♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 20, 2016

" ထူးခြားပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ နေရာတွေမှာ ဆံပင်ညှပ်ပေး တဲ့ ရုရှားဆံပင်ညှပ်ဆရာ "

 
ရုရှားဆံပင်ညှပ်ဆရာတစ်ဦးက သူ့ရဲ့ဆံပင်ညှပ်ခြင်းအတတ်ပညာ ကို သာမန်နဲ့မတူထူးခြားတဲ့ ဆံပင်ညှပ်ခြင်းပုံစံမျိုးဖြစ်
လာအောင် ကြိုးစားရင်း နောက်ဆုံးမှာကမ္ဘာကျော်သွားခဲ့ပါတယ်။

 သူ့ရဲ့ဆံပင် ညှပ်တဲ့အနေအထားနဲ့ ညှပ်ပေးတဲ့နေရာတွေကို ထွင်ပြီး သာမန် ဆံပင်ညှပ်ဆိုင်တွေလို ဆိုင်ခန်းမှာမျိုးမဟုတ်ပဲ ထူးထူးခြားခြားနဲ့ အသက်စွန့်ဆံဖျား စိတ်လှုပ်ရှားစရာကောင်းတဲ့ ဆံကေသာညှပ် ခြင်းပုံစံမျိုးကို ဖန်တီးခဲ့တာဖြစ်ပါတယ်။



 ဒန်းနစ်ယုရှင် (Motobarber) လို့အမည်ပေးထားတဲ့ အဆိုပါ ဆံကေ သာပညာရှင်က လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က
တည်းက သူ့မွေး ရပ် ကရန်နို့စ်ရားစက်ကနေ ဇနီးသည်နဲ့သားသမီးတွေကို စွန့်ခွာပြီး ကမ္ဘာအနှံ့ထူခြားတဲ့ဆံကေသာ
 ညှပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။  ထူးခြားစွာ ဆံပင်ညှပ်နေတဲ့ ပုံလေးတွေကတော့ ဒီအောက်မှာပါ......

 




 
သူက သူ့ဆီမှာဆံပင်လာညှပ်မယ့်ဖောက်သည်တွေကို ဆံပင်ညှပ်ရုံ သာမက ထူးခြားပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ ခံစားမှုမျိုးကိုပေး စွမ်းချင်တာကြောင့် နေရာအနှံ့စိတ်လှုပ်ရှားစရာကောင်းတဲ့နေရာ တွေဖြစ်တဲ့ ကောင်းကင်ဒိုင်ဗင်လေ
ထီးခုန်လျှက်အနေအထားနဲ့ ညှပ်ပေးတာတွေ၊ တောင်စောင်း ချောက်ကမ်းပါးလိုနေရာတွေ၊ သဲ ကန္တရာလိုနေရာတွေ၊ ပင်လယ်ကြမ်းပြင်နေရာတွေ စသဖြင့် ထူးခြား တဲ့နေရာတွေမှာ ဆံပင်ညှပ်ပေးတာပဲဖြစ်ပါတယ်။





Credit: ဖိုးသူတော် (http://www.phothutaw.com/2016/01/blog-post_938.html)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။


Photos Credit :  http://www.odditycentral.com/news/thrill-seeking-hairdresser-leaves-family-behind-to-see-the-world-and-cut-hair-in-extreme-locations.html

No comments:

Subscribe

လာလည်သူများ

free counters