♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 22, 2016

" ငါးမြီးရိုး fishbone hair style ပုံစံ ကျစ်ဆံမြီး ကျစ်နည်း "

 

ငါးမြီးရိုးသဏ္ဍာန် ကျစ်ဆံမြီး ကျစ်ချင်တဲ့ ပျိုမေတွေအတွက် ထသွားထလာအတွက်သာမက ပွဲတက်အထိ အဆင်ပြေပြီး အထာကျတဲ့ ငါးမြီးရိုးကျစ်ဆံမြီး ကျစ်နည်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။ ဆံပင်အားလုံးကို ဟိုဘက်ဒီဘက် နှစ်စုခွဲပြီး အောက်ပါ လုပ်ဆောက်ချက် အဆင့်ဆင့်အတိုင်း လုပ်ဆောင်လိုက်ရင် ရပါပြီ။

၁။ ခြောက်နေတဲ့ ဆံပင်မှာ ရေအနည်းငယ် ဖျန်းပေးပါ။ ဘီးမသုံးဘဲ ဆံပင်ကို လက်နဲ့ ဆွဲစုပေးပါ။ ဆံပင် လုံးလုံးလေး ဖြစ်လာပါလိမ့်မယ်။

၂။ နောက်ဘက်ကနေ ဆံပင်ကို အညီအမျှ နှစ်ဖွဲ့ ခွဲလိုက်ပါ။ ငါးမြီးပုံစံ ကျစ်ဆံမြီးကျစ်ခြင်းက ဆံပင် (၂) စု သာလိုအပ်ပါတယ်။

၃။ ဦးခေါင်းညာဘက်ခြမ်းမှ နာရွက်အရင်း နီးနားကနေ ဆံပင်လက်မဝက်ခန့်ကို လက်ညွှန်းနှစ်ချောင်းနဲ့ ခွဲထုတ်ရပါမယ်။ အဲဒါကို ဘယ်ဘက်ခြမ်းသို့ ကန့်လန့်ဖြတ်ယူလိုက်ပါ။ အဲဒီလို ကန့်လန့်ဖြတ်ယူတဲ့အခါ အောက်ဆုံးက ဆံပင်တွေဆွဲယူ အရေးကြီးပါတယ်။

၎။ ဘယ်ဘက်ခြမ်းကနေ လက်မဝက်ခန့် ဆံပင်စုကို ညာဘက်ခြမ်းသို့ တစ်ခါ ကန့်လန့်ဖြတ် ပြန်ယူပါ။ ဆံပင်အလွှာတွေ ပြုတ်ထွက်သွားမှာ မစိုးရိမ်ပါနဲ့။ အဲဒါက ချစ်စရာကောင်းပြီး သက်သောင့်သက်သာ ဖြစ်စေပါလိမ့်မယ်။

၅။ အဆုံးထိ မရောက်မချင်း လက်မဝက် ဆံပင်စုကို ဆက်ပေါင်းပေးပြီး အသေ မကျစ်မိဖို့ သတိပြုပါ။ ကျစ်ဆံမြီးကို ချောင်ချိနေစေဖို့ အနည်းငယ် ဆွဲပေးပါ။ အရမ်းအားထည့်ပြီးလည်း မလုပ်ပါနဲ့။ မညီမညာ၊
အထုံးအဖုတွေရှိရင် အဲဒီအတိုင်း ထားထားလိုက်ပါ။ 
Ref: Allure

Credit : http://www.trend.com.mm/2016/01/19/beauty-8610


ဆံပင်ကျစ်နည်းကို သေသေချာချာ နားမလည်ရင် ဒီယူတျူဗ် ဗီဒီယိုလေးကို ကြည့်ပြီး ကျစ်နိုင်ပါတယ်....
ယူတျူဗ်မှာ တိုက်ရိုက်ကြည့်ရန်လင့်မှာ.......
https://youtu.be/dTrE-lrStGA


ရောသမဆိုက်ထဲကြည့်ရန်...... 



No comments:

Subscribe

လာလည်သူများ

free counters