♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 3, 2015

" ထာဝရအသက်ရှည်ဆေး ဖော်စပ်ဖို့  နီးစပ်လာပြီဖြစ်ကြောင်း သိပ္ပံပညာရှင်တွေပြောကြား "


ဆိုက်ဘေးရီးယားရေခဲပြင်မြေလွှာထဲမှာ နှစ်ပေါင်း ၃.၅ သန်းကျော်အသက်ရှင်နေခဲ့တဲ့ ဘက်တီးရီးယားကို ရှာဖွေတွေ့ ရှိပြီးနောက်မှာ သိပ္ပံပညာရှင်တွေရဲ့ နတ်သက်ရှည်ဆေး ဖော်စပ်ဖို့ ကြိုးပမ်းမှုဟာ အရေးကြီးခြေလှမ်းတစ်ရပ်ကို လှမ်းနိုင်လိုက်ပြီဖြစ်တယ်လို့ ဆိုပါတယ်။

သိပ္ပံပညာရှင်တွေဟာ ဆိုက်ဘေးရီးယားရေခဲပြင်လို ကြမ်းတမ်းတဲ့ဒေသအခြေအနေမှာ ဒီဘက်တီးရီးယားအနေနဲ့ ဘယ်လိုအသက်ရှင်နေခဲ့သလဲ ဆိုတဲ့အပေါ်မှာ ဘက်တီးရီးယားရဲ့ DNA ကို ဖော်ထုတ်နိုင်ပြီးတဲ့အခါ ပိုမိုနားလည်သဘောပေါက်နိုင်ဖို့ မျှော်မှန်းထားကြပါတယ်။

ယခုအထိ တွေ့ ရှိရတဲ့ အရိပ်လက္ခဏာတွေကတော့ အလားအလာကောင်းလျက်ရှိပါတယ်။

“ ကြွက်တွေနဲ့ အသီးအနှံတွေမှာ ကျွန်တော်တို့ စမ်းသပ်မှုအများအပြားလုပ်ခဲ့ပြီးနောက်မှာ၊ အသက်ရှည်မှုနဲ့ သန္ဓေ အောင်မှုပိုင်းကို ဒီဘက်တီးရီးယားက ထိန်းထားပေးနိုင်တဲ့ အကျိုးသက်ရောက်မှုကို တွေ့ ရှိခဲ့ရပါတယ်” လို့  အဆိုပါ ဘက်တီးရီးယားကို ရှာဖွေတွေ့ ရှိခဲ့တဲ့ ရှရှားလူမျိုး Dr Anatoli Brouchkov က ပြောကြားပါတယ်။

“ ဒီဘက်တီးရီးယားရဲ့ မျိုးဗီဇအသုံးဝင်ပုံ၊ ဂျီနို(မ်) ခေါ် ဒီအင်န်အေထဲက အချက်အလက်စုကို ကာကွယ်ထားတဲ့ အင်္ဂါအစိတ်အပိုင်းစုရဲ့ဆောင်ရွက်ပုံတွေကို ကျွန်တော်တို့ နားလည်သဘောပေါက်ဖို့  လိုအပ်ပါတယ်” လို့ သူက ထပ်မံပြောကြားခဲ့ပါတယ်။

“ကမ္ဘာကြီးမှာ မသေဆုံးနိုင်တဲ့ (၀ါ) ထာဝရအသက်ရှင်နိုင်တဲ့ ဘက်တီးရီးယားတွေ၊ သတ္တ၀ါတွေ ရှိတယ်လို့ ကျွန်တော်ဆိုချင်ပါတယ်။ သူတို့ က မသေနိုင်ဘူး။ ပိုပြီးအတိအကျပြောရရင်၊ ဆဲလ်ပျက်စီးမှုကို သူတို့ ဘာသာ ကာကွယ်နိုင်ပါတယ်”

“ကျွန်တော်တို့ ဆဲလ်တွေကတော့ ပျက်စီးမှုကို သူတို့ ဘာသာ မကာကွယ်နိုင်ပါဘူး။ ဒီဘက်တီးရီးယားရဲ့

" ကယ်လ်ဆီယမ် ဆေးဝါးတွေ သောက်သုံးခြင်းဟာ အစာအိမ်နာကျင်မှု ဖြစ်စေနိုင် "



ကယ်လ်ဆီယမ် ထောက်ပံ့ပေးနိုင်တဲ့ ဆေးဝါး တွေမှီဝဲ ခြင်းဟာ သင့်ရဲ့ ကျန်းမာရေးမှာ ကောင်းမွန်တဲ့ သက်ရောက်မှု တစ်ခု မှ မရှိဘူးလို့ သုတေသန အသစ်တစ်ခုက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ကျန်းမာရေး ကုမ္မဏီတွေဟာ ဈေးကွက်အတွင်းမှာ သန်းပေါင်းများစွာ သော လူသားတွေကို ကယ်လ်ဆီယမ်ဆေးဝါးတွေက အရိုးကျန်းမာရေးကောင်းမွန်စေတယ်ဆိုတဲ့ ကတိစကား နဲ့ ကယ်လ်ဆီယမ် ဆေးဝါးတွေ ရောင်းချနေခဲ့ကြပါတယ်။

ဒါပေမယ့် ကျွမ်းကျင်သူတွေကတော့ ကယ်လ်ဆီယမ် ဆေးဝါးတွေ သောက်သုံးခြင်းဟာ အရိုးကျိုးပဲ့ခြင်းတွေကို ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ သက်သေအထောက်အထားနည်းနေတာ ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ British Medical Journal မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ သုတေသန ဟာ လေ့လာမှုပေါင်းများစွာ ကရလာတဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်ခဲ့ကြပါတယ်။

အမျိုးသားကျန်းမာရေးဌာန ရဲ့ ဖော်ပြချက်အရ အရွယ်ရောက်ပြီးသူတွေဟာ တစ်နေ့ကို ကယ်လ်ဆီယမ် ၇၀၀ မီလီဂရမ် မှီဝဲဖို့ လိုအပ်နေပါတယ်။ ဒါဟာ လူတွေကို နေ့စဉ်အစားအစာ ထဲမှာ လိုအပ်တဲ့ ကယ်လ်ဆီယမ် ပမာဏ ပြည့်အောင် စားသုံးဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။

ဒါပေမယ့်လူတွေဟာ နေ့စဉ်အစားအစာထဲမှာ ကယ်လ်ဆီယမ် ထည့်သွင်း မစားပဲ ကယ်လ်ဆီယမ် ပါဝင်တဲ့ ဆေးဝါးတွေ မှီဝဲနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသား ကျန်းမာရေး ဌာန က သတိပေးခဲ့တာကတော့ ထို ကယ်လ်ဆီယမ် ပါဝင်တဲ့ဆေးဝါးတွေ မှာ ကယ်လ်ဆီယမ် ပမာဏ ၁၅၀၀ မီလီဂရမ်အထိပါဝင်နေတဲ့အတွက် သင့်ရဲ့ အစာအိမ်နာကျင်မှု နဲ့ ၀မ်းပျက်ဝမ်းလျှောခငြ်းတို့ကို ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။

နယူးဇီလန် နိုင်ငံ က ကျွမ်းကျင်သူတွေ ပြုလုပ်ခဲ့တဲ့ လေ့လာမှု အသစ်မှာလည်း ကယ်လ်ဆီယမ် မှီဝဲမှု

" မြန်မာဗျည်း (၃၃) လုံး ဖြစ်ပေါ်လာပုံ "

 http://www.thuriya.org/rom1/images/828514a.jpg
အများသူတို.ကိုဗဟုသုတ ရစေချင်သောအလို.ငှာ ပြန်လည်မျှဝေ လိုက်ရပါသည်။ မြန်မာဗျည်း ၃၃-လုံး ဖြစ်ပေါ်လာပုံအကြောင်း ပြောရာမှာ ဗျည်းရော သရရော မြန်မာအက္ခရာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာက စပြောဖို့လိုမှာပေါ့။ မြန်မာအက္ခရာဟာ အိန္ဒိယနိုင်ငံမှာ ဘိစီ ၅၀၀-လောက်က ၇၀၀-ကျော်အထိ ထွန်းကားခဲ့တဲ့ ဗြာဟ္မီ (Brahmi) အက္ခရာက ဆင်းသက်လာကြောင်း ပညာရှင်တွေက မိန့်ဆိုကြတယ်။

ခရစ်နှစ်ဦး...ပိုင်းလောက်မှာ အိန္ဒိယနိုင်ငံသားတွေ အရှေ့တောင်အာရှကို သင်္ဘောကြီးတွေနဲ့ ရွက်လွင့်လာ ရာမှ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အက္ခရာ၊ နီတိကျမ်း၊ ဓမ္မသတ်ကျမ်း စတဲ့ ယဉ်ကျေးမှုတွေပါလာပြီး အရှေ့တောင်အာရှ နိုင်ငံတွေမှာ ထွန်းကားတာပါ။ 

အဲဒီအက္ခရာဟာ မွန်လူမျိုးတွေဆီ အရင်ရောက်ပြီး အဲဒီကမှတဆင့် မြန်မာတွေဆီရောက်တယ်။ မြန်မာတွေက အဲဒီအက္ခရာတွေကို မြန်မာစကားသံတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် လိုအပ်သလို မွမ်းမံအသုံးပြုရာက မြန်မာအက္ခရာ ပေါ်ပေါက်လာတယ်လို့ ယူဆကြပါတယ်။

 မြန်မာအက္ခရာဆိုရာမှာ ဗျည်းရော၊ သရရော ပါဝင်ပါတယ်။ ဗျည်းတွေကို အမည်ပေးပုံက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘယ်တုန်းကစပြီး ကကြီး-ခခွေး-ဂငယ်-ဃကြီး-စတဲ့အမည်တွေ ပေးတာလဲလို့ စဉ်းစားကြည့်ရင် မြန်မာအက္ခရာတွေကို ပေရွက်ပေါ်မှာ ကညစ်နဲ့ အ၀ိုင်းပုံရေးတော့မှ ဖြစ်လိမ့်မယ်လို့ ဆိုချင်ပါတယ်။

 ကျောက်စာ စရေးထိုးတဲ့ ပုဂံခေတ်တုန်းကတော့ ခုလို ၀ိုင်းဝိုင်းစက်စက် မဟုတ်ကြောင်း ပုဂံကျောက်စာတွေကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီတုန်းက ကျောက်ပေါ်မှာ ဆောက်တို့၊ ဘာတို့နဲ့ ထွင်းရတာမို့ လေးထောင့်ပုံတွေ ထွင်းတယ်၊ မ၀ိုင်းသေးဘူး။ ၀-၀ကလေး ၀ိုင်းဝိုင်းရေး-လို့ ပြောလို့မရသေးဘူး။

 ပေပေါ်မှာရေးတော့ လေးထောင့်ရေးရင် အဆင်မပြေဘူး။ ပေရွက်အကြောတွေ စုတ်ပြတ်နိုင်တယ်။ အ၀ိုင်းရေးတော့

" ကြံကြံဖန်ဖန် အထွေထွေဗဟုသုတ "

 
(( ဟစ်တလာမှာ Testis (ဝှေးစေ့) တစ်လုံးသာ ရှိပါတယ် ... ))) 
(1) ကျွန်တော်တို့ အားလုံး နှာချေ တဲ့အခါမှာ မျက်လုံးဖွင့်ပြီး ဘယ်လိုမှ ချေလို့မရပါဘူးခင်ဗျာ ..

(2) လင်းပိုင်တွေဟာ အိပ်တဲ့အခါမှာ မျက်လုံးတစ်ဖက်ဖွင့်ပြီး အိပ်ကျပါတယ် 
(3) နှစ်စဉ်တိုင်း နှစ်စဉ်တိုင်းမှာ မြွေကိုက်ခံရလို့ သေဆုံးတဲ့ လူအရေ အတွက်ထက် ပျားတုပ်ခံရလို့ သေဆုံးတဲ့ လူအရေအတွက်က ပိုများပါတယ် 

(4) ညာသန်လူတွေဟာ ဘယ်သန်လူတွေထက် ပျမ်းမျှအားဖြင့် ကိုးနှစ် ပိုအသက်ရှည်ကြပါတယ် 

(5) ကျွန်တော်တို့အားလုံး Queen Elizabeth I ကို မသိရင်တောင် ကြားဖူးကြ မှာပါ ဘုရင်မကြီးဟာ လိုအပ်သည် ဖြစ်စေ မလိုအပ်သည်ဖြစ်စေ သုံးလမှာ တစ်ကြိမ်သာ ရေချိုးပါတယ်တယ်။ 

(6) နာဇီခေါင်းဆောင် ဟစ်တလာဟာ သက်သတ်လွတ်စားသူဖြစ်ပြီး သူ့မှာ Testis (ဝှေးစေ့) တစ်လုံးသာ ရှိပါတယ် 

(7) ပိုလာ ၀က်ဝံတွေဟာ ပင်ဂွင်းငှက် 86 ကောင်ကို တစ်ထိုင်တည်း စားနိုင်ပါတယ် 

(8) ဂေါက်သီးတစ်လုံးရဲ့ မျက်နှာပြင်ပေါ်မှာ အစက်အပြောက်( အချိုင့်)ပေါင်း 336 ရှိပါတယ် 

" သက္ကရာဇ် 3000 မှာကြုံတွေ့ရမယ့် တိုးတက်မှုများဆိုတဲ့ ပုံတွေအများကြီးပါလား " (ဟာသပုံများ)

ဒီ ကာတွန်းလေးတွေကို အီးမေးက ရပါတယ်။
သက္ကရာဇ် ၃၀၀၀မှာ ကြုံရမယ့် တိုးတက်ဖြစ်ထွန်းမှုတွေကို ကြိုတင်နိမိတ်ဖတ်ထားပါသတဲ့။
--------------------------------------
ကြေးစားအားကစားသမား :)
Photobucket
--------------------------------------
အိမ်သာတက်ရင်း ရေလွှာလျှောစီး :)
Photobucket

" ပဟေဠိတွေ ဖတ်ကြည့်ကြရအောင်လားဟင် "

 
ဟွာလေ..မီးက ဆံထုံးထုံးတဲ့ ခေတ်မဟုတ်တော့လို့ ဆံထုံးမထုံးဘူးလေ...အာ့ကြောင့်လေ..သူ့အပင်က တစ်အုံ၊ သူ့အနွယ်က တခင်း၊ ကုန်းပေါ်ကဆင်း ဆိုပြီးတော့ပေါ့နော် ပဟေဠိဖွဲ့ရင် ဟောဒီက တောင်ကုန်းလေးလို ဖြစ်နေတဲ့ မီးရဲ့ ခေါင်းထိပ်ကနေ အောက်ကိုကျဆင်နေတဲ့ မီးရဲ့ ကျော့ရှင်းနေတဲ့ ဆံပင်လေးတွေကို ဆိုလိုကြောင်းပြောတာပေါ့နော်..ခ်ခ်ခ်
 
၁။ သူ့အပင်က တစ်ရုံကြီး၊ သူ့အသီးက တစ်လုံးသီး။ (ဆံပင်နှင့် ဆံထုံး)

၂။ အစာကို နှစ်ယောက်ကမြင်၊ ငါးယောက်က ယူ၊ သုံးဆယ်က ၀ါး၊ ကောင်းစားတော့ တစ်ယောက်တည်း။ (မျက်စိ၊ လက်ချောင်း၊ သွားနှင့် လျှာ)

 ၃။ ကြည့်လေဝေးလေ၊ ဝေးလေကြည့်လေ။ (မျက်စိနှင့် နား)

 ၄။ ခေါင်းကြီးလို့ လည်သိမ်၊ ဖင်ပိန်တဲ့ ယောကျာ်း၊ မိုးပေါ်ပျံကာသွား၊ သိကြားလား နတ်လား။ (ပုစဉ်း)

 ၅။ တက်လေးစင်းနှင့် အပြင်းလှော်၊ မယ်တော်ရှင်မ ပေါင်းထဲက။ (လိပ်)

 ၆။ သွားတော့ ကွေ့ကောက်၊ မြင့်ရာက နိမ့်ရာရောက်။ (မြစ်ချောင်း)

 ၇။ နွားနို့တစ်မြူ၊ ပြည်လုံးဖြူ။ (လ)

 ၈။ နတ်သမီး တံတွေးပေါက် ကြက်မကောက်နိုင်။ (ထရံပေါက်မှကျရောက်လာသော နေပြောက် အကွက်)

 ၉။ အမြင်နီး ခရီးဝေး။ (တောင်)

 ၁၀။ စည်ကြီးတီး မျက်နှာမည်းကြီးငို သေသူရှင် ပုန်းသူပေါ်။ (မိုးဦကျကာလတွင် မိုးကြိုးပစ်၊ မိုးရွာ၊ မြက်ပေါက်၊ ဖားအော်) 

၁၁။ မတီးဘဲမြည်။ (မိုးခြိမ်းသံ)

 ၁၂။ ခုတ်လို့မပြတ် သတ်လို့မသေ။ (ရေ)

 ၁၃။ အိမ်ရှိပေမယ့် လူမရှိ၊ လူရှိပေမယ့် အသံမကြားရ။ (သင်္ချိုင်း)

 ၁၄။ ငမဲဖင် ငနီလျက်။ (အိုးနှင့် မီး)

 ၁၅။ သွားတော့ခွေခွေ နေတော့စင်းစင်း။ (ခေါင်းခု)

October 2, 2015

" မယားကိုစွဲလန်း၍ ပြိတ္တာဘ၀ရောက်သွားရှာသူတစ်ယောက်အကြောင်း "

 
လွန်ခဲ့သော အနှစ်သုံးဆယ်ကျော်ကာလက ဦးချမ်းသာ၊ ဒေါ်ခင်မီတို့ဟာ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်လေးမှာ
 အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်တဲ့မိသားစု အဖြစ်သူတို့ ဆွေမျိုးအသိုင်းအ၀ိုင်းကကော ရပ်ကွက်သူ၊ရပ်ကွက်သားတွေကပါ ချစ်ခင်ကြတဲ့ လေးစားကြတဲ့ မိသားစုလေးဖြစ်ခဲ့ပါတယ်။ ဦးချမ်းသာတို့မှာ ကိုယ်ပိုင်လုပ်ငန်းစီးပွားရေးလေး နဲ့ အချမ်းသာကြီးမဟုတ်တောင် မကြောင့်မကျ မတောင့်မတ ဘ၀မျိုးနဲ့နေနိုင်ကြပါတယ်။ သူတို့မှာ သားသမီးသုံးယောက် နဲ့ ဘ၀ကိုစိုးရိမ်ကြောင့်ကျစရာမလိုပဲ ပျော်ပျော်ကြီးဖြတ်သန်းခဲ့ကြတာပါ။

ဦးချမ်းသာက လည်း နံမည်နဲ့လိုက်အောင် အလှုအတန်း၊အပေးအကမ်းရက်ရော တတ်တာကြောင့်ခြွေရံသင်းပင်းလည်း အလွန်များလှပါတယ်။ လစဉ် သီတင်းသီလစောင့်တည်ခြင်း အပြင် အခါအခွင့် သင့်တိုင်းလင်မယားနှစ်ယောက် ၀ိပသနာတရားစခန်းတွေကို လည်းမကြာခဏ အလျှင်းသင့်သလို ၀င်ပြီး တရားအားထုတ်ကြပါသေးတယ်။ ဒါပေမဲ့ ခန္တာကိုယ်ကြီးနဲ့ဖွဲ့ စည်းထားတဲ့ လူပီပီ ရောဂါဝေဒနာကိုလည်း ခံစားကြရတာ ဓမ္မတာမို့ အသက်ငါး ဆယ်ကျော်ကျော်အရွယ်လေးနဲ့ နားမကျန်းဖြစ်ပြီးဦးချမ်းသာ သေဆုံးသွားခဲ့ရရှာပါတယ်။

ဦးချမ်းသာ သေဆုံးပြီးနောက် လေး၊ငါးရက်လောက်အကြာမှာ မိမိယောက်ျား ဦးချမ်းသာ မကျွတ်မလွတ်ပဲ ပြိတ္တာဘ၀ကို ရောက်ရှိနေပြီး အိမ်မှာသာတွယ်ကပ်နေတယ်ဆိုတာကို ဒေါ်ခင်မီ ခံစားသိရှိနေခဲ့ပါတယ်။ ညဘက်အိပ်ရင်မိမိအနား တစ်စုံတစ်ယောက်ရှိနေသလိုခံစားချက် များအပြင် ဦးချမ်းသာ အသက်ရှိစဉ်က သုံးစွဲခဲ့တဲ့ရေ မွေးနံ့ကို ရရနေတတ်ပါတယ်။ ရက်လည်တရားနာရင် ကျွတ်မှာပါလေဆိုပြီး ဒေါ်ခင်မီတွေးခဲ့ပေမဲ့ ရက်လည်တရားရားနာပြီး မိမိခင်ပွန်းဦးချမ်းသာကို အထူးနံမည်ဖိတ်ခေါ် တရားနာ၊ ရေစက်ချ အမျှဝေခဲ့ပေမဲ့ ဦးချမ်းသာရဲ့ အရိပ်အရောင်တွေဟာ ဆက်ပြီး ရှိနေ ဆဲပါပဲ။ ဒါနဲ့ တစ်လပြည့်တော့ တစ်ခါ ဦးချမ်းသာအတွက်ရည်စူးပြီး တရားနာ၊ ရေစက်ချပြီး အမျှဝေပြန်ပါတယ် ။ ဒီတစ်ခါလည်း ထူးမခြားနားပါပဲတဲ့။ ဒါနဲ့ မိမိချစ်လင်အတွက် ဘ၀ကူးကောင်းစေချင်သော စေတနာနဲ့ ဒေါ်ခင်မီအားမလျှော့ပဲ နှစ်လပြည့်မှာမှာလည်း ဘုရားသားတော် သံဃာတော်အရှင်မြတ်တွေကို ပင့်ဖိတ်ပြီး တရားနာ ၊ ရေစက်ချ အမျှဝေပြန်ပါတယ်။

" မမှီတဲ့ပန်းလေးကို မှ လှမ်းချင်ပါတယ်ဆိုတဲ့ သူတွေအတွက် (အရမ်းလန်းတဲ့ကောင်မလေးကို ဘယ်လိုချဉ်းကပ်မလဲ)

အရမ်းလန်းကောင်မလေး တစ်ယောက်နဲ့ချစ်သူဖြစ်ချင်ပါသလား။ ဒါလေးတွေ လေ့လာကြည့်ပါ။

၁။ အရမ်းတော်နေစရာ မလိုအပ်ပါဘူး။
အလန်းလွန် အလွန်လန်းတဲ့ မိန်းကလေးတစ်ယောက်ချဉ်းကပ်တဲ့နေရာမှာ အခက်ခဲဆုံးအပိုင်းကတော့ သူမရဲ့စိတ်ဝင်စားမှုကို ရရှိဖို့ပဲဖြစ်ပါတယ်။ ပင်ကိုယ်က အရမ်းလန်းတဲ့သူတွေဟာ အာရုံခံစားမှု ကောင်းကြတဲ့အတွက် ပျင်းစရာကောင်းသူတွေကို သည်းမခံနိုင်ကြပါဘူး။ ဒါ့ကြောင့် သူမရဲ့ စိတ်ဝင်စားမှုကို ရရှိဖို့အတွက် အရမ်းတော် အရမ်းထက်မြက်တဲ့ သင့်ရဲ့အရည်အချင်းတွေကို နောက်ပိုင်းကျမှ ထုတ်ပြောပါ။ သူမအကြောင်းကို စကားပြောရင်း တော်တော်များများသိလာပြီဆိုမှ စွဲဆောင်မှုအတွက် ထုတ်သုံးပါ။

၂။ အဆိုးမြင် ညည်းတွားတတ်သူ မဖြစ်ပါစေနဲ့။
သင့်ရဲ့ဆုံးရှုံးမှုတွေအကြောင်းကို ရှင်းပြညည်းတွားမနေပါနဲ့။ အရာရာတိုင်းကို သင်ထိန်းချုပ်နိုင်စွမ်း မရှိဘူးဆိုတာကို သူမကလည်း နားလည်ထားမှာပါ။ သင့်အနေနဲ့ သဘာဝကျကျဆက်ဆံတတ်ဖို့ပဲ လိုပါတယ်။

၃။ စိတ်လှုပ်ရှားမှုတွေ ပေးစွမ်းနိုင်ပါစေ။
စွန့်လွှတ်စွန့်စားရတဲ့ အပြုအမူတွေက စိတ်ကိုနိုးကြားစေပါတယ်။ မိန်းကလေးတွေဟာ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေမှာ ပါဝင်တဲ့အခါမှာ စိတ်နိုးကြားတတ်ပြီး လိင်စိတ်ပါ ကြွလာတတ်ပါတယ်။ ဒါ့ကြောင့် ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေ စိတ်လှုပ်ရှားစရာတွေကို အတူတူလုပ်ဆောင်ပါ။

၎။ သူမရဲ့ ကသိကအောက်ဖြစ်စရာ အကျင့်တွေကို နားလည်ပေးပါ။
သူမရဲ့ ကကျိုးကကြောင်စိတ်ကူးတွေကို ထောက်ခံပါ။ ထူးထူးဆန်းဆန်း ပေါက်ကရအကျင့်တွေကို လက်ခံနားလည်ပေးပါ။

" ဖခင်ဖြစ်သူ ဆေးကုသနိုင်ဖို့ လမ်းဘေးမှာ တောင်းရမ်း ရှာဖွေနေတဲ့ သမီးလိမ္မာလေးရဲ့ ချီးကျူးဖွယ်စိတ်ဓာတ်"

 
အသက် (၁၅)နှစ်သာ ရှိသေးသော်လည်း နာမကျန်း ဖြစ်နေသော ဖခင်ဖြစ်သူအတွက် အရာအားလုံးကို စွန့်လွှတ်ရဲသည့် ပုံစံမျိုးဖြင့် ဘ၀တိုက်ပွဲကို ဖြတ်သန်းနေသည့် သမီးငယ်တစ်ဦး ရှိသည်။ တရုတ်နိုင်ငံ၊ ဟီဖီအရပ်ဒေသတွင် နေထိုင်သည့် ဟာအိုဒွန်ဒွန်သည် နွားရုပ်ပုံစံ မျက်နှာဖုံးကို တပ်ပြီး လမ်းဘေးတွင် တောင်းရမ်းနေခြင်း ဖြစ်သည်။ ဟာအိုဒွန်ဒွန်သည် အရွယ်နှင့် မမျှအောင် ဒုက္ခတွေ များနေသူ ဖြစ်သည်။ လမ်းဘေးတွင် တောင်းစားသည့် အလုပ်က လွယ်သည်မဟုတ်။ ပတ်ဝန်းကျင်ကတော့ ဟာအိုဒွန်ဒွန်သည် လိမ်ညာ တောင်းစားနေခြင်းသာ ဖြစ်ကြောင်း စွပ်စွဲ ဟြေဆိုကြသည်။ သို့သော် ဟာအိုဒွန်ဒွန်သည် ဖခင်ဖြစ်သူ ဆေးဖိုးရဖို့ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ယင်းအတွက် ပတ်ဝန်းကျင်၏ ဟြေစကားများကို ဂရုမစိုက်ခဲ့။ ထိုသို့တောင်းစားမူ ပြုလုပ်နေသည်မှာ သုံးလကျော်သွားခဲ့ပြီ ဖြစ်သည်။

လူစည်ကားရာ လမ်းမတွင် နွားရုပ် မျက်နှာဖုံးကိုစွပ်ကာ လေးဘက်ထောက်ပြီး တောင်းရမ်းနေသည့် ဟာအိုဒွန်ဒွန်ကို မြင်တွေ့ရသည်မှာ စိတ်မကောင်းစရာ ဖြစ်သည်။ ဟာအိုဒွန်ဒွန်သည် သူ့အပေါ် တက်စီးခွင့်ပေးထားပြီး၊ တစ်ခါစီးပါက တရုတ်သုံးငွေ ငါးယွမ်ရရှိတတ်သည်။ ဟာအိုဒွန်ဒွန် အကြောင်းကို ချိုင်းနားဒေးလီး သတင်းဌာနက ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။ ဟာအိုဒွန်ဒွန်က မိမိသည် ဖခင်ဆေးဖိုးအတွက် တစ်လကို ယွမ် (၅၀၀၀) ခန့် လိုကြောင်း၊ မောင်လေးနှင့် ညီမဖြစ်သူတို့အတွက် ကျောင်းစရိတ်လည်း ရှာရကြောင်း ဟြေကြားခဲ့သည်။ ဟာအိုဒွန်ဒွန်၏ ဖခင်

“ညဖက်မှာ ရေချိုးရင် ဘာဖြစ်မလဲ”

လူတိုင်းလိုလို ကိုယ်ခန္ဓာနုပျိုလန်းဆန်းနေတာကို အလိုရှိကြပါတယ်။ ရေချိုးခြင်းဟာလဲ ခန္ဓာကိုယ်လန်းဆန်းသွားအောင် လုပ်ဆောင်ခြင်းထဲမှ တမျိုးအပါအဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ ညဖက်ပိုင်းမှာ ရေချိုးခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်သလား ဆိုတာကို လေ့လာကြည့် ရအောင်ပါ။
ရေချိုးခြင်းဟာ ကိုယ်ခန္ဓာအပန်းပြေသွားအောင် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ပါတယ်။ တနေကုန် အလုပ်ထဲမှာ စိတ်ရော ကိုယ်ပါ ပင်ပန်းလာခဲ့တဲ့အတွက် ညနေဖက်မှာ သင့်ရဲ့ကိုယ်ခန္ဓာဟာ ပြန်လည်လန်ဆန်းဖို့ တခုခုလုပ်ဆောင်ရန် လိုအပ်ပါတယ်။ ညပိုင်းမှာ ရေချိုးလိုက်ခြင်းဖြင့် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခန္ဓာခံနိုင်စွမ်းရည်အားကို ပြန်လည်မြှင့်တက်စေပါတယ်။
ညပိုင်းမှာ ရေချိုးမှုနဲ့ပက်သက်လို့ အယူအဆ ကွဲလွဲမှုတွေ အများကြီးရှိပါတယ်။ တချို့လူတွေက ဒီလိုရေချိုးခြင်းဖြင့် ကိုယ်ခန္ဓာကို ထိခိုက်စေမယ်။ ဖျားနာမှုနဲ့ ရောဂါတွေ ရရှိနိုင်မယ်လို့ ထင်ကြပါတယ်။ ပညာရှင်များကတော့ ထိခိုက်မှု ရှိနိုင်သလားဆိုရဲ့ အဖြေကတော့ “နိုး(NO)” တစ်လုံးထဲပါတဲ့။ ညဖက်မှာရေချိုးလိုက်လို့ ထိခိုက်မှုဖြစ်စေတယ်ဆိုတဲ့ သိပံ္ပနည်းကျ အထောက်အထားများ မတွေ့ရှိရဖူးလို့ ပြောပါတယ်။
ဒါဆိုရင် ဘယ်လိုအကျိုးရှိသလဲ?
ရေနွေးနွေးလေးနဲ့ ချိုးလိုက်ရင် အရေပြားပေါ်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးကာ သန့်ရှင်းစင်ကြယ်စေပါတယ်။ မအိပ်ခင်မှာ လန်းဆန်းပြီး သန့်ရှင်းနူးညံ့တဲ့ ခံစားမှုကို ရရှိစေပါတယ်။
စိတ်ဖိစည်းမှု သက်သာစေပြီး သွေးပေါင်ချိန် လျှော့ချစေပါတယ်။ တနေ့ကုန် ပင်ပန်းလို့ကုန်ဆုံးသွားတဲ့ အားအင်တွေကို ဖြည့်ပေးပါတယ်။
တနေကုန်ပင်ပန်းလာပြီး လေ့ကျင့်ခန်းလုပ်ရင်တောင် တောင့်တင်းနေတဲ့ ကြွက်သားတွေဟာ ရေချိုးခြင်းဖြင့် ဖြေလျှော့ ပေးနိုင်ပါတယ်။
ရေနွေးနဲ့ ချိုးလိုက်ရင် အရေပြားကို ချေမွတ်ပြီး ပျော့ပြောင်းစေကာ ရေချိုးပြီးသည်နှင့် တပြိုင်နက် နုပျိုလန်းဆန်းခြင်းကို ခံစားရရှိစေသည်။
ရေချိုးနေစဉ် အချိန်လေးအတွင်းမှာပင် စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်ကာ စိတ်ပြေလက်ပျောက်ဖြစ်စေသည်။
အံ့ဖွယ်အချက်တခုကတော့ ညဖက်ရေချိုးခြင်းက ကောင်းသော ကိုယ်သင်းရနံ့ကို ပေးသည်။
အသားအရေ နူးညံ့သည့် ခံစားမှု သန့်ရှင်း တက်ကြွခြင်းနှင့် ကောင်းမွန်သော ကိုယ်သင်းရနံ့တို့က အိပ်ယာဝင် ချမ်းသာသုခ

" ကိုယ်တွေ့လိပ်ခေါင်း သက်သာနည်း "

ယခုနှစ် ၂၀၁၅ ဧပြီလ သင်္ကြန်အပြီးမှာ ရန်ကုန်ကို ခွင့်ပြန်ခဲ့ပြီး ခွင့်စေ့တဲ့အချိန်မှာ ကျနော်အလုပ်လုပ်နေတဲ့နိုင်ငံကိုပြန်လာ
ခဲ့ပါတယ်။
ဒီနိုင်ငံက နိုင်ငံတကာလေဆိပ် ရောက်တာနဲ့ အထုပ်အပိုးတွေကို ကျနော်အလုပ်လုပ်ရာ ဒေသကိုပို့ပြီး လူကတော့ အဝတ်

အနည်းငယ်နဲ့ အခြားဒေသကို လူစားဝင်ပေးဖို့ သွားခဲ့ပါတယ်။
ကိုယ်အမြဲနေရမဲ့ နေရာလဲမဟုတ် အခန်းကလဲ တဦးတည်းသီးသန့် နေတာမို့ ဖြစ်သလို အသားဟင်းကိုပဲ ကြော်လိုက်၊ ပြုပ်လိုက်နဲ့ စားသောက် နေလာခဲ့ပြီး ရာသီပြောင်း နေရာပြောင်းနဲ့ ဝမ်းလဲမမှန်တော့ပဲ နုတ်ခမ်းမှာပါ အပူဖု လေးတွေပါ ထွက်လာပါတယ်။
ဒီမှာ ကျနော့်ကို ထိတ်လန့်စေမဲ့ အဖြစ်နဲ့ ကြုံတွေ့ရတော့တာပါပဲ။

တမနက် ဝမ်းသွားပြီး ပြန်အထမှာ လတ်ဆတ်တဲ့ သွေးတွေကို အိမ်သာသုံး စက္ကူမှာ တွေ့လိုက်ရပါတယ်။
တခါမှ ဒီလိုမျိုးအတွေ့ အကြုံမရှိတဲ့ အတွက် အကြီးအကျယ် ထိတ်လန့်ပြီး တောင်တွေး မြောက်တွေးနဲ့ ပူပန်သောက ရောက်ပါတော့တယ်။ ညနေဖက် တကြိမ်ဝမ်းသွားတာမှာလဲ ဒီအတိုင်းမို့ ပိုစိုးရိမ်ပြီး နောက်တကြိမ် ဝမ်းသွားရမှာကို ကြောက်လာပါတယ်။

ဒီလိုနဲ့ ဖြစ်စဉ်ကို ရန်ကုန်မှာ ရှိတဲ့ အသိဆရာဝန်တွေနဲ့ အခြားလူတွေကိုပါ မေးစမ်းပြီး တိုင်ပင်ရပါတယ်။ ဒီမှာ ထင်စရာရှိတာက ဒီလူနှယ် ဒီမှာရှိတဲ့ ဆရာဝန်တွေကို သွားမပြပဲ ဘာလို့များ မြန်မာပြည်ကလူတွေကို ပြန်မေးရသလဲ မေးစရာရှိပါတယ်။
ကျနော်တာဝန်နဲ့ နေတဲ့နေရာက နယ်ဖြစ်ပါတယ်။ မြို့မှာလို လူဖြူဆရာဝန်များနှင့် မြန်မာဆရာဝန်များမရှိပါ။ ဒီနိုင်ငံရှိလူများနှင့်

" ဖရဲသီးခွံ လက်တည်ချဉ် ပြုလုပ်နည်း ‬"

 
 ရှေ့ပိုင်းမှာ ဖရဲသီးခွံကို အသီးဖျော်ရည် အဖြစ် ဗိုက်တာမင် အားဖြည့်ရန် တင်ပြခဲ့ပါတယ်။ ယခုတင်ပြချင်တာကတော့ ထမင်း သို့မဟုတ် အကင်တို့နှင့် စားသုံးနိုင်သော ဖရဲသီးခွံလက်တည်ချဉ် သနပ်ဖြစ်ပါတယ်။
ပြုလုပ်နည်းကတော့ ရိုးရှင်းလွယ်ကူပါတယ်။ အချို့ပြုတ်ပြီးမှ လုပ်တဲ့နည်းတွေ ရှိပေမဲ့ ဒီနည်းလမ်းကလွယ်လို့ဖေါ်ပြ လိုက်ပါ
တယ်။ 

ဖရဲသီး အတွင်းသား အနီရောင်ကို လှီးပြီးလို့ ကျန်ခဲ့သော အခွံမှ အစိမ်းရောင် အခွံကို သင်ပစ်လိုက်ပါ။ ယင်းအစိမ်းရောင် အခွံနှင့် အနီသားကြားမှ အဖြူရောင် အသားကို အသုံးပြုပါမယ်။
ထိုအဖြူရောင် အသားတို့ကို လေးထောင့်တုံး သို့မဟုတ် အချောင်းလိုမျိုး ကြိုက်သလို လှီးဖြတ်ပါ။ အနည်းဆုံး ၃ပေါင် ၄ပေါင်ခန့် လှီးပါ။

ပြီးရင် ထည့်မဲ့ပုလင်းကို ချင့်ချိန်၍ ရေနှင့် Vinegar (ရှာလကာ) ကို (၁း၁) ဖြစ်အောင် ယူပြီး ဇလုံတခုအတွင်း သမအောင်မွေပါ။

October 1, 2015

"ကြွပ်ကြွပ်အိတ်နှင့် ပြီးနိုင်တဲ့ကိစ္စကို ပန်းအိုးကို မျက်စောင်းထိုးရသလား ပွကြီးရယ် (အရမ်း ရယ်ရတဲ့ ဟာသလေးပါ)

 
တနှစ်က မန္တလေးသင်္ကြန်ကို သွားလည်ဖြစ်တယ်။
သင်္ကြန်တွင်း လူအစည်ကားဆုံးဖြစ်တဲ့ကျုံးနဲ့ အနီးဆုံးဟော်တယ်တစ်ခုမှာ တည်းခိုဖို့သွားတော့ အခန်းတိုင်းလူပြည့်နေ

တယ်တဲ့။
တော်တော်စိတ်ညစ်သွားတယ်။
ကောင်တာစာရေးမက ဆက်ပြောလာတယ်..
.
“အခန်းလွတ်တစ်ခုတော့ ကျန်သေးတယ် ဦး၊ ဒါပေမဲ့ အဲဒီအခန်းက အိမ်သာပျက်နေလို့ ပြင်နေတာ မပြီးသေးဘူး၊ အများသုံးအိမ်သာမှာ အသုံးပြုပြီးနေနိုင်တယ်ဆိုရင်တော့ ဦး နေလို့ရပါတယ်”

ဘယ်မှလည်းထပ်မရှာချင်တော့တာနဲ့ အဲဒီအခန်းကိုဘဲ ယူလိုက်တယ်။
မန္တလေးသင်္ကြန်မှာ ပျော်ပါတယ်။
အခန်းပြန်ရောက်လို့ အပေါ့အလေးသွားတဲ့အခါ နည်းနည်းကသီတာကလွဲလို့ ကျန်တာအားလုံးအိုကေပါတယ်…

အဲ…မအိုကေတာက ပြန်မယ့်နေကျမှဖြစ်တာ၊
ပြန်မယ်ဆိုပြီး ပစ္စည်းတွေထုတ်ပိုးသိမ်းဆည်းပြီးကာမှ ဗိုက်ကရစ်ရစ်ပြီးနာလာတယ်..
ဒါနဲ့ အိမ်သာရှိရာ ကမန်းကတန်းပြေးရတာပေါ့၊ ကံများမကောင်းချင်တော့ အိမ်သာက တခန်းမှ မအားဘူး။
ဟိုတယ်က ၂ထပ်ဆိုတော့ အောက်ထပ်မှာလဲ အများသုံးအိမ်သာရှိတာနဲ့ အောက်ထပ်ဆင်းပြေးရပြန်တယ်..

" သြစကြေးလျ အဓိကအပန်းဖြေကမ်းခြေတွင် ရုတ်တရက် မြေကျွံတွင်းကြီး ပေါ်လာပြီး ကားများ တဲများကို စုပ်ယူသွားခဲ့ဟုဆို "


ရက်သတ္တပတ်အဆုံးရက်များက သြစတြေးလျ၏ ကမ္ဘာလှည့်များအပန်းဖြေရာ အဓိကကမ်းခြေတစ်ခုတွင် ဧရာမတွင်းကြီး

တစ်တွင်း ပေါ်ထွက်လာပြီး အပန်းဖြေယာဉ်တစ်စင်း၊ ကားတစ်စင်း၊ ထရေလာတစ်စင်းနှင့် တဲအချို့ကို စုပ်မျိုသွားခဲ့သောကြောင့် အပန်းဖြေသူများ ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ကြသည်ဟု ဆိုသည်။

ဒေသတွင်းမီဒီယာ၏ သတင်းပို့ချက်အရ စက်တင်ဘာ ၂၆ရက်နေ့ ညနေခင်းက ကွင်းစလင်း၏ နာမည်ကျော် ဖရေဇာကျွန်းပေါ်ရှိ Inskip Point တွင် အလျား ၂၀၀မီတာနှင့် အနံ ၅၀မီတာရှိသည့် တွင်းချောက်ကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ရာ တစ်စုံတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိသော်လည်း စခန်းချအပန်းဖြေနေသူ ၃၀၀ခန့်ကိုမူ ဘေးလွတ်ရာသို့

 ရွှေ့ပြောင်းပေးခဲ့ရသည်ဟု ဆိုသည်။

''လူတွေက သူတို့ရဲ့ ဗန်ကားတွေနဲ့ တွင်းနှုတ်ခမ်းပေါ်မှာ ရှိနေခဲ့ပြီး ဗန်ကားကို အပြင်ကိုဆွဲထုတ်ဖို့ သွေးရူးသွေးတန်းကြိုးစားနေခဲ့ကြတယ်''ဟု စခန်းချအပန်းဖြေသူ ဆီဗီရာ မော်ရေးက အေဘီစီသတင်း ဌာနသို့ ပြောကြားခဲ့သည်။

''ငါတို့ကို ဘယ်သူမှ မကယ်နိုင်တော့ဘူးလို့ ထင်ခဲ့မိတယ်။ စခန်းချနေရာမှာ တွင်းကြီးပေါ်လာပြီး မျိုချသွားတာ မြန်လွန်းလှလို့ တကယ်ကို ကြောက်လန့်မိတယ်''ဟု အခြားစခန်းချသူတစ်ဦးဖြစ်သည့် မီလနီ ၀စ်သာစပွန်းက ဖေ့စ်ဘုတ်ပို့စ်တွင် ရေးသားခဲ့သည်ဟု ဘရစ်စဘိန်း သတင်းစာစောင် Courier-Mail က ကိုးကားဖော်ပြခဲ့

သည်။

မြေကျွံတွင်းများမှာ အက်ဆစ်ဂုဏ်သတ္တိရှိသည့် ရေတွင် ကျောက်လွှာများ အရည်ပျော်သွားသည့်အခါ တွင် ဖြစ်ပေါ်နိုင်သကဲ့သို့

" ကိုယ့်အလုပ်ခွင်ထဲက လူတွေနဲ့ အချင်းချင်း ပြန်လက်ထပ်တာ အများဆုံး လူတွေရဲ့ အလုပ်အကိုင်တွေဟာ ဘာတွေဖြစ်တတ်"

လက်ထပ်ခြင်းနဲ့ ပတ်သက်လာရင် လူတွေဟာ ကိုယ့်အလုပ်အကိုင် နယ်ပယ်ထဲက လူတွေကိုသာ ရွေးချယ်လက်ထပ်လာကြတာ ခုဆို ပိုများလာကြောင်း လေ့လာတွေ့ရှိချက်တွေအရ သိလာရပါတယ်။ A Match.com က လေ့လာချက်တစ်ခုအရဆိုရင် လက်ထပ်သွားကြတဲ့ အတွဲပေါင်း ၁၁၀၀မှာ ၁၀၀၀ နီးပါးလောက်က ကိုယ်နဲ့အလုပ်တူ၊ ၀ါသနာတူလူမျိုးတွေကို ယနေ့ခေတ်မှာ ပိုမိုရွေးချယ်လာကြတယ်လို့ ဖော်ပြထားပါတယ်။ ဒီတော့ ဒီလိုအတွဲမျိုးတွေမှာမှ ဘယ်လိုအလုပ်မျိုးက လူတွေဟာ အချင်းချင်းလက်ထပ်တာ အများဆုံးလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

US Cenus ရဲ့ စစ်တမ်းကောက်ချက်အရဆို၇င် ရှေ့နေ့တွေ၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေ နဲ့ ပညာရေးနယ်ပယ်က လူတွေဟာ ဒီနယ်ပယ်က လူတွေအချင်းချင်း ပြန်လက်ထပ်ကြတာ များတယ်လို့ သိရပါတယ်။ အချင်းအချင်းလက်ထပ်တာ နည်းတာကတော့ ဆောက်လုပ်ရေးပိုင်း လုပ်ကိုင်တဲ့ အတတ်ပညာရှင်တွေ၊ ငွေကြေးပိုင်းဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်ရတဲ့သူတွေလို့ ဆိုပါတယ်။
တကယ်တော့ အလုပ်တစ်ခုကို အတူတကွ လုပ်ဆောင်ရတဲ့ သူတွေဟာ နေ့တိုင်းမြင်တွေ့နေရတာကြောင့် သံယောဇဉ်ပိုတွယ်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းမှာ ၀င်ရောက်လုပ်ကိုင်တဲ့ အမျိုးသမီး ၄၀ရာခိုင်နှုန်းကတော့ အဲ့ဒီဆောက်လုပ်ရေးက အမျိုးသားတစ်ဦးနဲ့ သံယောဇဉ်တွယ်ကောင်းတွယ်နိုင်တယ်လို့ ဆိုပါတယ်။
ခုနပြောသွားသလိုပါပဲ။ ကိုယ့်နယ်ပယ်ထဲက လူတွေကို အချင်းချင်း ပြန်လက်ထပ်တာ အများဆုံးကတော့ဥပဒေအရာ
ရှိတွေနဲ့ ရှေ့နေ့တွေပါပဲ။

" အချိန်ကုန်သက်သာစေမယ့် Facebook Keyboard Shortcut ကီးများ "

 
မိမိသွားချင်တဲ့နေရာကိုလည်း တန်းရောက်၊ အချိန်ကုန်သက်သာစေမယ့် Facebook Keyboard Shortcuts လေးတွေဖြစ်
ပါတယ်။ Settings ကို တန်းသွားခြင်း၊ New message မေ့ဆေ့ခ်ျသစ်တွေ စစ်ဆေးခြင်း စတာတွေ ပါဝင်ပါတယ်။အရင်က ကျွန်ုပ်တို့ သတိထားမိခဲ့ကြသလိုဆိုရင် အဓိက အသုံးများတဲ့ shortcuts တွေမှာ Alt key နဲ့ နံပတ်တစ်ခုခု သုံးတာ များပါတယ်။ အရင်က သုံးနိုင်တဲ့ shortcuts တွေ ကီးတွေ ပေါ်ချေ၊ ပျောက်ချေဖြစ်ဖို့ Alt + q ကို သုံးစွဲခဲ့တယ်။ ယခု facebook အတွက် အသုံးတည့်စေမယ့် shortcuts key လေးတွေ တင်ဆက်ပေးလိုက်ပါတယ်။ ဒီအောက်မှာ ဆက်လက်ကြည့်ရှုပါ.....

" လှမယ်ဆိုရင် ငှက်ချေးလည်း မျက်နှာလိမ်းမယ် မောင်..... ကမ္ဘာ့ အထူးခြားဆုံး မျက်နှာအလှပြင်နည်းများ"

 
အခုခေတ်မှာ အမျိုးသမီးတွေရဲ့အလှအပမက်မောမှု အမြင့်ဆုံးရောက်ရှိနေပြီး ကြည့်ကောင်းရှုကောင်းဖြစ်ဖို့ လိုအပ်တာမှန်သမျှ လုပ်ဖို့ကိုလည်း ၀န်မလေးကြတော့ပါဘူး။ ဆွဲဆောင်မှုရှိနေအောင် အမျိုးသမီးတွေအနေနဲ့ ဆန်းပြားတဲ့ အလှပြင်ဆင်နည်းများ အသုံးပြုကြပါတယ်။
အရင်နဲ့မတူ ထူးခြားစွာ ဆွဲဆောင်မှုရှိနေစေဖို့ အမျိုးသမီးတွေ ရွေးချယ်အသုံးပြုတဲ့ ထူးခြားဆန်းပြားတဲ့ အလှပြင်နည်း တချို့မှာ -  
သွေးဖြင့် မျက်နှာအလှပြင်နည်း
သွေးဖြင့် မျက်နှာအလှပြင်နည်းဆိုတာ ခွဲစိတ်မှုမပါတဲ့ အလှပြင် ကုထုံးတစ်မျိုးဖြစ်ပါတယ်။ မျက်နှမှာ ကိုယ့်သွေးမှရတဲ့ ဂျဲလ်တစ်မျိုး ဖြည့်သွင်းပေးခြင်းဖြစ်ပါတယ်။ မျက်နှာကို အရွယ်တင်နုပျိုစေခြင်းနဲ့ အရေပြား တွန့်တွမှုမရှိအောင် ကာကွယ်ရာမှာ တကယ်ထိရောက်ကြောင်း ဆိုပါတယ်။

သိုးအချင်း မျက်နှာအလှပြင်နည်း
အံ့ဖွယ်နုပျိုစိုပြည်စေကြောင်း လူသိများပါတယ်။ အရေပြားရောဂါ အထူးကုဆရာများက သိုးအချင်းမှ ရတဲ့ chemical တွေကို အနံ့အသက်မွှေးအောင် သစ်သီးခွံတွေနဲ့ ပေါင်းစပ်ပြီး မျက်နှာမှာ လိမ်းပေးကာ အာဟာရပြည့်ဝစေပါတယ်။

ရှားစောင်းမျက်နှာအလှပြင်ဆေးနည်း
ဝက်ခြံကင်းဝေးစေတဲ့ အာနိသင်အဖြစ် လူသိများပါတယ်။ ရှားစောင်းမှာ အရေပြား ယားယံကျိန်းစပ်မှုကို ပြေပျောက်စေတဲ့

" ချက်ချင်း လက်ငင်း လူချစ်လူခင် ပေါအောင်နေထိုင်နည်း ၁၃ နည်း "

 
လူအကဲခတ်တယ်ဆိုတာ ပထမဆုံးတွေ့ဆုံတဲ့ အချိန် မြင်မြင်ခြင်းမှာ ဖြစ်ပါတယ်။ သုသေသီ များလေ့လာတွေ့ရှိချက်အရ မျက်စိတစ်မှိတ်တောင်မှာ မကြာပါဘူး။ ဒါကြောင့် သင်ဘာတွေဝတ်ထားတယ်၊ဘယ် ကိုယ်အနေအထားရှိတယ် ဆိုတာ ဟာသင့်ပေါ်လူတွေ ဘယ်လိုမြင်လဲဆိုတာကို အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။ လူချစ်လူခင်ပေါရတဲ့ အဓိကအကြောင်းအရင်းက ကိုယ်ကိုယ်တိုင်က ဖော်ရွေနေတဲ့ပုံပေါက်နေမှဖြစ်ပါတယ်။ တခြားလူတစ်ယောက်က ကိုယ့်ကိုချည်းကပ်လို့လွယ်နေတဲ့ပုံပေါက်နေမှ စကားပြောချင်စရာကောင်းတဲ့ပုံပေါက်နေမှ အဆင်ပြေမှာပါ။ ဒီတော့ လူမှုရေး၊ စီးပွားရေး၊ အချစ်ရေးတွေမှာ စတွေ့တွေ့ချင်းမျက်တောင် တစ်ခပ်စာကို အကောင်းဆုံးအသုံးချနိုင်ရန်အတွက် အောက်ပါ နည်း ၁၃ နည်းကိုဖောက်သည်ချလိုက်ပါရစေ။

၁။ လက်သည်း ခြေသည်းများကို ဂရုစိုက်ပါ

အမျိုးသားတိုင်း သွားတိုက် မုတ်ဆိတ်ရပ်ရတာကို ပုံမှန်လုပ်ရမယ်ဆိုတာ အမျိုးသားတိုင်းသိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် လက်သည်းခြေသည်းများကို တော့ ပုံမှန်ညှပ်ပေးရမှာကို မေ့လျော့နေတက်ကြပြီး ရှည်လာမှ ညှပ်တက်ကြပါတယ်။ အဓိက ကတော့ လက်သည်းများဟာ အမြဲတမ်း သေသေသပ်သပ်ရှိနေသင့်ပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် အထူးအရေးပါလှပါတယ်။ ရုပ်သန့်တယ်ဆိုတာက ရုပ်တစ်ခုတည်း ကြည့်ြ့ပီး ပြောတာမဟုတ်တဲ့အတွက် တစ်ကိုယ်လုံးကို ဂရုတစိုက်ထားသင့်ပါတယ်။

 

၂။ ရေမွေး အသင့်အတင့် သုံးပါ
 သင်မွေးကြိုင်နေတယ်ဆို လူတွေသတိထားမိ ပြီးနှစ်သက်ကြပါတယ်။ ပုလင်းမှောက်သလားထင်အောင်တော့ မဆွတ်နဲ့ပေါ့။ လယ်ပင်းတစ်ချက်၊ လက်ကောက်ဝတ်တစ်ချက်၊ ရင်ဘတ်တစ်ချက်. သုံးချက်လောက်ဖြန်းရင်လုံလောက်ပါပြီ။

 

၃။ နေကာမျက်မှတ်ချွတ်ထားပါ
 လူတွေ စကားပြောတဲ့အချိန်မှာ တခြားသူမျက်လုံး ကိုကြည့်ပြီး နားထောင်နေလား မထောင်နေဘူးလားဆိုတာကို ကြည့်ပြောတက်ပါတယ်။ နေကာမျက်မှန်တက်ထားခြင်းအားဖြင့် သင်စိတ်ဝင်စားမှုရှိမရှိ တစ်ဖက်လူကမသိနိုင်တဲ့အတွက် တစ်ဖက်လူကိုလည်းမလေးစားရာရောက်ပါတယ်။ နေကာမျက်မှန်ကို တကယ်လိုအပ်တဲ့ အချိန်ကလွဲပြီး လူတွေနဲ့ဆက်ဆံ နေရတဲ့အချိန်တိုင်း ချွတ်ထားပါ။

 

၎။ ခွေးမွေးပါ။
ချစ်စရာကောင်းတဲ့ စုတ်ဖွားလေး တစ်ကောင်လောက်ရှိရင်သင့်ကို လူတွေ သတိထားချစ်ခင်လာမှာပါ။ ခွေးကလည်း

September 30, 2015

" ပေပေါင်း သုံးသောင်းအမြင့်မှာ လေယာဉ်တံခါးပေါက်ကို အိမ်သာတံခါးထင်ပြီး ဆွဲဖွင့်ဖို့ ကြိုးစား "


KLM လေကြောင်းလိုင်းမှာ လိုက်ပါလာတဲ့ ခရီးသည် တစ်ယောက်ဟာ အမြင့်ပေသုံးသောင်း အထက်မှာ လေယာဉ်

တံခါးပေါက်ကို အိမ်သာ တံခါးထင်ပြီး ဆွဲဖွင့်ဖို့ ကြိုးစားခဲ့တာကြောင့် လေကြောင်းလိုင်း စီးနင်းခွင့် ပိတ်ပင် ခံခဲ့ရပါတယ်။

Edinburgh ကနေ Amsterdam ကို ပျံသန်းလာတဲ့ KLM နယ်သာလန်လေကြောင်း လိုင်းလေယာဉ်မှာ လိုက်ပါလာသူ James Grey ကို အဆိုပါလုပ်ရပ်ကြောင့် ဒဏ်ကြေးငွေ ၆၀၀ ချမှတ်ခဲ့ပြီး၊ KLM လေကြောင်းလိုင်းမှာ စီးနင်းခွင့် ငါးနှစ်ပိတ်ပင်ခံခဲ့ရပါတယ်။

James Grey ရဲ့ အဆိုအရ သူဟာ လေယာဉ်တံခါးပေါက်ကို အိမ်သာတံခါးပေါက်နဲ့ မှားခဲ့ပေမယ့် တံခါးလက်ကိုင်ကိုသာ ကိုင်ခဲ့မိကြောင်းနဲ့ လေယာဉ်ဝန်ထမ်းတွေက လေယာဉ်တံခါးဖွင့်ဖို့ လုပ်တယ်ဆိုပြီး မတရားစွပ်စွဲခဲ့တာဖြစ်ကြောင်း ပြော

ကြားခဲ့ပါတယ်။

Amsterdam Schiphol လေဆိပ်ကို လေယာဉ်ဆင်းပြီးပြီးချင်းမှာ Mr Gray ကို လုံခြုံရေးတွေကို ထိန်းသိမ်းခေါ်ဆောင်

သွားခဲ့ပြီး နီးစပ်ရာ ရာဇ၀တ်မှုထိန်းသိမ်းရေးစခန်းကို ပို့ ဆောင်ခဲ့ကြောင်း သိရပါတယ်။ Mr Gray ဟာ KLM လေကြောင်း

" ဆော်မုန်းစေရန် ဒီ (၇) ခုထဲက တစ်ခုခုကို ကိုလုပ်ပါ. "


လမ်းခွဲတာ ကအရမ်းခက်ခဲ နက်နဲတဲ့ အလုပ်တော့မဟုတ်ပါဘူး. တခါတလေ မှာ အရမ်းနဲ့ လွယ်လွန်းပါသည်. ဥပမာ ကိုယ်ဖွန်နေတာ ဆော်မိသွားတာတို့ လိုမျိုး.. တခါတလေ မှာကိုက ဘာအမှားတစ်ခုမှ မရှိပဲ ဘလိုင်းကြီး အဖြတ်ခံရတာမျိုးလည်းရှိပါသည်။ ဒါကြောင့် ကိုယ်ဘက်က အမှားကိုယ် လွယ်လွယ်နဲ့သိရန်၊ ဒါမှမဟုတ် သူ့ဘက်က စဖြတ်စေရန် အတွက် ဆော်တွေလုံးဝ မကြိုက်တဲ့ အချက်ကြီး ၇ ချက်ကိုဖောက်သည်ချလိုက်ပါသည်။

 ၁။ သူ့ဘော်ဒါ တွေနဲ့ ကြူကြူခင်းခြင်း သူနဲ့ အတူရှိနေချိန် တခြား အလန်းဇယားတွေကို မျက်စိအစာကျွေးတာ ထက်ဆိုးတာ သူ့ သူငယ်ချင်းတွေကို သွားကြူတာပါ. ကိုယ်က ခင်တက်လို့ စတာ နောက်တာပဲဖြစ်နေပါစေ . ကိုယ်က တခြားကောင်မလေးတွေနဲ့ ဟေးလားဟားလား နေလို့ကတော့ သေဖို့သာပြင်ပဲ. သူ့ သူငယ်ချင်းတွေ နဲ့ ကိုယ်ဝင်ရောနိုင်တာ ကို သူကကြည်ဖြူနိုင်ပေမယ့် အတိုင်းအတာတစ် ခုတော့ရှိတယ်. ဘာပဲဖြစ်ဖြစ် စေတနာမပိုမိစေနဲ့၊ သူ့ကို ကျော်ပြီး အကဲမပိုနဲ့။ ကုန်ကုန်ပြောရရင် သူက သူ့တစ်ယောက်ထဲကိုပဲ မြင်စေချင် ဂရုစိုက်စေချင်တာ။

၂။ ကပ်စီးနဲခြင်း ခုခေတ်ကြီးမှာ မိန်းခလေးတွေက ကိုယ်စားတာ ကိုယ်ရှင်းနို်င်တဲ့ အနေအထားရှိပါတယ်။ မထင်ရင်မထင်သလို လစ်ရင်လည်း ရှင်းပေးနေတက်ပါတယ်။ ဒါပေမယ့် ယောက်ျား တန်ဖိုးမကျအောင် ကိုယ်ကပဲ အမြဲ ရှင်းပေးသင့်ပါတယ်။ မရရင် အတင်းလုရှင်းပေးပါ။ မိန်းမလုပ်စာ ထို်င်စားတယ်ဆိုပြီး သိက္ခာ အကျမခံပါနဲ့။ ဘယ်မိန်းမမှ သူ့ကို ငွေလောက်တန်ဖိုးမထားတဲ့ ယောက်ျားကို မတွဲချင်ပါဘူး။


၃။ ချုပ်ချယ်ခြင်း စကြိုက်ကြိုက်ချင်း ဆိုရင် ကိုယ့်ချစ်သူနဲ့ အမြဲတမ်း အတူသွား အတူလာ အတူစားချင်နေတာ သဘာဝပါ။

" ရာဝင်အိုးမှာ ...ဖားပျံကပ်သလို....ဟီး.ဟီး.."

ဒီနေ့ ကျွန်တော် မောင်ပေါက်ကျိုင်း ပျင်းပျင်းရှိတာနဲ့ ကိုပီတာ ရဲ့ လင့်ဆီကို ၀င်မွှေတဲ့အခါ ထူးထူးဆန်းကြယ် စာလေးတွေ
 တွေ့ရသဗျ အဲဒီထဲမှာ ကိုကျောက် အတွက်ဆိုပြီး အသားများမှကြိုက်တဲ့ ဘကျောက်အတွက်  ပုံတွေတွေ့တော့ ..လားလား..

" လိပ်စီး...မိလို့ ထောင်နန်းစံရတော့မည့် အမျိုးသမီး " လိပ်စီးတာနော် ..တခြားသွားမတွေးနှင့်..


အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါ ပင်လယ်ကမ်းခြေတွင် ရှိသော လိပ်တစ်ကောင်ကို အမျိုးသမီးတစ်ဦးက တက်စီး ခဲ့ခြင်းကြောင့် ထောင်နန်း စံရမည့် အဖြစ်နှင့် ကြုံတွေ့ ရတော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် ပင်လယ်လိပ် တစ်ကောင်ကို တက်စီး ခဲ့ခြင်း ဖြစ်ပြီး တိရစ္ဆာန် ကာကွယ် စောင့်ရှောက်ရေး ဥပဒေဖြင့် စွဲချက်တင် ခံထားရသည်။ ပြီးခဲ့သည့် ဇူလိုင်က ဖြစ်ပွားခဲ့သော ဖြစ်ရပ် ဖြစ်ပြီး အင်တာနက်ပေါ်တွင် လိပ်ကို တက်ခွ စီးနေသည့် ဓာတ်ပုံ ပေါ်ထွက် ပြီးနောက် ရဲတပ်ဖွဲ့က ရှာဖွေ ဖမ်းဆီးမူ ပြုလုပ်ခဲ့သည်။ ယင်းဖြစ်စဉ်တွင် အမျိုးသမီး နှစ်ဦး ပါဝင်ခဲ့ပြီး ဓာတ်ပုံထဲတွင် ပါဝင်သည့် အမျိုးသမီးကို စွဲချက်တင် နိုင်ခဲ့ပြီ ဖြစ်သည်။

ယင်းအမျိုးသမီးမှာ အသက် ( ၂၀) နှစ် အရွယ်ရှိ စတီဖင်နီမာရီမိုး ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် စတီဖင်နီမာရီမိုးကို ဒေါ်လာ (၂၀၀၀) အာမခံဖြင့် လွှတ်ပေးထားသော်လည်း စစ်ဆေးမူများ ပြုလုပ်သွားဦးမည် ဖြစ်သည်။ ဖလော်ရီဒါပြည်နယ်တွင် တားမြစ်ထားသော ရှားပါးတိရစ္ဆာန်များကို ဖမ်းဆီးခြင်း၊နှိပ်စက်ခြင်းများကို ပြုလုပ်ပါက ပြင်းထန်စွာ အရေးယူလေ့ရှိသည်။ ထို့ကြောင့် စတီဖင်နီမာရီမိုး အနေဖြင့် ထောင်ဒဏ် ငါးနှစ်နှင့် ဒေါ်လာ (၁၀၀၀၀) တပ်ရိုက် ခံရဖွယ်

" အခုတစ်လော နားရည်ဝ ကြားကြားနေတဲ့ ဒီခေတ်လူငယ်တွေရဲ့ ဘန်းစကား ကျူ ၊ လန် ၊ လန်း ၊ ဇယား .... "

အခုတစ်လော နားရည်ဝ ကြားကြားနေတဲ့ ဒီခေတ်လူငယ်တွေရဲ့ ဘန်းစကား ကျူ ( Q ) တယ် တို့ လန်းတယ် တို့ လန်ထွက်နေတယ် ဇယားလေးတွေ ဆိုတာ လဒူပေါက်ကျိုင်း ဘာကို ညွှန်းဆိုတာလဲ ဆိုတာ တွေးတောရင်း ရေးရေးတော့ သဘောပေါက် သလိုတော့ အရှိသားဗျ… Q တယ် ဆိုတာ အူတူတူလဒူပေါက်ကျိုင်း ခမျှာမှာ တုံးရှာလို့ စာနဲ့ ရေးမပြတတ်ပေမဲ့ တဖက်သားကို သိအောင် ကျအောင် ပြောဆိုနေထိုင် ပြုမူတယ် ဆိုတာကိုအကြမ်းဖြည်း သိရသဗျာ..။

ဇယား ဆိုတာက ချာတိတ်တွေ သူတို့ရဲ့ချစ်သူ ရည်းစား အတွဲ ဆိုတာတော့ အရိပ်ဖမ်းသံဖမ်း သိမိသဗျာ.. နောက်ပြီး .. “အင်း..အဲ….ဘယ်လိုပြောရမလဲပေါ့နော် ဒီလိုဘဲပေါ့နော် .. ဟိုလိုမဟုတ်ဘူးပေါ့နော်.. အ..ဟင်း..ဟင်း….”
ငတုံးပေါက်ကျိုင်း ဒီ့ထက်ညဏ်မမီ တော့လို့ ဆရာသမား ကိုပီတာ ၊ ကိုဘကြိုင် တို့ကို တိုးတိုးလက်ကုတ်ပြီး မေး သင်သင်ဦးမှ ….။

လန်းတယ် တို့ လန်ထွက်နေတယ် တို့ ကတော့ ပေါက်ကျိုင်း လွန်ခဲ့ တဲ့ ဘာလင်တိုင်းဒေး တုန်းက ဒီ မလေးရှား ကို မြန်မာပြည်က အဆိုတော်မလေး တွေဖြစ်တဲ့ ဝိုင်းစုခိုင်သိန်း ၊ Lဆိုင်းဇီ ၊ Nကိုင်ရာ ၊ ချစ်သုဝေ ၊ ရှင်ဖုန်း ၊ ဖြူဖြူကျော်သိန်း ၊ မယ်လိုဒီ ၊ ဂျင်းနီ တို့ရဲ့ 8 lady show ပွဲမှာ မြင်ကြားရပြီး ရေးတေးတေး လေးတော့ သဘောပေါက်မိသဗျ.. အဲဒီပွဲကို ပေါက်ကျိုင်း ဒီနိုင်ငံသားတစ်ဦးရဲ့ ကောင်းမူ့ကြောင့် ဖရီး ကြည့်လိုက်ရပါတယ်..။

အဲဒီပွဲကို နိုင်ငံသားသူငယ်ချင်းနဲ့အတူ ရှိုးကျကျဝတ် မျက်မှန်အမဲကြီးတတ် ( အမှန်တော့ ခမျှာလေးတွေ ကို မျက်လုံးကျွတ်ကျ အောင် အားပေးတတ်တဲ့ ပေါက်ကျိုင်းသောက်ကျင့် ကိုယ့်ကိုကိုယ် သိလို့ ဘေးလူ ချာတိတ်တွေ မသိအောင် ဖုံးဖိ ထားရ သပေါ့လေ ) ခါးပတ်အိတ်ကြီးကို တစ်စောင်းပတ် ကိုယ်ကိုကိုယ် ဟောင်ကောင်မင်းသား ရှောင်ယွန်ဖတ် စတိုင်ဖမ်းပြီး ဆောင့်ကြွားဆောင့်ကြွားနဲ့ ရှိုးခန်းမထဲဝင်လိုက်တာ လက်မှတ်စစ်တွေ ဘေးမှာချထားတဲ့ ထိုင်ခုံကို မမြင်မကန်း ခလုပ်တိုက်မိပြီး လူကြားထဲ ဟတ်ထိုးလဲကျ သောက်ရှက်ကွဲမလိုဖြစ်မိသေး… အ ဟေး ဟေး..။

အဲဒီမှာ အခုခေတ်လူငယ်ချာတိတ်လေးတွေ ရဲ့ အလန်းလေးတွေ လန်ထွက်တာတွေ သူတို့ရဲ့ပြောပုံဆိုပုံ အမူအရာတွေကို

" Android Phone သုံးသူများအတွက် သတိထားရမဲ့ အချက်အလက်လေးတွေ ရေးပြီးတင်လိုက်ပါတယ် " (မောင်ပေါက်)





( ကြိုပြောထားမယ်နော် ဖုန်းလေးကိုင်ပြီး ဟိုလျှောက်ဒေါင်း ဒီလျှောက်ဒေါင်း မလုပ်ပါနဲ့ မျောက်ကိုက်လိမ့်မယ်)

ကျွန်တော်တို့ ဖုန်းတွေ FACEBOOK သုံးတဲ့အခါမှာ အင်တာနက်ကို ဖွင့်ကြရပါတယ်။ အင်တာနက်ကို ဖွင့်လိုက်တဲ့အချိန်မှာ auto update တွေ Playstore market,1mobile market,Moborobo market,MobileGo market တွေက အလုပ်လုပ်နေကြပါတယ်။ အဲ့ဒီအခါကျရင် အောက်က ပေးထားတဲ့ apk(application)တွေ တက်လာပါက ဒေါင်းလင့် မလုပ်ပါနဲ့။ install မလုပ်ပါနဲ့။

အခုပြောထားတဲ့ APK တွေကို Download မလုပ်ပါနဲ့။ လုပ်လိုက်မိရင်တော့ မိမိရဲ့ ဖုန်းထဲရဲ့ system ဖိုင်ထဲကို ရောက်သွားပါလိမ့်မည်။ အဲ့ဒီအခါကျရင် မိမိဖုန်းကို facebook သုံးနေတဲ့အချိန်မှာ monkey test,Time Service ဆိုတဲ့ ပုံစံမျိုးတွေ တက်လာမှာ ဖြစ်ပါတယ်။ လူကို အနှောင့်အယှက် ဖြစ်စေပါတယ်။

WiFi Enhancer , PinkyGirls , WordLock , SettingService , Sex Cademy , TimeService , XVideo Codec Pack , Fast Booster , boom pig , iVideo , Indian Sexy Stories 2 , Amazon , Talking Tom 3 , WhatsWifi , Fruit Slots , Assistive Touch , Hubii News , Photo Clean , Hot Video , Wifi Speeder , Accurate Compass , itouch , Super Mario , Lemon Browser , WiFi FTP , All-star Fruit Slash , Light Browser , SmartFolder , Multifunction Flashlight , Ice Browser , Happy Fishing , XVideo , Simple Flashlight , Assistive Touch , PronClub , MonkeyTest , Memory Booster , Daily Racing , Hot Girls

အဲ့ဒီအခါကျရင် လွယ်လွယ်ကူကူ ရှင်းလို့ရတာ ရှိသလို လွယ်လွယ်ကူကူ ရှင်းလို့မရတာတွေလည်း

September 29, 2015

" အွန်.. ဘယ်လိုမိန်းမလဲ ..." (ဟာသ)




အိမ်အလုပ်တွေလုပ်ရင်း အိမ်မှာကျန်ရစ်နေခဲ့တဲ့ ဇနီးသည်က ရုံးအလုပ်သွားလုပ်တဲ့ ခင်ပွန်းသည်ကို သတိရလာတာနဲ့ ဖုန်းခေါ်လိုက်ပါတယ်…..
“ ဟဲလို ဒါလင်… အခုဖုန်းစကားပြောဖို့ အဆင်ပြေလားဟင်”

ခင်ပွန်းဖြစ်သူကလည်း “ အင်း ပြောလို့ရပါတယ်”လို့ ပြန်ဖြေတော့   

" ကောင်မလေးတွေကို အသည်းယားအောင် ရွစိတက်အောင် လုပ်နည်း ၁ဝ နည်း " (၁၈နှစ် အထက်သာ)

 
 ယောက်ျားတစ်ယောက် အနေနဲ့ ဒီခေတ်ဒီ အခါမှာ ဆော်ကြွေအောင် နေနည်းတွေ အများကြီးရှိပါသေးတယ်။
 ပြောနေကြတာက ငွေက အ ဓိကဆိုပေမယ့် တကယ်လို့ ငွေတစ်ခုတည်းကြည့်တက်တဲ့ မိန်းမ မျိုးဆိုရင်တော့ မကြည်ရင်နေပါစေ ဝေးဝေးသာရှောင်ပေတော့။ အောက်ပါ အချက် ၁၀ ချက် ကို အကျိုးရှိရှိ အသုံးချပြီး ဆော်တွေ သဲသဲ လှုပ်အောင် လုပ်လို်က်ပါ။
၁။ ခန္ဓာကိုယ် က အမွေးအပိုများ ကို ညှပ်ပေး ရိတ်ပေးပါ

 ယောက်ျားလေး တော်တော်များများ က ကိုယ်အမွေးများ ကို မရိတ်ပဲထားကြပါတယ်။ တစ်ချို့က ရိတ်စရာမလိုဘူးထင်ကြပါတယ်။ မိန်းမတွေ ဂျိုင်းမွေး မရိတ်ရင် ယောက်ျားတွေ မကြိုက်ကြသလို ယောက်ျားလေး တွေ မှာ အမွေးတွေ မြောက်တစ်ကောင်လို ပေါက်နေရင်လည်း မိန်းမတွေ တော်တော်များများ က မကြိုက်ကြပါဘူး။ ဒီတော့ သေချာအောင် ယောက်ျားလေးများ က ရင်ဘတ်နဲ့ ကျောဘက်မှအမွေးများ ရှိပါကအပြောင်ရိတ်ကာ ဂျိုင်းမွေး နဲ့ အလယ်ပိုင်းက တောကို တော့ အပြောင်မဟုတ်ရင်တောင် ခပ်တိုတို ရိတ်ထားပါ။ အလယ်ပိုင်း တောအုပ်ကို ရှင်းထားခြင်းဖြင့် သင့်ငယ်ပါ ကို တကယ်ရှိသည် ထက်ပိုမိုကြီး သည်ဟုလည်း မြင်နိုင်စေပါတယ်။ မယုံရင် စမ်းကြည့်ပါ။

 ၂။ ဂရုမစိုက်တက်သောမျက်နှာမျိုးထားပါ။

 ဆော်ချောချောလေးတွေ လူ့ဂွစာ တွေ နဲ့တွဲနေတာ တွေ့ဖူးမှာပါ။ မိန်းမတွေက လူလိမ္မာ ထက် ဂျစ်ကန်ကန် လူတွေ ကိုတော်တော်ကြွေပါတယ်။ ဘာကြောင့်လဲဆိုတွေက မိန်းမတွေက သူတို့ကို အချိန်ပြည့် ဂရုစိုက် နေတဲ့ လူလိမ္မာတွေ ကို လိုတိုင်းရနေ တဲ့ အတွက် တန်ဖိုးမထားတက်ပဲ သူတို့ကို သိပ်ဂရု မစိုက်တက်တဲ့ သိပ်အချိန်မပေးနိုင်တဲ့ လူမို်က်လေးတွေကိုရွေးချယ်တက်ကြပါတယ်။ လူမိုက်လုပ်ဖို့တော့ အကြံပြုတာမဟုတ်ပါဘူး။ လူလိမ္မာပုံ သိပ်မဖမ်းဖို့ ရယ် နဲ့

" Green tea လ္ဘက်ခြောက်အကြမ်းကို ခေါင်းလျှော်ရည် အဖြစ် အသုံးပြုနိုင်"


သင့်ဆီမှာ အသုံးပြုပြီးသား green tea အိတ်လေးတွေ ရှိတယ်ဆိုရင် မလွှင့်ပစ်သင့်ပါဘူး။ အထူးသဖြင့် သင်ဟာ နေ့တိုင်း လက်ဖက်ရည် တစ်ခွက်ထက်မက သောက်တတ်သူတစ်ယောက်ဖြစ်ခဲ့ရင်ပေါ့။ အိုမင်းရင့်ရော်မှု ဟန့်တားပေးခြင်းနဲ့ ကိုယ်အလေးချိန်လျော့ကျစေတဲ့ အကျိုးကျေးဇူးများအပြင် green tea အိတ်တွေဟာ ခေါင်းလျှော်ရည်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
-       ယင်းအသုံးပြုပြီး လက်ဖက်အိတ်တွေကို ရေ ၂၀၀ မီလီလီတာထဲ ထည့်ပြီး ၂၅ မိနစ် ကျိုချက်ပေးပါ။ နောက် ပြန်ဆယ်ထုတ်ပြီး အအေးခံပါ။
-       အေးသွားပြီးဆိုတာနဲ့ ဆပ်ပြာရည် ၂၀၀ မီလီလီတာနဲ့ သံလွင်ဆီ ထမင်းစားဇွန်းနဲ့ (၁) ဇွန်း ထပ်မံပေါင်းထည့်ပေးရပါမယ်။ အနံ့အသက်မွှေးမွှေးလေးရချင်ရင် လာဗင်ဒါမွှေးဆီ သို့မဟုတ် နှင်းဆီ စသဖြင့် လိုအပ်တဲ့အဆီ

" ဘီယာပုလင်းခွံ ၈၅၀၀ ခု နဲ့ ဆောက်လုပ်ထားတဲ့ ရုံးခန်း "


ဘွဲ့ရ အင်ဂျင်နီယာ လူငယ် တစ်ဦးဟာ အဆောက် အဦးငယ် တစ်လုံးကို ဘီယာ ပုလင်းခွံ ၈၅၀၀ ခု ကို အသုံးပြုပြီး ဆောက်လုပ်ပြ ခဲ့တဲ့အတွက် အားလုံး အံ့အားသင့် ခဲ့ကြ ရပါတယ်။

Li Rongjun ဆိုသူဟာ ကုမ္မဏီ ရုံးခန်းတစ်ခုကို ဆောက်လုပ်မယ်လို့ ရည်ရွယ်ပြီး သူ့အဖေရဲ့ အကူအညီနဲ့ တရုတ်ယွမ်ငွေ ၇၀၀၀၀ နဲ့ အချိန် လေး လ ခန့်ကို အသုံးပြုပြီး ထို အဆောက် အဦးလေးကို ဆောက်ခဲ့တာ ဖြစ်ပါတယ်။

သဲ ၊ ဘိလပ်မြေ နဲ့လမ်းခင်းကျောက်ခဲ တွေကိုလည်း ထိုအိမ်ဆောက်လုပ်ရာမှာ ပါဝင်ပစ္စည်းတွေအဖြစ် အသုံးပြုခဲ့ပါသေးတယ်။ ဒါဟာ Li Rongjun အတွက်တော့ မွန်ဂိုလီးယား သိပ္ပံနဲ့ နည်းပညာ တက္ကသိုလ်က နေ ဆောက်လုပ်ရေးဘွဲ့ ရပြီးပြီးချင်း မှာ ပထမဆုံး စတင်ပြုလုပ်တဲ့ စီမံကိန်း တစ်ခုလည်း ဖြစ်ပါတယ်။

"ကျွန်တော်က စံ ဖြစ်မယ့် အနုပညာပုံစံနဲ့ ရုံးခန်းတစ်ခုကို ဆောက်လုပ်ဖို့ ရည်ရွယ်ခဲ့တာပါ" လို့သူကဆိုပါတယ်။ ထို အဆောက်အဦးဟာတော့ ၂၉ စတုန်းမီတာ ကျယ်ဝန်းပြီး အထပ် ၂ ထပ်ပါရှိကာ တစ်ထပ်ကို ၂.၃ မီတာ မြင့်ပါတယ်။

"ကျွန်တော့်သားဟာ အဆောက်အဦးရဲ့ လက်မှုပညာတွေနဲ့ ပတ်သက်ရင် အရမ်းစည်းကမ်းကြီးတယ်" လို့ Li ရဲ့ဖခင်ဖြစ်သူကဆိုပါတယ်။

ပြီးခဲ့တဲ့လကမှ တည်ဆောက်ပြီးစီးသွားတဲ့ ထို အဆောက်အဦးဟာ Li တို့မိသားစု နှစ် ၂၀ ကျော်နေထိုင်လာခဲ့တဲ့ တရုတ်နိုင်ငံ ၊ Chongqing ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ Lanya ကျေးရွာမှာရှိတဲ့

" တောင်နံရံမှာ ချိတ်ဆွဲထားတဲ့ ကမ္ဘာ့ကြောက်စရာ အကောင်းဆုံး ဟိုတယ်ခန်း"




အကယ်၍များ သင်ဟာ တစ်ညကို ကန်ဒေါ်လာ ၁၀၀၀ ပေးရတဲ့ ဟိုတယ် ခန်းမှာသာ တည်းရမယ် ဆိုရင် သင်ဟာ ရက်ရက် ရောရော ပေးနေ တာပါပဲ။ အီတလီက ရှုခင်းကောင်းကောင်း တွကို သင်နှစ်ခြိုက်တာ ဖြစ်နိုင်သလို ဗီးဂတ်စ်က ဟိုတယ်ခန်း ထဲကို ရောက်နေလို့လဲ ဖြစ်နိုင် ပါတယ်။

နိုင်ငံခြားကို အလည်အပတ်လုပ်ဖို့ ရှာဖွေနေသူများအဖို့ (တကယ့်ကို) တောင်အစွန် အဖျားပေါ်မှာ တည်းချင်တယ် ဆိုရင်တော့ Skylodge Adventure ဟိုတယ်ခန်းတွေကို သွားတည်းကြည့် လိုက်ပါ။ ပီရူး မှာရှိပါတယ်။ဟိုတယ်ခန်းတွေကို တောင်နံရံတွေမှာ ချိတ်ဆွဲထားတာပါ။

အခန်းကို ၀င်ရောက်နေထိုင်ဖို့ အတွက်ကိုတော့ အမြင့်ပေ ရာချီပြီး တောင်တက်ရမှာပါ။ ဒါမှမဟုတ် ဆိုင်းကြိုးတွေနဲ့လည်း တက်နိုင်ပါတယ်။“

တစ်ညကို ကန်ဒေါ်လာ ၁၀၀၀ ပါ။ ဆိုင်းကြိုးတွေနဲ့ ဆွဲထားတဲ့ မှန်အကြည် ဇိမ်ခံ ဆေးတောင့်ပုံအခန်းလေးတွေနဲ့။ အခန်းဆီ ကိုရောက်ဖို့က အမြင့်ပေ ၄၀၀ ကို တောင်တွယ်တက်ရုံပါပဲ။

ferrata လို့ခေါ်တဲ့ သံလှေကားတွေက တက်နိုင်သလို ဆိုင်းကြိုးတွေနဲ့လဲ တွယ်တက်နိုင်ပါတယ်။” လို့

" အဆိုတော်စိုင်းစိုင်း အိမ်သို့ အလည်တစ်ခေါက် "

စိုင်းစိုင်းကို နေအိမ်ဧည့်ခန်းမှာ တွေ့ရစဉ် ။ ဓာတ်ပုံ - ဇာနည်ဖြိုး၊မြန်မာတိုင်းမ်
                              စိုင်းစိုင်းကို နေအိမ်ဧည့်ခန်းမှာ တွေ့ရစဉ် ။ ဓာတ်ပုံ - ဇာနည်ဖြိုး၊မြန်မာတိုင်းမ်၏

အမ်တီဗီကနေ နာမည်ကျော်တွေရဲ့အိမ်တွေကို တင်ဆက်ပေးတဲ့ အစီအစဉ်ကနေတစ်ဆင့်   ကြည့်ရှုသူပရိသတ်တွေဟာ
 အမေရိကန်နိုင်ငံက လျှမ်းလျှမ်းတောက်ကျော်ကြားသူတွေရဲ့ ခမ်းနားထည်ဝါတဲ့  အိမ်တွေကို တွေ့မြင်ခွင့်ရရှိကြပါတယ်။ 
ရွှေအစစ်နဲ့ပြုလုပ်ထားတဲ့ ရေချိုးကန်၊ ဂီတသင်္ကေတတွေလိုမျိုး ဒီဇိုင်းဖော်ထားတဲ့ရေကူးကန်တွေနဲ့ အဆိုတော် 50Cents
 ရဲ့ မီးဖိုခန်းခြောက်ခု စတာတွေကို ဒီအစီအစဉ်ကနေ ထုတ်လွှင့်ပြသပေးပါတယ်။ ဒါဆိုရင် မြန်မာ ပြည်က ချမ်းသာပြီး
 နာမည်ကြီးတဲ့သူတွေရဲ့နေအိမ်တွေကရော ဘယ်လိုမျိုးလဲ။ နာမည်ကျော် ဟစ်ပ်ဟော့အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ
ဘယ်လိုနေအိမ် ပုံစံမျိုးမှာ နေထိုင်သလဲဆိုတာ ရှာဖွေဖော်ထုတ်ကြည့်ဖို့ ကျွန်မတို့ ဆုံးဖြတ်လိုက်ပါတယ်။ စူပါစတား စိုင်း
စိုင်းဟာ ကျွန်မတို့ကို ကြိုဆိုဖို့အတွက် အခန်းထဲကိုဝင်လာစဉ်မှာ သူ့ရဲ့နေကာမျက်မှန်ကို ချွတ်လိုက်ပါတယ်။

"ကျွန်တော့်အိမ်ထဲကို လိုက်ပြပါမယ်။ဘာတွေကို ကြည့်ချင်လဲ"လို့ ဇဝေဇ၀ါဖြစ်နေသလိုပုံစံမျိုးနဲ့ သူက ပြောပါတယ်။ နာမည်ကျော်တွေရဲ့အိမ်တွေကို မြင်ဖူးသလားလို့ ကျွန်မက မေးတော့ "မြင်ဖူးတာပေါ့"လို့ သူက ပြောပါတယ်။ "ဒါပေမဲ့ သူတို့အိမ်ထဲမှာတော့ အရမ်းကို ကြီးကျယ်ခမ်းနားတဲ့ ပစ္စည်းတွေ ရှိကြတယ်။ ကျွန်တော့်အိမ်မှာတော့ အဲဒါမျိုး တစ်ခုမှ 
မရှိဘူး။ ကျွန်တော့်အိမ်က သာမန်အိမ်တစ်လုံး ပါပဲ"လို့ သူက ဆက်ပြောပါတယ်။ မြန်မာနိုင်ငံက သမားရိုးကျအိမ်တွေ
အရ ကြည့်မယ်ဆိုရင်တော့ စိုင်းစိုင်းရဲ့ အိမ်က သာမန်အိမ်မျိုးတော့ မဟုတ်ပါဘူး။  အိမ်ရဲ့ထောင့်တိုင်းမှာ လုံခြုံရေး
 ကင်မရာတွေ တပ်ထားတာကြောင့် သင်ဟာ မြန်မာနိုင်ငံရဲ့ နာမည်ကြီး စူပါစတား တစ်ယောက်ဖြစ်နေရင်လည်း လုံခြုံရေး
ကိုသတိထားရမှာပဲဖြစ်ပါတယ်။
"ကျွန်တော့်အိမ်ကိုလာလည်တဲ့ မိန်းကလေးတွေ သိပ်မရှိပါဘူး။ ကျွန်တော်က ဒီလောက်လည်း လူကြိုက်များသူ မဟုတ်ပါဘူး။

September 28, 2015

" မူးနေလို့ပါ.. ဆရာ... " ဟိုက်...သေရော ဟိဟိ.. (ဟာသ)

 
ကားတစ်စီးဟာ အဝေးပြေးလမ်းမထက်မှာ လမ်းကြောတစ်ခုကနေတစ်ခု ၀င်လိုက်ထွက်လိုက် လုပ်နေတာမို့ရဲကလှမ်း
တားလိုက်ပါတယ်။ ပြီးတဲ့အခါ အရက်သောက်၊ မသောက်စစ်ဆေးတဲ့ ကိရိယာထဲ လေမှုတ်ထည့်ဖို့ ကားမောင်းသူကို
ပြောလိုက်ပါတယ်။

ကားမောင်းသူ - "ကျွန်တော် မလုပ်နိုင်ဘူး ... ဆရာ"
ရဲ - "ဘာလို့မလုပ်နိုင်ရမှာလဲ"

ကားမောင်းသူ - "ကျွန်တော်က ပန်းနာသည်ပါ ...ဆရာ။ ဆရာ့ကိရိယာထဲ ကျွန်တော်
လေမှုတ်ထည့်လိုက်ရင် ကျွန်တော့်ရောဂါပြန်ထမှာ"

ရဲ -"ကောင်းပြီ ... ဒီလိုဆိုရင် ရဲစခန်းမှာ ဆီးစစ်ကြတာပေါ့"

ကားမောင်းသူ - "အဲဒါလည်း ကျွန်တော် မလုပ်နိုင်ဘူး ... ဆရာ"
ရဲ -"ဘာလို့မလုပ်နိုင်ရမှာလဲ"

ကားမောင်းသူ - "ကျွန်တော်က ဆီးချိုရောဂါသည်ပါ... ဆရာ။ ခွက်ထဲမှာ ဆီးတွေ
သွားချလိုက်ရင် ကျွန်တော့်ကိုယ်ထဲက သကြားဓာတ်တွေ နည်းသွားလိမ့်မယ်"

ရဲ - "ကောင်းပြီ ... ဒါဆိုလည်း သွေးစစ်ကြတာပေါ့"

ကားမောင်းသူ -"အဲဒါလည်း မဖြစ်နိုင်ပါဘူး ...ဆရာ"
ရဲ - "ဘာလို့လဲကွ"

ကားမောင်းသူ - "ကျွန်တော်က သွေးအားနည်းတဲ့ရောဂါသည်ပါ ...ဆရာ။
သွေးတွေ ဖောက်ထုတ်ရင် ကျွန်တော်သေမှာ"

"ယောက်ျားကြီးတွေအဖြစ် ကိုယ်ခန္ဓာခွဲစိပ်ပြောင်းလဲခဲ့ကြတဲ့ ကမ္ဘာ့အခန့်ညားဆုံး အမျိုးသမီးကြီး (၁၀) ယောက် "

အခုပြောပြမယ့်သူတွေက မွေးဖွားလာစဉ်တုန်းကတော့ အမျိုးသမီး တယောက်လို မွေးဖွါးလာခဲ့ ကြပေမယ့်လို့ သူတို့စိတ်က ကိုယ့်ကိုယ်ကို အမျိုးသားတယောက်လိုပဲ ခံယူသတ်မှတ်ထားကြသူတွေဖြစ်တဲ့ အတိုင်း ဘ၀ကို အမျိုးသားတယောက်လို ပြောင်းလဲနေထိုင်ပြီး အသက်ရှင်နေထိုင် သွားခဲ့ကြသူတွေပါ။ ဒါပေမယ့် ဒီလူတွေကို ပေါ့သေးသေးတော့ မထင်လိုက်ပါနဲ့၊ ရွေးထားတဲ့ ဆယ်ယောက်စလုံးက သူတို့ ကျွမ်းကျင်တဲ့ လုပ်ငန်းနယ်ပယ်မှာ အောင်မြင်မှုရနေတဲ့သူတွေဖြစ်သလို လှပခန့်ညားတဲ့ အမျိုးသားစစ်စစ်တွေ လုံးလုံးကို ဖြစ်နေတဲ့သူတွေဖြစ်ပါတယ်။

(၁) Balian Buschbaum

" E-Kiss, အင်တာနက်ပေါ်မှ တစ်ဆင့် အနမ်းချင်းဖလှယ်နိုင်သော ကိရိယာ "

အင်တာနက်ပေါ်မှ တစ်ဆင့် အနမ်းချင်းဖလှယ်နိုင်သော ကိရိယာကို ဂျပန်ကျောင်းသားတစ်ဦး စတင်ဝေးကွာနေသော ချစ်သူစုံတွဲများ အင်တာနက်ပေါ်မှ တစ်ဆင့် နှုတ်ခမ်းခြင်း ထိကပ်နမ်းနိုင်သော ကိရိယာတစ်ခုကို သိပ္ပံဘွဲ့ရ ဂျပန်ကျောင်းသား တစ်ဦးက တီထွင်လိုက်ကြောင်း Daily Mail သတင်း အရ သိရသည်။ 
အဆိုပါကိရိယာလေးသည် အသက်ရှူထုတ်ခိုင်း၍ အရက်သေစာ သောက်စားထားခြင်း ရှိမရှိ စစ်ဆေးရန် ယာဉ်ထိန်းရဲများ အသုံးပြုကြသော breathalyser ကိရိယာနှင့် ဆင်တူသလို ခလုတ်ခုံလေးတစ်ခုနှင့် ပါးစပ်အတွင်း ငုံရသော ကော်ချောင်းတစ်ချောင်း ပါရှိသောကြောင့် ကလေးရေဘူးတစ်ခုနှင့်လည်း ဆင်တူသည်ဟု ဆိုနိုင်သည်။
အသုံးပြုမည့် သူနှစ်ဦးစလုံး၌ အဆိုပါ ကိရိယာမျိုး ရှိနေရန် လိုအပ်ပြီး အင်တာနက်မှ တစ်ဆင့် သက်ဆိုင်ရာ ဆော့ဖ်ဝဲလ်နှင့် ချိတ်ဆက်ရမည် ဖြစ်သည်ဟု သိရသည်။ ထိုသို့ ချိတ်ဆက်ပြီးလျှင် ပါးစပ်အတွင်း ငုံထားသော အဆိုပါ ကော်ချောင်းငယ်ကို တစ်ဦးက လျှာဖြင့် တို့ထိ လှည့်ပတ်လျှင် တစ်ဖက်လူ၏ ပါးစပ်အတွင်းရှိ ကော်ချောင်းလေးကလည်း တူညီသော ပုံစံဖြင့် လှုပ်ရှားလည်ပတ်မည် ဖြစ်ပြီး အနမ်းနှင့် အနီးစပ်ဆုံး တူသော ခံစားမှုကို အပြန်အလှန် ပေးစွမ်းနိုင်မည် ဖြစ်ကြောင်း သိရသည်။
၎င်း၏ တီထွင်မှုသည် လူလူချင်း အပြည့်အ၀ ထိတွေ့မှု ရှိသော အင်တာနက်အတွေ့အကြုံ (full person-to-person web experience) များ၏ ပထမ အစဦးဖြစ်ကြောင်း၊ လူကြိုက်အထူးများသော ကျော်ကြားသူများ (ဥပမာ ဂျတ်စတင်ဘီဘာ) ၏

" ကွန်ပြူတာမှာလည်း အဖို အမ ရှိတယ်ဆိုယုံမလား....သင့်ကွန်က ကျားလား မလားသိချင်ရင် " ဟီးဟီး

သင့်ကွန်ကကျားလားမလားသိချင်ရင်လွယ်လွယ်လေးပါ လူတိုင်းလုပ်နိုင်ပါတယ်

1. အရင်ဆုံး Notepad ကိုဖွင့်လိုက်ပါ.
2. ပြီး CreateObject("SAPI.SpVoice").Speak "I love YOU" ဆိုတဲ့စာတန်းလေးရိုက်ထည့်လိုက်ပါ
3. Save as ကိုကလစ်ပြီး Desktop မှာ ထားပေးလိုက်ပါ..


4. File အမည်ကိုကြိုက်ရာ ပေးလိုက်ပြီး နောက်မှာ ( .vbs )လို့ခံပေးရပါမယ် ဥပမာ 1234.vbs လို့အမည်ပေးပြီး save လိုက်ပါ Desktop မှာခုဏ save ထားတဲ့ File ကို Double click တဲ့အချိန်မှာ..I love you လို့သင့်ကိုပြောလာလိုက်မယ် ပြောလိုက်တဲ့အသံကိုနားထောင်ချင်းဖြင့် သင့်ကွန်ပြူတာက ကျား လား မ လားဆိုသိရ ပါပြီ

ပျော်ရွှင်ပါစေ

ဒါတင်မကပါဘူး အဲဒီ file ကို right click / edit မူလစာသားတွေကိုတမျိုးပြောင်းရေးလို့ရပါတယ်..ကိုယ်ရေးတဲ့ အတိုင်း ကွန်ကပြန်ပြီးစကားပြောပါလိမ့်မယ်..

ဥပမာ CreateObject("SAPI.SpVoice").Speak "In sunny days, I like to go swimming, or playing table tennis, in

" သင်တို့ ယနေ့ သုံးနေတဲ့ ပစ္စည်းတွေရဲ့ တီထွင်သူနာမည်များ "

ကွန်ပျုတာ

တီထွင်သူ။………..။ ချားလ်စ် ဘက်ဘေ့ခ်ျ။
လူမျိုး။……………။ အင်္ဂလိပ်။
ခုနှစ်။…………….။ ၁၈၂၃။
ရည်ရွယ်ချက်။…….။ ရှည်လျားစွာ တွက်ချက်စစ်ဆင်နိုင်ရေး။
တိုးတက်မှူရလဒ်။….။ အသိပညာနှင့် အီလက်ထရောနစ် ကွန်ပျုတာများ။









" ဒီနေ့ထွက် - Messenger v41.0.0.15.125 APK " (မောင်ပေါက်)



facebook သုံးတဲ့ဘော်ဒါတို့အတွက် facebook messenger လေးကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်လေးကိုတော့အားလုံးသူသိပြီးဖြစ်မှာပါ။ facebook နှစ်ကောက်ရှိသူများအတွက်ကတော့ ပိုပိုကောင်းပါတယ်။ ဘာဖြစ်လို့ဆိုတော့ facebook apk တစ်ခုသုံး facebook messenger မှာတစ်ခုသုံးပေါ့ ။ နောက်ပြီး ဒီမှာတော့ ဟိုတုန်းက version ထက် ချစ်စ၇ာ အရုပ်ကလေးများပါလာတာကိုတွေ၇ပါတယ်။ updated သုံးချင်းတဲ့ဘော်ဒါတို့အတွက် အောက်မှာဒေါင်းနိုင်ပါတယ်။

September 27, 2015

" သင့်ဘဝကို အနှောက်အယှက်ပေးမည့် လူ၃မျိုး "

 
လူ့ဘဝမှာ လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးက အရေးကြီးတဲ့အပိုင်းမှာ ပါဝင်ပါတယ်။

လူဆိုတာလည်း အမျိုးမျိုးရှိပါတယ်။ ဆက်ဆံရေးကောင်းမွန်တဲ့သူကိုတွေ့နိုင်သလို၊ စကားနားထောင်ကောင်းသောသူ၊ စကားပြောကောင်းသောသူ စသည်ဖြင့် အမျိုးမျိုးပါပဲ။ တဖက်မှာလည်း ကိုယ့်ကို ဒုက္ခပေးမယ့်သူကလည်းရှိတယ်ဆိုတာကို မမေ့ထားပါနဲ့။

ကိုယ့်ရဲ့ဘဝကို သာသာယာယာ လျှောက်လှမ်းချင်တယ်ဆိုရင်တော့ အောက်မှာရေးထားတဲ့ လူ ၃ မျိုးကို ရှောင်သင့်ပါတယ်။ သူတို့ကို သတိထားပြီးရှောင်ရင် ဖြစ်လာမယ့် ပြသာနာတွေကို ကြိုတင်ပြီး တားဆီးနိုင်မှာပါ။


၁. သူတပါးကို အမြဲအသုံးချရန် ကြိုးစားနေသောသူ

လူတွေကို ကောင်းကောင်း လိမ်တတ်သောသူဖြစ်ပါတယ်။ သူတပါးကို လိမ်ညာနေတယ်လို့ မထင်ရပင်မယ့်လည်း အသုံးချရန် ကြိုးစားနေသူပါ။ သူတပါးကို စိတ်ဆင်းရဲအောင်၊ ကောင်းမွန်သော ဆုံးဖြတ်ချက်ကို မချနိုင်အောင် အမြဲကြိုးစာနေသူပါ။

သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သင့်ထံမှ ယုံကြည်မှုကို ရရှိဖို့ရန်သာ ဖြစ်ပါတယ်။ ပိုက်ဆံ၊ အပေါင်းအသင်း ကိုရယူရန် ကြိုးစားနေတာလဲ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သင့်ကို အနိုင်ကျင့်ပြီး ပျော်ရွှင်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုလူမျိုးကို ကိုယ်တိုင်သာ စဉ်းစားဆုံးဖြတ်ပါ။
 

၂. အနိုင်ကျင့်သောသူ

ဒီလိုလူမျိုးကတော့ သူတပါးက စိတ်ဆင်းရဲနေတာကို ကြည့်ပြီး အားရ ဝမ်းသာဖြစ်နေသောသူပါ။ သူတပါးကို နှိပ်စက် အပြစ်တင်နိုင်မှာသာ ကိုယ့်အတွက် ယုံကြည်ချက်တွေ ပြည့်ဝလာတယ်လို့ ခံယူထားပါတယ်။ သူတပါးကို အနိုင်ကျင့်နေချိန်မှာ

" အမျိုးသမီးတွေ အနေနဲ့ ကိုယ့်ချစ်သူ အမျိုးသားကို သိစေချင် ဖြစ်စေချင်တဲ့ အရာလေးများ "

 
ဒီနေ့ခေတ်မှာ အမျိုးသားရော၊ အမျိုးသမီးပါ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ပြီး နေ့စဉ်ဘ၀တွေကို ရှင်သန်နေကြရပါတယ်။ ဒါတွေဟာ တစ်ခါတစ်လေ အချစ်ရေးကိစ္စတွေမှာပါ သက်ရောက်မှုတွေ ရှိလာပါတယ်။ အလုပ်မှာ ပွင့်လင်းချင်တိုင်း ပွင့်လင်းစွာ ဆက်ဆံလို့မရတာ၊ အရိုးသားဆုံး ပြောဆိုပြုမူလို့ မရတာတွေ ရှိနေတတ်ပါတယ်။ ဒီအချက်တွေဟာ လူတစ်ယောက်ရဲ့ အချစ်ရေးမှာပါ သက်ရောက်မှုတွေ ရှိလာတဲ့အခါ တစ်ဦးနဲ့တစ်ဦး အားမလို အားမရဖြစ်တာ၊ နားလည်မှုလွဲတာမျိုးတွေ ဖြစ်လာကြပါရော။ အထူးသဖြင့် အမျိုးသားတွေဟာ တစ်ခါတစ်လေ ဒီလိုရောယှက်ခံစားမှုတွေ အများဆုံးရှိနေတတ်ကြပါတယ်။ မလိုအပ်ပဲ ပြောချင်တာတွေကို စိတ်ထဲအတင်းထည့်ထားတာမျိုးပေါ့။ ဒီတော့ အမျိုးသမီးတွေ အနေနဲ့ ကိုယ့်ချစ်သူအမျိုးသားတွေ အချစ်ရေးနဲ့ပတ်သက်လာရင် သူတို့ဖြစ်စေချင်နေတာလေးတွေက

၁။ ရိုးရိုးသားသား ပြောဆိုဆက်ဆံပါ။

ချစ်သူတွေ တစ်ဦးနဲ့တစ်ဦး ရိုးသားပွင့်လင်းမှု မရှိဘူးဆိုရင် သူတို့တွေဟာ ရေရှည်လက်တွဲဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် အတတ်နိုင်ဆုံး ကိုယ့်ချစ်သူကို ပွင့်လင်းရိုးသားစွာ ပြောဆိုဆက်ဆံဖို့ လိုပါတယ်။

၂။ ခံစားချက်တွေကို ဖွင့်ဟပါ။

အမျိုးသမီးတွေထက်စာရင် အမျိုးသားတွေဟာ သူုတို့ခံစားချက်ကို ဖွင့်ဟပြောပြလိမ့် မရှိပါဘူး။ ဒါကိုယောင်္ကျားမဆန်ဘူးလို့ ထင်ကြပါတယ်။ အမှန်တကယ်ကတော့ ခုလို ဖွင့်ပြောခြင်း မပြောခြင်းနဲ့ ယောင်္ကျားးဆန်ခြင်းနဲ့ ဘယ်လိုမှ မသက်ဆိုင်ပါဘူး။ ကိုယ့်အနေနဲ့ ခံစားချက်တွေ ဖွင့်ဟရမှာက ကိုယ့်ချစ်သူကို ဖြစ်တာကြောင့် သင့်စိတ်ထဲ မျိုသိပ်ထားတာတွေ များလာတဲ့အခါ

" အိမ်သာခွက်တွေထဲက စပါကြီးမြွေတွေကို ဖမ်းဆီးဖယ်ရှားပေးခဲ့ရတဲ့ သြစတြေးလျမှ မြွေဖမ်းသူ "





သြစတြေးလျနိုင်ငံသား မြွေဖမ်းသူတစ်ဦးဟာ ပြီးခဲ့တဲ့၂ပတ်အတွင်း အိမ်သာခွက်တွေထဲ ရောက်နေတဲ့ ဧရာမစပါးကြီး

 မြွေကြီးတွေကို နှစ်ကြိမ်တိုင် ဖမ်းဆီးမယ်ရှားပေးခဲ့ရတယ်လို့ ဆိုပါတယ်။

Queensland ရှိBuddy Ell Snake Removal မှ Elliot Budd က ပြီးခဲ့တဲ့၂ပတ်အတွင်း အိမ်သာခွက်အတွင်းမှ ၁၀ပေနီးပါး ရှည်လျားတဲ့ စပါးကြီးမြွေကြီးကို ဖယ်ရှားပေးဖို့ ဆက်သွယ်တာ ၂ခါရှိပါတယ်လို့ ပြောပြသွားပါတယ်။

 “ ပထမတစ်ကောင်ကိုတော့ ပြန်လည်ပြုပြင်နေတဲ့ အိမ်မှာတွေ့ရတာပါ။ အလုပ်သမားတစ်ချို့လည်း အလုပ်လုပ်နေကြတုန်းပါပဲ။ ဒီကောင်ကို အိမ်သာခွက်ထဲမှာ တွေ့လိုက်ရတော့ ကျွန်တော်တော်တော် အံ့သြသွားတယ်” လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၂ရက်နေ့မှာ မြွေတစ်ကောင်ဖယ်ရှားပေးဖို့ ဆက်သွယ်လာတဲ့အခါမှာတော့ တစ်ယောက်ယောက် သူ့ကို နောက်ပြောင်နေတယ်လို့ ထင်ခဲ့ကြောင်း ပြောထားပါသေးတယ်။

“အိမ်သာခွက်ထဲက မြွေတွေကို ဆွဲထုတ်ပေးနေရတဲ့ ငါ့ရဲ့နေ့ရက်တွေ ကုန်ဆုံးသွားဖို့ မျှော်လင့်ပါတယ်” လို့ Facebook Post မှာ ရေးသားထားခဲ့ပါတယ်။

“ဒုတိယတစ်ကောင်ကိုတော့ မြောက်ဘက်ရပ်ကွက်မှာ တွေ့ခဲ့ရတာဖြစ်ပြီး ၈ ပေနီးပါးရှည်လျားပါတယ်။ သူက အိမ်သာခွက်ထဲမှာ ရေမွန်းနေပြီး အိမ်သာခွက်ကို ဖြုတ်လို့မရတဲ့အတွက် ကျွန်တော်ကိုယ်တိုင် လက်နဲ့ကိုင်ပြီးပဲ ထုတ်ခဲ့ရပါတယ်" လို့ သူက ဆိုပါတယ်။

“မျိုးပွားမယ့် ရာသီချိန်ဖြစ်တာမို့ စွမ်းအင်တွေပိုသုံးစွဲရတဲ့အတွက် ရေရှိတဲ့နေရာကို ရှာဖွေကြတာဖြစ်ပါတယ်။

" ရုရှားဘီလျံနာ တစ်ဦးပိုင်ဆိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ရွက်လှေ "





ကမ္ဘာပေါ်မှာ အကြီးဆုံး လို့ဆိုရမယ့် စူပါရွက်လှေ ဟာ ပေ ၃၀၀ အမြင့်ရှိသလို သဘောင်္ကုန်းပတ် ၈ ခု ရှိပြီး ရေအောက် စူးစမ်းလေ့လာရေးအခန်း တစ်ခုလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ထို ရွက်လှေ အတွက် စတာလင်ပေါင် သန်း ၂၆၀ သုံးစွဲပြီးတည်ဆောက်ခဲ့ရတယ်လို့လည် သိရပါတယ်။

ထို သဘောင်္ကို Andrey Igorevich Melnichenko ဆိုသူ သန်းကြွယ်သူဋ္ဌေး က ပိုင်ဆိုင်ပြီး ထိုရွက်လှေကို "Sailing Yacht A" လို့နာမည်ပေးထားပါတယ်။ သူက ထို ရွက်လှေ သဘောင်္ကို ဂျာမနီနိုင်ငံ ၊ Kiel မြို့ကို စတင် ပြီး ရေကြောင်းခရီး အဖြစ် စမ်းသပ်ခဲ့ပါတယ်။

ထို စူပါရွက်လှေပေါ်မှာတော့ ဧည့်သည် အယောက် ၂၀ စာ ကောင်းကောင်း ဧည့်ခံနိုင်မယ့် အခန်းတွေလည်း ပါရှိပြီး သဘောင်္ အဖွဲ့ဝင် ၅၄ ယောက်လည်း ပါဝင်သလို ထို ရွက်လှေဟာ ဒီဇယ်နဲ့ အီလက်ထရစ် စပ်ပေါင်း လောင်စာ ဖြစ်တဲ့အတွက် အမြန်ဆုံး တစ်နာရီကို ၂၄ မိုင်နှုန်း မောင်းနှင်နိုင်မယ်လို့လည်း သိရပါတယ်။

"Sailing Yacht A" ဟာ Philippe Starck ဆိုသူ ဒီဇိုင်းရေးဆွဲထားတာ ဖြစ်ပြီး German Naval Yards လို့ခေါ်တဲ့ အဖွဲ့က တည်ဆောက်ထားတာဖြစ်ပါတယ်။ Sailing Yacht A ဟာ မစ္စတာ Melnichenko ရဲ့ အခြား ရွက်လှေတစ်စီး ဖြစ်တဲ့ Motor Yacht A ကို အခြေခံပြီး ပြန်လည်ပြုပြင်ထားတာဖြစ်တယ်လို့သိရပါတယ်။ ထို Motor Yacht A ဟာလည်း ရုရှား ဘီလျံနာ သူဋ္ဌေး Melnichenko အတွက် စတာလင်ပေါင်သန်း ၁၉၀ ခန့် ကုန်ကျခဲ့သေးတယ်လို့လည်း သိရပါတယ်။

အသက် ၄၃ နှစ်ရှိနေပြီဖြစ်တဲ့ သန်းကြွယ်သူဋ္ဌေး ဘီလျံနာ Melnichenko ဟာ EuroChem ဆိုတဲ့ ဓါတ်မြေသြဇာ ကုမ္မဏီ ၊

" ချစ်သူနှစ်ဦး အချစ်လူးနေစဉ် အဆက်ဟောင်းနာမည်အော်မိတဲ့ ရည်းစားရဲ့ အူတွေကို သဝန်တိုကာ လက်နဲ့ ဆွဲထုတ် သတ်ဖြတ်ခဲ့မှု ဖြစ်ပွား"



အမျိုးသားတစ်ယောက်ဟာ ရည်းစားဖြစ်သူနဲ့ လိင်ဆက်ဆံနေရင်း အမျိုးသမီးဖြစ်သူက အဆက်ဟောင်းရဲ့ နာမည်ကို

 နှစ်ကြိမ်တိုင်တိုင် ဟစ်အော်ခဲ့တာကြောင့် ကောင်မလေးရဲ့ အူတွေကို လက်နဲ့ ဆွဲထုတ်သတ်ဖြတ်မှုဖြစ်ပွားခဲ့ပါတယ်။

ရဲအစီရင်ခံစာတစ်စောင်အရ အပြစ်ရှိကြောင်းမိမိဘာသာဝန်ခံခဲ့တဲ့ Fidel Lopez ဆိုသူဟာ သူတို့ နေထိုင်ရာ ဖလော်ရီဒါ

ပြည်နယ်၊ Sunrise တိုက်ခန်းရဲ့ မတ်ရပ်ဗီရိုထဲမှာ ကြမ်းတမ်းတဲ့လိင်ဆက်ဆံမှု ပြုနေစဉ်အတွင်း အမျိုးသမီးအဖော်က တ
ခြားယောင်္ကျားတစ်ယောက်ရဲ့နာမည်ကို ငိုယိုဟစ်အော်ခဲ့မှုကြောင့် ဒေါသအပြင်းအထန်ထွက်ခဲ့တယ်လို့ ထွက်ဆိုခဲ့ကြောင်း သိရပါတယ်။
အသက် ၂၄ နှစ်အရွယ် Lopez ဟာ ဖန်ဆွဲတံခါးကိုလည်း ရိုက်ခွဲခဲ့ပြီး၊ နံရံမှာအပေါက်တွေဖြစ်အောင် ထိုးခဲ့ကာ၊ ဗီရိုတံခါးကို

လည်း ပတ္တာပြုတ်အောင် ဆွဲဖြုတ်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ထို့ နောက် သူဟာ ကြမ်းပြင်ပေါ်သတိလစ်မေ့မြောနေတဲ့ အသက် ၃၁ နှစ်အရွယ် ချစ်သူဖြစ်သူ Maria Nemeth ရဲ့ ခန္ဓာကိုယ်ကို ကိရိယာတန်ဆာပလာမျိုးစုံနဲ့ ကိုယ်လက်တွေဖြတ်
တောက်ခဲ့ပြီး နောက်ဆုံးမှာ သူ့ လက်နဲ့  အူသိမ်အူမတွေကို ဆွဲထုတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

Lopez ဟာ အခင်းဖြစ်ပွားပြီး တနင်္ဂနွေမနက် ၃နာရီခွဲမှာ ရဲတွေကို မိမိဘာသာအကြောင်းမကြားခင် သူမရဲ့ခန္ဓာကိုယ်ကို ရေချိုး

ခန်းထဲသယ်ပြီး သတိပြန်လည်လာအောင်လို့ ရေနဲ့ ပက်ပြီး ကြိုးစားခဲ့သေးတယ်လို့ ရဲတွေကို ဖြောင့်ချက်ပေးခဲ့ပါတယ်။ ထို့ နောက်မှာတော့ Lopez ဟာ လက်ဆေး၊ အပြင်မှာ ဆေးလိပ်ထွက်သောက်ပြီးမှာ သူ့ ချစ်သူ အသက်မရှူတော့ကြောင်း

" ဒီတနင်္ဂနွေနေ့မှာ လုလုရဲ့ ကြက်သားဆီပြန် (မွန်ရိုးရာချက်) လေး ချက်စားကြည့်ကြရအောင်လားဟင် "

အားလုံးမင်္ဂလာပါရှင်။ ပြီးခဲ့တဲ့တစ်ပတ်က ကျွန်မ အလုပ်ကိစ္စနဲ့ ခရီးသွားတာရယ်၊ ပြန်ရောက်ပြီးတော့လည်း အလုပ်များနေ
တာရယ်ကြောင့်မို့ ဟင်းအသစ်မချက်ဖြစ်ခဲ့ပါဘူးနော်။ဒီနေ့တော့ ကျွန်မရဲ့မောင်နှမတွေကို ကြက်သားဆီပြန် (မွန်ချက်)လေး ချက်ကျွေးပါရစေနော်။

ကြက်သားဆီပြန်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့

 
  1. မြန်မာကြက်တစ်ကောင်
  2. ကြက်သွန်ဖြူ
  3. ကြက်သွန်နီ
  4. စပါးလင်
  5. ချင်း
  6. ငရုတ်သီး အပုပွတောင့်
  7. ဆား
  8. သကြား
  9. ငါးပိစိမ်းစား (မကြိုက်ရင် မထည့်ပါနဲ့)
  10. ဟင်းခတ်မှုန့်
  11. နနွင်းမှုန့်
  12. ဆီအနည်းငယ်တို့ပါနော်။

ကြက်သားကို သန့်စင်အောင် ဆေးကြောပြီး အတုံးကို ခပ်လတ်လတ် မကြီးမသေးလေးဖြစ်အောင် တုံးပါ။ ချင်းနဲ့ စပါးလင်ကို အခွံနွှာ၊ ရေဆေး၊ ပါးပါးလှီးပြီး ညက်နေအောင်ထောင်းပါ။ ဇလုံတစ်လုံးယူ ကြက်သားထည့်၊ နနွင်းမှုန့်၊ ဆား၊ သကြားနဲ့ ထောင်းထားတဲ့ ချင်းနဲ့ စပါးလင်တို့ကို ထည့်ပြီး နှံ့အောင် နယ်ပါ။
ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကိုလည်း အခွံနွှာရေဆေးပြီး ဖယ်ပေးထားပါ။ ငရုတ်သီးအပွတောင့်ကို အညှာခြွေ၊

Subscribe

လာလည်သူများ

free counters