ဒေါက်ဖိနပ်တွေ ချွတ်ပြီး ဖိုသီဖတ်သီနဲ့ ဖိနပ်ပါးတစ်ရန်စီးပြီး နောက်ဖေးချောင်မှာ အိမ်ဖေါ်တစ်ယောက်လို အိမ်အလုပ်တွေချည်း ဖိလုပ်နေမိတယ်ဆိုရင်..
တကယ်လို့များ ပေါ်သမျှ အ၀တ်စား ဒီဇိုင်းအသစ်တွေ မ၀တ်နိုင်တော့ပဲ ဖြစ်သလို အိမ်နေရင်းအ၀တ်လေးတွေ ၀တ်ပြီး ကလေးတွေအတွက် ကျောင်းပို့ကျောင်းကြိုလုပ်နေမိတယ် ဆိုရင် ...
တကယ်လို့များ ရီမောစရာ ကြုံလာရတဲ့အခါ လှလှပပ မရီမိတော့ပဲ စိတ်လွတ်ကိုယ်လွတ် ရီမောလိုက်မိတာမျိုးရှိသလို ဒေါသထွက်လာတဲ့ အခါမှာလည်း ကိုယ့်ရုပ်ကိုဂရုမစိုက်မိတော့ပဲ သရဲမလိုရုပ်ဖြစ်တဲ့အထိ ဒေါသတွေထွက်နေခဲ့မယ်ဆိုရင်....
တကယ်လို့များ စူထွက်လာတဲ့ ဗိုက်အတွက် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရပဲ ဒီဗိုက်ပူပူနဲ့ပဲ ထမင်းဟင်းချက်ပြီး ယောကျာ်းပြန်လာတာကို ထမင်းဝိုင်းအဆင်သင့်ပြင်ပြီး စောင့်နေခဲ့မယ်ဆိုရင်...
ဒီလိုလုပ်နေတာအားလုံးဟာ
ကျွန်မမှာ ဒီထက်သာတဲ့ယောကျာ်းတစ်ယောက် ရနိုင်တဲ့အရည်ချင်းမရှိလို့ ၊ ဒါမှမဟုတ် ဆွဲဆောင်မှုမရှိတော့လို့ထက် ကိုယ့်အတွက်တန်ဖိုးရှိပြီး ကိုယ့်ကိုတန်ဖိုးထားတဲ့ ယောကျာ်းတစ်ယောက်အတွက် ကိုယ်ကျိုးမကြည့်နိုင်တော့ပဲ လုပ်ပေးနေမိတာပါ။
တကယ်လို့များ တစ်နေ့ကျရင် တွေ့စတုန်းကလို ပျိုမြစ်မှုတွေ၊ လှပမှုတွေ၊ ဆွဲဆောင်မှုတွေ၊ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်မှုတွေ မရှိတော့လို့ ကျွန်မကို တန်ဖိုးမထားတော့ဘူးဆိုရင် ကျွန်မအတွက်လည်း ထိုယောကျာ်းက တန်ဖိုးမရှိတော့တဲ့အတွက် အရင်တွေ့စလိုပဲ အပူအပင်မရှိ လှလှပပပြန်နေထိုင်ဖို့ ကျွန်မရဲ့လမ်းကြောင်းတွေ အကုန်နောက်ပြန်လှည့်လို့ ရပါတယ်။
ချွတ်ချခဲ့တဲ့ ဒေါက်ဖိနပ်တွေ ၊ မလိမ်းဖြစ်တော့တဲ့ မိတ်ကပ်တွေကို အချိန်မရွေးပြန်လည် ခြယ်သရင်း မိသားစုအတွက်တကုတ်ကုတ် အလုပ်ရှုပ်စရာမလိုတော့တဲ့ ကျွန်မဟာ ကိုယ့်တိုးတက်ရာတိုးတက်ကြောင်း အလုပ်တွေလုပ်ရင်း အတောက်ပဆုံး ပြန်နေထိုင်နိုင်ပါတယ်။
အိမ်အပြင်ထွက်ရင် တန်ဖိုးရှိတဲ့ ယောကျာ်းတွေအများကြီးရွေးချယ်စရာ ရှိနေပေမဲ့ ကိုယ့်အတွက်အဖိုးတန်လို့ ယူဆထားလို့
အိမ်တွင်းအောင်းပြီး အလုပ်တွေလုပ်နေတဲ့ မိန်းမဟာ ယောကျာ်းတစ်ယောက်ကို တော်ရုံချစ်လို့ဒါမျိုးလုပ်ပေးတယ်လို့ မအောက်မေ့လိုက်ပါနဲ့။
မိန်းမတစ်ယောက်ဟာ သူတန်ဖိုးထားချစ်ခင်တဲ့ အဖိုးတန်ယောကျာ်းတစ်ယောက်ကို အိမ်ဦးခန်းမှာ ကိုးကွယ်ထားနိုင်သလို တန်ဖိုးမရှိဘူးလို့ ယူဆလိုက်တဲ့အခါမှာလည်း အချိန်မရွေးစွန့်ပစ်လို့ရပါတယ်။
အရင်လောက်မလှတော့လို့ အရင်လိုတန်ဖိုးမရှိဘူးလို့ ထင်တဲ့အခါ တန်ဖိုးမရှိဖြစ်သွားမှာက ရှင်တို့ယောကျာ်းတွေ.................
Credit : မနုဿ ရဲ့ စာမျက်နှာလေးများ
Credit : http://www.shwechitthu.com/2016/01/blog-post_86.html
No comments:
Post a Comment