♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
August 1, 2015
" ရွေကြည့်မုန့်လုပ်နည်း ၂ မျိုးတွေ့ထားလို့ Sharing လုပ်လိုက်ပါတယ် " (Myanmar Traditional Food)
ပါဝင်ပစ္စည်းများ
ရွှေကြည်မှုန့်        ၁ ပေါင်
ထောပတ်           ၃ဇွန်း( ထမင်စားဇွန်း)
သကြား             ၁/၂ ပေါင်
နို့                     ၁ ဖန်ခွက်
နို့ဆီ                  ၁/၂ ဗူး
ကော်ဖီမိတ်         ၁ခွက်   (coffee mate) နို့မှုန့်လိုပါပဲ
ရေဆူ                ခန့်မှန်း
အုန်းသီး             အနည်းငယ်
ဘိန်းစေ့             အနည်းငယ်
ပြုလုပ်နည်း
ဒယ်အိုးတည်ပြီး ထောပတ်( Ghee) ထမင်းစားဇွန်း (၃) ဇွန်းထည့်။ ပူလာရင် သစ်ကြားစေ့(မထည့်ရင် လည်းရပါတယ်။ အိမ်မှာ ပိုနေလို့ပါ) ကို သေးသေးလေးတွေ လုပ်ပြီးကြော်ပါတယ်။ နီဝါရောင်လေး သန်း လာ ရင် ဆယ်ထား။ ကျန်တဲ့ ထောပတ်ထဲ ရွှေကြည်မှုန့်ထည့်ပြီး လှော်ပါတယ်။ ရွှေကြည်လည်း နီဝါရောင် လေး ဖြစ်လာရင်၊ သကြား၊ နို့ဆီ၊ နို့ ၊ ကော်ဖီမိတ်  (Nestle) ထည့်ပြီး ရောမွှေပါတယ်။ ရေဆူထည့်ပြီး မွှေ ပေး ရေခန်းသွားရင် မုန့်သား ရမရ လက်လေးနဲ့ချေကြည့်။ ကျမကတော့ ပါစပ်ထဲ ထည့်ပြီး ကြည့်ပါတယ်း) သစ်ကြားစေ့တွေ ထည့်မွှေပြီး မုန့်သား ရလာရင် ဖုတ်မဲ့ အိုးထဲထောပတ်သုတ်ပြီး ရွှေကြည်တွေလောင်း ထည့်၊ မုန့်မျက်နှာပြင်ညီအောင်ညှိပြီး ဘိန်းစေ့၊
" သရဲကို မယုံလို့ လောင်းကြေးထပ်မိသူတစ်ဦး ကြုံခဲ့ရတဲ့ ခြောက်ခြားဖွယ်ရာ ဖြစ်ရပ်ကြီး "
"မင်းက မကြုံဖူးသေးတော့ ဘယ်ယုံပါ့မလဲ..၊ လက်တွေ့ဆိုရင် မင်းယုံသွားလိမ့်မယ်.."
"အေး.. ငါကလည်း မင်းတို့ပြောတဲ့ အဲ့ဒီ လက်တွေ့ သရဲကို စောင့်နေတာပဲ..၊ တွေ့မှ မတွေ့တာ.."
ကျွန်တော်တို့ သူငယ်ချင်းတွေ သရဲအကြောင်းနဲ့ ပတ်သက်ပြီး အငြင်းအခုန် လုပ်နေကြခြင်းဖြစ်သည်။ ကျွန်တော်တို့ အဖွဲ့ထဲတွင် သတ္တိအရှိဆုံးလို့ပြောလို့ရသလို သရဲနဲ့ တစ်ခါမှ မတွေ့ကြုံဖူးသေးသည့် သက်အောင်နဲ့ ငြင်းခုန်နေခြင်းဖြစ်သည်။
"ဒါဆို ဒီလိုလုပ်…၊ ငါတို့ရပ်ကွက်ထဲမှာ နာမည်ကြီးတဲ့ ညီမသုံးဖော် ဆွဲကြိုးချသေထားတဲ့ အိမ်ပျက်ကြီး သိတယ်မှတ်လား.."
"အေး…. သိတယ်လေ…"
"မင်း ည (၁၂း၀၀) နာရီတိတိ အဲ့ဒီခြံထဲကိုဝင်ပြီး အိမ်ရှေ့မှာ မင်းနာမည်ကို မြေဖြူနဲ့ရေးရဲလား…"
"ငါလုပ်ရဲရင် မင်းက ငါ့ကို ဘာပေးမှာလဲ…"
"တစ်လစာ စားသောက်စရိတ် အားလုံး ငါတာဝန်ယူတယ်ကွာ…"
"အေး..ကြိုက်တယ်… ငါတစ်ကယ် ရေးမရေး မင်းက ဘယ်လို သိမှာလဲ…"
"မင်း (၁၂း၀၀) နာရီထိုးလို့ အဲ့ဒီအိမ်အောက်မှာ နာမည်ရေးပြီးတာနဲ့ ငါ့အိမ်ကို တန်းလာပြီး ငါ့ကိုနှိုး၊ ပြီးရင်
" ဦးနှောက်ကို ဘယ်အရာတွေက တဖြည်းဖြည်း ပျက်စီးစေတာလဲ.... မောင်"
စာရိုက်တဲ့အခါ အမှားတွေ များ လာတာမျိုး၊ အရင်ကလောက် စိတ်ကူးစိတ်သန်းတွေ မကောင်း တော့တာမျိုး စတာတွေ ကြုံလာ ရခြင်းဟာ ဦးနှောက်ဆဲလ်တစ်ခုခု ယိုယွင်းလာတာကို သတိပေး လိုက်တာပါပဲ။ နေ့စဉ်လုပ်မိတဲ့ အရာတွေကနေ ဦးနှောက်ကို တဖြည်းဖြည်း ပျက်စီးစေနိုင်တာ ကြောင့် ထပ်မလုပ်မိရလေအောင် ဖော်ပြပေးလိုက်ပါတယ်။
နေထိုင်မကောင်းဖြစ်ရင် ဆရာဝန်တွေ အကြံပြုသလို စိတ် ရောကိုယ်ပါ ကောင်းကောင်းနား နေဖို့ လိုပါတယ်။ နေမကောင်း ဖြစ်တဲ့အချိန်မှာ ဦးနှောက်ဟာ အ လုပ်တွေ ပိုလုပ်ရတာကြောင့် အတွေးနယ်ချဲ့ပြီး စဉ်းစားတာမျိုး တွေ ရှောင်ပြီး အိပ်စက်အနားယူ သင့်ပါတယ်။
အလုပ်သွားဖို့ အချိန်နီးလို့ ကတိုက်ကရိုက်လုပ်ရင်း မနက် စာလွတ်သွားတာမျိုးတွေအဖြစ် များလာရင် ဦးနှောက်ဆီကို အာ ဟာရရောက်တာနည်းပြီး ဦး နှောက်စွမ်းဆောင်ရည်တွေ လျော့ကျစေနိုင်ပါတယ်။ မနက်စာ မစားဘဲ နေတာဟာ သွေးတွင်း သကြားဓာတ်ကို လျော့ကျစေတဲ့ အပြင် ဦးနှောက်ကျန်းမာစေဖို့ လိုအပ်တဲ့အာဟာရတွေ ယုတ် လျော့ကုန်တာမို့ မနက်စာတော့ ပုံမှန်စားပေးဖို့ လိုအပ်ပါတယ်။
နောက်တစ်ချက်ကတော့ အစားစားလွန်းတာပါ။ ခန္ဓာကိုယ် အတွက် လိုအပ်တာထက်ပိုပြီး စားရင် အင်ဆူလင်ထုတ်လုပ်မှု ကို ပြဿနာရှိနိုင်ပါတယ်။ ဒါနဲ့ ဆက်စပ်ပြီး အ၀လွန်၊ ဆီးချိုရော ဂါတွေဖြစ်နိုင်လို့
" တူရကီနိုင်ငံမှာ Titanic Beach Resort Hotel တိုက်တန်းနစ် သင်္ဘောပုံစံ ဖိုက်စတား ဟိုတယ် ဖွင့်လှစ် "
တိုက်တန်းနစ် သင်္ဘော ပုံစံ တည်ဆောက်ထားတဲ့ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ကို တူရကီနိုင်ငံမှာ ဖွင့်လှစ်လိုက်ပါပြီ။ သူကတော့ ရေပြင်ပေါ် သွားတဲ့ သင်္ဘောတော့ မဟုတ်ပါဘူး။ ကမ်းခြေမှာ တည်ဆောက်ထားတဲ့ သင်္ဘောပုံစံ ဟိုတယ်တစ်ခုသာ ဖြစ်ပါတယ်။
" တရုတ်လူမျိုးတစ်ဦး ခြင်ကိုက်ခံရပြီးနောက် မျက်နှာ ပူဖောင်းလို ဖူးရောင်လာ "
ခြင်တစ်ကောင်ကြောင့် ဒုက္ခ ရောက်သွားသူကတော့  အသက် (၃၀)နှစ် အရွယ်ရှိ တရုတ်နိုင်ငံသား Mr Zhang ဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ အရှေ့ပိုင်း ကျန်ဆုအရပ် ဒေသမှာ နေထိုင်တဲ့  Mr Zhang ဟာ မေလ ကုန်ခါနီးမှာ ကိုက်ခံရတဲ့ ခြင်ကြောင့် မျက်နှာတစ်ခုလုံး ရောင်ယမ်းနေပြီး ပူဖောင်းလို ဖြစ်နေလို့ ဆရာဝန်တွေ ကိုယ်တိုင် အံ့အားသင့် သွားခဲ့ပါတယ်။
Mr Zhang ဟာ အလုပ်မှာ ရှိနေစဉ်အတွင်း ကိုက်ခံရတာ ဖြစ်ပြီး အစောပိုင်းမှာ မဆိုစလောက်လေး ယောင်ကိုင်းနေပေမယ့် နှစ်လ ကြာပြီးတဲ့ နောက်မှာတော့ မျက်နှာတစ်ခုလုံး ယောင်ယမ်းလာပြီး လုံးဝ လျော့ကျခြင်း မရှိတာကြောင့် ဆေးရုံမှာ လာရောက် ကုသမှု ခံယူခဲ့ရကြောင်း သိရပါတယ်။
ဆရာဝန်တွေကတော့ Mr Zhang ဟာ ကူးစက်တတ်တဲ့ ရောဂါမျိုးမပာုတ်ဘဲ ခြင်ကိုက်ခံရမှုကြောင့် အဆိပ်တက်ပြီး ဒီလိုဖြစ်သွာခြင်း ဖြစ်ကြောင်း၊ အခြားဆက်စပ်တဲ့ ရောဂါတွေလည်း
" IELTS ကျောင်းသားများအတွက်...Grammar for IELTS " ( Maung Pauk )
ဒီစာအုပ်ကတော့ IELTS စာမေးပွဲဝင်ဖို့ ကြိုးစားနေတဲ့ကျောင်းသားတွေထဲမှာမှယ..Grammar အားနည်းတယ်..Grammar ကိုပိုလေ့လာချင်တယ်ဆိုတဲ့ ကျောင်းသားတွေအတွက်ဖြစ်ပါတယ်....IELTS စာမေးပွဲဝင်မယ့်ကျောင်းသားတွေသာမက အင်္ဂလိပ်စာလေ့လာနေသူတွေအားလုံးအတွက်သင့်တော်ပါတယ်..
July 31, 2015
" အော် တော်လိုက်တဲ့ ငါ့ယောက်ျား ဘာသာပြန်တယ်တော်ပါလား... "
မိန်းမ ။ ။ ကိုရေ ကနေ့ သူငယ်ချင်းများ တွေ့ဆုံပွဲ တက်ရမယ်တဲ့ အခုမှ သိရတာ။ အဲ့ဒါ နေ့လည်စာကိုအဆင်
ပြေသလိုစားလိုက်တော့နော်
 ယောက်ျား။ ။ ဟင် ဟုတ်လား။ ရပါတယ်ကွာ။ တစ်ခါတစ်လေပဲ
မိန်းမ ။ ။ ကနေ့တစ်ရက်ပါ ကို ။ ငါးသေတ္တာတွေ ရှိတယ် ရယ်ဒီမိတ်ပဲ ဟာ ရတယ်နော်။
 ယောက်ျား။ ။ ကိုအဆင်ပြေသလိုစားလိုက်တော့မယ် ။ ကိုအတွက် မပူနဲ့နော်။ ညနေရောက်သော်-တွေ့ဆုံပွဲသွားပြီး ပြန်လာသော မိန်းမ မှ
မိန်းမ ။ ။ ကို ရေ ငါးဟင်းနဲ့ စားကောင်းရဲ့ လား
 ယောက်ျား။ ။ဟာ စားရတာ အရမ်းကောင်းတယ် ။ ဒါပေမယ့် ကိုယ့်ခြေထောက်တွေပူသွားတယ် ။
" မျက်နှာပေါင်းတင်ကပ်ခွာတွေအကြောင်း သင်မသိသေးတဲ့ အရာများ "
ခုနောက်ပိုင်း မင်းသား၊ မင်းသမီးတွေကအစ သူတို့ကိုယ်ပိုင် အချိန်လေးတွေမှာ မျက်နှာအသားရေပိုင်းကို ဂရုစိုက်ကြတဲ့အနေနဲ့ အိမ်မှာ အလွယ်တကူ ကပ်ထားလို့ရတဲ့ မျက်နှာကပ်ခွာ (mask) တွေ သုံးလာကြပါပြီ။ တစ်ခါတစ်လေ အဲ့ဒီကပ်ခွာတွေ ကပ်ပြီး selfie ရိုက်ထားတဲ့ပုံလေးတွေတောင် သင်တွေ့ဖူးတယ်မလား။ အဲ့ဒီ ကပ်ခွာတွေက သုံးပြီးသွားတဲ့အခါ ကိုယ်နဲ့တည့်တယ်၊ အဆင်ပြေတယ်ဆို၇င် အသားအရေ ၀င်းပြီး ကျန်ခဲ့မယ်၊ ကြည်လင်တာမျိုးလေးတွေ အကျိုးကျေးဇူးရှိတာမို့ မျက်နှာပေါင်းတင် ကပ်ခွာလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။
၁။ ပေါင်းတင်ကပ်ခွာဆိုပေမယ့် ကပ်ခွာမပါပဲ ရိုးရိုးပေါင်းတင်တာမျိုးနဲ့တော့ အကျိုးကျေးဇူး မတူညီနိုင်ပါဘူး။
အရင်တုန်းက ဆိုင်သွားပြီး ပေါင်းတင်တယ်ဆိုရင် မျက်နှာပါ ပေါင်းတင်ဆေးရည်၊ ဆေးအနှစ်တွေနဲ့ လိမ်းကျံပြီး ပေါင်းတင်တာမျိုးတွေရှိပါတယ်။ ဒီပေါင်းတင်ကပ်ခွာကတော့ ခုနပြောသလို ပေါင်းတင်တာမျိုးနဲ့ မတူပါဘူး။ ဒီမျက်နှာ ကပ်ခွာဟာserum အခြေခံပြီး ထုတ်လုပ်ထားတဲ့ ချည်သားလိုအသားမျိုး မို့လို့ သင့်မျက်နှာအသားရေကို ဟိုးအတွင်းထဲထိ သန့်ရှင်းအောင်တော့ မလုပ်ပေးနိုင်ပါဘူး။ ဒါပေမယ့် ဒီပေါင်းတင်ကပ်ခွာတွေဟာ မျက်နှာအသားရေအတွက် လိုအပ်နေတဲ့ အက်ဆစ်ဓာတ်၊ သတ္တုဓာတ်နဲ့ အခြားသော ဗိုက်တာမင်တွေကိုတော့ ဖြည့်ပေးနိုင်ပါတယ်။ ပြီးတော့ ရွှံ့စေးမျက်နှာပေါင်းတင်ဆေးတွေလိုလည်း အသားကို ခြောက်မသွားစေပါဘူး။
၂။ Serum သုံးမယ့်အစား ဒါကို နေ့စဉ်သုံးလို့ မရပါဘူး။
" အတွဲတွေ facebook နဲ့ ပတ်သက်ပြီး ဘယ်လိုပြသနာတွေ တက်လေ့ရှိသလဲ "
ချစ်သူစုံတွဲတွေ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ facebook မှာ စုံတွဲဓာတ်ပုံတွေ တင်ကြတယ်၊ relationship status တင်ပြီး တစ်ဦးနဲ့တစ်ဦး ဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်းကိုလည်း စတေးတပ်စ်တွေ တင်ကြတယ်။ ဒါပေမယ့် သူတို့ကြားမှာ facebook ကြောင့် တက်တဲ့ ပြသနာတွေ အနည်းအများတော့ ရှိတတ်ကြပါတယ်။ တစ်ချို့သ၀န်တိုတတ်တဲ့ ချစ်သူတွေဆိုရင် ပိုလို့တောင် ဆိုးပါသေးတယ်။ facebook ကြောင့် ကွဲသွားတဲ့ ချစ်သူစုံတွေတွေလည်း ခုဆို တော်တော်များလာပြီလို့ စစ်တမ်းတွေအရ သိရပါတယ်။ ဒီတော့ ချစ်သူစုံတွဲတွေကြား facebook ကြောင့် ဘယ်လိုပြသနာလေးတွေ ဖြစ်တတ်သလဲဆိုတာ ကြည့်ရအောင်။
၁။ကိုယ့်ချစ်သူကို လာ add တဲ့သူ ဘယ်သူတွေလဲဆိုပြီး သိချင်ကြတယ်။ ပြသနာရှာကြတယ်။
နှစ်ယောက်စလုံး facebook သုံးနေတဲ့အချိန် ကိုယ့်ချစ်သူကို ဘယ်သူတွေ လာပြီး fri request ပို့ထားသလဲ။ ကိုယ့်အသိတွေလား။ အီစီကလီလုပ်မယ့်သူတွေလား စသဖြင့် သိချင်ကြပါတယ်။ တစ်ချို့ဆိုရင် မိန်းကလေးဆိုလက်မခံနဲ့၊ ယောင်္ကျားလေးဆို လက်မခံရဘူး ဆိုပြီး ကိုယ့်ချစ်သူကို တားမြစ်ထားတာတွေတောင်ရှိလာပါတယ်။
၂။ကိုယ့်ချစ်သူရဲ့ account ထဲမှာ သူ့ရဲ့အရင်ရည်းစားဟောင်းတွေ ရှိနေသေးလား၊
" အားလုံးက ချစ်သူရသွားပြီလို့ ထင်ပေမယ့် အချစ်ရေးက Single ပါလို့ ဆိုလိုက်တဲ့ မေမြတ်နိုး "
အချစ်ရေးနဲ့ပတ်သက်ပြီး Single ပါလို့ပြောပြလာတဲ့ မေမြတ်နိုးက တလောက မင်းသားတစ်လက်နဲ့သူ့ကို ထင်ကြေးပေးနေကြတာ မဟုတ်တဲ့အကြောင်း၊ အချစ်အကြောင်းကို မစဉ်းစားသေးသလို အနုပညာ အလုပ်တွေနဲ့ပဲ အချိန်ကုန်ဖြစ်နေတဲ့အကြောင်း ပြောပြလာပါတယ်။
-အခုရိုက်နေတဲ့ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။
ဒီနေ့ရိုက်တဲ့ကားလေးက မော်တာနဲ့ပန်ကာတဲ့။ ကိုဖြိုးရယ်၊ ကိုနေသူရိန်ရယ်၊ မြတ်နိုးရယ်ပေါ့။ သူတို့နှစ်ယောက်က မော်တာနဲ့ပန်ကာ၊ မြတ်နိုးကတော့ ပုလဲဖြူဆိုတဲ့ ကောင်မလေးနေရာကပေါ့။ ဒီသုံးယောက်ဆုံသွားတော့ ငလိမ်၊ ငဘက်တွေပေါ့။
-ဒီကားကညီမလေးရိုက်ထားတဲ့ ဗီဒီယိုတွေထဲမှာ ဘယ်နှစ်ကားမြောက်လို့ပြောလို့ရမလဲ။
၁၅ ကားမြောက်ပါ။
-အခုလောလောဆယ် ညီမလေးရိုက်ဖြစ်နေတဲ့တိုက်တွေက ဘယ်တိုက်တွေများဖြစ်မလဲ။
လပ်ကီးဆဲဗင်း၊ လပ်ကီးဘော့စ်၊ သင်္ကေတအပြင် အခု 77 ပေါ့။ ကမ်းလှမ်းထားတဲ့တိုက်မှန်သမျှနဲ့တော့ရိုက်ဖြစ်ပါတယ်။ ညီမကစာချုပ်မရှိဘူး။ အလွတ်ပဲရိုက်တာပါ။
-ကားကြီးကရော ဘယ်နှစ်ကားလောက်ရိုက်ထားပြီးပြီလဲ။
ကားကြီးက လောလောဆယ် ၂ကားရိုက်ထားတယ်။ လပ်ကီးဆဲဗင်းနဲ့ထပ်ရိုက်ဖို့ရှိတယ်။
" မင်္ဂလာပွဲမှာ ဒါမျိုးတွေ မဖြစ်ကြစေနဲ့နော်....:) "
သူငယ်ချင်းအားလုံးမင်္ဂလာပါနော်....
ဒီတစ်ခါတော့ ကမောက်ကမ နိုင်ခဲ့တဲ့
မင်္ဂလာပွဲတွေက လျှပ်တပြတ် ဓါတ်ပုံလေးတွေ
တင်ပြပေးလိုက်ပါတယ်ခင်ဗျာ...
 မီးမီး လှလားဟင်
July 30, 2015
နမ်းရှုံ့ခြင်းဟာ ဆေးလိပ်သောက်ခြင်းထက် ဦးခေါင်းနှင့်လည်ပင်းကင်ဆာ ပိုဖြစ်နိုင်
ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေဟာ ဦးခေါင်းနဲ့လည်ပင်းကင်ဆာ ဖြစ်နိုင်တဲ့ အဓိက အန္တရာယ်ရှိအချက်တွေဖြစ်ပါတယ်။ ဒီညွှန်ကိန်းတွေကိုကျော်သွားတာကတော့ နမ်းတာပဲဖြစ်ပါတယ်။
ဖရန့်ခ်ျကစ်စ်လို့ပြောကြတဲ့ နှုတ်ခမ်းခြင်းနမ်းတာဟာ ကင်ဆာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်တဲ့ human papillomavirus (HPV) ကိုကူးစက်စေနိုင်ပြီး ဒီဗိုင်းရပ်စ်ဟာ ဦးခေါင်းနဲ့လည်ပင်းကင်ဆာကို ၇၀ရာခိုင်နှုန်းဖြစ်စေနိုင်တယ်လို့ Royal Darwin ဆေးရုံမှ Dr Mahiban Thomas ကပြောခဲ့ပါတယ်။
အမြန်လမ်း မိုင်တိုင်အမှတ်(၁၂၅/၇)နှင်(၁၂၆/၀)ကြား၊ ယာဉ်တိုက်မှု ၄ ဦး ဒဏ်ရာ
 ရှေ့မှ မောင်းနှင် နေသည့် ယာဉ်အား နောက်မှ မောင်းနှင် လာသော ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိ
နေပြည်တော်၊ ဇူလိုင် ၂၉
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်အချိန် ပဲခူးတိုင်း ဒေသကြီး၊ အုတ်တွင်း မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၂၅/၇)နှင်(၁၂၆/၀)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဗောဓိကုန်း အမြန်လမ်း မကြီး ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
လူသတ်မှုဖြင့် သရုပ်ဆောင်မင်းအုပ်စိုးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း အမိန့်ချသော်လည်း အယူခံဝင်မည် မဟုတ်ဟုဆို
ရန်ကုန် ဇူလိုင် ၂၉
 သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုးကို လူသတ်မှုဖြင့် ရန်ကုန် အနောက်ပိုင်း ခရိုင်တရားရုံးက ထောင်ဒဏ် တစ်သက် တစ်ကျွန်း အဖြစ် ဇူလိုင် ၂၉ ရက်တွင် အမိန့်ချ မှတ်လိုက်သော်လည်း ဆက်လက်၍ အယူခံ ဝင်သွားမည် မဟုတ်ကြောင်း သိရသည်။
သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုးသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၅ ရက် နံနက် ၂ နာရီခွဲက ၎င်းနေထိုင်သည့် ဖိုးစိန်လမ်းရှိ နေအိမ်တွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူ၍ ၄င်းကိုယ်ပိုင်ထုတ်ဝေနေသည့် သရပါ မဂ္ဂဇင်းမှ အယ်ဒီတာဖြစ်သူ မတေးနုယဉ်(ခ)မနုနုရင်နှင့် စကားများရာမှ ထိုးကြိတ်လက်လွန်ကာ
" ဆံပင် ရော မျက်ခုံးမွှေးရော ၂ မျိုးလုံးအတွက် အမှန်တကယ် သိသိသာသာ ပြန်ပေါက် စေတဲ့ Serum "
ဆံပင် ရော မျက်ခုံးမွှေးရော ၂ မျိုးလုံးအတွက် အမှန်တကယ် သိသိသာသာ ပြန်ပေါက် စေတဲ့ Serum လေးပါ....
ဦးရေ ပြား ကိုလဲ အဟာရဖြည့်တင်းပေးပြီး ဘောက်ထ ခြင်းမျာ ကို လဲ ကာကွယ် ပေးပါတယ်...
ခေါင်းလျော် ပြိးတိုင်း ထည့်ပေး ရင် အာနိသင်ပို ရှိပါတယ်....ဆေးထည့်ပြီး စက္ကန့် အနည်းငယ် ဦးရေပြားကို နှိပ်နယ် ပေးရပါမယ်...      ၁ ဘူးကုန်တာ နဲ့ သိသိသာသာ ပြန်ပေါက်လာစေ တဲ့ ဆေးပါနော်...
ရန်ကုန်မြို့တွင်းအိမ်ကို လာပို့ပေး ပါတယ်
နယ်မှ Customer များကိုလဲ ကားဂိတ်ထိ ပို့ပေးပါတယ်..
၃၀၀၀၀ ပြည့်ပါက ရန်ကုန်မြို့တွင်း ပို့ခ Free ပါ
" သူငယ်ချင်းလေးကို ချစ်သူလေးလို ရင်ခုန်မိတာကြောင့် "
သင့်မှာ အစစအရာရာ ဖြည့်ဆည်းပေးတတ်ပြီး အနွံတာလည်းခံတတ်တဲ့ငယ်သူငယ်ချင်း ကောင်မလေး
တစ်ယောက်ရှိခဲ့မယ်ဆိုပါစို့။ အချိန်တွေကြာလာတဲ့အခါ သူ့ကို လိုက်ပိုးပန်းတတ်တဲ့ ကောင်လေးတွေကို ကြည့်မရ ဖြစ်လာမယ် ၊ သူက တခြားကောင်လေးတွေကို အရောဝင်တဲ့အခါ ပြောမပြတတ်တဲ့ ခံစားမှုတွေ
နဲ့ ဒေါသထွက်လာမယ်။ ဒါဆိုရင်တော့ သင့်အနေနဲ့ သူမကိုချစ်မိနေပါပြီ။
state ကျောင်းမှာကတည်းက ပေါင်းသင်းခဲ့တဲ့ သူငယ်ချင်းလေးကို တက္ကသိုလ်ကျောင်းတော်ရာကြီး အရောက်မှာ တစ်နည်းတစ်ဖုံ ပြောင်းလဲခင်တွယ်မိတယ်ဆိုပါတော့။ ဒီအခါ သင်တို့နှစ်ဦးကြားက အဖြူရောင် သံယောဇဉ်လေးကို ဘယ်လိုများ ပြောင်းလဲပစ်မလဲ။ ပြောရတာ ထင်သလောက်တော့ မလွယ်ကူပါဘူး။ ဒီလိုဆို
" အရက်နာကျတဲ့အခါ ဒီနည်းလေးတွေနဲ့ လွယ်ကူစွာ ဖြေရှင်းလိုက်ပါ "
ညတုန်းက များသွားပါသလား။ အရက်နာကျတဲ့အရှိန်ပြေပျောက်စေမယ့် ဒီဖြေနည်းလေးတွေ အလျင်အမြန် မှီဝဲလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။
(၁) ဗီတာမင် - ဘီ
သောက်ပြီး နောက်တစ်နေ့မှာ ဆိုးဆိုးရွားရွား ပိုခံစားရစေနိုင်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်း လည်ပတ်မှုမှတဆင့် ဗီတာမင် ဘီ တွေကို အရက်က သိသိသာသာ လျော့နည်းစေပါတယ်။ ဒါ့ကြောင့် အရက်စမသောက်မီ ဗီတာမင် ဘီ ၅၀ မီလီဂရမ် (၁) လုံး နဲ့ သောက်နေချိန်အတွင်း နောက်ထပ် (၁) လုံးသောက်ထားခြင်းက နောက်နေ့မနက် အရက်နာကျတာ လျော့နည်းစေနိုင်ပါတယ်။
(၂) ကိုယ်သောက်မယ့်အရက်ကို သတိထားရွေးတတ်ပါစေ။
အနက်ရောင်ပိုရင့်တဲ့ အရက်တွေမှာ အရက်နာကျမှုတွေဖြစ်စေတဲ့ အဆိပ် ပမာဏ ပိုမိုပါရှိတယ်။ အရက်နာကျခြင်း မရှိအောင် ပထဆုံးအနေနဲ့ Rum သို့မဟုတ် Whiskey တို့အစားVodka ဒါမှမဟုတ် Gin အရက်တို့ကို ဦးစားပေးရွေးသောက်သင့်တယ်။
(၃) အစာအိမ်သက်တောင့်သက်သာရှိဖို့ ဂျင်းဖျော်ရည်ဖော်စပ်ပေးပါ။
ဂျင်းဟာ အရက်နာကျပြီဆိုရင် မကြာခဏဆိုသလို အစာအိမ် မအီမသာဖြစ်မှုဖြေရှင်းဖို့ အကောင်းဆုံးဖြေဆေးတစ်မျိုးပါ။ ပျားရည်ပမာဏ များများခပ်ထားတဲ့ ဂျင်းအရည်ချိုချိုလေးမှာ ခန္ဓာကိုယ်အတွင်း
" မိုးရာသီနဲ့ ဒူးရင်းသီး စားခြင်း အကျိုးကျေးဇူးများ "
အနံပြင်း တဲ့ အထဲ မှာ သူက ထိပ်ဆုံး ကပါလို့ မကြိုက်သူအများရဲ့ နှာခေါင်းရူပ်တာတွေ ခံနေရတဲ့ စားကောင်း အာဟာရ ဖြစ်လှတဲ့ အသီးပါ။ ယခု မိုးကာလ ရာသီချိန် ဖြစ်တာနဲ့အညီ ပေါပေါနဲ့ စားနိင်လာတဲ့ နှစ်သက်သူများ အတွက် ဒူးရင်းသီးပါ။ အင်္ဂလိပ် နာမည်မှာ လည်း Durian လို့ပဲ ခေါ်ပြီး ရုက္ခ ဗေဒနာမည်ကတော့ Durio zibethinus လို့ခေါ်ကြောင်း သိရပါတယ်။ ဒူးရင်းသီးမျိုး ၃၀လောက် အမျိုးစားကွဲများ ရှိပြီး ထိုထဲမှာမှ အမျိုးအစား (၉) မျိုးလောက်သာ စားကောင်းပါတယ်။ နိင်ငံတကာ ဈေးကွက်တွေမှာတော့ Durio zibethinus ဆိုတဲ့ ဒူးရင်း တစ်မျိုးသာ ရရှိပြီး ကျန်တဲ့ အမျိုးအစားတွေကိုတော့ ဒေသတွင်းမှာ သာရောင်းချလျက်ရှိပါတယ်။
ဒူးရင်းသီးဟာ အပူပိုင်း သစ်သီးတွေ ဖြစ်တဲ့ ဌက်ပျောသီး၊ ထောပတ်သီး တို့လိုပဲ အာဟာရ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေမှာ ကြွယ်ဝပါတယ်။ ဒူးရင်းသီး တစ်လုံးကို ၆၀၂ ဂရမ်လောက်ရှိပြီး ကယ်လိုရီက ၈၈၅ နှုန်းရှိပါတယ်။ ထိုထဲမှာမှ အသားဓာတ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်တွေ အပြင် ဗီတာမင် စီ အများဆုံးနဲ့ ဗီတာမင် B6 တို့ အများဆုံးပါဝင်ပါတယ်။ ထိုဓာတ်တွေဟာ ခန္ဓာကိုယ်ရဲ့ ခုခံမူအားကို မြင့်တက်ပေးပြီး ရောဂါတွေကို
" အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်) "
အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရအောင် ကာကွယ်ဆေး ဆိုတဲ့ Mg Mandalay’s facebook ရဲ့ ရေးသားတင်ပြချက်ကို ဒီတပတ်ရဲ့ ရွေးချယ်မှု ကဏ္ဍကနေ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
အခုခေတ်မှာ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင် နေပြီဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုး တွေကတော့ ဖော်ပြလို့ မကုန်နှိုင်အောင် များတာကို တွေ့ရပါတယ်။ အင်တာနက် နည်းပညာ တိုးတက်လာတာနဲ့ အမျှ ဘေးထွက် ဆိုးကျိုးတွေလဲ မခွဲမခွာတွဲပါ လာတာကိုလဲ မြင်နေရ ပြန်ပါတယ်။
ကျွန်တော်နဲ့ အဆင့် အလှမ်းကွာနေတဲ့ spyware, mailware, virus စတာတွေကို မပြောလိုပါဘူး။ ကျွန်တော့ မျက်စိထဲ ကန့်လန့်ဝင်နေတဲ့ အကြောင်းအရာက အမျိုးကောင်းသမီး တွေရဲ့ ဘာညာကိစ္စ ဓါတ်ပုံ/ဗီဒီယို များစွာကို ကာယကံရှင် မသိပဲ အင်တာနက်ပေါ်မှာ စေတနာ ကြီးမားစွာနဲ့ ဝေငှ (share) အလုပ်ခံနေရတဲ့ ကိစ္စပါ။ ဒါကို ဒီအတိုင်း ထိုင်ကြည့် နေ လို့တော့ မဖြစ်တော့ ဘူးထင်ပါတယ်။
နာမည်ကြီးချင်လို့၊ လူသိများချင်လို့ (ဒါမှမဟုတ်) ၀ါသနာအရ ကိုယ့်ပုံကိုယ်တင် တာဆိုရင်တော့ လုပ်ပါ။ ကျွန်တော်တို့လဲ ကြည့်ရှု အားပေးပါ့မယ်။ ဒါပေမယ့် တချို့ဆို ရိုးရိုးသားသား နေတာကို ချောင်းရိုက်ခံရတာတို့၊
" သေနေတဲ့ လူမောင်းသွားတဲ့ ကားကို လိုက်ဖမ်းခဲ့ရတဲ့ အမေရိကန် ပုလိပ်တစ်ဦး "
တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက Las Vegas ပုလိပ်တစ်ဦးဟာ သူ့ရဲ့ ပုလိပ်ကားနဲ့ ကင်းလှည့်နေစဉ် မောင်းသူမပါဟု ယူဆရတဲ့ Nissan Maxima မော်တော်ကား တစ်စီး မီးနီဖြတ် မောင်းလာတာကို တွေ့ခဲ့ရပါတယ်။
ဒါဟာ သာမန် ယာဉ်စည်းကမ်းချိုးဖောက်မှု တစ်ခု မဟုတ်ပါဘူးလို့ လူသတ်မှု ဌာနက ပုလိပ်အရာရှိ Ray Steiber က ပြောကြား ခဲ့ပါတယ်။
အဆိုပါ Maxima ကားဟာ ယဉ်မောင်းထိုင်ခုံမှာ လူလိုက်ပါခြင်း မရှိဘဲ မာတင် လူသာကင်း လမ်းမကြီး အတိုင်း တောင်ဘက် သို့ မောင်းနှင်သွားတာကို တွေ့ရတဲ့အခါ ပတ္တရောင်လှည့်ပုလိပ် အရာရှိဟာ လန့်ဖျပ်
သွားခဲ့တယ်လို့ သိရပါတယ်။
ယင်းပုလိပ် အရာရှိဟာ သူ့ရဲ့ ကင်းလှည့်ယာဉ်နဲ့ Maxima ကားရဲ့ နောက်က လိုက်သွားခဲ့တဲ့အခါ Maxima ကားဟာ လမ်းလယ်တုံး ကို ဖြတ်ကျော်ပြီး တစ်ဖက်ယာဉ်ကျောကို ဖြတ်ကာ ဘုရားကျောင်းတစ်ခု
July 29, 2015
" ကြက်ရိုးကျွေးမယ်လာခဲ့လို့ စနောက်ပြီးခေါ်ရာမှ တကယ်ရောက်လာတဲ့ ထမီရင်လျားနဲ့ သရဲမ (ဖြစ်ရပ်မှန်) "
တက္ကသိုလ်ကျောင်းတော်သားဘ၀မှာ ပထမနှစ်မှာတင် အဆောင်သုံးဆောင်ပြောင်းခဲ့ရပါတယ်။ အကြောင်းရင်းကတော့ အဆောင်ရှင်တွေနဲ့ မတည့်လို့ပါပဲ။ ဒုတိယနှစ်အရောက်မှာတော့ အဆောင်နေဖို့မကြိုးစားတော့ပဲ လုံးချင်းအိမ်လေးတလုံးငှားနေဖို့ဆုံးဖြတ်ပြီး အိမ်အရှာထွက်ရင်းက လုံးချင်းတိုက်လေးတလုံးငှားဖြစ်သွားရောဆိုပါတော့။ ငှားဖြစ်သွားတယ်ဆိုပေမယ့် သာမန်ထက်ထူးခြားတာလေးတခုတော့ ကြုံလိုက်ရပါတယ်။ တချို့ တချို့သော အိမ်ရှင်တွေလို ဒီအိမ်က စီးပွားတက်တယ်၊ လာဘ်ကောင်းတယ် အစရှိတဲ့ ကိုယ့်ဘက်ကိုယ်ယက်ပြီး ပြောတတ်ကြတဲ့ အိမ်ရှင်တွေရဲ့ ကိုယ့်အိမ်ကို ချီးမွမ်းထောပနာသံမျိုးမကြားရပဲ " ဒီအိမ်မှာ အစောင့်အရှောက်ရှိတယ်။ မဟုတ်တာ မကောင်းတာ လုပ်တာကိုမပြောနဲ့.. ပေါက်တတ်ကရတွေ ပြောဆိုလို့တောင် မရဘူးနော် " လို့ အိမ်ရှင်အိမ်ငှား စာချုပ်မချုပ်ခင်မှာ အသေအချာ မှာလိုက်ခြင်းပါပဲ။
သူငယ်ချင်းတယောက်ရဲ့ အကိုဖြစ်သူက ဒီအိမ်လေးအကြောင်းကို တစွန်းတစပြောသွားတာလေးကလည်း အားရစရာပါ။ 
" မင်းတို့ခုငှားလိုက်တဲ့ အိမ်က အရင်တုန်းက မိန်းကလေးအဆောင်ကွ၊ တရက်တော့ အဆောင်က ကောင်မလေးတွေ အားလုံး ရုပ်ရှင်သွားကြည့်ကြတယ်။ သူတို့ထဲက တယောက်ကတော့ နေမကောင်းလို့လား ဘာလို့လဲမသိပါဘူး မလိုက်သွားပဲ ကျန်နေခဲ့ရော...။ သူ့သူငယ်ချင်းတွေ အကုန်လုံး အပြင်ထွက်သွားပြီး တော်တော်ကြာတော့ အိမ်ထဲကနေ အော်ဟစ်ပြီး
" လေလည်ရာတွင် အနံ့ မထွက်စေနိုင်တဲ့( အီးနံ့ထိန်း) အ၀တ်အစားတွေကို စတင်ရောင်းချ " ဟီးဟီး..
ညည်းမိုလို့ အေ....ပေါက်ပေါက်ရှာရှာ...သကောင့်သား ဟိုဒင်းကို မရွံမရှာ 
သွားရှူရတယ်လို့ ...ရုပ်လေးက သနားကမားနဲ့ ..ဟွန့်  ...
နေဦး..နေဦး  အောက်မှာကြည့်ကြည့်
လေလည်တာဟာ လူမှုရေးအရ လက်ခံနိုင်ခြင်းမရှိသေးတဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝ တာဝန်တစ်ခုပဲ ဖြစ်ပါတယ်။ လူအပြည့်ရှိနေတဲ့ အခန်းတစ်ခန်းကိုတောင် လေလည် ခြင်းနဲ့ တစ်ယောက်မျှမရှိအောင်ရှင်းထုတ်ပစ်နိုင်ပါ
တယ်။ 
တို့ ကိုပါ တီထွင်လိုက်နိုင်ပါပြီ။ 
ဒီလေလည်ဒဏ်ခံအ၀တ်အစားတွေရဲ့ နောက်ကွယ်က နည်းပညာကတော့ Zorflex တံဆိပ် မွမ်းမံထားတဲ့ ကာဘွန်အတွင်းခံ လိုင်နင်ပဲ ဖြစ်ပါတယ်။ ဒီအထည်သားက ပုန်းလျှိုးကွယ်လျှိုးထွက်လာတဲ့အနံ့ ဆိုးကို ဓာတ်ပြယ်စေပြီး အပြင်ကို ထွက်မသွားအောင် တားဆီးပေးပါတယ်။ 
ဂျင်းနဲ့ ခါးရှုံ့ ဘောင်းဘီတို့ အပြင် မကြာခင်မှာ ရုံးသုံးအ၀တ်အစားတွေပါ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ မန်နေဂျာ
" စက်လှေကားထဲ ညှပ်ပါပြီး အသက်မဆုံးရှုံးရခင်မှာ ကလေးငယ်ကို ရအောင် ကယ်တင်သွားခဲ့တဲ့ အာဂမိခင် "
တရုတ်နိုင်ငံက ရှော့ပင်းမောလ်တစ်ခုမှာ မိခင်ဖြစ်သူဟာ စက်လှေကားထဲ ကျွံကျ ညှပ်ပါပြီး အသက်မဆုံး
ရှုံးရခင်မှာ သူမရဲ့ သားလေးကို ဘေးကင်းရာ တင်ပေး နိုင်လိုက်ပါတယ်။ 
အသက် ၃၀ အရွယ် Xiang Liujuan ဟာ Jingzhou က ကုန်တိုက်တစ်ခုမှာ သားလေးနဲ့ အတူ ဈေးဝယ် ထွက်နေရင်း အခုလို စက်လှေကားထဲ ကျွံကျ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ သားအမိနှစ်ယောက် စက်လှေကား
ပေါ်ရောက်ချိန်မှာ စက်လှေကားထိပ်က ကြမ်းခင်းအဖုံး ပြုတ်ထွက်ပြီး မိခင်ဖြစ်သူဟာ စက်လှေကားထဲ ကျွံကျညှပ်ပါကာ အောက်ထပ်ကို ပြုတ်ကျ သေဆုံးခဲ့တာပါ။ 
စက်လှေကားပြုပြင်ထိန်းသိမ်းရေးအလုပ်သမားတွေဟာ စက်လှေကားထိပ်က ကြမ်းခင်းအဖုံးကို ၀က်အူပြန်လှည့် မပိတ်ခဲ့တာကြောင့် ဖြစ်ပွားခဲ့ရတယ်လို့ လူအများစုက အပြစ်တင်ဝေဖန်နေကြပါတယ်။
သူမ မပြုတ်ကျခင်မှာ ကလေးငယ်ကို မိခင်စိတ်အစွမ်းနဲ့ ကုန်တိုက်ဝန်ထမ်းဆီ ရအောင် ထိုးထည့်သွားနိုင်ခဲ့တာကို တွေ့ မြင်ရမှာပါ။ 
" ချစ်သူရဲ့ စိတ်ကုန်မှုကို မရရှိအောင် ရှောင်ရှားနိုင်မယ်ဆိုရင်......"
ဒီစာလေးကတော့ချစ်သူကိုအမြဲလက်တွဲဖို့ရည်ရွယ်ထားတဲ့သူတွေဖတ်ဖို့ရေးလိုက်တာပါ။ ချစ်သူတွေဖြစ်
လာပြီးဆိုရင်အချင်းချင်းပဋိပက္ခဖြစ်လို့စိတ်ညစ်ရတာတွေတော့ရှိကောင်းရှိမှာပါ။   ဒါပေမယ့်သင့်ကြောင့် 
လွန်ကြူးတဲ့စိတ်ညစ်စရာတွေ များလာရင်တော့ သင့်ရဲ့ချစ်သူက သင့်ကိုစိတ်ကုန်တဲ့ အဆင့်ရောက်လာပါ
လိမ့်မယ်။  စိတ်ကုန်တာတွေ စုလာရင်တော့ သင့်ကိုစိတ်ထဲက ပါထုက်လိုက်ပါလိမ့်မယ်။ ဒါကြောင့်ချစ်သူ
ရဲ့စိတ်ကုန်ခြင်း မခံရလေအောင်၊ ချစ်သူကို စိတ်မညစ်စေရအောင် အတက်နိုင်ဆုံး ဂရုစိုက်သင့်ပါတယ်
အလွန်အမင်းသ၀န်တိုခြင်းကိုရှောင်ကြဉ်ပါ။
တကယ်တော့သ၀န်တိုတယ်ဆိုတာကအချစ်ကြီးလို့ဖြစ်လာရတဲ့ခံစားမှုမျိုးပါ။သင့်တင့်မျှတသော
သ၀န်တို
ခြင်းကတော့ သင့်ချစ်သူသင့်ကို ပိုချစ်အောင် စွမ်းဆောင်ပေးနိုင်ပေမဲ့၊ သူ့ရဲ့ သိက္ခာနဲ့အရှက်ပါထိခိုက်စေ
" ပေါင်းသင်းအပ်တဲ့ သူငယ်ချင်း (၈)မျိုးဆိုတာ ဘယ်လိုသူငယ်ချင်းမျိုးပါလဲ "
(၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း
သူတို့က သင့်ကောင်းကွက်ေ
တွ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်းဖြစ်တယ်။
(၂) ဖေးမကူညီတဲ့သူငယ
်ချင်း
သင့်ကို ဆုံးမလမ်းညွှန်ပြ
ီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့ သူငယ်ချင်း... ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့ အချင်းချင်းကူညီအားပေးတဲ့သူဖြစ် တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊
July 28, 2015
" မန္တလေးမြို့ မှ မော်တော်ကား မောင်းသောမိတ်ဆွေများသို့ သတိပေးအပ်ပါသည် "
၂၆ B လမ်းအတိုင်း အရှေ့ မှအနောက်သို့မောင်းလာလျှင် ၇၈လမ်း ဒေါင့် မီးပွိုင့်၌ မျဉ်းဝါမြောက်
ခြမ်း Free Way ပေးထားပါသည် (ဆိုင်ကယ် နှင့်စက်ဘီးသွားရန် )အတွက်သာဖြစ်ပါသည်။ 
မသိသောယာဉ်မောင်းများသည် ကားအတွက် ပေးထားသည် ထင်ပြီးမောင်းနှင်နေကြပါသည်။
စည်ပင် မှ C CTV တပ်ပြီးစတင်ဖမ်းနေပါပြီ။    ဒါဏ်ငွေများလွန်း၍ စေတနာဖြင့်သတိပေးလိုက်
" ချစ်သူတွေ ချိန်းတွေ့ချင်ရင်.. လူစည်ကားရာနေရာတွေမှာ ချိန်းတွေ့ကြပါ" (အန္တရယ်က မဖိတ်ခေါ်ပဲ လာတတ်လို့ ဖတ်ကြည့်ကြပါ)
(ချစ်သူတွေချိန်းတွေ့ကြမယ်ဆိုရင် စားသောက်ဆိုင်... လူများသော ပန်းခြံ...  စုံတွဲတွေ များသော ပန်းခြံ..တွေမှာ ချိန်းတွေ
့ကြတာ ပိုကောင်းပါတယ်.... အနမ်းမိုးတွေ တိတ်တခိုးရွာချင်တော့ ကိုယ်နေတဲ့အိမ်မှာ ချိန်းတွေ့ကြပေါ့...လူကြီးမိဘတွေ
ကို လည်း ကိုယ့်ချစ်သူဆိုတာကို တခါတည်းမိတ်ဆက်ပေးထားကြပေါ့...အိမ်ခန်းထဲမှာ ဖြောင့်ဖြောင့် ချိန်းတွေ့နိုင်တာပေါ့
....မိဘကိုကြောက်ရင် သူငယ်ချင်းအိမ်မှာ ချိန်းကြပေါ့....လူဆိတ်တဲ့ နေရာတွေမှာ အချိန်မတော် ချိန်းတွေ့ကြမယ်ဆိုရင်
 အခုလိုခေတ်အခါကြီးမှာ အသက်အန္တရာယ်သာမက အမျိုးမျိုး ဘေးဒုက္ခတွေ့ကြုံနိုင်ပါတယ်........အောက်ကသတင်း
လေးကို တချက်ဖတ်ကြည့်ပါ...)
အင်းစိန်မြို့နယ် အောင်ဇေယျတံတားပေါ်တွင် စုံတွဲတစ်တွဲကို ဓားထောက်ခြိမ်းခြောက် လုယက်ပြီး မိန်းကလေးအား အဓမ္မပြုကျင့်မှု ဖြစ်ပွားကာ ယင်းအမှုကို စုံစမ်းဖော်ထုတ်နေသည့် ရဲတပ်ကြပ်တစ်ဦး ဓားဖြင့် ခုတ်သတ်ခံရ
အင်းစိန်မြို့နယ် အောင်ဇေယျတံတားပေါ်၌ စကားပြောနေကြသည့် စုံတွဲတစ်တွဲအား အမျိုးသားတစ်ဦးက ဓားထောက်ခြိမ်းခြောက် လုယက်ကာ မိန်းကလေးဖြစ်သူအား သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းက သတင်းရရှိသည်။
ယင်းသို့ ဓားထောက်ခြိမ်းခြောက်ပြီး သားမယား ပြုကျင့်ခဲ့သည့်ဖြစ်စဉ်မှာ ဇူလိုင် ၂၅ ရက် ည ၉ နာရီခန့်တွင် အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်နေ အထည်ချုပ်စက်ရုံ တစ်ရုံတွင်လုပ်သည့် ကို....... (၂၀) နှစ် သည် ၎င်း၏ ချစ်သူဖြစ်သော မ.......(၂၀)နှစ် နှင့်အတူ ယင်းမြို့နယ် အောင်ဇေယျကြိုးတံတားပေါ်၌ စကားပြောနေ
" တကယ်ချစ်တဲ့ ယောကျာ်းလေး ဆိုတာ----------"
အနာဂတ် အစီအစဉ်တခုခု သင့်အတွက် ကြိုးစားနေပါလိမ့်မယ်သဘောထားချင်းမတိုက်ဆိုင်တဲ့ကိစ္စတွေ ရှိနေခဲ့ရင်လည်း အတတ်နိုင်ဆုံး သင့်ဆန္ဒကို လိုက်လျောပေးတတ်တယ်အပိုငွေကုန်ပေါက်တွေ အပျော်အတွက် ငွေကြေးသုံးစွဲတာတွေ လျော့ပြီး သင့်အတွက် လိုအပ်တာလေးတွေ ဖြည့်စည်းပေးဖို့ အသုံးချတတ်ပါတယ်သုံးနေကျ Password ဖွင့်ပြောပြတာမျိုး ရှိပါလိမ့်မယ်လျှိဝှက်ချက် ဆိုတာ သူနဲ့သင့်ကြားမထားတတ်တော့ပါဘူးဘာပဲလုပ်လုပ် သင့်ဆီက ခွင့်တောင်းတတ်ပါတယ်တချို့ကိစ္စတွေအတွက် အကြံဥာဏ်တောင်းတတ်တယ်သင်နှစ်သက်တဲ့ အစားအသောက် (ဒါမှမဟုတ်) သင်နှစ်သက်တဲ့ ပစ္စည်းတခုခု လမ်းကြုံတွေ့တဲ့အခါ ဝယ်လာပေးတတ်တယ်သင် အပြုအမူတိုင်းဟာသူ့အတွက် ချစ်ဖို့ကောင်းနေပါလိမ့်မယ်စိတ်ဆိုးတဲ့အခါ ပြဿနာကို ပြေလည်အောင်ပြောပြတတ်တယ် ။ သင်မှားနေရင်တောင် တခါတလေ သူ့ဘက်က မာနကို လျော့ချထားတတ်ပါတယ်သင် မနှစ်သက်တဲ့အခါတွေ ဆို အတတ်နိုင်ဆုံးရှောင်ရှားတယ် ။ တချို့ ကိစ္စတွေ ဆို သင့်ကြောင့် ငြင်းဆန်ပစ်လိုက်တဲ့အထိ ရှိနေတတ်တယ်အတူရှိနေချိန် တိုင်း သင့်လက်ဖဝါးလေးကို ဆုပ်ကိုင်ထားတတ်တယ် ။သင်က သူ့ကို
" လိမ္မော်ခွံလေး အသုံးဝင်ပုံကိုတော့ မယုံမရှိနှင့် မောင်ရေ.... ဂယ်ပြောတာ"
လိမ္မော်သီးစားပြီးတဲ့အခါ အခွံတွေကိုစွန့် မပစ်သင့်ပါဘူး။
သူ့ ရဲ့ဘက်စုံအသုံးဝင်ပုံက အောက်ပါအတိုင်း အံ့မခန်းပါဘဲ။
< လိမ္မော်ခွံ နဲ့  ကျန်းမာရေး >
(၁) အခွံအောက်လိမ္မော
်သီးတွင် ကပ်နေသော ဖော့သားအဖြူရောင်မှာ bioflavonoids
နှင့် Pectin ဓာတ်တို့ ပါရှိနေကြပါတယ်
။ ထိုဓာတ်များက သက်စောင့်ဆေးအဖြစ်
ကင်ဆာရောဂါ တို့ ကို တိုက်ဖျက်ပေးနိ
ုင်သော အစွမ်းသတ္တိရှိ၍၊
အစာမျိုပြွန်၊ ခံတွင်း၊ အရေပြား၊ အဆုပ်၊ ရင်သား၊ အစာအိမ် နှင့် အူမကြီး
ကင်ဆာတို့ ကို တိုက်ထုတ်ပေးနိ
ုင်ပါတယ်။
(၂) လိမ္မော်သီးအခွံက
ို နေ့စဉ်နဲနဲစီစားသုံးပေးခြင်းဖြင့်
သွေးထဲရှိမကောင်
းသော ကိုလက်စထရောလ်(Low Density Lipoprotein-LDL) ပမာဏကို၃၃ ရာခိုင်နှုန်း လျော့နည်းစေကြောင်း အမေရိကန် စိုက်ပျိုးရေးဌာန၏အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားပါတယ်။
(၃) အစာမကျေ၊ လေနာ၊ လေချုပ်၊ နှင့် 
ခန္ဓာကိုယ်ရှိ အဆိပ်များကိုဖယ်ရှားစေရန်အတွက် လိမ္မော်သီးကို မခွံမနွှာဘဲ လေးစိပ်ခွဲ၍အရက်နှင့်စိမ်ပြီး နည်းနည်းချင်း သောက်ပေးသင့်ပါတယ်။
(၄) လိမ္မော်သီးအခွံေ
ခြာက် ၂ ဂရမ်ခန့် ကို
 ရေ သုံးခွက်တစ်ခွက်တင်ကြို၍ သောက်သုံးပေးခြင်းဖြင့် နှလုံးရောဂါ အမျိုးမျိုးတို့ ကို သက်သာစေပါတယ်။
(၅) ဝမ်းလျှော ဝမ်းပျက်သူများဟ
ာ လိမ္မော်ခွံအမှုန့်နှင့်
စပျစ်စေ့အမှုန့်က
ိုဆတူရော၍ တနေ့သုံးကြိမ် လက်ဘက်ရည်ဇွန်း တစ်ဇွန်းသောက်ပေးခြင်းဖြင့်
" တစ်ပတ် အတွင်း သင့်အသားရည် အံ့သြလောက်အောင် ဖြူဖွေးလာတာကို လက်တွေ့ သိမြင် ခံစားချင်ရင်တော့ "
တစ်ပတ် အတွင်း သင့်အသားရည် အံ့သြလောက်အောင် ဖြူဖွေးလာတာကို လက်တွေ့ သိမြင် ခံစားချင်ရင်တော့ EE gluta ကိုသာ သောက်ကြည့် လိုက်ပါ...၁ ဘူး ၂၀၀၀၀ ကျပ်....ဖုန်း 0973037797 & 095160176 သို့ viber or Chat box ကနေ မှာယူ နိုင်ပါတယ် ..
ထိုင်းမင်းသမိး များ နဲ့ မြန်မာ Model များ လက်စွဲ ဖြစ်ကြတဲ့ ee cream company က ထုတ်လုပ်လိုက် တဲ့ အသားဖြူ ဆေး အသစ် ဖြစ်ပါတယ်နော်...
FDA approved ဖြစ်ပြီးသား မို့ စိတ်ချ ယုံကြည်စွာ သောက်သုံး နိုင်ပါပြီ....၀က်ခြံ ပေါက်ခြင်း များ ကို သိသိသာသာ လျော့ကျ စေပြီး မျက်နှာအဆီ ပြန် တာများကို ပါ သက်သာစေ ပါတယ်...
အမဲကွက် အသားမညီညာတာတွေ အမာရွတ် ဟောင်းများကိုပါ မှေးမှိန်စေ ပါတယ်..
" ဆူရှီ စားပုံစားနည်း "
ဆူရှီကို အနောက်တိုင်းအစားအစာ ဆန်းဝှစ်ရှ်လိုမျိုး သဘောထားနိုင်ပါတယ်။ သယ်ယူလို့
လွယ်ကူတယ်၊ အလွယ်တကူ စားသုံးနိုင်တယ်၊ အဓိကအစားအစာအနေနဲ့ စားသုံးနိုင်သလို
အမျိုးအစားစုံလည်း ရနိုင်ပါတယ်။
သင်က ခုမှ ဆူရှီကို စားပြီးမြည်းစမ်း ကြည့်သူဆိုရင် (သို့) ဆူရှီစားပုံစားနည်းတွေနဲ့
သိပ်ပြီးအကျွမ်းတ၀င် မရှိသေးဘူးဆိုရင် အောက်မှာဖော်ပြပေးတဲ့ ဆူရှီစားသုံးနည်းလေးကို
ဖတ်ကြည့်လိုက်ပါ။
နောက်တစ်ခါ ဆူရှီသွားစားဖြစ်တဲ့အခါ ခုနည်းလမ်းလေးတွေကို ပျော်ပျော်ကြီး အသုံးချလိုက်ပေါ့။
July 27, 2015
"ကျုပ်ကားထဲမှာ အဲဒါကို ကျုပ်မိန်းမ တွေ့ကတည်းကပဲဗျာ" ( ဟာသ )
လုပ်ငန်းခွင်ထဲမှာ အမျိုးသားတစ်ဦးဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် အမျိုးသားတစ်ဦး နားကပ်တစ်ဖက်
ဝတ်ထားတာကို သတိထားမိလိုက်ပါတယ်။
သူငယ်ချင်းဖြစ်သူဟာ ဖက်ရှင်နဲ့ ပတ်သက်ပြီး အထူးအဆန်းတွေလုပ်တာ စိတ်မ၀င်စားတတ်သူမို့
ခုလို ရုတ်တရက် ပြောင်းလဲလာတဲ့ အပြင်အဆင်ကိုကြည့်ပြီး စိတ်ဝင်စားသွားပါတော့တယ်။
အမျိုးသား ၁ - "ခင်ဗျား နားကပ်ဝတ်ရတာ ကြိုက်မှန်း ကျွန်တော် မထင်မိဘူးဗျာ"
အမျိုးသား ၂ (ရှက်ကိုးရှက်ကန်း အမူအရာနဲ့) - "နားကပ်လေး တစ်ဖက် ၀တ်ထားတာကို
ထူးထူးဆန်းဆန်းတွေ တွေးမနေပါနဲ့ဗျာ"
" ဆိုင်ကယ်မင်းသားဖြစ်သွားတဲ့ ဆိတ် "
ဆိတ်လည်း ဆိုင်ကယ်မင်းသားလုပ်ပါတယ်။ ဆိုင်ကယ်ဦးထုပ်ကို ခပ်မိုက်မိုက်ဆောင်း ကာ ဆိုင်ကယ်လက်ကိုင်ကိုကိုင် ပေါင်ကားရားခွထားရင်ပေါ့....
  အီရန်နိုင်ငံ အနောက် မြောက်ပိုင်း ကွက်ဇင်မြို့ရဲ့ကားလမ်းမပေါ်မှာ ရုပ်ပြောင် ဆိုင်ကယ်တစ်စီးရဲ့ ဗီဒွီယိုဖိုင် ရိုက်ကွက်လေးတစ်ကွက်ပါ။ အီရန်အမျိုးသားနှစ်ဦးနဲ့ ဆိတ်နှစ်ကောင် ဆိုင်ကယ်တစ် စီးပေါ်မှာ စီးလာတာက တကယ့်ကို ကို့ရိုးကားယားနိုင်ပါတယ်။ အဲ့ဒီ အမျိုးသားနှစ်ဦးက လယ်သမားတွေဖြစ်ကောင်းဖြစ်တန်ပါလိမ့်မယ်။
ဆိတ်တစ်ကောင်ကို အရှေ့ဘက် လက်ကိုင်မှာထားကာ အန္တရာယ်ကင်းအောင် ဆိုင်ကယ်စီးဦးထုပ်ကို ဆောင်းထားပေးပါသေးတယ်။ နောက်က တစ်ကောင်ကိုတော့ အမျိုးသားနှစ်ယောက်အလယ်ကြားမှာ ညှပ်ပြီးထည့်ထားပါတယ်။ သူတို့ဘေးက နေဖြတ်မောင်းသွားတဲ့
" စင်္ကာပူကို အလည်အပတ်သွားရောက်မည့် ( ၃ညအိပ်၊ ၄ ရက်) ခရီးစဉ်ကို စိတ်ဝင်စားမယ် ဆိုရင်လေ"
သြဂုတ်လအတွက် စင်္ကာပူခရီးစဉ်လေးကို ထပ်မံစီစဉ်လိုက်ပါပြီရှင်..
- ခေတ်မှီတိုက်တာအ
ဆောက်အဦးများနျှင့် သပ်ရပ်လှပသောမြို့ပြအလှ
- Disney Land ကစားကွင်းတွင် ပျော်ပျော်ပါးပါ
းကစားနိုင်မည့်အပြင်
- Vivo City, Orchard Road နှင့် Bugis တို့တွင်ဈေးဝယ်
နိုင်မည့် ခရီးစဉ် ဖြစ်ပါသည်။
ခရီးစဉ်ဈေးနှုန်
---------------
--
လူကြီးတစ်ဦးလျှ
င် US$ 680
ကလေး (အသက် ၂ နှစ်နှင့် ၁၁ နှစ်ကြား) US$ 580
ကလေး (အသက် ၂ နှစ်အောက်) US$ 300
အသေးစိတ်သိရှိလိုပါက
---------------
--------------
" ချစ်သူကောင်မလေးကို အဝှါပြုရင်း စိတ်မထိန်းနိုင်ပဲ ကိုက်ခဲ့တဲ့ အတွက် အဖမ်းခံရတဲ့ ကို မောင်မောင်ဘူး "
အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ချစ်သူ ကောင်မလေးကို ချစ်တင်းနှီးနှောရင်း ကိုက် ခဲ့တဲ့အတွက် အကြမ်းဖက်မှု နဲ့ အဖမ်းခံထားရပါတယ်။
အသက် ၂၄ နှစ်အရွယ် Samuel Price ဆိုသူဟာ သူ့ရဲ့ အသက် ၂၀ အရွယ် ချစ်သူကောင်မလေး Elizabeth Sandlin နဲ့ ချစ်တင်းနှီးနှောနေစဉ်မှာပဲ လက်လွန် ကာ အကြမ်းဖက်မှု အသွင်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။
သူတို့ စုံတွဲဟာ ချစ်သူများနေ့မှာ စာတိုတွေ အပြန်အလှန်ပေးပို့ခဲ့ပြီးနောက်မှာမှ အတူတူ အိပ်စက်ခဲ့ကြတာဖြစ်တယ်လို့ ဆိုထားကြပါတယ်။
မြောက် ဝေလ ပြည်နယ် ၊ Mold မြို့မှာရှိတဲ့ Magistrates တရားရုံးမှာ ထွက်ဆိုကြားနာခဲ့ရတာကတော့ Sandlin ဟာ Price က သူမကို လည်ပင်းကို ကိုက်ပြီး ဆံပင်ကို ဆွဲခဲ့တဲ့အတွက် သူမငိုခဲ့ရတယ်လို့ ထွက်ဆိုခဲ့ပါတယ်။
အဲဒီအချိန်မှာ အရက်မူးနေတဲ့ Price က သူမကို အိပ်ယာ ထဲ ပြန်လာဖို့ ခေါ်ခဲ့ပြီး အဲဒီတစ်ကြိမ်မှာတော့ သူမရဲ့
" ကိုယ်ချစ်ရသူနဲ့ ပွေ့ဖက် ပူးကပ်အိပ်သင့်တဲ့ အကြောင်းအရင်း (၅) ချက် "
ပွေ့ဖက်အိပ်ခြင်းဖြင့် သင်နဲ့သင့်ချစ်သူကြား ခန္ဓာကိုယ် အပြည့်အဝထိစပ်စေလို့ သင့်ကျန်းမာရေးအတွက် ထိရောက်တဲ့ အကျိုးကျေးဇူးကို ရရှိစေတဲ့အပြင် နှစ်ကိုယ်ကြား ဆက်နွယ်မှု တိုးမြင့်စေဖို့လည်း အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။
ဖြစ်နိုင်သမျှ ပူးကပ်ပြီး ပိုအိပ်သင့်ပါတယ်။ ဒါပေမယ့် မကြာသေးမီက လေ့လာတွေ့ရှိချက်တွေအရ အမေရိကန်နိုင်ငံသား လေးပုံတစ်ပုံနီးပါးဟာ ခွာအိပ်နေကြတုန်းဖြစ်တယ်လို့ ဆိုပါတယ်။ ကဲ ပွေ့ဖက်အိပ်ခြင်းကနေ ရရှိလာတဲ့ အကျိုးကျေးဇူးတွေကတော့
၁။ ပွေ့ဖက်တာ စိတ်ပျော်ရွှင်မှုဖြစ်စေ
တို့တွေ အားလုံးဟာ အတူနေလိုက်ပြီးချိန် နာက်ပိုင်း ပွေ့ဖက်မနေကြတော့ဘူး။ ဒါပေမယ့် အဲဒီလို မဖြစ်သင့်ပါဘူး။ ပွေ့ဖက်ခြင်းကြောင့် သွေးတိုးကျစေပါတယ်။ ပွေ့ဖက်အိပ်တာဟာ အချိန်ကြာကြာနဲ့
July 26, 2015
" နာကျင်ကိုက်ခဲတာတွေ သက်သာနိုင်တဲ့ မီးဖိုချောင်သုံးပစ္စည်းများ "
ဗိုက်နာ၊ ဗိုက်အောင့်၊ သွားနာ၊ ခါးနာ၊ အဆစ်အမြစ်နာစတဲ့ ကိုက်ခဲနာကျင်မှုတွေကို လူတိုင်းလိုလို ခံစားဖူးကြပြီး အိမ်မီးဖိုချောင်ထဲက ဘယ်ပစ္စည်းတွေက ဆေးဖက်ဝင်နေလဲဆိုတာ သိထားရအောင် မျှဝေချင်ပါတယ်။သွားနာ၊ သွားကိုက်ပြီဆိုရင် လေးညှင်းပွင့်ကအကောင်းဆုံးပါ ပဲ။ လေးညှင်းပွင့်ကို ၀ါးစားတာ ဖြစ်ဖြစ်၊ သွားကို တို့ပေးတာပဲဖြစ် ဖြစ် ပြုလုပ်ပေးရင် သွားနာသွားကိုက်တင်မက သွားဖုံးရောင်တာပါ သက်သာစေပါတယ်။ ဒူး၊ ပခုံး၊တင်ပဆုံ အဆစ်အမြစ်နာကျင် တာတွေကိုတော့ နနွင်းက ကုပေးနိုင်ပါတယ်။ နနွင်းမှုန့်လက်ဖက်ရည် ဇွန်းတစ်ဇွန်းကို ပျားရည်အနည်းငယ်၊ နွားနို့တစ်ဖန်ခွက်နဲ့ရောပြီး တစ်နေ့နှစ်ကြိမ်သောက် ရင် သက်သာစေပါတယ်။
  နားကိုက်ပြီဆိုရင်လည်း သံလွင်ဆီကို ကြက်သီးနွေး အပူပေးပြီး နားထဲခတ်ပေးနိုင်သလို ခေါင်းကိုက်တာကိုလည်း  ပက်ပါမင့်ဆီနဲ့ နားထင်ကိုလိမ်းပြီး နှိပ်နယ်ကာ ပူရှိန်းလက်ဖက်ရည်ကြမ်းကို ပျားရည်လေးခတ်ပြီး သောက်နိုင်ပါတယ်။
အမျိုးသမီးတွေ ရာသီလာ စဉ်နာကျင်ကိုက်ခဲရင်လည်း စမုန်နက်စေ့ လက်ဖက်ရည်တစ်ဇွန်းစာကို ရေနွေးဆူဆူထဲမှာ ငါးမိနစ် လောက်စိမ်ထားပြီး အရည်စစ်ကာ ပျားရည်နည်းနည်းထည့်ပြီး သောက်နိုင်ပါတယ်။ ဒါမှမဟုတ်  စမုန်နက်စေ့လှော်ကို ၀ါးစားရင်လည်း သက်သာတယ်လို့ ဆိုပါတယ်။ ကြွက်သားတွေ နာကျင်တာအတွက်ကတော့ ချင်းက ကူညီပေးနိုင်ပါတယ်။ ရောင်ရမ်းတာတွေ သက်သာစေသလို သွေးလည်ပတ်မှုလည်း ကောင်းစေပါတယ်။
" အင်တာနက်ပေါ်တွင် ပေါ်ပြူလာအဖြစ်ဆုံး ဖြစ်သည့် အလှသခင် နတ်မိမယ် "
အင်တာနက်ပေါ်တွင် ပေါ်ပြူလာ အဖြစ်ဆုံး လိင်ပြောင်းလဲထားသည့် ကျားမိန်းကလေးကတော့ အသက် ၂၆ နှစ် အရွယ်ရှိ ထိုင်းနိုင်ငံမှ Treechada Petcharat ဖြစ်ပါတယ်လို့ Digitalone ဆိုဒ် မှာ ဖော်ပြ ထားပါ တယ်။ အဆိုပါ မော်ဒယ် သရုပ်ဆောင်လေးဟာ ဓာတ်ပုံတွေ တင်ကြတဲ့ ၀က်ဆိုဒ် Instagram မှာ အဖွဲ့ဝင် သုံးသိန်း၈သောင်း ရှိပါတယ်။
သူမဟာ တီဗွီအစီအစဉ် တင်ဆက်သူ တစ်ဦးလည်း ဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ Miss Tiffany နဲ့ Miss International Queen ဆုတို့ကို လည်း ရရှိခဲ့ပါတယ်။
သူမရဲ့ တရားဝင် Facebook စာမျက်နှာ မှာတော့ Like  ၇ထောင်ကျော် ရှိပြီး ဓာတ်ပုံဆိုဒ်မှာတော့ သူမရဲ့ ပရိသတ်များဟာ သူမရဲ့ ပို့စ်များနဲ့ ပုံများကို အရမ်းအားပေးကြပါသတဲ့။ ပို့စ်တိုင်းမှာ ထောင်ကျော် like များ ရှိပြီး မှတ်ချက်ပြုတာကလည်း ရာကျော် အမြဲရှိနေပါတယ်လို့ ဆိုပါတယ်။
"အိမ်မှာ ခြင်တွေသောင်းကျန်းနေရင် အလွန်လွယ်ကူတဲ့ ခြင်နှိမ်နင်းရေး နည်းလမ်းလေး ရှိပါတယ် "
အိမ်တွေမှာ ခြင်တွေ ထွက်လာတာသတိထားမိရဲ့လား...။သင်နှင့် ကလေးငယ်တွေ ခြင်ကိုက်မခံရအောင် အိမ်တွင်းဖြစ် ခြင်ဖမ်းကိရိယာလေး အကြောင်း M-Media Knowledge ကဏ္ဍ ကပြောပြချင်သည်။
အိမ်တွင် အလွယ်တကူပြုလုပ်နိုင်သည့်ခြင်ဖမ်းကိရိယာအတွက်- 
လိုအပ်သောပစ္စည်းများ
(၁) ရေတဖန်ခွက်
(၂) သကြားညို ရေဖန်ခွက်ဖြင့်လေးပုံတစ်ပုံ
(၃) တဆေး (yeast) ပွဆေး  တစ်ဂရမ် (တစေး =အချဉ်ဖောက်ရာ၌ သုံးသည့်ပစ္စည်း)  
(၄) ၂ လီတာဝင်ရေဗူးတစ်ဗူး
" မလုံ့တလုံ ဝတ်စားပြီး ဓာတ်ပုံရိုက်တဲ့ လေယာဉ်မယ်ကို အလုပ်မှ ထုတ်ပယ် "
ခန္ဓာကိုယ် အသားပေး ဓာတ်ပုံများ နှင့် သီချင်း ဗီဒီယိုအား ရိုက်ကူးခဲ့သူ တူ ရကီ လေယာဉ်မယ်အား လေကြောင်း လိုင်းပိုင်ရှင် က အလုပ်မှ ထုတ်ပယ်ခဲ့ ကြောင်း သိရ သည်။
အီတလီ မဂ္ဂဇင်း၏ ဂေါ့သစ်စတိုင် ဓာတ်ပုံ ဖန်တီးမှုတွင် အသက် ၃၁ နှစ် အရွယ် Zuhal Sengul သည် ခန္ဓာ ကိုယ်အလှ ပေါ်လွင်သော မလုံ့တလုံ ဓာတ်ပုံများ ရိုက်ကူး သည့် အတွက် အဆို ပါ တူရကီ လေကြောင်းလိုင်း မှ ထုတ် ပယ်ခဲ့ခြင်း ဖြစ်သည်။
 လေယာဉ်မယ် များအား ရိုးရှင်း သော သွင်ပြင် ပုံစံကိုသာ လက်ခံအား ပေးသည့် အနေဖြင့် အဆိုပါ လေယာဉ် မယ်အား အလုပ် မှ ထုတ်ပယ်ခဲ့ခြင်း ဖြစ် သည်။
”ရိုးရိုးရှင်းရှင်း မိတ်ကပ်အပြင် အဆင်၊ သန့်ရှင်း သပ်ရပ်တဲ့ ပုံစံကသာ ဝန်ဆောင်မှု ကဏ္ဍက ဝန်ထမ်းတွေနဲ့ ပိုမို သင့်တော်ပါတယ်” ဟု အဆို ပါလေ ကြောင်းလိုင်း ၏ ကြေညာချက်တွင် ရေးသား ဖော်ပြထားသည်။
မစ္စ Zuhal အား အလုပ် ထုတ်ပယ် ခြင်းသည် တူရကီနိုင်ငံ၏ ရိုးရာ ဝတ်စုံ တန်ဖိုးထားမှု အပေါ် လုပ်ဆောင်ရာ၌ တွန်းအား သဖွယ် ဖြစ်လာနိုင်ကြောင်း နှင့် တူရကီနိုင်ငံ သည် ပိုမိုရှေးရိုး စွဲပြီး ဘာသာတရား
" လမ်းခွဲထားသော မိန်းကလေးနဲ့ သူ့ချစ်သူဟောင်း တို့ အမှတ်မထင် ပြန်တွေ့ဆုံတဲ့အခါ ....."
နောက်တွေ့ကြတာပေါ့....ဘိုင်ဘိုင် စီးယူ... တိတ်ကဲပါ...
-------------
ကောင်မလေး - နင့် ချစ်သူ အသစ်က ချောလား ဟင် ( သူင့ါထက် လှမှာပါလေ )
ကောင်ကလေး - အင်း ဒါပေါ့... ( သဲသာ မောင့်အတွက် အလှဆုံးပါ )
--------
--------
ကောင်မလေး - သူက ရယ်စရာတွေပြောပြ
ီး ကြည်နူးနေတတ်တယ်ဆို.. ( သဲ မလုပ်နိုင်ခဲ့တဲ့ ဟာတွေပေါ့ )
ကောင်လေး - အင်း ဒါပေါ့.. ( မေသာ မောင့်ကို ပျော်ရွှင်စေတာပါ
)
----------
---------
ကောင်မလေး - နင်တို့နှစ်ယောက
် ထာဝရ လက်တွဲနိုင်ပါစေနော် ( သဲနဲ့ မောင် မတည်ဆောက်နိုင်ခဲ့တဲ့
Subscribe
လာလည်သူများ
free counters