♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 30, 2015

" လိပ်စီး...မိလို့ ထောင်နန်းစံရတော့မည့် အမျိုးသမီး " လိပ်စီးတာနော် ..တခြားသွားမတွေးနှင့်..


အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါ ပင်လယ်ကမ်းခြေတွင် ရှိသော လိပ်တစ်ကောင်ကို အမျိုးသမီးတစ်ဦးက တက်စီး ခဲ့ခြင်းကြောင့် ထောင်နန်း စံရမည့် အဖြစ်နှင့် ကြုံတွေ့ ရတော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် ပင်လယ်လိပ် တစ်ကောင်ကို တက်စီး ခဲ့ခြင်း ဖြစ်ပြီး တိရစ္ဆာန် ကာကွယ် စောင့်ရှောက်ရေး ဥပဒေဖြင့် စွဲချက်တင် ခံထားရသည်။ ပြီးခဲ့သည့် ဇူလိုင်က ဖြစ်ပွားခဲ့သော ဖြစ်ရပ် ဖြစ်ပြီး အင်တာနက်ပေါ်တွင် လိပ်ကို တက်ခွ စီးနေသည့် ဓာတ်ပုံ ပေါ်ထွက် ပြီးနောက် ရဲတပ်ဖွဲ့က ရှာဖွေ ဖမ်းဆီးမူ ပြုလုပ်ခဲ့သည်။ ယင်းဖြစ်စဉ်တွင် အမျိုးသမီး နှစ်ဦး ပါဝင်ခဲ့ပြီး ဓာတ်ပုံထဲတွင် ပါဝင်သည့် အမျိုးသမီးကို စွဲချက်တင် နိုင်ခဲ့ပြီ ဖြစ်သည်။

ယင်းအမျိုးသမီးမှာ အသက် ( ၂၀) နှစ် အရွယ်ရှိ စတီဖင်နီမာရီမိုး ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် စတီဖင်နီမာရီမိုးကို ဒေါ်လာ (၂၀၀၀) အာမခံဖြင့် လွှတ်ပေးထားသော်လည်း စစ်ဆေးမူများ ပြုလုပ်သွားဦးမည် ဖြစ်သည်။ ဖလော်ရီဒါပြည်နယ်တွင် တားမြစ်ထားသော ရှားပါးတိရစ္ဆာန်များကို ဖမ်းဆီးခြင်း၊နှိပ်စက်ခြင်းများကို ပြုလုပ်ပါက ပြင်းထန်စွာ အရေးယူလေ့ရှိသည်။ ထို့ကြောင့် စတီဖင်နီမာရီမိုး အနေဖြင့် ထောင်ဒဏ် ငါးနှစ်နှင့် ဒေါ်လာ (၁၀၀၀၀) တပ်ရိုက် ခံရဖွယ်
ရှိကြောင်း သိရသည်။

ယခု တက်စီးခံရသော ပင်လယ်လိပ်ကို ၁၉၇၃ တွင် ဥပဒေ တစ်ရပ် ပြဌာန်းပြီး ရှားပါးစာရင်းဝင် အဖြစ် ထည့်သွင်း ထားသည်။ လိပ်ကို အပျော်သဘောဖြင့် တက်ခွ စီးနင်းခဲ့သော စတီဖင်နီမာရီမိုး အတွက် သင်ခန်းစာ တစ်ခု ရရှိ သွားခဲ့သည်။

messenger news journal

Credit : http://www.lwinpyin.com/2015/09/blog-post_671.html

No comments:

Subscribe

လာလည်သူများ

free counters