♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 29, 2015

" ဘီယာပုလင်းခွံ ၈၅၀၀ ခု နဲ့ ဆောက်လုပ်ထားတဲ့ ရုံးခန်း "


ဘွဲ့ရ အင်ဂျင်နီယာ လူငယ် တစ်ဦးဟာ အဆောက် အဦးငယ် တစ်လုံးကို ဘီယာ ပုလင်းခွံ ၈၅၀၀ ခု ကို အသုံးပြုပြီး ဆောက်လုပ်ပြ ခဲ့တဲ့အတွက် အားလုံး အံ့အားသင့် ခဲ့ကြ ရပါတယ်။

Li Rongjun ဆိုသူဟာ ကုမ္မဏီ ရုံးခန်းတစ်ခုကို ဆောက်လုပ်မယ်လို့ ရည်ရွယ်ပြီး သူ့အဖေရဲ့ အကူအညီနဲ့ တရုတ်ယွမ်ငွေ ၇၀၀၀၀ နဲ့ အချိန် လေး လ ခန့်ကို အသုံးပြုပြီး ထို အဆောက် အဦးလေးကို ဆောက်ခဲ့တာ ဖြစ်ပါတယ်။

သဲ ၊ ဘိလပ်မြေ နဲ့လမ်းခင်းကျောက်ခဲ တွေကိုလည်း ထိုအိမ်ဆောက်လုပ်ရာမှာ ပါဝင်ပစ္စည်းတွေအဖြစ် အသုံးပြုခဲ့ပါသေးတယ်။ ဒါဟာ Li Rongjun အတွက်တော့ မွန်ဂိုလီးယား သိပ္ပံနဲ့ နည်းပညာ တက္ကသိုလ်က နေ ဆောက်လုပ်ရေးဘွဲ့ ရပြီးပြီးချင်း မှာ ပထမဆုံး စတင်ပြုလုပ်တဲ့ စီမံကိန်း တစ်ခုလည်း ဖြစ်ပါတယ်။

"ကျွန်တော်က စံ ဖြစ်မယ့် အနုပညာပုံစံနဲ့ ရုံးခန်းတစ်ခုကို ဆောက်လုပ်ဖို့ ရည်ရွယ်ခဲ့တာပါ" လို့သူကဆိုပါတယ်။ ထို အဆောက်အဦးဟာတော့ ၂၉ စတုန်းမီတာ ကျယ်ဝန်းပြီး အထပ် ၂ ထပ်ပါရှိကာ တစ်ထပ်ကို ၂.၃ မီတာ မြင့်ပါတယ်။

"ကျွန်တော့်သားဟာ အဆောက်အဦးရဲ့ လက်မှုပညာတွေနဲ့ ပတ်သက်ရင် အရမ်းစည်းကမ်းကြီးတယ်" လို့ Li ရဲ့ဖခင်ဖြစ်သူကဆိုပါတယ်။

ပြီးခဲ့တဲ့လကမှ တည်ဆောက်ပြီးစီးသွားတဲ့ ထို အဆောက်အဦးဟာ Li တို့မိသားစု နှစ် ၂၀ ကျော်နေထိုင်လာခဲ့တဲ့ တရုတ်နိုင်ငံ ၊ Chongqing ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ Lanya ကျေးရွာမှာရှိတဲ့ Li တို့မိသားစုရဲ့ နေအိမ် အနားမှာ တည်ရှိတာဖြစ်ပါတယ်။ ရွာသူရွာသားတွေကလည်း Li ရဲ့ ဖန်တီးမှု ကို နှစ်သက်သဘောကျခဲ့ကြပါတယ်။

Li ဟာလည်း သူဆောက်လုပ်ထားတဲ့ ရုံးခန်းကို ချဲ့ထွင်ကာ အဆင့်မြှင့်ပြီး ရင်းနှီးမြှပ်နှံသူတွေနဲ့ စီးပွားရေးတွဲဖက်လုပ်ကိုင်လိုသူတွေကို သူ့ရဲ့ ဆောက်လုပ်ရေး ဒီဇိုင်းတွေနဲ့ စတင်ဆွဲဆောင်နိုင်ဖို့ ကြိုးစားတော့မယ်လို့ စီစဉ်နေပါတယ်။


Original link - http://www.thutamedia.com/2015/06/blog-post_800.h

No comments:

Subscribe

လာလည်သူများ

free counters