သက်သက်မဲ့ ရစ်နေရင်တောင် သူ့အမှားလား ဆိုပြီး ကိုယ့်ကိုယ်ကို ဆန်းစစ်နေတတ်တယ်အတိတ်က သင် ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ သူ အလေးထားတာ သင်နဲ့သူ့ရဲ့ မနက်ဖြန်ပါအပေါင်းအသင်းတွေရှေ့မှာလည်း သင့်ကိုဘယ်လောက်ချစ်တဲ့အကြောင်းကို ကြွားစရာတခုလိုပြောပြနေတတ်တယ်သူ့ ဖုန်း Wallpaper မှာ သင့်Photo လေးထည့်ထားတတ်တယ်သူပေးထားတဲ့ ချစ်စနိုးနာမည်ပြောင်လေး သင့်ကို ခဏခဏခေါ်နေတတ်တယ်ကြိုက်သလောက်စားပါ ။ တက်လာတဲ့ ကိုယ်အလေးချိန်က်ု သူအပြစ်မရှာတတ်ပါဒေါသထွက်ရင်တောင်မှ သင့်အပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်တာမျိုးမရှိဘူးသူရဲ့ မိန်းကလေးမိတ်ဆွေတွေအကြောင်းလည်း သင့်ကို ပြောပြထားတတ်ပါတယ်သင် တောင်းတဲ့ ကတိကို အတတ်နိုင်ဆုံးပေးတတ်တယ် ။ တည်အောင်လည်း လိုက်နာတယ်သင် အောင်မြင်မှု ကံကောင်းမှုတွေကြုံတဲ့အခါ သူက သင့်ထက် ပျော်နေတတ်ပါတယ်သင်က သဝန်တိုတဲ့အခါ နားလည်အောင် စိတ်ရှည်ရှည်နဲ့ရှင်းပြတတ်တယ် ။သင့်မွေးနေ့ကို သူမမေ့ဘူး ။ အမှတ်တရနေ့တွေကို သူမမေ့ဘူးသင့် ခံစားချက်ကို သူများထက်ပိုပြီးနားလည်တယ်Facebook မှာ သူတင်သမျှ ဟာ သင့်ကိုဘယ်လောက်ထိ ချစ်တဲ့အကြောင်းတွေချည်းအတူစကားပြောနေရင်းမှ ရုတ်ချည်း အခြေအနေပြောင်းသွားတဲ့အခါ(သင်က စိတ်ဆိုးတဲ့အခါ)ဟာသလေးတွေနဲ့ အခြေအနေပြောင်းလဲပစ်တတ်ပါတယ်မေးစရာမလိုပါဘူး။ ဒီနေ့ဘယ်သွားမယ်… ဘယ်မှာ ရှိမယ်… ဘာတွေ လုပ်မယ်ဆိုတာ သင့်ကိုအမြဲ အစီရင်ခံနေမှာပါသင့်ကို သူ့ကြောင့် မျက်ရည်မကျစေပါဘူး ။အခမ်းနားဆုံးမဖြစ်နိုင်ရင်တောင်အကောင်းဆုံးတော့သင့်အတွက် ကြိုးစား ဖန်တီးပေးနေပါလိမ့်မယ်သူ့ဘဝ ရဲ့ ပျော်စေတဲ့ကိစ္စ ရှိလာခဲ့ရင် ဦးဆုံးသတိရမိသူဟာ သင်ပါပဲယုံကြည်ချက် … နားလည်မှု …သစ္စာ တရား ဒါတွေဟာ သင့်မတောင်းလည်းသူ့ဆီက အလိုလိုရမယ့် ချစ်ခြင်းမေတ္တာ တခုပါ…ဒီလို အချက်တော်တော်များများနဲ့ကိုယ်ညီတဲ့ချစ်သူယောကျာ်းလေးမျိုးပိုင်ဆိုင်ထားတယ် မဟုတ်လားသင်ဟာ . . .တကယ်ကံကောင်းတဲ့မိန်းကလေးပါပဲ … …
Credit : လက်တွဲဖော်ဆိုသည်မှာ
No comments:
Post a Comment