♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 27, 2015

" အိမ်သာခွက်တွေထဲက စပါကြီးမြွေတွေကို ဖမ်းဆီးဖယ်ရှားပေးခဲ့ရတဲ့ သြစတြေးလျမှ မြွေဖမ်းသူ "





သြစတြေးလျနိုင်ငံသား မြွေဖမ်းသူတစ်ဦးဟာ ပြီးခဲ့တဲ့၂ပတ်အတွင်း အိမ်သာခွက်တွေထဲ ရောက်နေတဲ့ ဧရာမစပါးကြီး

 မြွေကြီးတွေကို နှစ်ကြိမ်တိုင် ဖမ်းဆီးမယ်ရှားပေးခဲ့ရတယ်လို့ ဆိုပါတယ်။

Queensland ရှိBuddy Ell Snake Removal မှ Elliot Budd က ပြီးခဲ့တဲ့၂ပတ်အတွင်း အိမ်သာခွက်အတွင်းမှ ၁၀ပေနီးပါး ရှည်လျားတဲ့ စပါးကြီးမြွေကြီးကို ဖယ်ရှားပေးဖို့ ဆက်သွယ်တာ ၂ခါရှိပါတယ်လို့ ပြောပြသွားပါတယ်။

 “ ပထမတစ်ကောင်ကိုတော့ ပြန်လည်ပြုပြင်နေတဲ့ အိမ်မှာတွေ့ရတာပါ။ အလုပ်သမားတစ်ချို့လည်း အလုပ်လုပ်နေကြတုန်းပါပဲ။ ဒီကောင်ကို အိမ်သာခွက်ထဲမှာ တွေ့လိုက်ရတော့ ကျွန်တော်တော်တော် အံ့သြသွားတယ်” လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၂ရက်နေ့မှာ မြွေတစ်ကောင်ဖယ်ရှားပေးဖို့ ဆက်သွယ်လာတဲ့အခါမှာတော့ တစ်ယောက်ယောက် သူ့ကို နောက်ပြောင်နေတယ်လို့ ထင်ခဲ့ကြောင်း ပြောထားပါသေးတယ်။

“အိမ်သာခွက်ထဲက မြွေတွေကို ဆွဲထုတ်ပေးနေရတဲ့ ငါ့ရဲ့နေ့ရက်တွေ ကုန်ဆုံးသွားဖို့ မျှော်လင့်ပါတယ်” လို့ Facebook Post မှာ ရေးသားထားခဲ့ပါတယ်။

“ဒုတိယတစ်ကောင်ကိုတော့ မြောက်ဘက်ရပ်ကွက်မှာ တွေ့ခဲ့ရတာဖြစ်ပြီး ၈ ပေနီးပါးရှည်လျားပါတယ်။ သူက အိမ်သာခွက်ထဲမှာ ရေမွန်းနေပြီး အိမ်သာခွက်ကို ဖြုတ်လို့မရတဲ့အတွက် ကျွန်တော်ကိုယ်တိုင် လက်နဲ့ကိုင်ပြီးပဲ ထုတ်ခဲ့ရပါတယ်" လို့ သူက ဆိုပါတယ်။

“မျိုးပွားမယ့် ရာသီချိန်ဖြစ်တာမို့ စွမ်းအင်တွေပိုသုံးစွဲရတဲ့အတွက် ရေရှိတဲ့နေရာကို ရှာဖွေကြတာဖြစ်ပါတယ်။

ပုံမှန်ထက် ရေပိုလိုအပ်နေတာပေါ့။ ဒီကောင်တွေက အဆိပ်တော့မရှိပါဘူး။ အန္တရာယ်မပေးနိုင်ဘူးလို့ ပြောလို့ရတယ်။ ကြောက်စရာမလိုပါဘူး ဒါပေမယ့် တွေ့ပြီးဆိုရင်တော့ ဒီအတိုင်း ငြိမ်ငြိမ်လေးပဲ ပေးနေလိုက်တာ ပိုကောင်းပါတယ်။ “ လည်း ရှင်းပြသွားပါတယ်။

( Michelle )

Credit :     #သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
               http://thithtoolwin.knowledge.mmbloggers.com/Home/Detail/1987871285709105103
Ref : Upi

No comments:

Subscribe

လာလည်သူများ

free counters