♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ပဟေဠိများ. Show all posts
Showing posts with label ပဟေဠိများ. Show all posts

February 27, 2016

" ကူညီကြပါဦး ခင်ဗျာ....ဧည့်သည်တွေ ပျောက်ကုန်လို့ "


ရောသမ ချစ်မိတ်ဘော်ဘော်တို့ရေ ..... ဧည့်သည်တွေ ထမင်းစားဖိတ်ထားတာ...ဝရန်ဒါထွက်ရင်း ဘယ်ပျောက်ကုန်ကြ
တယ်မသိပါဘူး.....တွေ့အောင်ရှာပေးနိုင်သူကို  ငွေဒင်္ဂါး ငါးကျပ် ဆုလဒ်ချီးမြှင့်ပါ့မယ်.....
ကျေးဇူးနော်...
ဟိဟိ..


February 23, 2016

" ဒီ မဲပြောင်နေတဲ့ ပုံပေါ်မှာ ဘာ နံပါတ်လေးတွေ တွေ့ရလဲဟင် "

ကိုကိုတို့ မမတို့ ဦးဦးတို့ ဒေါ်ဒေါ်တို့ရေ... ဒီ အထက်က မဟူရာ ကြေးမုံပြင်ထက်မှာ ဘာဂဏန်းနံပါတ်တွေကို တွေ့ရသ
လဲလို့ သေသေချာချာကြည့်ကြည့်နော်.....အပျင်းပြေပေါ့....
မတွေ့ရဘူးဆိုရင် အောက်မှာ ကြည့်ကြည့်ပါ..... အရင်ကြိုးစားကြည့်ပါ....

December 29, 2015

"မြန်မာလူမျိုးများအတွက် ဥာဏ်စမ်း ပဟေဋ္ဌိ apk (Quiz)"


 ဒီနေ့ တော့ ဦးလေးကြီးတင်ပေးမယ့်apkလေးကတော့ မြန်မာလူမျိုးများ
လုံးဝကြိုက်နှစ်သက်စေမယ့် apk လေးပါ ဘာလိုလဲဆိုတော့ 
မိမိတို့  ဥာဏ်ရည်တိုးတတ်စေမယ့် မြန်မာဘာသာဖြင့် ထုတ်လုပ်ထားတဲ့  
တခုတည်းသော မြန်မာapkလေးဖြစ်တဲ့  ဥာဏ်စမ်း ပဟေဋ္ဌိ apk လေးပါ
 ဥာဏ်စမ်း ပဟေဋ္ဌိ apk လေးထဲမှာ ပါဝင်တဲ့  
အချက်လေးချက်ပါဝင်ပါတယ် 
အချက်တစ်ချက်တိုင်းတွင် မိမိတို့ အရည်အချင်းစမ်းသပ်ဖို့ 
တဆင့်ပြီးရင် တဆင့် ထက်ထက်ပြီး ပိုခတ်ခဲလာအောင် ပြုလုပ်ပေးထားပါတယ်
ပြီးတော့ ဒီapkလေး အသုံးပြုနည်းလေးပြောပြချင်းပါတယ်
မိမိတို့  ဥာဏ်စမ်းဖို့ အတွက် အချက်တစ်ချက်ဝင်လိုက်တယ်ဆိုပါဆို 
ဥပမာ--၁၊လိအပ်သောကိန်းကို ဖြည့်ပါ
၃-၅-၈-၁၃-၂၁
  • (၁)-၃၂
  • (၂)-၃၃
  • (၃)၃၄
  • (၄)၃၅
  • (၅)၃၇ 
ဒါဆိုသင့်ဘယ်လို အဖြေပြန်ပေးမလဲ ဥပမာ-၃၂ကို ရွေးပေးပြီး စစ်ဆေးရန်ကိုနှိပ်လိုက်ပါ
ဒါဆိုသင့်မှန်ရင် အမှန်ခြစ်လေးပြပေးပါလိမ့်မယ် မှားနေရင်တော့ အမှားခြစ်လေးပြနေပါလိမ့မယ်
အခုဦးလေးကြီး ဥပမာအနေဖြင့် ၃၂ကိုရွေးပေးလိုက်ပြီး မှားတယ်လို အမှားခြစ်ပြနေပါတယ်
ဒီနေ့ တော့ အဖြေတိုက်ကြည့်ရန်ကိုနှိပ်ပေးလိုက်ပါတယ် အဖြေမှန်ကတော့ (၃)၃၄ပါ
နောက်တဆင့် ထက်သွားချင်းရင် မြှားကိုနှိပ်ပြီးသွားလိုက်ပါ
သင့်တို့ အတွက် ဥာဏ်စမ်း ပဟေဋ္ဌိလုပ်ပေးနေပါလိမ့်မယ်
ခုapkလေးလိုအပ်ပါက အောက်မှာdowယူနိုင်ပါတယ်
ပြီးတော့ Downloads link 5ခုချပေးထားပါတယ်
မိမိကြိုက်နှစ်သက်တဲ့ linkကနေ တခုကို downယူပါ
 အောက်ကပုံလေးတွေကိုလေ့လာလိုက်ပါ ဦးလေးကြီးစမ်းပြီး အသုံးပြုထားတဲ့ပုံတွေပါ

October 3, 2015

" ပဟေဠိတွေ ဖတ်ကြည့်ကြရအောင်လားဟင် "

 
ဟွာလေ..မီးက ဆံထုံးထုံးတဲ့ ခေတ်မဟုတ်တော့လို့ ဆံထုံးမထုံးဘူးလေ...အာ့ကြောင့်လေ..သူ့အပင်က တစ်အုံ၊ သူ့အနွယ်က တခင်း၊ ကုန်းပေါ်ကဆင်း ဆိုပြီးတော့ပေါ့နော် ပဟေဠိဖွဲ့ရင် ဟောဒီက တောင်ကုန်းလေးလို ဖြစ်နေတဲ့ မီးရဲ့ ခေါင်းထိပ်ကနေ အောက်ကိုကျဆင်နေတဲ့ မီးရဲ့ ကျော့ရှင်းနေတဲ့ ဆံပင်လေးတွေကို ဆိုလိုကြောင်းပြောတာပေါ့နော်..ခ်ခ်ခ်
 
၁။ သူ့အပင်က တစ်ရုံကြီး၊ သူ့အသီးက တစ်လုံးသီး။ (ဆံပင်နှင့် ဆံထုံး)

၂။ အစာကို နှစ်ယောက်ကမြင်၊ ငါးယောက်က ယူ၊ သုံးဆယ်က ၀ါး၊ ကောင်းစားတော့ တစ်ယောက်တည်း။ (မျက်စိ၊ လက်ချောင်း၊ သွားနှင့် လျှာ)

 ၃။ ကြည့်လေဝေးလေ၊ ဝေးလေကြည့်လေ။ (မျက်စိနှင့် နား)

 ၄။ ခေါင်းကြီးလို့ လည်သိမ်၊ ဖင်ပိန်တဲ့ ယောကျာ်း၊ မိုးပေါ်ပျံကာသွား၊ သိကြားလား နတ်လား။ (ပုစဉ်း)

 ၅။ တက်လေးစင်းနှင့် အပြင်းလှော်၊ မယ်တော်ရှင်မ ပေါင်းထဲက။ (လိပ်)

 ၆။ သွားတော့ ကွေ့ကောက်၊ မြင့်ရာက နိမ့်ရာရောက်။ (မြစ်ချောင်း)

 ၇။ နွားနို့တစ်မြူ၊ ပြည်လုံးဖြူ။ (လ)

 ၈။ နတ်သမီး တံတွေးပေါက် ကြက်မကောက်နိုင်။ (ထရံပေါက်မှကျရောက်လာသော နေပြောက် အကွက်)

 ၉။ အမြင်နီး ခရီးဝေး။ (တောင်)

 ၁၀။ စည်ကြီးတီး မျက်နှာမည်းကြီးငို သေသူရှင် ပုန်းသူပေါ်။ (မိုးဦကျကာလတွင် မိုးကြိုးပစ်၊ မိုးရွာ၊ မြက်ပေါက်၊ ဖားအော်) 

၁၁။ မတီးဘဲမြည်။ (မိုးခြိမ်းသံ)

 ၁၂။ ခုတ်လို့မပြတ် သတ်လို့မသေ။ (ရေ)

 ၁၃။ အိမ်ရှိပေမယ့် လူမရှိ၊ လူရှိပေမယ့် အသံမကြားရ။ (သင်္ချိုင်း)

 ၁၄။ ငမဲဖင် ငနီလျက်။ (အိုးနှင့် မီး)

 ၁၅။ သွားတော့ခွေခွေ နေတော့စင်းစင်း။ (ခေါင်းခု)

August 30, 2015

" ဒီပုံထဲမှာ သတ္တဝါဘယ်နှစ်ကောင်ပါပါသလဲ.....ကျေးဇူးပြုပြီးဖြေပေးကြပါလား "

ရောသမ ချစ်ကိုကို ချစ်မမတို့ ချစ်မိတ်ဆွေများခင်ဗျာ.....ဒီပုံထဲမှာ သတ္တဝါဘယ်နှစ်ကောင်ပါပါသလဲ.....ကျေးဇူးပြုပြီးဖြေပေးကြပါလား..... မန့်ရမှာ ခက်ရင် C box မှာရေးလို့ ရပါတယ်...... အဖြေကိုတော့ မနက်ဖြန်ကျမှ ရေးပေးတော့မယ်နော်..... ကျေးဇူးပါ.....

ရောရောသမမွှေ.......

August 9, 2015

" မြန်မာ့ ရိုးရာ ပဟေဠိများ "

 

၁။ သူ့အပင်က တစ်ရုံကြီး၊ သူ့အသီးက တစ်လုံးသီး။ (ဆံပင်နှင့် ဆံထုံး)

၂။ အစာကို နှစ်ယောက်ကမြင်၊ ငါးယောက်က ယူ၊ သုံးဆယ်က ၀ါး၊ ကောင်းစားတော့ တစ်ယောက်တည်း။ (မျက်စိ၊ လက်ချောင်း၊ သွားနှင့် လျှာ)

 ၃။ ကြည့်လေဝေးလေ၊ ဝေးလေကြည့်လေ။ (မျက်စိနှင့် နား)

 ၄။ ခေါင်းကြီးလို့ လည်သိမ်၊ ဖင်ပိန်တဲ့ ယောကျာ်း၊ မိုးပေါ်ပျံကာသွား၊ သိကြားလား နတ်လား။ (ပုစဉ်း)

 ၅။ တက်လေးစင်းနှင့် အပြင်းလှော်၊ မယ်တော်ရှင်မ ပေါင်းထဲက။ (လိပ်)

 ၆။ သွားတော့ ကွေ့ကောက်၊ မြင့်ရာက နိမ့်ရာရောက်။ (မြစ်ချောင်း)

 ၇။ နွားနို့တစ်မြူ၊ ပြည်လုံးဖြူ။ (လ)

 ၈။ နတ်သမီး တံတွေးပေါက် ကြက်မကောက်နိုင်။ (ထရံပေါက်မှကျရောက်လာသော နေပြောက် အကွက်)

July 23, 2015

" ရောသမ ကိုကို မမတို့ရေ.... (၉) တွေကြားထဲမှာ (၈) တစ်လုံးပျောက်နေတယ် တစ်မိနစ်အတွင်း ရှာပေးနိုင်ကြမလား "


 ရောသမ ချစ်မိတ်ဆွေများ အရင်ရှာကြည့်လိုက်ပါလား......မတွေ့ဘူးဆိုရင်တော့ အောက်မှာ
အဖြေပေးထားပါတယ် ခင်ဗျာ.....

June 28, 2015

" ရောသမ ချစ်ကိုကို ချစ်မမများခင်ဗျာ...ဘယ်သော့နှင့် ဖွင့်ရမှာလည်း??

သော့ခလောက်နီနီလေးကို ဖွင်ရမည့်သော့တွေက သုံးချောင်းကြီးတောင်ဆိုတော့ မျက်စိလည်ကုန်ပါပြီ....... 
ချစ်ကိုကို ချစ်မမတို့ကော ဘယ်သော့လည်းဆိုတာ သိကြပါရဲ့လား.....
အရင်ဆုံး ကြိုးစားကြည့်လိုက်ပါဦးနော်.......
မရရင် အောက်မှာ အဖြေပေးထားပါတယ်......

June 11, 2015

" ချစ်ကိုကို ချစ်မမတို့ရေ........ဒီပုံထဲမှာ စက်ဝိုင်းလေး ဘယ်နှစ်ခု မြင်မိလဲဟင်"

ရောရောသမ ကိုကိုတို့ မမတို့ရေ....အထက်ပုံလေးမှာ စက်ဝိုင်းလေးဘယ်နှစ်ခု ရှိသလဲဆိုတာ ရှာကြည့်လို့
ရလား.....
မရဘူးဆိုရင်....သားသားပဲ ရှာပေးရတော့မှာပဲ.......

June 9, 2015

" ကြောင်လေး ကိုထွန်းမောင် ပျောက်နေလို့ ရှာကူကြပါဦး "

 
ရောသမ ကိုကိုတို့ မမတို့ ဦးဦးတို့ ဒေါ်ဒေါ်တို့ရေ......ကြောင်လေး ကိုထွန်းမောင် ပျောက်နေလို့ ရှာကူကြပါဦး...

အဖြေကို မနက်ဖြန်မှပေးတော့မယ်.... 
လို့ 
စဉ်းစားထားပေမဲ့ .....

June 6, 2015

" ရောသမ ချစ်ကိုကို ချစ်မမတို့ရေ....လေဒီဘတ်ဂ် အကောင်လေးကို လမ်းပြပေးနိုင်မလား" (ပဟေဠိ)

ဒီအကောင်လေးက ဝင်္ကဘာထဲမှာ ပိတ်မိနေတယ်...သနားပါတယ်... လမ်းပြပေးနိုင်ပါ့မလား...
အရင်ဆုံးကြိုးစားပြီး လမ်းစရှာကြည့်ပေးပါလား..... မရရင်တော့ အောက်မှာ အဖြေပေးထားပါ
တယ်.....

June 4, 2015

" မြင်းကလေး မောင်ဆံရှည်ဟာ သူငယ်ချင်း ပျောက်နေရှာသတဲ့... ကူရှာပေးလိုက်ပါလား ကိုကို မမတို့ရေ " (ပဟေဠိ)


ရောသမ ချစ်ကိုကို ချစ်မမတို့ရေ ဟောဒိမြင်းကလေး မောင်ဆံရှည်မှာ ချစ်သူငယ်ချင်း တစ်ယောက်ရှိသတဲ့ အဲဒိ သူရဲ့ သူငယ်ချင်းလေးဟာ ဘယ်မှာရှိနေပါသလဲ?  မောင်ဆံရှည်ဟာ သူ့သူငယ်ချင်းပျောက်နေလို့ သိပ်ကို ဝမ်းနည်းနေရပြီး စားမဝင် သောက်မဝင် အိပ်မပျော် ဖြစ်နေတာ တရက်ကြီးများတောင် ရှိနေပြီလို့ ကိုကြီးဖားကပြောပြသတဲ့.... ကိုကိုတို့ မမတို့ကောမောင်ဆံရှည်ရဲ့ သူငယ်ချင်းလေး ဘယ်သူလဲ ဘယ်မှာလဲဆိုတာ သိကြပါရဲ့လား?
အရင်ဆုံး ကြိုးစားရှာကြည့်လိုက်ပါလား...မရရင် သူ့သူငယ်ချင်း ဘယ်သူ ဘယ်မှာဆိုတာကို အောက်မှာ ပြထားတာလေးကြည့်လိုက်ပါ......

May 23, 2015

"ချစ်ကိုကို ချစ်မမတို့ရေ.....မီးလင်းစေဖို့ ဘယ်ခလုတ်ကို နှိပ်ရမှာလဲ"

ချစ်ကိုကို ချစ်မမတို့ရေ.....မီးလင်းစေဖို့ ဘယ်ခလုတ်ကို နှိပ်ရမှာလဲ....

(၁) အပြာလား
(၂) အဝါလား
(၃) အစိမ်းလား
(၄) အနီလား       
ဘယ်မီးခလုတ်လဲ...ပဟေဠိကို အဖြေသိရင် ပြောပြပါလား......အဖြေမသိရင်တော့ အောက်မှာအဖြေပေးထားပါ
တယ်.....အထက်က ပုံလေးကိုတော့ မိတ်ဆွေ တယောက်ရဲ့ ဖေ့စ်ဘွခ်ပေါ်ကနေ ဆွဲလာတာပါ...အဖြေကတော့
ရောရောသမက ပေးထားခြင်း ဖြစ်ပါတယ်.....

May 21, 2015

" ရောသမ ကိုကိုတို့ မမတို့ရေ....မတူတဲ့ပုံလေး ရှာကြည့်နိုင်မလား" (ပဟေဠိ)

ဒီရုပ်ပုံထဲက မတူတဲ့ပုံလေးက နံပါတ်ဘယ်လောက်လဲ....
ရှာရ ခက်ရင် အဖြေကို အောက်မှာ ပေးထားပါတယ်.......

May 19, 2015

" ပျားလေး တကောင်ရဲ့ မတူညီတဲ့ ပဟေဠိတွေကို အဖြေညှိဖို့ အဆင်သင့်ပဲလား ချစ်ကိုကို ချစ်မမတို့ရေ.."

 
အထက်က ပုံထဲမှာ မတူညီသော အချက် (၁၀) ချက်ရှိပါသတဲ့ ဘာတွေလဲဆိုတာ ရှာကြည့်နိုင်မှာလား.......အဖြေရှာလို့မရရင်.....အောက်မှာပေးထားပါတယ်....
(ရောရောသမမွှေ)

May 5, 2015

"စကားထာ ဆိုသည်မှာ `တစ်ဖက်သား၏ ဉာဏ်ကို စမ်းလိုသောကြောင့်

http://www.jas.com.mm/upload/sakahtericon.png
စကားထာ   
 စကားထာ ဆိုသည်မှာ `တစ်ဖက်သား၏ ဉာဏ်ကို စမ်းလိုသောကြောင့် ကွယ်ဝှက်သော အနက်အဓိပ္ပါယ်တို့ဖြင့် ဖန်တီးထားသည့် အဆိုအမိန့်၊ အဖွဲ့အနွဲ့၊ အမေးပုစ္ဆာ၊ ပဟေဠိ ဟူ၍ ဖွင့်ဆိုသည်။ [၁]
    စကားထာသည် (စကားဓာရ) မှ (စကားဓာ)(စကားထာ) ဖြစ်လာသည်ဟု ဆိုကြသည်။ ဓာရသည် ဆောင်သည်ဟူသော အနက်ရှိသဖြင့် ဆောင်ထားအပ်သော စကားဟူ၍ ဖြစ်နိုင်သည်။ တဖန် ပါဠိဘာသာ ဌာပန သက္ကတဘာသာ သ္ထာပန မြန်မာဘာသာ ထားခြင်း အနက်ကို ဆောင်ပေသည်။ မုန့်ကို ဌာပနာ သကဲ့သို့ စကားကိုလည်း ဌာပနာသည်ဟု သုံးစွဲရာမှ စကားဌာပနာ၊ စကားထာ ဖြစ်လာလေမည် ဟု စဉ်းစားကြသေးသည်။ [၂]
    စကားထာ ဆိုသည် မိမိရည်ညွှန်းလိုသော အရာကို သွယ်ဝိုက်ကာ ဝှက်ထားသော စကားစုကို ခေါ်ဆိုသည်။

April 22, 2015

"ဂဏန်းလေးလုံးဖြင့် အသက်ကိုသိစေနည်း".....အင်း..ဟုတ်မှလည်း လုပ်ပါအေ...


ဒီတခါတော့ ဖတ်မိတဲ့ သချာင်္ ပဟေဠိ အကြောင်းလေးကိုပြောပြပါ့မယ်။ သူက တော့  gtalk မှာဖြစ်ဖြစ် ဖုန်းထဲမှာဖြစ်ဖြစ် အသက်ကိုမပြောပြချင်သူအတွက် ဒီနည်းလေးကိုသုံးပြီး မေးကြည့်နော်။ သိတဲ့သူအတွက်တော့  ရီစရာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မသိသေးသောသူအတွက်တော့ ဗဟုသုတလည်းရတယ်  ။ အပျင်းလည်းပြေပါတယ်။ ဂဏန်းလေးလုံးမှ မဟုတ်ပါဘူး ဒီထက်လည်းပိုလို့ရ နိုင်ပါတယ်။ လုပ်နည်းအဆင့်ဆင့်က ဒီလိုပါ။

၁။ မိမိသိချင်သောသူကို ဂဏန်းလေးလုံး (သူ့စိတ်ကြိုက်) ရေးပါစေ။ 
၂။ အဲဒီဂဏန်း လေးလုံးကို စိတ်ကြိုက်နေရာ ပြောင်းလဲပါစေ ။

April 10, 2015

♩♫ မီးခြစ်ဆံ ပဟေဠိ (numbers) အမှတ်(၁) ♩♫




          ဒီတစ်ခါတော့ မီးခြစ်ဆံ ပဟေဠိ တစ်မျိုးလေး တင်ဆက်လိုက်ပါတယ်။

        မီးခြစ်ဆံလေးတွေနဲ့ ပုံထဲကအတိုင်း ညီမျှခြင်း တစ်ခုတည်ဆောက်ထားပါတယ်။ ဒါပေမယ့်

ညီမျှခြင်းဟာမှန်ကန်မှု မရှိပါဘူး 0 + 3 = 2 လို့ ဖြစ်နေပါတယ်။ အဲဒီတော့ အဲဒီ ညီမျှခြင်းလေး

မှန်သွားအောင် မီးခြစ်ဆံလေး(၁) ချောင်းတည်းကိုသာ နေရာရွှေ့ပေးရမှာပါ။ သိပ်လွယ်ပါတယ်နော်။

သူငယ်ချင်းတို့ရဲ့ အဖြေ မှန်မမှန်ကို အောက်ကအပြည့်အစုံဖတ်ရန်မှာ နှိပ်ပြီး တိုက်ကြည့်လိုက်ပါနော်။

March 31, 2015

"မြန်မာ့ရိုးရာ စကားထာများ (1) "

မဇ္ဈိမစာပေတိုက်က ထုတ်တဲ့ ဆရာကြည်ဦးရဲ့ မြန်မာ့ရိုးရာ စကားထာများစာအုပ်ကို ဖတ်ရတဲ့အခါ ပေါ်လာတဲ့အတွေးလေးကို အကောင်အထည်ဖော်လိုက်ပါတယ်။
ကျွန်တော်လဲ သိရ၊ တခြားသော စကားထာတွေကို မသိတော့တဲ့ သူများလဲ သိကြရအောင် အဲဒီစာအုပ်ထဲက စကားထာလေးတွေကို ရုပ်ပုံလေးတွေနဲ့ တွဲပြီး နည်းနည်းချင်းစီ တင်ပြပေးဖို့ပါပဲ။
စကားထာတွေကိုတော့ စာအုပ်ထဲကယူပြီး အဖြေအတွက် ရုပ်ပုံလေးတွေကိုတော့ အင်တာနက်ထဲက ရှာပါတယ်။


(၁) အမေး။   ။ ပန်းဇော်တကို၊ နေ့ညမဆို၊ ဆင်စေလိုသည်၊ ပဟိုရ်ရင့်ကျူး၊ နာရီမှုး။
Subscribe

လာလည်သူများ

free counters