♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 19, 2016

" အိမ်ရောင်းပြီးရတဲ့ ပိုက်ဆံတွေကို ထိုင်ဖြဲခဲ့တဲ့ တော်တော်ဆိုးတဲ့ အဖိုးကြီး "

 
ဒေါ်လာ ၂၀၀၀၀ ကျော်တန်ဖိုးရှိတဲ့ တရုတ်ယွမ်ငွေတွေကို ဖြဲခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံက လူတစ်ဦးဟာ အိမ်ရောင်းပြီးရတဲ့ငွေတွေကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ဖြဲခဲ့ပါတယ်။

တရုတ်နိုင်ငံ ဒေသခံသတင်းစာ Qianshan Evening News ရဲ့ဖော်ပြချက်အရ Anshan မြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒေါ်လာ ၂၀၀၀၀ ကျော်တန်ဖိုးရှိတဲ့ တရုတ်ယွမ်ငွေ ၁၄၀၀၀၀ ကို ဖြဲခဲ့တာဖြစ်ပါတယ်။

အဆိုပါလူဟာ အသက် ၈၃ နှစ်အရွယ်ရှိနေပြီး ပြီးခဲ့တဲ့နှစ်ကမှ အိမ်တစ်လုံးကို ယွမ် ၂၀၀၀၀၀ နဲ့ရောင်းခဲ့တာဖြစ်ပါတယ်။ ချန်လို့အမည်ရတဲ့ သားဖြစ်သူရဲ့ပြောပြချက်အရ သားသမီးတွေ ဒီပိုက်ဆံတွေကိစ္စမေ့သွားအောင်လို့ သူ့အဖေက ဖြဲပြစ်ခဲ့တာလို့ ဆိုပါတယ်။

ငွေ တော်တော်များများကိုဖြဲပြီးမှ သူ့အဖေက သူ့ကိုပြောခဲ့တာ ဖြစ်ပါတယ်။ ချန်နဲ့သူ့မိန်းမဟာ ပိုက်ဆံတွေကို
သုံးလကြာအောင်ပြန်ဆက်ခဲ့ရပြီး ဘဏ်ကိုသွားလဲတဲ့အခါ ဘဏ်ကပြန်လဲပေးခဲ့တယ်လို့ သိရပါတယ်။

Photos & Sources: chinadaily.com.cn
Credit: duwun

Credit : http://www.searchmyanmar.com/#content-56318

No comments:

Subscribe

လာလည်သူများ

free counters