♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 28, 2015

" မူးနေလို့ပါ.. ဆရာ... " ဟိုက်...သေရော ဟိဟိ.. (ဟာသ)

 
ကားတစ်စီးဟာ အဝေးပြေးလမ်းမထက်မှာ လမ်းကြောတစ်ခုကနေတစ်ခု ၀င်လိုက်ထွက်လိုက် လုပ်နေတာမို့ရဲကလှမ်း
တားလိုက်ပါတယ်။ ပြီးတဲ့အခါ အရက်သောက်၊ မသောက်စစ်ဆေးတဲ့ ကိရိယာထဲ လေမှုတ်ထည့်ဖို့ ကားမောင်းသူကို
ပြောလိုက်ပါတယ်။

ကားမောင်းသူ - "ကျွန်တော် မလုပ်နိုင်ဘူး ... ဆရာ"
ရဲ - "ဘာလို့မလုပ်နိုင်ရမှာလဲ"

ကားမောင်းသူ - "ကျွန်တော်က ပန်းနာသည်ပါ ...ဆရာ။ ဆရာ့ကိရိယာထဲ ကျွန်တော်
လေမှုတ်ထည့်လိုက်ရင် ကျွန်တော့်ရောဂါပြန်ထမှာ"

ရဲ -"ကောင်းပြီ ... ဒီလိုဆိုရင် ရဲစခန်းမှာ ဆီးစစ်ကြတာပေါ့"

ကားမောင်းသူ - "အဲဒါလည်း ကျွန်တော် မလုပ်နိုင်ဘူး ... ဆရာ"
ရဲ -"ဘာလို့မလုပ်နိုင်ရမှာလဲ"

ကားမောင်းသူ - "ကျွန်တော်က ဆီးချိုရောဂါသည်ပါ... ဆရာ။ ခွက်ထဲမှာ ဆီးတွေ
သွားချလိုက်ရင် ကျွန်တော့်ကိုယ်ထဲက သကြားဓာတ်တွေ နည်းသွားလိမ့်မယ်"

ရဲ - "ကောင်းပြီ ... ဒါဆိုလည်း သွေးစစ်ကြတာပေါ့"

ကားမောင်းသူ -"အဲဒါလည်း မဖြစ်နိုင်ပါဘူး ...ဆရာ"
ရဲ - "ဘာလို့လဲကွ"

ကားမောင်းသူ - "ကျွန်တော်က သွေးအားနည်းတဲ့ရောဂါသည်ပါ ...ဆရာ။
သွေးတွေ ဖောက်ထုတ်ရင် ကျွန်တော်သေမှာ"


ရဲ -"ဒါဆိုလည်း ဒီမျဉ်းဖြူကြောင်းပေါ်မှာပဲ လမ်းလျှောက်ပြတော့ကွာ"

ကားမောင်းသူ - "ကျွန်တော် မလုပ်နိုင်ဘူး ... ဆရာ"
ရဲ - "ဘာလို့လဲကွ"
ကားမောင်းသူ - "အဲဒီလိုလုပ်ဖို့ ကျွန်တော် အရက်အရမ်းမူးနေလို့ပါ ... ဆရာ"။


Credit :  http://myanmar.mmtimes.com/index.php/home-page/144-the-pulse/15990-2015-09-24-23-00-15.html

No comments:

Subscribe

လာလည်သူများ

free counters