♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 23, 2016

" ငလျင်လှူပ်လျှင် ပြိုကျမည့် ဘိလပ်မြေ မခိုင်ခံ့တဲ့ မြန်မာ့ကွန်ဒို တိုက်ခန်းများ "



ကိုယ်မဝယ်နိုင်ပေမဲ့ ငွေထုတ်ပိုက်ပြီး ဝယ်နိုင်သူ သူဌေးတွေအတွက် စိုးရိမ်မိလွန်းလို့ပါ။ အခုတွေ့ရတဲ့ပုံတွေက ဆောက်လုပ်ဆဲ စမ်းချောင်းမြို့နယ်ထဲက ၃၃ထပ်မြင့် Commercial building တခုရဲ့ pile တွေပါ။ အတောင့်လေးက pile ကိုကွန်ကရစ်လောင်းအပြီး နမူနာ cored sample တူးယူထားတာပါ။ (သူငယ်ချင်း Ko Khin Latt ထံကရပါတယ် ) ။

pile ကို လောင်းခဲ့တဲ့ကွန်ကရစ်ထဲက aggregates တွေဟာ ( အပေါ်အလေးချိန်သိပ်မရှိတဲ့ လမ်းခင်းတာမှာသာ အသုံးများတဲ့ friction မရှိတဲ့) ကျောက်စရစ်ခဲgravel လုံးချောတွေဖြစ်နေယုံမက အရွယ်တွေကလည်းကြီးလွန်းလှပါတယ်။ concrete ထဲမှာပါနေတဲ့ gravel ထုတည် ရာခိုင်နှုးန်ကလည်းများလွန်းလှပါတယ်။ အမှန်က ကြမ်းရှတဲ့ rock chips ကျောက်ျိုးတွေ သုံးရမှာပါ ။ အခု ကွန်ကရစ်ရဲ့ အား၊ ဘိလပ်မြေရာခိုင်နှုန်း strength က ဘယ်လောက်တောင်နည်းနေပြီလဲဆိုရင် ပိုလောင်းထားတဲ့ overcast ကွန်ကရစ်တွေကို ငပိန်လေးတွေက လက်နဲ့ တူနဲ့ ထုချေလို့ရနေတဲ့ အထိပါပဲ။

ပိုလောင်းထားတဲ့ ကွန်ကရစ်တွေကို ဖယ်ထုတ်ပြီးပေါ်လာတဲ့သံချောင်းတွေကို နောက်ထသံချောင်းတွေနဲ့ အဆင့်ဆင့် ဆက်သွားပြီး တိုက်ကြီး တခုလုံးရဲ့ ကော်လံတိုင်တွေအဖြစ်ဆောက်ရတာပါ )pile မလောင်းခင် ဆိုက်ကိုရောက်လာတဲ့ သည်လောက်စုတ်ပြတ်သပ်နေတဲ့ concrete mixture တွေကိုစစ်တဲ့သူမရှိဘူးလား။ သည်လို ငပိန်လေးလက်အားနဲ့
ထုချေလို့ရနေတဲ့ ကွန်ကရစ်တိုင်တွေ အပေါ်မှာအထပ် ၃၃ လွှာ + လူတွေ ပရိဘောကတွေ အလေးချိန် ဘယ်လိုတည်နိုင်မလဲဆိုတာ လူပြိန်းတွေးနဲ့ပဲတွေးကြည့်ကြပါ ။

တကယ်ဆို Breaker နဲ့ hack လုပ်မှ ရလောက်အောင်မာရမှာမဟုတ်ပါလား။ သည်လိုတူနဲ့ထုခွဲနေကြသည်မှာ အလုပ်သမားများ safety အတွက်လည်း
အန္တရာယ်မကြီးလွန်းပါသလော။

pile concrete coredsample ဆိုတာ ကျစ်ခဲ မာတောင်နေရမှာ ခုလို အကွဲကွဲ အပျက်အျပက်ဖြစ်နေစရာလား။ ပေါ်လာတဲ့သံချောင်းတွေကလည်း ငါးအရိုးစုလေးတွေကျနေတာပါပဲ ။ ကြည့်ကြပါဦး ။

စံချိန်မှီအရည်အသွေး pile လောင်းတဲ့ ကွန်ကရစ် နမူနာ core sample လေးကို အောက်ကကွန်မင့်မှာ ပြထားပါတယ်။သံချောင်းတွေကလည်း အလွန်ဆုံး T20-T25 လောက်ပဲရှိမယ်။၃၃ ထပ်အတွက် အနည်းဆုံး T40-50 လောက်တော့ရှိသင့်ပါတယ်။

အော်တိုကက်ဆရာက လှတပတဆွဲထားတဲ့ အရောင်းပြခန်းထဲက စာအုပ်ပေါ်က စိတ်ကူးယဉ်ပုံတွေကြည့်ပြီး အရောင်းကြော်ငြာမိုဒယ်လေးတွေက pile foundation လည်းပါတယ်ရှင့် ဆိုတာနဲ့ မျက်လုံးစုံမှိတ် မယုံကြပါနဲ့။ ယုတ်စွအဆုံး ရုံးပတီသီးဝယ်ရင်တောင် လက်သည်းနဲ့ဆိတ်ကြည့်သေးတာ ၊ခုဟာ
သိန်းထောင်ချီ ကွန်ဒိုဝယ်တာ နော် ။

ငလျင်လှုပ်လိုက်လို့ကတော့ မတွေးဝံ့စရာပါ။ Pile ဆိုတာ ကုလားထိုင်ခြေထောက်တွေလိုပါပဲ။ အပေါ်ကတက်ထိုင်မဲ့သူ ဝိတ်ကြီးလေလေ ကုလားထိုင်ခြေထောက်တွေ သန်မာဖို့လိုလေလေပါ ။

ကွန်ဒိုတင်လားဆိုတော့ မဟုတ်ပါဘူး။ တရုတ် ကုလား မဟုတ်တဲ့ နိုင်ငံခြားသားပညာရှင် မပါတဲ့ တနိုင်ငံလုံးက အခြားဆောက်ဦးတွေ တံတားတွေ သာမန် ၆ထပ် ၈ ထပ် ကန်ထရိုက်တွေ အားလုံးအတွက် ငလျင် လှူပ်လို့ကတော့ အရမ်းစိုးရိမ်မိပါတယ် ။

ငလျင်မလှုပ်လည်း သည်လို pile foundation design / concrete qualityနဲ့ကတော့ ၃၃ထပ်ရဲ့ဝန်ကိုထမ်းဖို့ရာ အလွန်စိုးရိမ်မိကြောင်းပါ။ဆောက်လုပ်ရေးများ အတွက် ဒီဇိုင်းရော လက်တွေ့ရော စစ်ဆေးမဲ့ အဖွဲ့အစည်းကောင်းကောင်း ဒေါင်ဒေါင်မြည် အင်ဂျင်နီယာများ ၊ ဥပဒေ တင်းတင်း အရေးတကြီးလိုနေပြီဆိုတာ အစိုးရ တာဝန်ရှိသူတွေ လေးလေးနက်နက် ထားပေးကြပါလို့ ပြောလိုပါတယ်။

အရင်အစိုးရ ပေါက်ကရလုပ်ခဲ့တာတွေတော့ မတတ်နိုင်တော့ဘူး။ဘုရားသိကြားပဲ တယုံ ။ မဟုတ်ရင် မကြာခင် ကြုံလာရမဲ့ တုန်လှုပ်ခြောက်ခြားဖွယ်ရာ ပြသနာတွေအတွက် အားလုံးယိုသမျှချေး ပုစွန်ခေါင်း ဖြစ်လာပါလိမ့်မယ်။

အပေါ်မှာရေးခဲ့တဲ့ သံချောင်းအရွယ်တွေက T40-T50 လောက်ဖြစ်စေချင်တယ်ဆိုတဲ့ ကျနော့်ရဲ့ suggestion က မိတ်ဆွေ အင်ဂျင်နီယာများရဲ့ အမြင်အရ နည်းနည်းလောဘကြီးသွားသလိုဖြစ်လို့ T32 လောက်လို့ပြန်ပြင်ပါတယ်။

T40-50 အရွယ်အလုံး သံချောင်းတွေကတော့ မြေပေါ် MRT ရထားလမ်းဖောက်စဉ်က ကော်လံတိုင်တွေမှာ သုံးခဲ့တာ ကိုယ်တိုင်ပါဝင်ခဲ့ရဘူးပါတယ်။

Min Aung Khaing
Credit : http://www.lwinpyin.com/2016/01/myanmar.html

No comments:

Subscribe

လာလည်သူများ

free counters