|
ငွေစက္ကုထုပ်အတွင်း ပိုက်ဆံအရွယ်ကဒ်ထူပြားတွေ ခုပြီးထုပ်ပိုးပေးလိုက်ပုံ |
၂၆.၂.၂၀၁၆ ညနေ ၄:၃၀ နာရီအချိန်ခန့် မှာ သင်္ဃန်းကျွန်းမြို့နယ် ဇဝနလမ်းဆုံ ကမ္ဘောဇဘဏ်နဲ့ဘေးချင်းကပ်လျက်
Money Changer မှာ ဒေါ်လာ၄၀၀၀ထောင် ဝင်ရောင်းတာ မြန်မာကျပ်ငွေကို စက်နဲရေပေးပါပြော တော့ အမဘဏ်အုပ်တွေပါပြောပေမယ့် ရေပေးပါဆိုလို့ အဲ့ဒီဆိုင်မှာ ယောက်ျားလေးနှစ်ယောက်မှာ တယောက်ကရေပြီး တယောက်ကရေ ထားတဲ့ပိုက်ဆံကို ကောင်တာအောက်က အိတ်ထဲထည့်ပေးပါတယ်။ ပိုက်ဆံထုတ်ယူနေတုန်း တယောက်က အပြင်ထွက်သွားတာ သတိထားမိတယ် ကိုယ်တွေလည်း ရှေ့မှာရေတွက်ထားတာကို ပြန်စစ်ရင် သူတပါးကိုမယုံသလို ဖြစ်ပြီး တဘက်လူကို အားနာစိတ်နဲ့ ယုံကြည်စွာနဲ့ပဲ သေချာမစစ်ဆေးဘဲ့ ချလံယူပြီးပြန်ခဲ့တယ်။
အိမ်ရောက်တော့လည်း အထုတ်အတိုင်းသိမ်းထားပြီး ၃ရက်နေ့ အိမ်ငှားတွေဆင်းလို့ စပေါ်ငွေပေးမယ်လုပ်မှ ၅၀၀၀တန်တအုပ်ကိုမသင်္ကာလို့ကြည့်မှ အပေါ်မှာ၁၈ရွက် အောက်မှာ ၂၂ရွက် ကြားထဲမှာ ကဒ်ထူ (အောက်ပုံပါအတိုင်း) တွေ့ရတော့တာပဲ ၃သိန်းလျော့နေတာကို သိလိုက်တော့ တော်တော်လေးစိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းတယ် စိတ်လည်းတိုတယ် လူတွေဒီလောက်တောင် အကျင့်စာရိတ္တတွေပျက်နေကြပြီလားလို့ တွေးမိတယ် ရက်ကလည်းကြာသွားပြီ ပြန်မစစ်မိတဲ့ ကိုယ့်ပေါ့ဆမှုကို အပြစ်လို့ ခံယူပြီး သွားလည်းပြန်မပြောခဲ့ပါဘူး ဒီလူတွေ ကိုယ့်ပြုတဲ့ကံ သူထံပြန်လာမှာပဲဆိုပြီး ဖြေသိမ့်လိုက်ပါတယ်။
ယခု FB ပေါ်တင်ရတာက ကိုယ့်လိုနောက်လူတွေမခံစားရအောင် နမူနာယူစေချင်ပါတယ် ကျွန်မတို့ကို နမူနာယူပြီး
ဘယ်ဆိုင်မှာရောင
်းရောင်း (ယခုဆိုင်ကတော့အထူးသတိထားရပါမယ်) ကိုယ်တိုင်သေချာစစ်ဆေး ရေတွက်စေချင်ပါတယ်။လူလူချင်းလိမ်လည်လှည့်စားမှုများ လျော့နည်းကြပါစေဟု ဆုတောင်းလိုက်ရပါတယ်။
Owo Wai facebook စာမျက်နှာမှ ကူးယူဖော်ပြသည်။
Credit : https://m.facebook.com/story.php?story_fbid=987077968027886&id=588247487910938
No comments:
Post a Comment