♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 18, 2016

" ဘူးသီးနုနု မခူးရအောင် "


ကျွန်တော် ဒီနေ့မနက် လိုင်းကားစီးလာတော့ ကျွန်တော့်ထိုင်ခုံရှေ့က ကောင်မလေးတစ်ယောက် ငိုငိုယိုယိုနဲ့ ဖုန်းပြောနေတာ သတိထားလိုက်မိတယ်။

"မသီ .. သိလား .. သမီး အဲဒီကောင်နဲ့ ရထားတဲ့ ကိုယ်ဝန်ကို ဖျက်ချလိုက်ပြီ သိလား။ အဲဒီကောင် သမီးနဲ့ အဆက်ဖြတ်
သွားပြီ။ သူ့ မယားငယ်နဲ့ သွားနေတယ် …"

ကျွန်တော် ဆင်းရမယ့် နေရာ မရောက်သေးဘူး။ ကားနောက်ပိုင်းကို ထွက်သွားပြီး မတ်တပ်ရပ်နေလိုက်တယ်။ အဲဒီ အသံတွေ မကြားချင်တော့ဘူး။ ကြားနေရတာလည်း နားမဆန့်တော့ဘူး။ အသက်တွေက လွန်ရော ကျွံရောရှိမှ ၁၅ နှစ်၊ ၁၆ နှစ်။ သူတို့ ကလေးဖျက်ချတယ်ဆိုတဲ့ စကားကို ထမင်းစား ရေသောက်သလို ပြောနေကြပြီ။

ကျွန်တော် တလောကရေးခဲ့ပါတယ်။ အမေရိကန်သမ္မတကတော် ဘာကြောင့် အမျိုးသမီးတွေ ပညာသင်ကြား နိုင်ရေး
အတွက် သန်း ၂၀၀ လောက်စုဆောင်းပြီး ဆင်းရဲတဲ့ နိုင်ငံတွေကို လိုက်ဝေနေရသလဲဆိုတာ။

ဆင်းရဲတော့ ပညာမသင်နိုင်ကြဘူး။ ပညာမတတ်တော့ စဉ်းစားဆင်ခြင်မှုတွေ မလုပ်နိုင်ဘူး။ မစဉ်းစားဘဲ ထင်ရာတွေ လုပ်မိတော့ ဘ၀တွေပျက်ရတယ်။

အရွယ်မတိုင်မီ အိမ်ထောင်ကျ၊ အိမ်ထောင်ပျက်၊ ကလေးတွေအချင်းချင်းယူပြီး ကလေးမွေးတော့ အဲဒီ ကလေးကို ဘယ်လိုအတွေးတွေနဲ့ ပြုစုပျိုးထောင်ပေးကြမလဲ။

မကြာသေးမီက ၁၅ နှစ်သားလင်မယားနှစ်ယောက် အိမ်ထောင်ပြုကြတဲ့ ဓာတ်ပုံ Facebook ပေါ်တက်လာ တယ်။ ကျွန်တော် စိတ်ပျက်သွားတယ်။ ကလေးတွေ အတွေးလွဲ၊ အယူလွဲပြီး အိမ်ထောင်ပြုနေကြတာကို နိုင်ငံတကာမှာ တရားဥပဒေတွေနဲ့ ကန့်သတ်တယ်။ စည်းရုံးလှုပ်ရှားမှုတွေနဲ့ ငယ်ရွယ်စဉ် အိမ်ထောင် မပြုသင့်ကြောင်း လူမှုရေးအဖွဲ့တွေက
ပညာပေးတာတွေ လိုက်လုပ်ကြတယ်။ အစိုးရတွေက ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်မပြုရေး၊ မသင်မနေရပညာရေးကို အသက်တွေတိုးပြီး လုပ်ဆောင်နေတာကို အမျိုးသားရေး တာဝန် တစ်ခုလို့ နားလည်ထားကြတယ်။

ကလေးတွေကို ပစ်ထားလိုက်ရင် အနာဂတ်ကို ပစ်ထားလိုက်တာပဲ။ ကလေးတွေကို ပညာသင်ပေးတာဟာ အနာကို ပညာပေးနေတာပဲ။ ဒီအစိုးရ ဒါတွေ စိတ်ဝင်စားမယ်လည်း မထင်ပါဘူး။ အာဏာတည်မြဲရေးနဲ့ ဘယ်လို ကောက်ကျစ်ရမယ်ဆိုတာ အမြဲတွေးနေတဲ့ လူတွေရဲ့စိတ်ထဲမှာ ကလေးတွေအတွက် အနာဂတ် အရေးဆိုတာ မရှိပါဘူး။

အစိုးရမလုပ်တာတွေကို ကျွန်တော်တို့ လုပ်တာ နိုင်ငံရေးလုပ်တာပါလို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ သားသမီးတွေ အရွယ်မတိုင်မီ ဘူးသီးနုနု အခူးခံလိုက်ရသလိုမျိုးမဖြစ်အောင် ၀ိုင်းဝန်းစောင့်ရှောက်ဖို့ လှုပ်ရှား သင့်ပြီလို့ထင်ပါတယ်။ အမျိုးသားရေးကိစ္စတစ်ခုအနေနဲ့ ၀ိုင်းဝန်းဆောင်ရွက်ဖို့ တိုက်တွန်းချင်တယ်။
 
Credit: Sayar U Tin Nyunt
Credit :  http://www.searchmyanmar.com/#content-51845

No comments:

Subscribe

လာလည်သူများ

free counters