မူရင်း ယူတျူဗ် လင့်က..
https://youtu.be/lfn1oGAmIfI
အိမ်နံရံအတွက် ပလပ်စတစ်ပေါ်လက်နှင့် တင်ပြားနေတဲ့ ရွှံ့လိုလို အလုံးကြီးဟာ သတင်းစာ စက္ကူဟောင်းတွေကို ရေစိမ်ပြီး
ပျော့လာတဲ့အခါ ချေစက်နှင့် ချေပြီး ရေတွေ စစ်ထုတ်ကာ ကော်မှုန့်တွေ အနည်းငယ်ရောထားပြီး သမအောင်နှက်ထားတဲ့
စက္ကူပျော့ဖတ်လုံးကြီးပါ။ အိမ်ခေါင်မိုး အိမ်နံရံအတွက်ကတော့ အားလုံးသိတဲ့အတိုင်းပဲ ကဒ်ထူပုံးကို အသုံးပြုထားတာဖြစ်
ပါတယ်။ မြက်စိမ်းတွေကတော့ တံမြက်စည်းမွေးတွေကို မင်အစိမ်းရင့်ရောင်၊ စိမ်းဝါရောင်၊ သူ့ပင်ကိုယ် အရောင်မစိုးထားတဲ့ အရောင်လေးအတိုင်း အသုံးပြုနိုင်ပါတယ်။ တံမြက်မွေးရဲ့ ထိပ်ဖျား အမွေးနုလေးတွေကို အရောင်စိုးပြီး ကတ်ကျေးနှင့်ညှပ်ပြီး သုံးနိုင်ပါတယ်။ အပင်ကိုတော့ သစ်ကိုင်းကောင်းကောင်း သို့ လမ်းဘေး သို့မဟုတ် အိမ်နောက်ဖေးမှာ ပေါက်တဲ့ တပေအ
မြင့်စာ ရှိတဲ့ ပင်စည်အခေါင်းမပါတဲ့ ပင်စည်မာတဲ့ အပင်ငယ်ကို အမြစ်ကနုတ်ပြီး ရေဆေးကာ အခြောက်လှန်းထားပါ။ အပင်အစစ်ကို အသုံးပြုလျှင် ပိုပြီး ပီပြင်ပါတယ်။
အရွက်တွေကိုတော့ တံမြက်စည်းမွေးတွေနှင့် အသုံးပြုပြီး လှလှလေး လုပ်နိုင်ပါတယ်။ အောက်မှာ အပင်ပြုလုပ်ပုံ ဗီဒီယိုလေး
တင်ပေးထားပါတယ်။
အိမ်လေးတွေပြုလုပ်ပြီး အလှဆင်ကာ ရောင်းချနိုင်သလို ကျေးလက်တောရွာက အိမ်လေးများ၊ တဲကုပ်လေးများ၊ လယ်စောင့်