မစင်တွေကို အမွှေးနံ့သာအဖြစ် အသုံးပြုလို့ရသည့်တိုင်အောင် သင့် အနေနဲ့
အသုံးပြုဖို့ စိတ်သန့်ပါမလား။ မစင်တွေပါလားလို့ သိထား လိုက်ရုံနဲ့တင်
ရွံစရာကောင်းတယ်လို့ပဲ အသိစိတ်ထဲမှာ ဖြစ်ပေါ်လာ ပါတယ်။ ဒါပေမယ့်
လူ့ရဲ့မစင်ကနေ ရေမွှေးအမွှေးနံ့သာက ဈေး ကွက်ထဲကို ရောက်ရှိလာတော့မှာပါ။
ဗြိတိန်အနုပညာ ဖန်တီးသူတစ်ဦးဖြစ်တဲ့ ဂျမီးနီကိုးလက်စ်က သူ့ရဲ့
မစင်တွေကနေထုတ်လုပ်ထားတဲ့ အမွှေးအကြိုင်နံ့သာ အရည်သစ် တစ်ခုကို Surplus
လို့အမည်ပေးထားပြီးတော့ ဈေးကွက်ထဲကို ၂၅
ဒေါ်လာနဲ့ဖြန့်ချီရောင်းချမှာဖြစ်ကာ ရေမွှေးပုလင်း ၂၅ ပုလင်းရောင်း
ချပြီးဖြစ်တယ်လို့ သိရပါတယ်။
Viceland.com ရဲ့ အင်တာဗျူးမေးမြန်းချက်အရ နီကိုးလက်စ်က ဒီလိုမစင်ကနေ
အလှကုန်ပစ္စည်းထုတ်လုပ်တဲ့ ထူးခြားတဲ့စိတ်ကူးကို
မစင်တို့ရဲ့သမိုင်းကြောင်းဖြစ်တဲ့ စာရေးဆရာ Dominique laporte ရဲ့ The
History of shit စာအုပ်ထဲ ရေးသားထားတဲ့ အကြောင်းအ
ရာတွေကိုလေ့လာပြီးတဲ့နောက် အမွှေးနံ့သာထုတ်လုပ်ဖို့ စိတ်ကူးရ သွားတာပဲ
ဖြစ်ပါတယ်။ မွှေးကြိုင်တဲ့အနံ့အသက်တွေက ဆိုးရွား ပြင်းထန်လွန်းတဲ့
အနံ့တွေကို ဖုံးအုပ်နိုင်သလို အနံ့ဆိုးဆိုးတွေက လည်း
မွှေးကြိုင်တဲ့အနံ့တွေကို ဖုံးအုပ်နိုင်မယ်ဆိုတဲ့ အခြေခံသ ဘောတရားယူပြီး
ဖန်တီးထုတ်လုပ်တာ ဖြစ်ပါတယ်။
နီကိုးလ်က သူ့ရဲ့အိမ်ခန်းမှာ ဒီမစင်ကနေ ရေမွှေးထုတ်လုပ်မှု အဆင့်ဆင့်ကို
ပြုလုပ်ပြီး တစ်ပတ်ကြာအဆင့်ဆင့်စမ်းသပ်