မှာ အရှည်ဆုံးသစ်ပင်တစ်ပင်အဖြစ် အမြင့်ပေ ၃၆၉ ပေရှိ တဲ့ သစ်ပင်တစ်ပင်ကို ကယ်လီဖိုးနီးယား ပြည်နယ်၊ ဟန်းဘိုလ် ရက် ဝုဒ်ပြည်နယ်ပန်းဥယျာဉ်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Strastosphere Giant (Sepuoia sempervirens) အမည်ပေးထား တဲ့ ဒီသစ်ပင်ရဲ့ထုထည်အမြင့်ပေက ကမ္ဘာ့အမြင့်ဆုံးလို့သတ်မှတ် ထားတဲ့ ရုပ်တုတစ်ခုဖြစ်တဲ့ နယူးယောက်မြို့တော်က Statue of Liberty ရုပ်တုထက်တောင်ပိုပြီး မြင့်နေပါသေးတယ်လို့ တိုင်းတာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒီ ကမ္ဘာ့အမြင့်ဆုံးသစ်ပင်ကို ကယ်လီဖိုးနီးယားပန်းဥယျာဉ် သဘာ ဝလေ့လာစောင့်ကြည့်ရေးအဖွဲ့က ဝန်ထမ်း ခရစ်ကတ်ကင်နဲ့ မိုက် ကယ်တေလာတို့နှစ်ဦးက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ကာ ယခင်က လည်းဒီလိုမျိုး အရှည်ဆုံးသစ်ပင်မျိုးစိပ်ဖြစ်တဲ့ အမြင့် ပေ ၃၇၉ ပေ ရှိတဲ့ Hyperion သစ်ပင်ကိုတွေ့ရှိခဲ့ပြီး အဲ့ဒီသစ်ပင်အမျိုးအစားက တော့

" ဘယ်လို ကောင်လေးမျိုးတွေကို ကောင်မလေးတွေ ကြွေကြသလဲ "

 
မိန်းကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူကြဘူးဆိုပေမယ့် များသောအားဖြင့်ဘယ်လိုယောင်္ကျားလေး
မျိုးကအထာကျတယ်၊ ကြည့်လိုက်တာနဲ့ စိတ်ထဲ တန်းရောက်သွားစေတဲ့ သူတို့သဘောကျတဲ့ ယောင်္ကျားလေးပုံစံမျိုးလေးတွေ
ကတော့ တူညီနေတတ်တာ တွေ့ရပါတယ်။အဲ့ဒီလိုမိန်းကလေးတွေသဘောကျတဲ့ ယောင်္ကျားပုံစံတွေကတော့.......

၁။ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး ပြင်ဆင်မထားဘဲ အဆင်ပြေပြေ နေထိုင်တတ်သူ။ ခေါင်းအစ၊ ခြေအဆုံး မိန်းကလေးထက် ပိုမိုပြင်ဆင်ထားမျိုးတဲ့ ဘဲမျိုးဆိုရင်တော့ ဘယ်ကောင်မလေးက ကြွေတော့မှာလဲ။

၂။စကားပြောတဲ့အခါ ဖြေးဖြေးနဲ့ ခပ်မှန်မှန်ပြောတတ်တဲ့ ယောင်္ကျားမျိုးကိုလည်း ကောင်မလေးတွေ သဘောကျကြပါ

" ထူးခြားပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ နေရာတွေမှာ ဆံပင်ညှပ်ပေး တဲ့ ရုရှားဆံပင်ညှပ်ဆရာ "

 
ရုရှားဆံပင်ညှပ်ဆရာတစ်ဦးက သူ့ရဲ့ဆံပင်ညှပ်ခြင်းအတတ်ပညာ ကို သာမန်နဲ့မတူထူးခြားတဲ့ ဆံပင်ညှပ်ခြင်းပုံစံမျိုးဖြစ်
လာအောင် ကြိုးစားရင်း နောက်ဆုံးမှာကမ္ဘာကျော်သွားခဲ့ပါတယ်။

 သူ့ရဲ့ဆံပင် ညှပ်တဲ့အနေအထားနဲ့ ညှပ်ပေးတဲ့နေရာတွေကို ထွင်ပြီး သာမန် ဆံပင်ညှပ်ဆိုင်တွေလို ဆိုင်ခန်းမှာမျိုးမဟုတ်ပဲ ထူးထူးခြားခြားနဲ့ အသက်စွန့်ဆံဖျား စိတ်လှုပ်ရှားစရာကောင်းတဲ့ ဆံကေသာညှပ် ခြင်းပုံစံမျိုးကို ဖန်တီးခဲ့တာဖြစ်ပါတယ်။



 ဒန်းနစ်ယုရှင် (Motobarber) လို့အမည်ပေးထားတဲ့ အဆိုပါ ဆံကေ သာပညာရှင်က လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က
တည်းက သူ့မွေး ရပ် ကရန်နို့စ်ရားစက်ကနေ ဇနီးသည်နဲ့သားသမီးတွေကို စွန့်ခွာပြီး ကမ္ဘာအနှံ့ထူခြားတဲ့ဆံကေသာ
 ညှပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။  ထူးခြားစွာ ဆံပင်ညှပ်နေတဲ့ ပုံလေးတွေကတော့ ဒီအောက်မှာပါ......

January 19, 2016

" အလှမပြင်တတ်တဲ့‬ အိမ်ထောင်ရှင်မတွေရဲ့ အခြေခံအကျဆုံး ရင်တွင်းခံစားချက် "

တကယ်လို့များ ကျွန်မဟာ ယောကျာ်းတစ်ယောက်အတွက်နဲ့ လိမ်းထားတဲ့ မိတ်ကပ်တွေ ၊နှုတ်ခမ်းနီးတွေဖျက်၊
ဒေါက်ဖိနပ်တွေ ချွတ်ပြီး ဖိုသီဖတ်သီနဲ့ ဖိနပ်ပါးတစ်ရန်စီးပြီး နောက်ဖေးချောင်မှာ အိမ်ဖေါ်တစ်ယောက်လို အိမ်အလုပ်တွေချည်း ဖိလုပ်နေမိတယ်ဆိုရင်..

တကယ်လို့များ ပေါ်သမျှ အ၀တ်စား ဒီဇိုင်းအသစ်တွေ မ၀တ်နိုင်တော့ပဲ ဖြစ်သလို အိမ်နေရင်းအ၀တ်လေးတွေ ၀တ်ပြီး ကလေးတွေအတွက် ကျောင်းပို့ကျောင်းကြိုလုပ်နေမိတယ် ဆိုရင် ...
တကယ်လို့များ ရီမောစရာ ကြုံလာရတဲ့အခါ လှလှပပ မရီမိတော့ပဲ စိတ်လွတ်ကိုယ်လွတ် ရီမောလိုက်မိတာမျိုးရှိသလို ဒေါသထွက်လာတဲ့ အခါမှာလည်း ကိုယ့်ရုပ်ကိုဂရုမစိုက်မိတော့ပဲ သရဲမလိုရုပ်ဖြစ်တဲ့အထိ ဒေါသတွေထွက်နေခဲ့မယ်ဆိုရင်....

တကယ်လို့များ စူထွက်လာတဲ့ ဗိုက်အတွက် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရပဲ ဒီဗိုက်ပူပူနဲ့ပဲ ထမင်းဟင်းချက်ပြီး ယောကျာ်းပြန်လာတာကို ထမင်းဝိုင်းအဆင်သင့်ပြင်ပြီး စောင့်နေခဲ့မယ်ဆိုရင်...
ဒီလိုလုပ်နေတာအားလုံးဟာ

ကျွန်မမှာ ဒီထက်သာတဲ့ယောကျာ်းတစ်ယောက် ရနိုင်တဲ့အရည်ချင်းမရှိလို့ ၊ ဒါမှမဟုတ် ဆွဲဆောင်မှုမရှိတော့လို့ထက် ကိုယ့်အတွက်တန်ဖိုးရှိပြီး ကိုယ့်ကိုတန်ဖိုးထားတဲ့ ယောကျာ်းတစ်ယောက်အတွက် ကိုယ်ကျိုးမကြည့်နိုင်တော့ပဲ လုပ်ပေးနေမိတာပါ။

တကယ်လို့များ တစ်နေ့ကျရင် တွေ့စတုန်းကလို ပျိုမြစ်မှုတွေ၊ လှပမှုတွေ၊ ဆွဲဆောင်မှုတွေ၊ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်မှုတွေ မရှိတော့လို့ ကျွန်မကို တန်ဖိုးမထားတော့ဘူးဆိုရင် ကျွန်မအတွက်လည်း ထိုယောကျာ်းက တန်ဖိုးမရှိတော့တဲ့အတွက် အရင်တွေ့စလိုပဲ အပူအပင်မရှိ လှလှပပပြန်နေထိုင်ဖို့ ကျွန်မရဲ့လမ်းကြောင်းတွေ အကုန်နောက်ပြန်လှည့်လို့ ရပါတယ်။
ချွတ်ချခဲ့တဲ့ ဒေါက်ဖိနပ်တွေ ၊ မလိမ်းဖြစ်တော့တဲ့ မိတ်ကပ်တွေကို အချိန်မရွေးပြန်လည် ခြယ်သရင်း မိသားစုအတွက်တကုတ်ကုတ် အလုပ်ရှုပ်စရာမလိုတော့တဲ့ ကျွန်မဟာ ကိုယ့်တိုးတက်ရာတိုးတက်ကြောင်း အလုပ်တွေလုပ်ရင်း အတောက်ပဆုံး ပြန်နေထိုင်နိုင်ပါတယ်။

အိမ်အပြင်ထွက်ရင် တန်ဖိုးရှိတဲ့ ယောကျာ်းတွေအများကြီးရွေးချယ်စရာ ရှိနေပေမဲ့ ကိုယ့်အတွက်အဖိုးတန်လို့ ယူဆထားလို့

" စာသမားတွေကို ရည်းစားအဖြစ်ရွေးသင့်တဲ့အချက် (၅) ချက် "

 
သူတို့ကိုယ် သူတို့သိတယ်
စာအုပ်ချစ်တဲ့စာသမားတွေကို ရွေးရတဲ့အဓိကအကြောင်းအရင်းကတော့ သူတို့ကိုယ်သူတို့ ကောင်းကောင်းသိတာပါပဲ။ သူတို့ကြိုက်တာက ဘာတွေဖြစ်ပြီး သူတို့မကြိုက်တာက ဘာတွေဖြစ်တယ်ဆိုတာ ကွဲကွဲပြားပြား သိကြပါတယ်။ သူတို့ဘာဖြစ်ချင်ပြီး သူတို့ဘာမဖြစ်ချင်ဘူးဆိုတာ ကောင်းကောင်းသိကြပါတယ်။ ဒီတော့ နှစ်ယောက်သားဆက်ဆံရေးက ရှင်းရှင်းလင်းလင်းရှိပါတယ်။

လက်ခံတယ်
လူ့စိတ်က ရှုပ်ထွေးတယ်ဆိုတာ သူတို့ကလက်ခံပါတယ်။ အတက်အကျရှိတတ်တဲ့ စိတ်အခြေအနေတွေကို သူတို့ကသဘောပေါက်တာကြောင့် သင့်ကိုနားလည်မှုရှိပါတယ်။

အသစ်
အသစ်တွေကိုလေ့လာဖို့ အမြဲစိတ်ကိုဖွင့်ထားပါတယ်။  ခြားနားတဲ့ကမ္ဘာ၊ ခြားနားတဲ့အမြင်တွေကို အမြဲလမ်းဖွင့်ထားသူတွေဖြစ်ပါတယ်။

အလျင်မလို
စာဖတ်တယ်ဆိုတာ တစ်ခုခုကို အာရုံစိုက်နေထိုင်တာဖြစ်ပါတယ်။ ကိစ္စတော်တော်များကို  သူတို့ကအလျင်မလိုတတ်ပါဘူး။ တစ်ဖက်လူရဲ့ အပြောအဆို၊ အပြုအမူ၊ နောက်ခံဘဝတွေအပါအဝင် စိတ်ခံစားချက်ကိုပါ ထည့်တွက် လေးစားတတ်ပါတယ်။

ညဏ်ပညာ
ညဏ်ပညာနဲ့ပက်သက်တာတွေ၊ စိတ်ခံစားချက်ကို အလေးထားတဲ့ အရာတွေကို သူတို့က ပိုဂရုစိုက်တတ်ပါတယ်။ သူတို့ကြိုက်တာတွေက စာအုပ်၊ ပန်းချီ၊ ဇာတ်ကားတွေဖြစ်ပြီး တဒင်္ဂတွင်းကိုယ်စားပြုတဲ့ အပေါ်ယံအရာတွေ

" အရှက်လုံ သံချပ်ကာဘောင်းဘီတို သော့ပျောက်သွားလို့ မီးသတ်ဌာနမှာ အကူအညီတောင်းခဲ့ရတဲ့ အမျိုးသမီး "


အီတလီနိုင်ငံက အမျိုးသမီး တစ်ဦးဟာ ခန္ဓာကိုယ်အောက်ပိုင်း လုံခြုံမှုရှိစေဖို့ ဝတ်ဆင်တဲ့ အကာအကွယ်ခါးပတ်သော့
ပျောက်သွားတာကြောင့် မီးသတ်ဌာနမှာ အကူအညီ တောင်းခဲ့တယ်လို့ Telegraph သတင်းဌာနက ဖော်ပြပါတယ်။

ဒီအမျိုးသမီးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက အီတလီနိုင်ငံ ပါဒူအာမြို့က မီးသတ်ဌာနကို ရောက်လာခဲ့ပြီး သော့ဖွင့်မရလို့ အကူအညီ တောင်းချင်ပါတယ်လို့ ပြောခဲ့ပါတယ်။ သူက အဲဒီလိုပြောချိန်မှာ မီးသတ်သမားက ဒီအမျိုးသမီးအနေနဲ့ အိမ်ထဲမှာ သော့ကျန်ခဲ့တာကို သတိမထားမိဘဲ အပြင်ဘက်ကနေ သော့ပိတ်မိလို့ အိမ်ထဲပြန်ဝင်ဖို့ အခက်တွေ့နေတယ်လို့ 
ထင်မှတ်ခဲ့ပါတယ်

အဲဒီအတွက် မီးသတ်သမားက အိမ်တံခါးသော့ဖျက်ပေးဖို့ အိမ်လိပ်စာနဲ့ လိုအပ်တဲ့ အချက်အလက်တွေ မေးမြန်းရာမှာ အမျိုးသမီးက သူမရဲ့ ခန္ဓာကိုယ် အောက်ပိုင်း အဝတ်အစားကို လှန်ပြပြီး အကာအကွယ်ခါးပတ် သော့ပျောက်သွား
ဲ့အကြောင်း ရှင်းပြခဲ့ပါတယ်
''ကျွန်မရဲ့ အကာအကွယ်ခါးပတ်သော့ ပျောက်သွားတယ်။ ဒါကို ကျွန်မ ဖွင့်လို့မရတော့ဘူး''ဟု အမျိုးသမီးက ပြောချိန်မှာ မီးသတ်ဌာနက မီးသတ်သမားအားလုံး မှင်သက်သွားခဲ့ကြပါတယ်။

သူမရဲ့ ခန္ဓာကိုယ်အောက်ပိုင်းအကာအကွယ်ခါးပတ်က သံနဲ့လုပ်ထားတဲ့ ပစ္စည်းပါ။ ဒါပေမဲ့ မီးသတ်သမားက အဲဒီပစ္စည်းကို အချိန်တိုအတွင်း ချိုးဖြတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီနောက်မှာ အဲဒီအမျိုးသမီးကို တစ်ယောက်ယောက်ကခန္ဓာကိုယ်

" အိမ်ရောင်းပြီးရတဲ့ ပိုက်ဆံတွေကို ထိုင်ဖြဲခဲ့တဲ့ တော်တော်ဆိုးတဲ့ အဖိုးကြီး "

 
ဒေါ်လာ ၂၀၀၀၀ ကျော်တန်ဖိုးရှိတဲ့ တရုတ်ယွမ်ငွေတွေကို ဖြဲခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံက လူတစ်ဦးဟာ အိမ်ရောင်းပြီးရတဲ့ငွေတွေကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ဖြဲခဲ့ပါတယ်။

တရုတ်နိုင်ငံ ဒေသခံသတင်းစာ Qianshan Evening News ရဲ့ဖော်ပြချက်အရ Anshan မြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒေါ်လာ ၂၀၀၀၀ ကျော်တန်ဖိုးရှိတဲ့ တရုတ်ယွမ်ငွေ ၁၄၀၀၀၀ ကို ဖြဲခဲ့တာဖြစ်ပါတယ်။

အဆိုပါလူဟာ အသက် ၈၃ နှစ်အရွယ်ရှိနေပြီး ပြီးခဲ့တဲ့နှစ်ကမှ အိမ်တစ်လုံးကို ယွမ် ၂၀၀၀၀၀ နဲ့ရောင်းခဲ့တာဖြစ်ပါတယ်။ ချန်လို့အမည်ရတဲ့ သားဖြစ်သူရဲ့ပြောပြချက်အရ သားသမီးတွေ ဒီပိုက်ဆံတွေကိစ္စမေ့သွားအောင်လို့ သူ့အဖေက ဖြဲပြစ်ခဲ့တာလို့ ဆိုပါတယ်။

ငွေ တော်တော်များများကိုဖြဲပြီးမှ သူ့အဖေက သူ့ကိုပြောခဲ့တာ ဖြစ်ပါတယ်။ ချန်နဲ့သူ့မိန်းမဟာ ပိုက်ဆံတွေကို

" မိန်းမ မေ့ကျန်ခဲ့ပြီး မိုင် ၆၀ အကွာရောက်မှ သတိရတဲ့သူ "

 
ရယ်စရာကောင်းတဲ့ ကမ္ဘာလှည့် ခရီးသည်တစ်ယောက်ရဲ့ အဖြစ်ပါ။ မေ့တတ်လွန်းတဲ့ ကမ္ဘာလှည့်ခရီးသည်တစ်ယောက်ဟာ
ဇနီးဖြစ်သူ ဓာတ်ဆီဆိုင်မှာ ကျန်နေခဲ့တာကို အချိန်အတန်ကြာ သတိမပြုမိခဲ့ဘဲ မေ့နေခဲလို့ ဆူပူကြိမ်းမောင်းခံရပြီး အသည်း
အသန် ရှင်းလင်းချက် ပေးခဲ့ရပါတယ်။
play
ဇနီးဖြစ်သူကို မေ့ကျန်ထားရစ်ခဲ့ကြောင် သတိပြုမိတဲ့အခါ အခုလို ဖြစ်သွားနိုင်တယ်။

ဝေါ်လ်တာလို့ အမည်ရတဲ့ အမျိုးသားက သူ့ရဲ့ ဇနီးနဲ့ သားဖြစ်သူတို့နဲ့အတူ ဘရာဇီးလ်ကို အားလပ်ရက် အလည်အပတ် ခရီးထွက်ခဲ့ပါတယ်။ ဘရာဇီးလ်မှာ လည်ပတ်ပြီးတဲ့နောက် အာဂျင်တီးနားကို ပြန်လာတဲ့ လမ်းမှာ ဓာတ်ဆီဆိုင်ဝင်ပြီး မော်တော်ကား ဆီဖြည့်ခဲ့တယ်လို့ ဆိုပါတယ်။
play
ဝေါ်လ်တာရဲ့ ဇနီးဖြစ်သူ ကျန်နေခဲ့တဲ့ ဓာတ်ဆီဆိုင်နေရာပြ မြေပုံ။

ဒီမှာတင်ပဲ ဝေါ်တာတစ်ယောက် ကံမကောင်းစွာနဲ့ သူ့ဇနီးကို မေ့ထားခဲ့မိပါတော့တယ်။ ဖြစ်ပုံကတော့ ဒီလိုပါ။ ဝေါ်လ်တာက ကားဆီဖြည့်ပြီးတဲ့နောက် သန့်စင်ခန်းကို သွားခဲ့ပါတယ်။ သန့်စင်ခန်းက ပြန်လာပြီးတဲ့နောက် ဓာတ်ဆီဆိုင်ကနေ ကားမောင်းထွက်ခဲ့ပါတော့တယ်။

ကံဆိုးတာက ဓာတ်ဆီဆိုင်ကနေ ကားမောင်းထွက်ခဲ့စဉ်မှာ ဇနီးဖြစ်သူ ကလော်ဒီယာ ကားပေါ်မှာ မရှိတော့တာကို ဝေါ်တာတစ်ယောက် သတိမပြုခဲ့မိတာပါပဲ။ ဝေါ်တာက ကားနောက်ခန်းမှ ဇနီးဖြစ်သူ ပါမလာတာကို သတိမထားမိသလို ရှေ့ခန်းမှာ ထိုင်လိုက်လာတဲ့ အသက် ၁၄ နှစ်အရွယ် သားဖြစ်သူကလည်း စမတ်ဖုန်းသုံးနေတာကြောင့်

January 18, 2016

" မိန်းကလေးတိုင်း ဘဝမှာ တစ်ခါတော့လုပ်ကြည့်သင့်တဲ့ အချက် (၁၉) ချက် "

 
၁ - ပင်လယ်ထဲမှာရေကူးပါ

၂ - တောင်တက်ပါ
play

၃ - ကြယ်တွေအောက်မှာ အိပ်ပါ
play

၎ - တက်တူးထိုးပါ(ယာယီ ပြန်ဖျက်လို့ရတဲ့ တက်တူးလေးလည်း မဆိုးပါဘူး)
play

၅ - ခွေးလေးတစ်ကောင်ဖြစ်ဖြစ် ကြောင်လေးတစ်ကောင်ဖြစ်ဖြစ် မွေးပါ
play

၆ - အပင်စိုက်ပါ
play

၇ - ဂစ်တာတီး သင်ပါ
play

၈ - တစ်ယောက်ယောက်နဲ့ ခရီးထွက်ပါ
play

၉ - ဘာသာစကားတစ်ခု သင်ယူပါ
play

" အကြောဆိုင်း/ လေဖြန်းရောဂါများအတွက် ဆေးကောင်းတစ်လက် "

လူသားတွေဟာအသက်အရွယ်လေးအတန်သင့်ရလာတာနဲ့အမျှသွေးသားတွေဟာလည်းတဖြေးဖြေးဆုတ်ယုတ်လာပြီးအ
လုပ်တွေပင်ပင်ပန်းပန်းလုပ်တဲ့ဒဏ်ကိုမိမိတို့ခန္ဓာကိုယ်ကြီးကခံနိုင်ရည်စွမ်းကျဆင်းလာတတ်ပါတယ်။
အလုပ်တွေပင်ပင်ပန်းပန်းလုပ်ရတဲ့,လုပ်ခဲ့တဲ့ဒဏ်တွေကြောင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့အကြောတွေကမကြာခဏညောင်းညာ
ကိုက်ခဲနေတာမျိုး,အကြောတွေဆိုင်းချင်သလိုလိုဖြစ်သွားတာ,အကြောတွေလုံးဝဆိုင်သွားတာမျိုး,လေဖြန်းချင်သလိုလိုဖြစ်
သွားတာ,လုံးဝလေဖြန်းသွားတာမျိုးတွေဖြစ်လာတတ်ပါတယ်။
အဲဒီလိုရောဂါတွေခံစားနေရပြီဆိုရင်အခုဖော်ပြမဲ့ဆေးနည်းလေးကသက်သာပျောက်ကင်းစေမှာပါ။ဦးဇင်းကိုယ်လဲဦးဇင်းနဲ
့ပက်သတ်ဆက်နွယ်နေတဲ့ဒကာ
ကြီးတွေ,ဒကာမကြီးတွေကိုဆေးနည်းပြောပြပြီးသုံးစွဲဖို့တိုက်တွန်းသလိုကြုံတဲ့အခါမှာလည်းကိုယ်တိုင်ကိုယ်ကျဖော်စပ်ပေးခဲ့
ပါတယ်။
အမြဲလိုလိုညောင်းညာကိုက်ခဲနေသူများဟာတစ်ပတ်လောက်ပုံမှန်စားလိုက်တဲ့အခါညောင်းညာကိုက်ခဲမှုတွေပျောက်ကင်း
ပြီးနောက်ထပ်ပေါ်မလာတော့ကြောင်းဝမ်းသာအားရလာပြီးပြောကြပါတယ်။
အကြောဆိုင်းနေသူများနဲ့လေဖြန်းနေသူများကကလည်းတစ်လ,နှစ်လစသည်အားဖြင့်ဖော်စားလိုက်,ခဏနားလိုက်နဲ့သုံးစွဲလိုက်
လို့သက်သာပျောက်ကင်းကြောင်းဝမ်းသာအားရပြန်ပြောကြပါတယ်။

ဆေးနည်းလေးကတော့ ——-
၁။ဖီးကြမ်းငှက်ပျောသီးမှည့်မှည့်ရယ်(မမှည့်ရင်ချောင်းဆိုးတတ်ပါသည်)
၂။သက်ရင်းကြီးရွက်ရယ်(၎င်းအပင်မှာဒေသတိုင်းတွင်ပေါက်လေ့ရှိပါသည်)

" ဘူးသီးနုနု မခူးရအောင် "


ကျွန်တော် ဒီနေ့မနက် လိုင်းကားစီးလာတော့ ကျွန်တော့်ထိုင်ခုံရှေ့က ကောင်မလေးတစ်ယောက် ငိုငိုယိုယိုနဲ့ ဖုန်းပြောနေတာ သတိထားလိုက်မိတယ်။

"မသီ .. သိလား .. သမီး အဲဒီကောင်နဲ့ ရထားတဲ့ ကိုယ်ဝန်ကို ဖျက်ချလိုက်ပြီ သိလား။ အဲဒီကောင် သမီးနဲ့ အဆက်ဖြတ်
သွားပြီ။ သူ့ မယားငယ်နဲ့ သွားနေတယ် …"

ကျွန်တော် ဆင်းရမယ့် နေရာ မရောက်သေးဘူး။ ကားနောက်ပိုင်းကို ထွက်သွားပြီး မတ်တပ်ရပ်နေလိုက်တယ်။ အဲဒီ အသံတွေ မကြားချင်တော့ဘူး။ ကြားနေရတာလည်း နားမဆန့်တော့ဘူး။ အသက်တွေက လွန်ရော ကျွံရောရှိမှ ၁၅ နှစ်၊ ၁၆ နှစ်။ သူတို့ ကလေးဖျက်ချတယ်ဆိုတဲ့ စကားကို ထမင်းစား ရေသောက်သလို ပြောနေကြပြီ။

ကျွန်တော် တလောကရေးခဲ့ပါတယ်။ အမေရိကန်သမ္မတကတော် ဘာကြောင့် အမျိုးသမီးတွေ ပညာသင်ကြား နိုင်ရေး
အတွက် သန်း ၂၀၀ လောက်စုဆောင်းပြီး ဆင်းရဲတဲ့ နိုင်ငံတွေကို လိုက်ဝေနေရသလဲဆိုတာ။

ဆင်းရဲတော့ ပညာမသင်နိုင်ကြဘူး။ ပညာမတတ်တော့ စဉ်းစားဆင်ခြင်မှုတွေ မလုပ်နိုင်ဘူး။ မစဉ်းစားဘဲ ထင်ရာတွေ လုပ်မိတော့ ဘ၀တွေပျက်ရတယ်။

အရွယ်မတိုင်မီ အိမ်ထောင်ကျ၊ အိမ်ထောင်ပျက်၊ ကလေးတွေအချင်းချင်းယူပြီး ကလေးမွေးတော့ အဲဒီ ကလေးကို ဘယ်လိုအတွေးတွေနဲ့ ပြုစုပျိုးထောင်ပေးကြမလဲ။

မကြာသေးမီက ၁၅ နှစ်သားလင်မယားနှစ်ယောက် အိမ်ထောင်ပြုကြတဲ့ ဓာတ်ပုံ Facebook ပေါ်တက်လာ တယ်။ ကျွန်တော် စိတ်ပျက်သွားတယ်။ ကလေးတွေ အတွေးလွဲ၊ အယူလွဲပြီး အိမ်ထောင်ပြုနေကြတာကို နိုင်ငံတကာမှာ တရားဥပဒေတွေနဲ့ ကန့်သတ်တယ်။ စည်းရုံးလှုပ်ရှားမှုတွေနဲ့ ငယ်ရွယ်စဉ် အိမ်ထောင် မပြုသင့်ကြောင်း လူမှုရေးအဖွဲ့တွေက

" အိမ်ရှင်မများနှင့် ထမင်းချက်ခြင်း အကြား လျှို့ဝှက်ချက်များ "

 
 
အိမ်ရှင်မများအတွက်ထမင်းချက်ရာတွင် အရသာသာမက ကျန်းမာရေးအတွက် အာဟာရဓ်ာတွေပါမဆုံးရှုံးစေမည့် အလွယ်တစ်ကူတစ်ခါတည်းပြီးပြည့်စုံစေမယ့် နည်းလေးများကို စုစည်း တင်ပြပေးလိုက်ရပါတယ်။

၁။ရှာလကာရည်

ထမင်းချက်ရာတွင်ရှာလကာရည်တစ်စက်၊နှစ်စက်ထည့်ပေးရုံဖြင့်ထမင်းရဲ့အနံ့အရသာကိုပိုပြီးထင်ပေါ်မွှေးပျံ့စေနိုင်မယ့်အပြင်ရာသီဥတုအလွန်ပူပြင်းပြီးထမင်းသိုးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။(ရှာလကာရည်နံ့လုံးဝမထွက်ပါ)

၂။ဘီယာ

ဆန်ဟောင်းများအထားကြာသွားပြီးချက်ပြုတ်ရာမှာအနံ့အရသာက ဆန်သစ်လောက် မကောင်းတဲ့အချိန်မှာစိတ်မပူပါနဲ့ဆန်အဟောင်းကိုချက်ချိန်မှာဘီယာအနည်းငယ်သာ ထည့်လိုက်ပါပေါ်ဆန်းမွှေးပမာမွှေးပျံ့တဲ့ထမင်းကိုရရှိစေမှာဖြစ်ပါတယ်။

၃။မြေပဲဆီ

ထမင်းချက်ရာမှာဆားအနည်းငယ်နဲ့မြေပဲဆီအနည်းငယ်ထည့်ပေးပါကာရောပြီးမွှေပေးပါကဆန်ဖွာခြင်းမရှိပဲခံတွင်းကိုတွေ့စေမှာဖြစ်ပါတယ်။

၎။ဆား

လက်ကျန်ထမင်းကိုပြန်နွေးရာတွင်ဆားအနည်းငယ်ထည့်ပေးခြင်းအားဖြင့်အနံ့ဆိုးများကိုပျောက်စေသည့်အပြင်ခံတွင်းတွင်လည်းနူးညံ့နေစေမှာသေချာပါတယ်။

၆။ဆန်အရက်၊အရက်ဖြူ
ထမင်းကြော်ရာတွင် ထမင်းတွင်အရက်သုံး၊လေးစက်အနည်းငယ် ထည့်ကာကြော်ပေးပါက နတ်သဒ္ဓါပမာထမင်းအရသာကိုရစေနိုင်ပါတယ်။ အကယ်၍ထမင်းကျက်တ၀က်မကျက်တဝက်ဖြစ်နေတဲ့အခြေအနေမျိုးနဲ့ကြုံပါကဇွန်း၂ဇွန်းစာဆန်အရက်ကိုထည့်ပြီးနွေးပေးခြင်းနဲ့ထမင်းကိုလုံးဝကျက်စေနိုင်ပါတယ်။

၇။ရေကျက်အေး

ထမင်းချက်ချိန်မှာရေကျက်အေးနဲ့ချက်ပါကဆန်မှာပါဝင်တဲ့ဗီတာမင် B1 ဓာတ်ကို အပြည့်အ၀ရရှိစေမှာဖြစ်ပါတယ်။

၈။ကြက်သွန်မြိတ်
ထမင်းတူးသွားပါကထမင်းကြားမှာကြက်သွန်မြိတ်တစ်ပင်ကိုထည့်ပြီးခဏအဖုံးအုပ်ထားပေးပါကတူးနံ့များကိုယူပစ်လိုက်သ

" အဆိုတော် ကချင်မလေး အမွန်း၏ ငယ်ဘ၀ ဖြတ်သန်းရာ "

 
လူသားတိုင်းမှာ မွေးရာပါဗီဇ၊ ၀ါသနာ၊ Talentနဲ့ ထူးခြားတဲ့ စွမ်းရည်တွေ ရှိနေတတ်ကြပါတယ်။ ကလေးဘ၀ကတည်းက ပေါ်ထွက်လာတဲ့ ဂီတ ၀ါသနာဗီဇကို အိပ်မက်တစ်ခုအနေနဲ့ လက်တွေ့ အကောင်အထည်ဖော်ရင်း ဂီတကြယ်ပွင့်လေြး ဖစ်လာတဲ့ လူငယ် အနုပညာရှင်တစ်ယောက် ရှိပါတယ်။ သူကတော့ ကချင်တိုင်းရင်းသူ အဆိုတော် အမွန်းပါပဲ။

ကချင်တိုင်းရင်းသူ အဆိုတော်အမွန်းကို ၁၉၉၁ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်မှာ ဖခင်ဖြစ်သူ ဦးဂျာနော်ဂျူနီယာနဲ့ မိခင်ဖြစ်သူ ဒေါ်အယ်လ်လုနန်တို့က မွေးဖွားခဲ့ကြပါတယ်။ မြစ်ကြီးနားဇာတိဖြစ်တဲ့ အမွန်းက မောင်နှမလေးယောက် ရှိတဲ့အနက် အကြီးဆုံးဖြစ်ပြီး မောင်သုံးယောက် ရှိတယ်လို့ဆိုပါတယ်။

“အမွန်း လေးနှစ်သမီးအရွယ်မှာ တီးဝိုင်းအပြည့်နဲ့ သီချင်းစဆိုဖူးတာ။ အမွန်းတက်တဲ့ မူကြိုကျောင်းရဲ့ Talent Show မှာပါ။ အဲဒီမှာ သီချင်းတိုက်တဲ့ အချိန်မှာ တီးဝိုင်းက တစ်ပိုဒ် မှားတီးလို့ဆိုပြီး မျက်စောင်းလှည့်ထိုးဖူးတယ်လို့ မေမေတို့က ပြောပြဖူးတယ်။ အဲဒီကတည်းက ဂီတကို တော်တော်ကို ၀ါသနာကြီးနေပြီ။ နောက်တစ်ခုကတော့ မှတ်ဥာဏ်ကောင်းတာပေါ့။ အမွန်းငယ်ငယ်ကတည်းက အကြောင်းအရာတွေဆိုလည်း မှတ်မိနေတတ်တယ်”လို့ အမွန်းကဆိုပါတယ်။

အမွန်းက ကျောင်းပညာရေးအနေနဲ့ သူငယ်တန်းကနေ သုံးတန်းအထိကို မြစ်ကြီးနား လေ့ကျင့်ရေးကျောင်းမှာ တက်ရောက်ခဲ့ပြီး လေးတန်းနှစ်မှာ ရန်ကုန်ကို ပြောင်းရွှေ့လာတဲ့အတွက် အ.မ.က (၁၀) စမ်းချောင်းမှာ တက်ခဲ့တယ်လို့ဆိုပါတယ်။ ငါးတန်းကနေ တက္ကသိုလ်ဝင်တန်း အထိကိုတော့ အ.ထ.က (၂) စမ်းချောင်းမှာ တက်ရောက်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းကို အင်္ဂလိပ်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ ဒီနောက် ငယ်စဉ်ဘ၀က ရည်ရွယ်ချက်အတိုင်းပဲ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်တက်ခွင့် လျှောက်ထားရာမှာတော့ ရုရှားဘာသာမှာ တက်ခွင့်ရခဲ့ပြီး ဘွဲ့ရရှိခဲ့ပါတယ်။ ဘာသာစကားတွေကို စိတ်ပါဝင်စားတာကြောင့် ကျောင်းတက်နေစဉ်မှာပဲ ပြင်သစ် ယဉ်ကျေးမှုဌာနမှာ သုံးနှစ် ဒီပလိုမာ တက်ရောက်ခဲ့တဲ့အပြင် ဂျပန်ဘာသာစကားကိုလည်း နှစ်နှစ် လေ့လာ သင်ယူခဲ့သူပါ။

အမွန်းဟာ တက်ရောက်ခဲ့တဲ့ ကျောင်းတိုင်းရဲ့ ပွဲတွေမှာ သီချင်းဆိုခွင့်ရခဲ့သလို ဆိုကရေးတီး ပြိုင်ပွဲတွေမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ငါးတန်း ခြောက်တန်း နှစ်တွေမှာ ကျောင်းရဲ့ဆိုင်းဝိုင်းအဖွဲ့မှာ ဆိုင်းနောက်ထအဖြစ် ပါဝင်ပြီး

" ပန်းချီတစ်ဝက် အရာဝတ္တုတစ်ဝက် ဖန်တီးထားတဲ့ ဖက်ရှင်ဒီဇိုင်းများ "

January 17, 2016

" ချစ်ရင် ကိုက်တတ်တဲ့ မိန်းကလေးတွေအတွက် "

 
တချို့မိန်းကလေးတွေမှာ ချစ်ရင် လုပ်တတ်တဲ့ အကျင့်တခုရှိတယ် အဲဒါက ကိုက်တာ အားတိုင်းယားတိုင်း ကိုက်တာ
သူတို့ပြောတာက ချစ်လို့ကိုက်တာပါတဲ့

မညှာမတာကို ကိုက်တာသူတို့ပြောရင်တော့ ဖွဖွလေးကိုက်တာပေါ့ကျုပ် အဲ့လိုမိန်းကလေးတယောက်နဲ့ ကြုံဖူးတယ်
လူလစ်ပီဆို ကိုက်ပီရုပ်ရှင်ရုံထဲမှာလဲ ကိုက်တယ် ပန်း ခြံ ထဲ ချိန်းတွေ့ရင်လဲ ကိုက်တယ် အလကားနေရင်းကို သွား
ယားနေတာပီး လက်မောင်းတွေချည်း ရွေးကိုက်တာ နဲနဲ အနာ သက်သာအောင်

"ခြေသလုံးလေး ဘာလေး ပြောင်းကိုက်ပါလား သဲရယ်"
ဆိုတော့
"ဟဲ့ … ငါက ခွေးမှမဟုတ်တာ" တာ ဆိုပီးကောက်ကော
ကျုပ်မှာ ပြန်ချော့ပီး ကြည်ကြည်ဖြူဖြူ အကိုက်ခံရတယ်ခဲနဲ့ထုလွှတ်လို့လဲမရသူကိုက်သလို ပြန်ကိုက်လို့လဲ မကောင်းတခါတလေများဆို ငုံပီးမှေးတောင် မှေးနေသေးတယ်ကျုပ်မှာ နာတာတောင် အသံမထွက်ရဲဘူး
သူ့ပြန်ဟောင်ပါတယ် ဆိုပီးထပ်ကောက်မှာ စိုးလို့ အဲ့သည် အချိန်လေးတော့ ကျုပ်နားညည်းသက်သာတာပေါ့လေ

ဒင်း ပါးစပ်မှ မအားဘဲ
ဒါပေမဲ့ အိမ်ရောက်တော့ ပြဿနာတက်ကော ကျုပ်အမေက ကျုပ် လိုင်းကားပေါ်ကနေ
ပွေးတွေကူးလာပီမှတ်ပီး ပွေးဆေးဖမ်းလူးတာကိုက်ထားတဲ့အရာတွေကလဲ အကွင်းလိုက်ကိုး
ကျုပ်အမေက ပွေးဆေးဖမ်းလူးကျုပ်အဖေက အပ်တချောင်းကိုင်ပီး ဟိုထိုး ဒီထိုးနဲ့
အနာကြီးရောဂါ ဟုတ်မဟုတ်စမ်းသပ်တာတဲ့နာတယ်မအော်မချင်း လှိမ့်ပိတ်ထိုးတာ
ကျုပ်မှာ မဟုတ်ပါဘူး ပြောလဲမရ

အမှန်အတိုင်း ပြောပြဖို့ကလဲ ခက်

တော်တော်ဂွကျတာဗျ

လက်ဖက်ရည်ဆိုင် ထိုင်တော့လဲ ဝိုင်းမေးကြတယ်

"ဘာဖြစ်တာလဲ ပွေးတွေလား" တဲ့

ခွေးကိုက်တာလို့ လိမ်ပြောရအောင်လဲကျုပ်မှာ ခွေးမှ မရှိဘဲနောက်ပီး ဒီကောင်တွေက မိန်းမဆိုရင်
ကေတီဗီတို့မာဆတ်တို့မှာလောက်ဘဲတို့ဖူးထိဖူးတာလေရည်းစားတယောက်တောင်
 ဖြစ်ဖြစ်မြောက်မြောက်တွဲဖူးတာ မဟုတ်တော့အမှန်အတိုင်းပြောရင် ယုံကြမှာလဲ မဟုတ်ဘူး
အိမ်ကပေးစားတဲ့ မိန်းမကိုယူမဲ့ကောင်တွေအဲ့သည်အခါကျမှ ချစ်လို့ပန်းတာပါ ဆိုပီး
စောစောစီးစီး ကုတင်ပေါ်တက် မျက်နှာကိုရှူးတက်ပန်းမှ မျက်ခွက်လေးတကွက် ကွက်ကွက်ကလေး

" စိတ်ဓာတ်ကျ၊ ၀မ်းနည်းကြေကွဲနေသူတွေကို နှစ်သိမ့်ပြောဆိုရာမှာ မသုံးသင့်တဲ့ စကားများ "

 
သင့်ဆီမှာ မိသားစုကြောင့်ဖြစ်ဖြစ်၊ ချစ်သူရည်းစားနဲ့ ပြတ်သွားတာကြောင့် ဖြစ်ဖြစ်၊ အလုပ်ကိစ္စတွေ အဆင်မပြေ
တာကြောင့်ပဲဖြစ်ဖြစ် စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်း၊ မိတ်ဆွေ တစ်ယောက်ယောက်များ ရှိနေပါသလား။ သူတို့နဲ့ ဆုံ
တဲ့အခါ သူတို့ခံစားနေရတာတွေ လျော့နည်းသွားအောင် လုပ်ပေးချင်ပေမယ့်ဘာပြောလို့ ပြောရမှန်းမသိဖြစ်နေတတ်ပါ
တယ်။ ဒီလိုအချိန်မှာ သင့်အနေနဲ့ တစ်ဖက်လူအတွက် အားပေးရာမရောက်ပဲ ပိုစိတ်ဆင်းရဲသွားစေတတ်တဲ့ စကား
မျိုးတွေ မပြောဖြစ်အောင်တော့ ရှောင်သင့်ပါတယ်။ အဲ့ဒီစကားတွေက............................

၁။ ဒါနဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျစရာ ဘာမှမရှိပါဘူး။

တစ်ဖက်လူခံစားနေရတာတွေကို ကိုယ်ချင်းစာမပေးနိုင်သလို ဖြစ်နေတဲ့ စကားမျိုးမို့ ဒါလိုစကားမျိုး မပြောသင့်ပါဘူး။

၂။ ဒီလိုခံစားနေတာမျိုးက ဘာများ အကျိုးရှိလို့လဲ။

မှန်ပါတယ်။ ခုလို စိတ်ဓာတ်ကျနေတာမျိုးက ဘာမှအသုံးမ၀င် အကျိုးလည်း မရှိပါဘူး။ ဒါက ဘာနဲ့တူသလဲဆိုတော့ ကင်ဆာရောဂါဖြစ်နေတဲ့သူကို ဒီရောဂါဖြစ်လို့ ဘာအကျိုးမှမရှိဘူးလို့ ပြောနေသလိုပါပဲ။

၃။ အားလုံး အဆင်ပြေသွားမှာပါ။

ဒီစကားက ကြားနေကျစကားတွေထဲမှာ အဆိုးဆုံးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

၎။ ဒါ ၀မ်းနည်းစရာ ဘာကောင်းလို့လဲ။

လူတစ်ယောက် ကြုံလာရတဲ့ အရာကို ပိုမိုပြင်းထန်အောင် သူ့ရဲ့အတိတ်ဖြစ်ရပ်တွေက ပံ့ပိုးလိုက်သလို ရှိတတ်ပါတယ်။ သူ့နောက်ကြောင်းဘာတွေရှိမှန်းမသိပဲ ဒါဘာများ ၀မ်းနည်းစရာကောင်းလို့ ခံစားနေရသလဲတော့ မမေးသင့်ပါဘူး။

၅။ အပြင်လေးဘာလေးသွားပြီး ပျော်စရာကောင်းအောင် နေကြည့်ပါလား။

ဒါလည်း မဖြစ်နိုင်တဲ့အရာကို အကြံပေးနေသလိုပါပဲ။ အပြင်ထွက်သည့်တိုင်အောင် အပျော်တော့ မရှာချင်တတ်ကြပါဘူး။ အထူးသဖြင့် အပြင်းအထန် စိတ်ဓာတ်ကျနေချိန်မှာပေါ့။

၆။ မငိုပါနဲ့။

အမှန်တော့ စိတ်ဖိစီး နာကျင်မှုတွေ စိတ်ထဲမထားပဲ ငိုချလိုက်ခြင်းဟာ သင့်အတွက် ကောင်းကျိုးတွေ အများကြီးယူဆောင်လာပေးနိုင်ပါတယ်။ မျက်ရည်ကျတာဟာ ရှက်စရာမဟုတ်ပါဘူး။ သက်သာသွားဖို့သာ

" ချစ်ချင်သူတွေအတွက်အချစ်နည်းလေးတွေပါ...ကဲ ချစ်ကြည့်ရအောင်နော် "

 
ချစ်ချင်သူတွေအတွက်အချစ်နည်းလေးတွေပါ
အချစ်ကြောင့် ကမ္ဘာကြီးဟာ လည်ပတ်နေတယ်လို့ အဆိုရှိပါတယ် ၊ နေရာတိုင်းမှာကြည့်ပါ ၊ အချစ်နဲ့ ဆက်နွယ်နေတဲ့
အရာ တစ်ခုမဟုတ်တစ်ခုတော့ တွေ့ရမယ်တဲ့ ၊ အချစ်ဆိုတာ ကျနော်တို့ ရင်ထဲမှာ ရှိနေတဲ့ နက်ရှိုင်းတဲ့ ခံစားမှုတစ်
ခုပေါ့ ၊ ဒါပေမယ့် တခါတရံမှာ ဘယ်လိုဘယ်ပုံ ဆိုတာ ဖေါ်ပြရ ခက်နေတတ်ပါတယ်၊ အဲဒီလိုပါပဲ တချို့သူတွေမှာတော့
ကိုယ်က ချစ်နေပေမယ့် သိအောင်ပြဖို့ ၊ တစ်နည်းပြောရရင် အချစ်ကို ကောင်းမွန်စွာ ပေးဖို့ ဘာတွေလိုမယ်ဆိုတာ မသိပဲ
ဖြစ်နေတတ်ပြန်ပါသေးတယ် ၊ ကျနော့် သူငယ်ချင်း တစ်ယောက် ရှိတယ် သူကတော့ချစ်တယ် ပြောနေတာပဲ ၊ဒါပေမယ့်
သူချစ်တဲ့ သူက ဘာကို ကြည့်ပြီး သူချစ်တယ်ဆိုတာကို နားလည်ရမလဲ မသိဘူး ၊ သူချစ်တာကို လည်း မခံစား ရဘူး ၊
အဲဒီလိုတော့ မဖြစ်စေချင်ပါဘူး ။ ကိုယ့်စိတ်ထဲမှာပဲကိုယ် ကြိတ်ပြီး ချစ်နေရင်တော့ ကိုယ့်ရဲ့ ခံစားမှု သီးသန့် အတွက်ပါပဲ၊
ကိုယ့်ချစ်သူကို ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့သူကို အချစ်တွေ ပေးချင်လာပြီဆိုရင်တော့ အချစ်ရဲ့ ဘာသာစကားတွေကို လေ့လာ
ထားသင့်ပါတယ် ၊ ကိုယ့်ရဲ့ ချစ်သူကလည်း အချစ်ကို ရရှိနားလည် နိုင်စေမယ့် နည်းလေးတွေပေါ့ ၊ ဆန်းစစ်ကြည့်တဲ့
အခါမှာတော့ တကယ်ပဲ ချစ်သူနှစ်သက်စေမယ့် အချက်တွေဆိုတာ တွေ့ရတဲ့ အတွက် ချစ်လိုသူသူငယ်ချင်းများ အတွက်
ပြန်လည် ဝေငှပေးလိုက်ပါတယ် ။ အချစ်ရဲ့ဘာသာစကားတွေကတော့

၁. Give time .. အချိန်ပေးပါ
ကိုယ်ချစ်တဲ့သူကို ကိုယ့်ရဲ့ အချိန်တွေထဲက မျှပေးဖို့ပါပဲ ၊ အတူရှိနေနိုင်ရင်လဲ ရှိနေပေါ့ ၊ ရှိမနေနိုင်ရင်လည်း ဘယ်အချိန်မှာ လိုအပ်မလဲ၊ သူလိုအပ်တဲ့ အချိန်မှာ ကိုယ်က အချိန်လေးပေးနိုင်ဖို့ ကြိုးစားသင့်ပါတယ် ။ ချစ်သူတွေရဲ့ ကြားမှာ အချိန်မပေး
 နိုင်ခြင်းဟာလဲ ပြဿနာတစ်ခုပါ ၊ ဒါကြောင့် အချစ်ကို ပေးဖို့ ဆိုရင် အချိန်ကိုလဲ ပေးသင့်တယ်ဆိုတဲ့ အချက်ကိုသိထားသင့်
ပါတယ် ။

၂. Give caring … ဂရုစိုက်မှုပေးပါ
ကိုယ့်ချစ်သူကို ဂရုတစိုက် ရှိရမှာ ဖြစ်ပါတယ် ၊ ကိုယ်ချစ်တဲ့သူကဂရုတစိုက် ရှိနေစေချင်တာ သဘာဝပါပဲ ၊ ဒါပေမယ့် လက်တွေ့မှာတော့ အမှတ်တမဲ့ ဖာသိဖာသာ ဖြစ်နေတတ်ပါတယ် ၊ အထူးသဖြင့် သူရဲ့ ခံစားချက်တွေကိုဂရုစိုက်ပြီး
နားလည်ပေးဖို့ပါပဲ ။

၃. Give help … အကူအညီပေးပါ
ကိုယ့်ချစ်သူကို ကိုယ်ပေးနိုင်တဲ့ အကူအညီလေးတွေ ပေးဖို့ပါ ၊ အသေးအမွှားလေးတွေပဲ ဖြစ်ဖြစ်ပေါ့ ၊ စိတ်ခံစားမှု ပိုင်းဆိုင်ရာမှာတော့ ထိရောက်ပါတယ် ၊ ကြင်နာမှု ကို ပြရာရောက်သလိုပဲ သူ့အတွက် ကြည်နူးပီတိဖြစ်ရပါတယ် ။

၎. Give understanding and be happy နားလည်မှု ပေးပြီး ပျော်ရွှင်ပါစေ
ကိုယ်ချစ်သူကို နားလည်မှု ပေးပြီး ချစ်ပါ ၊ ချစ်တဲ့ နေရာမှာ ကိုယ့်ချစ်သူဟာ လွပ်လပ်မှု ရှိစေဖို့ ဘောင်တွေ ကန့်သတ်
ချက်တွေကိုကျယ်ကျယ်လေးထားပေးပါ ၊ စည်းမျဉ်း ကန့်သတ်ချက်တွေက သိပ်ပြီး ကျဉ်းကျပ်နေရင် အချစ်ခံရတဲ့သူ
ဟာ လွပ်လပ်မှု မရှိတဲ့ အတွက် အပြည့်အ၀ပျော်ရွှင်နိုင်မှာ မဟုတ်သလို တခါတရံ မှာ စိတ်တောင် ညစ်သွားစေပါ
လိမ့်မယ် ။

၅. Give respect လေးစားမှု ပေးပါ
ကိုယ့်ချစ်သူဟာ ဘယ်လိုအခြေအနေ အဆင့်အတန်း မှာ ဖြစ်စေ ကိုယ်က ချစ်ပြီဆိုရင်တော့ လေးစားမှုလေး ပေးပါ ၊ ကိုယ်က အရမ်း လွှမ်းမိုးနေတာမျိုး မလုပ်ပဲ နဲ့ သူတည်ရှိနေမှုနဲ့ သူ့ရဲ့ အနေအထားလေးကို လည်း အသိအမှတ် ပြု
ပေးပါ ၊

၆. Give attention ( Pay attention to details ) … အာရုံစူးစိုက်မှုပေးပါ
ကိုယ်ချစ်သူဟာ ဘာကို နှစ်သက်တယ် ဘာကို မနှစ်သက်ဘူး စတဲ့ အသေးစိတ်အချက်အလက် လေးတွေက စပြီး သိထား

" သတိ! သတိ! သတိ! အမြန်လမ်းသို့ မော်တော်ယာဉ် မောင်းနေသော မိတ်ဆွေများခင်ဗျာ"


အမြန်လမ်းမပေါ်မှာ ဘာအသီးတွေ့တွေ့ ၊ ဘာဘူးတွေ့တွေ့မိမိမောင်းနှင်သော
ကားကြီး၊ ကားလတ်၊ ကားသေးတို့ဖြင့် တက်ကြိတ်ပြီး မောင်းနှင်ခြင်းမပြုကြ
ပါရန် အသိပေးနှိုးဆော်အပ်ပါတယ်။ အသီးထဲတွင် သံဆူးများထည့် ထားကာ
မော်တော်ယာဉ်များ ဘီးပေါက်ကာ တိမ်းမှောက်အောင် ပြုလုပ်နေတာကို သိရှိထားပါတယ်။  အမြန်လမ်းတွင် ယာဉ်မောင်းနေသော မိတ်ဆွေတွေအားလုံးကို 
ဘုရားသခင်ကောင်းချီးပေးပါစေ။
 
Credit " Harris Min Tun

" ဒီတနင်္ဂနွေ ရုံးပိတ်ရက်မှာ ပုသိမ်ဟာလဝါ လုပ်စားကြရအောင်လား "

ဟာလဝါ
ဟိုတလောကအိမ်က မိသားစုတွေ ချောင်းသာသွားတယ်ဆိုကတည်းက ဒီလန်ဒန်မှာကိုယ်က ဂနာတယ်မငြိမ်ချင်တော့ဘူး။ ကျန်ခဲ့ရတာက တမျိုး ပုသိမ်ဟာလဝါ၊ ဂဏန်း၊ ပုဇွန် စားချင်တာက တမျိုးနဲ့ တယောက်တည်းတော်တော်ခံစားလိုက်ရ
ပါတယ်။အမေက ပြန်လာဆိုတော့လဲ ပူလွန်းတဲ့ရာသီမို့ ကလေးတွေဂျီမှာကြောက်လို့ မသွားရဲ။ ဘယ်သူ့အပြစ် ပြောရမှန်း
မသိနဲ့ တအိမ်လုံးလိုက်မဲမိပါတယ်။ နောက်ဆုံးကလေးတွေနဲ့အတူနေပေးတဲ့အမက ညီမလေးလုပ်တတ်နေတာပဲ လုပ်စားပေါ့
တဲ့ ၊ ဟာလဝါထိုးရမှာလဲ ခပ်ကြောက်ကြောက်ပါ။ တော်တော်လက်ညောင်းအောင်ထိုးရလွန်းလို့ပါ။ ဒီတခါတာ့အလွယ်နည်းနဲနဲသုံးပါတယ်။ အိသက်က ရွှေမြင်းပျံကိုပဲအရမ်းကြိုက်လို့ အဲဒီပုံစံ အရသာမရမခြင်း ကျင့်ထားတာ
ပါ။ အဲဒါနဲ့ ဒီဟာလဝါဆိုတာက ကျန်းမာရေးနဲ့တော်တော်မညီတာပါ။ အဆီအအိမ့်မျိုးစုံပါ ပါတယ်။ ဒါပေမဲ့လဲ ဦးရယ် လူဆို
တာဟာ ခက်တယ်ဆိုသလိုပေါ့နော် ကြိုက်လွန်းလို့ စားမှာပဲ စားမှာပဲ ငါ့ကိုလာမတားနဲ့ဖြစ်သွားတာပေါ့ :) (ပုံမှန်က ကောက်
ညင်းပဲသုံးပါတယ်။ သူငယ်ချင်း မနိုင်ရဲ့အကြံပေးချက်အရ ဆန်မှုန့်ရောကြည့်တာအရင်ကထက် ပိုအဆင်ပြေတာတွေ့
ရပါတယ်)

ပါဝင်ပစ္စည်းများ
-ကောက်ညင်းဆန်မှုန့်၃ခွက်(ဆန်ချိန်ခွက်)
-ဆန်မှုန့်၁ခွက်
-အုန်းနို့၂ဗူး
-ကြံသကာ ၃၀ ဂရမ် (ဂရမ်မသိရင် ကြံသကာရည်ကျဲဖျော်ဟင်းချက်ဇွန်း၃ဇွန်း)
-သကြား ၄ဇွန်း(ဟင်းချက်ဇွန်း)
-ထောပတ် ၃ဇွန်း(ဟင်းချက်ဇွန်း)
-ဆီ၂ ဇွန်း(ဟင်းချက်ဇွန်း)
-ဆား ၁ဇွန်း(စားပွဲတင်)
-ဘိန်းစေ့
ကောက်ညင်းနဲ့ဆန်မှုန့်ကိုရောကာရေဖျော်လိုက်ပါ။ ပြီရင် ဆားရောပါ။

" ထမင်းစားပြီးလျှင် ရှောင်ကြဉ်သင့်သည့် အချက်များ "


မြန်မာ လူမျိုးတို့၏ အဓိက အစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်စားနေကြသည် ဖြစ်ရာ ထမင်းစားပြီး ရှောင်ကြဉ် သင့်သော အချက်(၇)ချက်ကို ကျန်းမာရေး အသိရှိစေရန် ဖော်ပြလိုက်ရပါတယ်။

(၁) ဆေးလိပ်မသောက်ပါနှင့်။

ကျွမ်းကျင်သူများ၏ လေ့လာ သုတေသန ပြုချက်များ အရ ထမင်းစားပြီး စီးကရက် တစ်လိပ် သောက်ခြင်းသည် စီးကရက် ဆယ်လိပ် သောက်ခြင်းနဲ့ ညီမျှပြီး ကင်ဆာ ရောဂါ ဖြစ်ပွားရန် အခွင့်လမ်း အများဆုံး ဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။

ထမင်းစားပြီး သစ်သီးများကို ချက်ချင်း စားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည် ဆိုပါက ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီ အကြာနှင့် ထမင်း မစားမီ တစ်နာရီ အလိုတွင်သာ စားသုံးသင့်သည်။

(၃)လက်ဖက်ရည် မသောက်ပါနှင့်။

လက်ဖက် ရွက်တွင် အက်ဆစ် ပါဝင်မှုနှုန်း မြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့ စားသုံးလိုက်သော အစာအိမ်ရှိ ပရိုတိန်း ဓာတ်များကို မာကျောစေသည့် အတွတ် အစာချေရန် အခက်အခဲ ဖြစ်စေသည်။

(၄) သင်၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။

ထမင်းစားပြီး ခါးပတ်ကို ဖြည်လိုက်ခြင်း(တစ်နည်း အနည်းငယ် လျှော့လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကို ခေါက်စေသည်။

(၅) ရေမချိုးပါနှင့်။

ထမင်းစားပြီး ရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့ သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ် တစ်ဝိုက်တွင်မှု သွေးပမာဏ လျော့ကျ သွားသည့် အတွက် ကျွန်တော်တို့ အစာအိမ်ရှိ အစာချေ စနစ်ကို အားနည်း သွားစေသည်။

(၆) လမ်းမလျှောက်ပါနှင့်။

လူအများက ပြောနေကြသည်မှာ ထမင်းစားပြီး လမ်းလျှောက် ခြင်းသည် ခြေလမ်းပေါင်း တစ်ရာ လမ်းလျှောက်ခြင်းနှင့် ညီမျှပြီး အသက်(၉၉) နှစ်အထိ အသက် ရှည်ရှည် နေရ မည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။
တစ်ကယ်တော့ ထိုသို့ ပြုလုပ်ခြင်းကြောင့် အစာချေ စနစ်သည် ကျွန်ုပ်တို့ စားသုံးလိုက်သော အစာအာဟာရများကို စုပ်ယူရန်
Subscribe

လာလည်သူများ

free counters