♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 22, 2016

" ရေချိုးခန်း မသုံးရတဲ့ အင်ဒိုနီးရှားက Tidong လူမျိုးတို့ရဲ့ မင်္ဂလာဓလေ့ "


အင်ဒိုနီးရှားနိုင်ငံက Tidong လူမျိုးတွေရဲ့ ထုံးတမ်းစဉ်လာတွေက အရမ်းထူးခြားပါတယ်။ ချစ်စရာ အကောင်းဆုံး ဓလေ့
တစ်ခုကတော့ သတိုးသမီးကို သတိုးသားက သီချင်းအများကြီး မဆိုပြရင် သတိုးသမီးရဲ့မျက်နှာကို ကြည့်ခွင့်မရနိုင်ပါဘူး ။

သတိုးသားက သတ်မှတ်ထားတဲ့ သီချင်း အရေအတွက်ကို သီဆိုပြီးမှသာ မင်္ဂလာ သတိုးသားနဲ့ သတိုးသမီးကြားမှာ ကာရံထားတဲ့ လိုက်ကာစကို ဖယ်ရှားပစ်တာ ဖြစ်ပါတယ်။ အထူးခြားဆုံးကတော့ သတိုးသားနဲ့သတိုးသမီးက မင်္ဂလာဆောင်ပြီး သုံးရက် သုံးည အတွင်း ရေချိုးခန်းကို အသုံးမပြုရပါဘူး။

Tidong လူမျိုးတို့ရဲ့အယူအဆ အရ သုံးရက်သုံးည ဓလေ့ကို ဖောက်ဖျက်ခဲ့ရင် မင်္ဂလာမောင်နှံမှာ ကံဆိုးခြင်းတွေ ကြုံတွေ့မှာဖြစ်ပါတယ် ။အိမ်ထောင်ကွဲခြင်း ၊ သားသမီးမရခြင်း နဲ့ သားသမီး အရွယ် မရောက်ခင် သေဆုံးခြင်း တို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မင်္ဂလာ မောင်နှံကို လူများစွာက စောင့်ကြည့်နေပြီး အစာနဲ့ရေ အနည်းငယ်သာ

 ကျွေးပါတယ်။ သုံးရက်ပြည့်ပြီးနောက်နေ့မှ ရေချိုးပြီး ပုံမှန်ဘ၀ထဲသို့ ပြန်လည် ၀င်ရောက်ခွင့်ရကြပါတာဖြစ်ပါတယ် ။
Ref:wonderslist

Credit : http://www.trend.com.mm/2016/01/21/culture-8638

No comments:

Subscribe

လာလည်သူများ

free counters