♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 29, 2015

" အဆိုတော်စိုင်းစိုင်း အိမ်သို့ အလည်တစ်ခေါက် "

စိုင်းစိုင်းကို နေအိမ်ဧည့်ခန်းမှာ တွေ့ရစဉ် ။ ဓာတ်ပုံ - ဇာနည်ဖြိုး၊မြန်မာတိုင်းမ်
                              စိုင်းစိုင်းကို နေအိမ်ဧည့်ခန်းမှာ တွေ့ရစဉ် ။ ဓာတ်ပုံ - ဇာနည်ဖြိုး၊မြန်မာတိုင်းမ်၏

အမ်တီဗီကနေ နာမည်ကျော်တွေရဲ့အိမ်တွေကို တင်ဆက်ပေးတဲ့ အစီအစဉ်ကနေတစ်ဆင့်   ကြည့်ရှုသူပရိသတ်တွေဟာ
 အမေရိကန်နိုင်ငံက လျှမ်းလျှမ်းတောက်ကျော်ကြားသူတွေရဲ့ ခမ်းနားထည်ဝါတဲ့  အိမ်တွေကို တွေ့မြင်ခွင့်ရရှိကြပါတယ်။ 
ရွှေအစစ်နဲ့ပြုလုပ်ထားတဲ့ ရေချိုးကန်၊ ဂီတသင်္ကေတတွေလိုမျိုး ဒီဇိုင်းဖော်ထားတဲ့ရေကူးကန်တွေနဲ့ အဆိုတော် 50Cents
 ရဲ့ မီးဖိုခန်းခြောက်ခု စတာတွေကို ဒီအစီအစဉ်ကနေ ထုတ်လွှင့်ပြသပေးပါတယ်။ ဒါဆိုရင် မြန်မာ ပြည်က ချမ်းသာပြီး
 နာမည်ကြီးတဲ့သူတွေရဲ့နေအိမ်တွေကရော ဘယ်လိုမျိုးလဲ။ နာမည်ကျော် ဟစ်ပ်ဟော့အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ
ဘယ်လိုနေအိမ် ပုံစံမျိုးမှာ နေထိုင်သလဲဆိုတာ ရှာဖွေဖော်ထုတ်ကြည့်ဖို့ ကျွန်မတို့ ဆုံးဖြတ်လိုက်ပါတယ်။ စူပါစတား စိုင်း
စိုင်းဟာ ကျွန်မတို့ကို ကြိုဆိုဖို့အတွက် အခန်းထဲကိုဝင်လာစဉ်မှာ သူ့ရဲ့နေကာမျက်မှန်ကို ချွတ်လိုက်ပါတယ်။

"ကျွန်တော့်အိမ်ထဲကို လိုက်ပြပါမယ်။ဘာတွေကို ကြည့်ချင်လဲ"လို့ ဇဝေဇ၀ါဖြစ်နေသလိုပုံစံမျိုးနဲ့ သူက ပြောပါတယ်။ နာမည်ကျော်တွေရဲ့အိမ်တွေကို မြင်ဖူးသလားလို့ ကျွန်မက မေးတော့ "မြင်ဖူးတာပေါ့"လို့ သူက ပြောပါတယ်။ "ဒါပေမဲ့ သူတို့အိမ်ထဲမှာတော့ အရမ်းကို ကြီးကျယ်ခမ်းနားတဲ့ ပစ္စည်းတွေ ရှိကြတယ်။ ကျွန်တော့်အိမ်မှာတော့ အဲဒါမျိုး တစ်ခုမှ 
မရှိဘူး။ ကျွန်တော့်အိမ်က သာမန်အိမ်တစ်လုံး ပါပဲ"လို့ သူက ဆက်ပြောပါတယ်။ မြန်မာနိုင်ငံက သမားရိုးကျအိမ်တွေ
အရ ကြည့်မယ်ဆိုရင်တော့ စိုင်းစိုင်းရဲ့ အိမ်က သာမန်အိမ်မျိုးတော့ မဟုတ်ပါဘူး။  အိမ်ရဲ့ထောင့်တိုင်းမှာ လုံခြုံရေး
 ကင်မရာတွေ တပ်ထားတာကြောင့် သင်ဟာ မြန်မာနိုင်ငံရဲ့ နာမည်ကြီး စူပါစတား တစ်ယောက်ဖြစ်နေရင်လည်း လုံခြုံရေး
ကိုသတိထားရမှာပဲဖြစ်ပါတယ်။
"ကျွန်တော့်အိမ်ကိုလာလည်တဲ့ မိန်းကလေးတွေ သိပ်မရှိပါဘူး။ ကျွန်တော်က ဒီလောက်လည်း လူကြိုက်များသူ မဟုတ်ပါဘူး။
ဒီတော့ကျွန်တော့အတွက်အဆင်ပြေပါတယ်"လို့၂၀၀၁ခုနှစ်မှာသူ့ရဲ့"သူငယ်ချင်းများစွာ"အယ်လ်ဘမ်ကိုထွက်ရှိပြီးချိန်ကစပြီး
မြန်မာနိုင်ငံမှာလူသိများတဲ့ အဆိုတော်တစ်ဦးဖြစ်လာတဲ့ စိုင်းစိုင်းက ပြောပါတယ်။ "ဒါပေမဲ့ တစ်ခါတုံးကကျွန်တော့်မွေးနေ့
မှာပေါ့။ ကျွန်တော့်မွေးနေ့ရှိုးပွဲအတွက် သီချင်းလေ့ကျင့်နေချိန်မှာ သူတို့ရောက်လာပြီး ကျွန်တော့်အိမ်အပြင်ဘက် လမ်းတစ်
လျှောက်မှာ ဖယောင်းတိုင်တွေ ထွန်းကြတယ်။ အရိုးသားဆုံးပြောရမယ်ဆိုရင်တော့ ဒါမျိုးလုပ်တာ ကျွန်တော်ကြိုက်ပါတယ်။
တခြားသူတွေဆိုရင်လည်း ကြိုက်တာပဲ မဟုတ်လား။ ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ ကျွန်တော်က သီချင်းတိုက်ပြီး ပြန်ရောက်

လာလာချင်းဆိုတော့ တုန်လှုပ်သွားတာပေါ့"လို့ သူက ပြောပြပါတယ်။

သူ့ညီမနှစ်ယောက်နဲ့ အတူတူနေတဲ့ စိုင်းစိုင်းရဲ့အိမ်ဟာ အထပ်သုံးထပ်ပါရှိပြီး ပြတင်းပေါက်အမြင့်ကြီးတွေနဲ့ ခေတ်မီလှပစွာ အလှဆင်ထားပါတယ်။ အောက်ထပ်မှာတော့ သူ့သီချင်းတွေကို အသံသွင်းတဲ့ စတူဒီယိုအခန်းတစ်ခန်းရှိပြီး အပေါ်ဆုံးထပ်
မှာတော့ အားကစားခန်းမငယ်လေးတစ်ခု၊ ရုပ်ရှင်ကြည့်တဲ့အခန်းနဲ့ သူ့ပရိသတ်တွေပေးတဲ့ ၀က်ဝံရုပ်တွေများစွာထဲက အရုပ်
အနည်းငယ်ကို အဲဒီထဲမှာ ထားရှိပါတယ်။ "ပရိသတ်တွေက ၀က်ဝံရုပ်တွေ အမြဲတမ်းပေးတယ်။ကျွန်တော့်အသက်အရွယ်

 က ၀က်ဝံရုပ်တွေနဲ့ဆော့တဲ့အရွယ်၊ အရုပ်တွေနဲ့ အတူအိပ်တဲ့အရွယ်မျိုး မဟုတ်တော့ပေမယ့် ကျွန်တော် အရုပ်တွေကို သိမ်းထားလေ့ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပရိသတ်တွေက အရုပ်ပဲဖြစ်ဖြစ်၊ ပန်းစည်းပဲဖြစ်ဖြစ် ပေးတဲ့အခါမှာ သူတို့ရဲ့
အချစ်တွေက သူတို့ပေးတဲ့ပစ္စည်းတွေထဲမှာ ပါနေတယ်ဆိုတာ ကျွန်တော် ခံစားမိလို့ပါ" လို့စိုင်းစိုင်းက ဆိုပါတယ်။ မကြာ

သေးခင်ကမှ အမေရိကားခရီးစဉ်ကနေ ပြန်ရောက်လာတာမို့ အမေ ရိကန်နိုင်ငံက "အရမ်းမိုက်တယ်"လို့ ညွှန်းဆိုပေမယ့် အဲဒီမှာတော့ မနေချင် ဘူးလို့ဆိုတဲ့စိုင်းစိုင်းက သူ့ဧည့်ခန်းထဲကိုလည်း ကျွန်မတို့ကို လိုက်ပြခဲ့ပါ တယ်။ အခန်းတော်တော်
များများကို အိမ်အတွင်းပိုင်းဒီဇိုင်းဆွဲသူ ဦးဇော်မိုးရွှေက ဒီဇိုင်းဆွဲခဲ့တာဖြစ်ပေမယ့် သူ့စိတ်ကူးတချို့လည်းပါဝင်ပါတယ်တဲ့။
 "ကျွန်တော်က မျက်နှာကြက်အမြင့်ကြီးတွေ လိုချင်တယ်။ ဒါပေမဲ့ ဒီဗီရိုကြီးတွေက ကျွန်တော့်စိတ်ကူးမဟုတ်ဘူး"
လို့ ကျွန်မတို့အပေါ်မှာ စီးမိုးနေတဲ့ ဗီရို အမြင့်ကြီးတွေကို လက်ညှိုးထိုးပြရင်း ပြောပါတယ်။

 စိုင်းစိုင်းရဲ့ အိပ်ခန်း ။ ဓာတ်ပုံ - ဇာနည်ဖြိုး၊မြန်မာတိုင်းမ် စိုင်းစိုင်းရဲ့ အိပ်ခန်း ။ ဓာတ်ပုံ - ဇာနည်ဖြိုး၊မြန်မာတိုင်းမ်

"ဗီရိုတွေက အရမ်းမြင့် လွန်းတာကြောင့် အဲဒီအထဲကို ပစ္စည်းတွေထည့်ဖို့ လှေကားတစ်ခု
လိုတယ်"လို့ သူက ပြောပါတယ်။ သူ့နောက်ကနေ အိပ်ခန်းထဲကို ကျွန်မတို့ လိုက်ဝင်လာတော့
"အိပ်ရာ ဘေးမှာ ရေချိုးကန်ထားတာကတော့ ကျွန်တော့်စိတ်ကူးပါ"လို့ သူက ပြောပါတယ်။
နံရံမှာ မှီပြီးထောင်ထားတဲ့ ဂစ်တာတစ်လက် နောက်ပြီး အ၀တ်အစား တွေ တစ်ပုံတစ်ပင်ကြီးနဲ့
လူတစ်ရပ်စာအမြင့်ရှိတဲ့ ဗီရိုကြီးတစ်ခုရှိနေတဲ့ စိုင်းစိုင်းရဲ့အိပ်ခန်းက မြန်မာနိုင်ငံက နာမည်ကျော်
အမျိုးသားတစ်ဦးရဲ့ အိမ်ဆိုတာကို ပြသနေတဲ့ တစ်ခုတည်းသော အမှတ်လက္ခဏာတစ်ခုလို
ဖြစ်နေပါတယ်။ "လုံးဝ အမိုက်စားကြီးတော့ မဟုတ်ဘူး။ ကျွန်တော်ပြောချင်တာက မိုက်တော့
မိုက်တယ်။ ဒါပေမဲ့ သာမန်ဆိုရုံလောက်ပါပဲ။ ကျွန်တော် ကြိုက်တယ်"လို့ စိုင်းစိုင်းက
ပြောပါတယ်။ စိုင်းစိုင်းဟာ အညတရလူတစ်ယောက် မဟုတ်ပါဘူး။ သူ့အိမ်ဟာ
ခမ်းနားထည်ဝါပါတယ်။

ဒါပေမဲ့ "နာမည်ကြီးအနုပညာရှင်ကြီး ဒီမှာ နေတာပါ"လို့ ပြောရလောက်အောင်တော့
မဟုတ်ပါဘူး။ "ကျွန်တော်က ရုပ်ဝတ္ထုပစ္စည်းတွေအပေါ် စိတ်ဝင်စားမှု လုံးဝမရှိဘူး"လို့
သူက ပြောပါတယ်။ သူ့အသက် ၃၆ နှစ်နဲ့ယှဉ်ရင် အများကြီးငယ်ရွယ်နုပျိုတယ်လို့လည်း
နာမည်ကြီးတာကြောင့် ဘယ်လိုမျိုးအစွမ်းထက်တဲ့ ဆေးစွမ်းကောင်းတွေ များ တွေ့နိုင်မလား
ဆိုတဲ့ မျှော်လင့်ချက်နဲ့ စိုင်းစိုင်းရဲ့အိပ်ခန်းတစ်ဝိုက် ကျွန်မ လှည့်ပတ်ပြီး ရှာခဲ့ပါတယ်။ ဒါပေမဲ့
ကျွန်မ ဘာမှမတွေ့ပါဘူး။ သူ့ရဲ့လျှို့ဝှက် ချက်က ဘာပါလိမ့်။ ကျွန်မ မေးလိုက်ပါတယ်။
"ကျွန်တော်က နုတယ် ..ဟုတ်လား"လို့ အံ့ဩတဲ့လေသံနဲ့ စိုင်းစိုင်းက မေးပါတယ်။
"ကျွန်တော့်မှာ လျှို့ဝှက်ချက် မရှိပါဘူး။ ကျွန်တော် လေ့ကျင့်ခန်း လုပ်တယ်။ တစ်ခါတလေ
ယောဂကျင့်တယ်။ ဒါပေမဲ့ နုပျိုစေတဲ့ ခရင်မ် တွေ ဘာတွေတော့ မသုံးပါဘူး"လို့ စိုင်းစိုင်းက
ပြောပါတယ်။ "သိပ်မကြာခင် တော့ အဲလိုဟာတွေ စသုံးရတော့မယ် ထင်တယ်"လို့လည်း
သူက ဆက်ပြော လိုက်ပါတယ်။ စိုင်းစိုင်းဟာ အသက် ၁၇ နှစ်အရွယ်မှာ တောင်ကြီးကနေ
ရန်ကုန်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ နာမည်ကျော်တစ်ဦး ဖြစ်ခဲ့ပြီးတဲ့နောက် ဘ၀မှာ
ဘာတွေပြောင်းလဲသွားသလဲလို့ ကျွန်မ မေးလိုက်တော့ သူ ရုတ်တရက် တိတ်ဆိတ်သွားတယ်။

တော်တော်လေးကြာမှ သူက "ဟုတ်ကဲ့.. လုံးဝကို ပြောင်းလဲသွားပါတယ်။ ဘယ်လိုပြောင်းလဲ
သွားသလဲဆိုတာကိုတော့ ကျွန်တော် မရှင်းပြတတ်ဘူး"လို့ ပြောပါတယ်။ ပြီးတော့
စကားပြောတာကို ခဏရပ်လိုက်ပြန်ပါတယ်။ "ကျွန်တော် ဘယ်လိုပြောရမလဲမသိဘူး။
တောင်ကြီးမှာနေတုန်းက ကျွန်တော့်ဘ၀က အရမ်းရိုးရှင်းတယ်။ ကျွန်တော် အဆိုတော်
တစ်ယောက် ဖြစ်ချင်ခဲ့တယ်။ ဒါပဲ။ ကျွန်တော် ကျောင်းတက်တယ်။ အဘိုးအဘွားတွေ၊
ကျွန်တော့်ညီ၊ ညီမတို့နဲ့အတူ နေခဲ့တယ်။ "အမှန်အတိုင်းပြောရရင် အောင်မြင်ကျော်ကြားမှုကို
ကျွန်တော်ကြိုက်ပါ တယ်။ ကျွန်တော် အခုလုပ်ချင်တာတွေ လုပ်နိုင်ပြီ။ ကျွန်တော် ဆိုလိုတာက
ကျွန်တော်လုပ်ချင်ခဲ့တဲ့ ဂီတနဲ့ ကျွန်တော်ဖြစ်ချင်ခဲ့တဲ့ အဆိုတော်ဘ၀ကိုပါ။ ဒါပေမဲ့ ကျွန်တော်
နာမည်မကြီးခင်တုန်းက ကျွန်တော့်မှာ အခုထက် အချိန်ပိုတွေ အများကြီးရှိခဲ့တယ်။ ကျွန်တော်
ဘတ်စကက်ဘော ကစားနိုင်တယ်။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်နိုင်တယ်။




အခု ဒါတွေအားလုံး ပြောင်းလဲသွားပြီ"လို့ သူက ပြောပါတယ်။ ကျွန်မတို့ရဲ့ လှည့်ပတ်ကြည့်ရှု
တဲ့အစီအစဉ် ပြီးဆုံးသွားတော့ စိုင်းစိုင်း ကျွန်မတို့ကို မီးဖိုချောင် လိုက်မပြတာကို သတိရလိုက်
ပါတယ်။ ရေခဲ သေတ္တာထဲမှာ ဘာတွေရှိလဲဆိုတာ သိလားလို့ ကျွန်မ မေးလိုက်ပါတယ်။
"ဘီယာနဲ့ နွားနို့ .. အင်း...ပြီးတော့ တခြားဟာတချို့"လို့ ပြောပါတယ်။ ဒါဆို ဟင်းမချက်စား
ဘူးလားလို့မေးတော့ "ဘယ်လိုချက်ရမလဲ မသိဘူး"လို့ သူက ဖြေပါတယ်။ "ကျွန်တော်က
အပြင်မှာ ထွက်စားတာပါ။ ဂျပန်အစား အစာနဲ့ ဥရောပအစားအစာတွေကို ကြိုက်တယ်"လို့
ပြောပါတယ်။ ကြက်သားဘာဂါကိုင်ထားတဲ့ စိုင်းစိုင်းကို ရန်ကုန်မြို့တစ်ဝိုက်က Lotteria
ဆိုင်တွေရဲ့ ကြော်ငြာတွေထဲမှာ မြင်တွေ့နေတာကြောင့် Lotteria မှာရော သွားမစားဘူး
လားမေးတော့ "တစ်ခါတလေတော့ ကြက်ကြော်စားပါတယ်။ အမြဲတမ်းတော့ မဟုတ်ဘူးပေါ့"လို့
ပြုံးစေ့စေ့နဲ့ သူက ပြောပါတယ်။


ဇာဇာစိုး ဘာသာပြန်သည်။



Credit : http://myanmar.mmtimes.com/index.php/timeout/15511-2015-08-18-05-39-43.html

No comments:

Subscribe

လာလည်သူများ

free counters