♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 3, 2015

" ပဟေဠိတွေ ဖတ်ကြည့်ကြရအောင်လားဟင် "

 
ဟွာလေ..မီးက ဆံထုံးထုံးတဲ့ ခေတ်မဟုတ်တော့လို့ ဆံထုံးမထုံးဘူးလေ...အာ့ကြောင့်လေ..သူ့အပင်က တစ်အုံ၊ သူ့အနွယ်က တခင်း၊ ကုန်းပေါ်ကဆင်း ဆိုပြီးတော့ပေါ့နော် ပဟေဠိဖွဲ့ရင် ဟောဒီက တောင်ကုန်းလေးလို ဖြစ်နေတဲ့ မီးရဲ့ ခေါင်းထိပ်ကနေ အောက်ကိုကျဆင်နေတဲ့ မီးရဲ့ ကျော့ရှင်းနေတဲ့ ဆံပင်လေးတွေကို ဆိုလိုကြောင်းပြောတာပေါ့နော်..ခ်ခ်ခ်
 
၁။ သူ့အပင်က တစ်ရုံကြီး၊ သူ့အသီးက တစ်လုံးသီး။ (ဆံပင်နှင့် ဆံထုံး)

၂။ အစာကို နှစ်ယောက်ကမြင်၊ ငါးယောက်က ယူ၊ သုံးဆယ်က ၀ါး၊ ကောင်းစားတော့ တစ်ယောက်တည်း။ (မျက်စိ၊ လက်ချောင်း၊ သွားနှင့် လျှာ)

 ၃။ ကြည့်လေဝေးလေ၊ ဝေးလေကြည့်လေ။ (မျက်စိနှင့် နား)

 ၄။ ခေါင်းကြီးလို့ လည်သိမ်၊ ဖင်ပိန်တဲ့ ယောကျာ်း၊ မိုးပေါ်ပျံကာသွား၊ သိကြားလား နတ်လား။ (ပုစဉ်း)

 ၅။ တက်လေးစင်းနှင့် အပြင်းလှော်၊ မယ်တော်ရှင်မ ပေါင်းထဲက။ (လိပ်)

 ၆။ သွားတော့ ကွေ့ကောက်၊ မြင့်ရာက နိမ့်ရာရောက်။ (မြစ်ချောင်း)

 ၇။ နွားနို့တစ်မြူ၊ ပြည်လုံးဖြူ။ (လ)

 ၈။ နတ်သမီး တံတွေးပေါက် ကြက်မကောက်နိုင်။ (ထရံပေါက်မှကျရောက်လာသော နေပြောက် အကွက်)

 ၉။ အမြင်နီး ခရီးဝေး။ (တောင်)

 ၁၀။ စည်ကြီးတီး မျက်နှာမည်းကြီးငို သေသူရှင် ပုန်းသူပေါ်။ (မိုးဦကျကာလတွင် မိုးကြိုးပစ်၊ မိုးရွာ၊ မြက်ပေါက်၊ ဖားအော်) 

၁၁။ မတီးဘဲမြည်။ (မိုးခြိမ်းသံ)

 ၁၂။ ခုတ်လို့မပြတ် သတ်လို့မသေ။ (ရေ)

 ၁၃။ အိမ်ရှိပေမယ့် လူမရှိ၊ လူရှိပေမယ့် အသံမကြားရ။ (သင်္ချိုင်း)

 ၁၄။ ငမဲဖင် ငနီလျက်။ (အိုးနှင့် မီး)

 ၁၅။ သွားတော့ခွေခွေ နေတော့စင်းစင်း။ (ခေါင်းခု)


 ၁၆။ ငယ်စဉ်က ရင်ခွင်ပိုက်၊ ကြီးစေလိုလို့ တုတ်နဲ့ရိုက်၊ မာစေလိုလို့ မီးနဲ့မြှိုက်။ (အိုး)

 ၁၇။ သားကရိုက်တော့ အမေငို၊ ၀မ်းဗိုက်တစ်လုံး ခေါင်းတစ်လုံး။ (မောင်း)

 ၁၈။ သံသာငှက်ကြီး ရင်ပတ်တီး၊ အမြီးခါးလယ်မှာ။ (လယ်ကွင်း)

 ၁၉။ နတ်သမီးအိမ်တိုင် ပိုးမဖောက်နိုင်၊ ဖောက်ပြန်တော့လဲ တစ်ပေါက်တည်း။ (အပ်)

 ၂၀။ ကျိုးကျိုးကျည် မြည်လို့လာ၊ အိမ်ရောက်ခါမှ မေးထောက်ကာ။ (လှည်း)


Credit : http://akyinnarmyotaw.blogspot.co.uk/2013/09/blog-post_2699.html

No comments:

Subscribe

လာလည်သူများ

free counters