♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 2, 2015

" ဖရဲသီးခွံ လက်တည်ချဉ် ပြုလုပ်နည်း ‬"

 
 ရှေ့ပိုင်းမှာ ဖရဲသီးခွံကို အသီးဖျော်ရည် အဖြစ် ဗိုက်တာမင် အားဖြည့်ရန် တင်ပြခဲ့ပါတယ်။ ယခုတင်ပြချင်တာကတော့ ထမင်း သို့မဟုတ် အကင်တို့နှင့် စားသုံးနိုင်သော ဖရဲသီးခွံလက်တည်ချဉ် သနပ်ဖြစ်ပါတယ်။
ပြုလုပ်နည်းကတော့ ရိုးရှင်းလွယ်ကူပါတယ်။ အချို့ပြုတ်ပြီးမှ လုပ်တဲ့နည်းတွေ ရှိပေမဲ့ ဒီနည်းလမ်းကလွယ်လို့ဖေါ်ပြ လိုက်ပါ
တယ်။ 

ဖရဲသီး အတွင်းသား အနီရောင်ကို လှီးပြီးလို့ ကျန်ခဲ့သော အခွံမှ အစိမ်းရောင် အခွံကို သင်ပစ်လိုက်ပါ။ ယင်းအစိမ်းရောင် အခွံနှင့် အနီသားကြားမှ အဖြူရောင် အသားကို အသုံးပြုပါမယ်။
ထိုအဖြူရောင် အသားတို့ကို လေးထောင့်တုံး သို့မဟုတ် အချောင်းလိုမျိုး ကြိုက်သလို လှီးဖြတ်ပါ။ အနည်းဆုံး ၃ပေါင် ၄ပေါင်ခန့် လှီးပါ။

ပြီးရင် ထည့်မဲ့ပုလင်းကို ချင့်ချိန်၍ ရေနှင့် Vinegar (ရှာလကာ) ကို (၁း၁) ဖြစ်အောင် ယူပြီး ဇလုံတခုအတွင်း သမအောင်မွေပါ။
ဗီနီဂါကို ဆူပါမတ်ကတ်က နိုင်ငံခြားဖြစ်များကိုသာ သုံးပါ။
Rice Wine Vinegar ရနိုင်လျှင် ပိုကောင်းသည်။
ဆားအနည်းငယ်နှင့် ဗီနီဂါ၏ စူးရှသော အရသာကို အုပ်မိစေရန် သကြားအနည်းငယ် ထပ်ထည့်ပါ။
ထို့နောက် လေလုံသော ဖန်ပုလင်းထဲတွင် အတူရောထည့်ပြီး ရေခဲသေတ္တာထဲတွင် ၄၈နာရီထားပြီးနောက် စားသုံးနိုင်ပါပြီ။ ဤနည်းဖြင့် ပြုလုပ်ထားသော ဖရဲသီးခွံ သနပ်ကို တလထိ ရေခဲသေတ္တာထဲတွင် ထည့်၍ သိမ်းဆည်းစားသောက်နိုင်သည်။
ဒီနည်းကတော့ မူလ အရသာမပျက် ပြုလုပ်နည်းဖြစ်ပြီး မိမိအကြိုက် အရသာတို့ကို ရရှိနိုင်ရန် အောက်ပါ ပစ္စည်းတို့ကိုလဲ ပြောင်းလဲ ပေါင်းစပ်အသုံးပြုနိုင်ပါသည်။

သစ်သီးအရည်၊ Sprite ၊ Ginger Ale ၊ ဖရဲသီးအရည်၊ သခွားရည်၊ ဝိုင်၊ ဆာကေ(ဂျပန်အရက်) ၊ နှင့် တကီလာ (မက္ကဆီကိုအရက်) တို့အနက်မှာ တမျိုးမျိုးကို သော်လည်းကောင်း ယင်းတို့ အနည်းငယ်စီပေါင်းစပ် ထားသော အရည်ကို မူလပြင်ဆင်ထားသည့် အရည်အနည်းငယ်နှင့် ရောစပ်ကာ သနပ်ပြုလုပ်နိုင်ပါတယ်။
ဗီနီဂါ အရည်အစားကို သံပုရာ၊ သံပရိုနှင့် ရှောက်ရည်တို့ကို အသုံးပြုခြင်းသော် လည်းကောင်း ရောစပ်ပြီးသော် လည်းကောင်း အသုံးပြုနိုင်သည်။
သကြားအစား ပျားရည်၊ သကြားညိုတို့ကို ပြောင်းလဲသုံးစွဲနိုင်သည်။

အစပ်ကြိုက်သူများအနေနှင့် လေးညှင်းပွင့်၊ ငရုတ်သီး၊ ငရုတ်ကောင်း အဖြူ၊ အနက်၊ သစ်ကြံပိုးခေါက် နှင့် စမုန်စပါး စသည်တို့ကို နှစ်သက်ရာ အရသာပေါ်မူတည်၍ ထည့်သွင်း အသုံးပြုနိုင်သည်။
ခရမ်းချဉ်သီး၊ ပင်စိမ်း၊ စမုန်နက်နှင့် လိမ္မော်သီး အခွံတို့ကိုလည်း နှစ်သက်လျှင် ထည့်သွင်းနိုင်သည်။
ချိုချဉ်အရာသာရှိတဲ့ ဖရဲသီး သနပ်ကို အလွယ်တကူ ပြုလုပ် စားသောက်နိုင်ရန် တင်ပြလိုက်ရပါတယ်။ 

 


ဓါတ်ပုံများ : ရောရောသမမွှေ
Credit : Winn Hlaing Oo

No comments:

Subscribe

လာလည်သူများ

free counters