♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 20, 2016

" သမီးလေးတိုက်တဲ့ ရေနွေးတစ်ခွက် " ( ဟိုက်!!....သေရော) ဟာသ

 
မိခင်ဖြစ်သူ အပြင်သွားတာမို့ သုံးနှစ်သမီးလေး ဆူဇီကို အဖေဖြစ်သူနဲ့ အိမ်မှာထားခဲ့ပါတယ်။ အဖေဖြစ်သူက ညနေခင်း
သတင်းကိုစိတ်ဝင်တစားနဲ့ကြည့်နေချိန်မှာဆူဇီဟာမကြာခင်ကမှမွေးနေ့လက်ဆောင်ရထားတဲ့ ရေနွေးအိုး၊ ရေနွေးခွက်
ကလေးတွေနဲ့ ကစားနေပါတယ်။ ခဏအကြာမှာတော့ သူ့ရဲ့ ရေနွေးခွက်ငယ်ကလေးထဲမှာ ရေထည့်လာပြီး အဖေဖြစ်သူကို
တိုက်ပါတော့တယ်။

သမီးလေးရဲ့ အပြုအမူအတွက် ချီးကျူးစကားဆိုလိုက်ပြီး ဖခင်ဖြစ်သူဟာ ခွက်ထဲကရေတွေကိုသောက်လိုက်ပါတယ်။
လက်ဖက်ရည်ခွက်ပေါင်းများစွာ သောက်လို့အပြီး ဖခင်ဖြစ်သူလည်း ကလေးကို အကြိမ်များစွာချီးကျူး စကားပြော
ရပြီးတဲ့နောက်မှာတော့ မိခင်ဖြစ်သူ အိမ် ပြန် ရောက်လာပါတယ်။ ဆူဇီလေး လက်ဖက်ရည်ခွက်ကိုင်ပြီးသူ့အဖေ
နားကို ထပ်လာချိန်မှာ "တို့ရဲ့ သမီးလေးကို ကြည့်ပါဦး..မိန်းမရယ်"လို့ အမျိုးသားက ဇနီးသည်ကို အပြုံးနဲ့ပြောလိုက်
ပါတယ်။

"သူက ကိုယ့်ကို လက်ဖက်ရည်ဖျော်တိုက်တာတဲ့။ ချစ်ဖို့မကောင်းဘူးလားဟင်။"ခင်ပွန်းသည်ဖြစ်သူ လက်ဖက်ရည်ခွက်ထဲက
 ရေတွေ ကိုသောက်လို့အပြီးမှာ ဇနီးသည်ပြောလိုက်တာ
"ယောက်ျားရယ်.. ရှင် မစဉ်းစားမိဘူးလားဟင်။ ဆူဇီရေခပ်ဖို့ မီတဲ့နေရာက အိမ်သာခွက်ပဲရှိတာလေ။"


Credit :  http://myanmar.mmtimes.com/index.php/home-page/144-the-pulse/17145-2016-01-06-12-25-46.html

No comments:

Subscribe

လာလည်သူများ

free counters