♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 1, 2015

" တူရကီနိုင်ငံမှာ Titanic Beach Resort Hotel တိုက်တန်းနစ် သင်္ဘောပုံစံ ဖိုက်စတား ဟိုတယ် ဖွင့်လှစ် "


 
တိုက်တန်းနစ် သင်္ဘော ပုံစံ တည်ဆောက်ထားတဲ့ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ကို တူရကီနိုင်ငံမှာ ဖွင့်လှစ်လိုက်ပါပြီ။ သူကတော့ ရေပြင်ပေါ် သွားတဲ့ သင်္ဘောတော့ မဟုတ်ပါဘူး။ ကမ်းခြေမှာ တည်ဆောက်ထားတဲ့ သင်္ဘောပုံစံ ဟိုတယ်တစ်ခုသာ ဖြစ်ပါတယ်။



အခန်းပေါင်း ၅၅၀ ပါဝင်ပြီး ယနေ့ခေတ် ဗိသုကာ ပညာနဲ့ ၁၉၁၂ က နှစ်မြှုပ်ခဲ့တဲ့ တိုက်တန်းနစ် သင်္ဘောရဲ့ အသွင်ပုံစံများကို ပေါင်းစပ် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ သင်္ဘောက အပြင်ကနေကြည့်ရင် တိုက်တန်းနစ် သင်္ဘောနဲ့ ပုံစံတူပေမယ့် အတွင်းမှာကျ ခေတ်မှီ ဟိုတယ်တစ်ခု ဖြစ်နေပါတယ်။ အတွင်းမှာ အော်ပရာမှာ ဆိုရင်လည်း တိုက်တန်းနစ် ရုပ်ရှင်ထဲမှာ နာမည်ကြီး ပြကွက်နဲ့ ဇာတ်ဝင်ခန်းများကို ပြန်ပြတာမျိုး၊ တန်ဂိုး အကနဲ့ ဖျော်ဖြေတာမျိုးတို့ ရှိပါတယ်။ လီယိုနာဒိုနဲ့ ကိန်းဝင်းစလတ် တို့ရဲ့ လက်နှစ်ဖက် ဖြန့်ထားတဲ့ ပုံစံကို ပြုလုပ်ရန်လည်း romantic နေရာကို ဖန်တီးထားပါတယ်။



တိုက်တန်းနစ် သင်္ဘောတုန်းက လူဦးရေ ၂၂၀၀ ကျော် လိုက်ပါနိုင်သလို ယခု တိုက်တန်းစနစ်ပုံစံ ဟိုတယ်ကလည်း တည်းသူနဲ့ ဝန်ထမ်းအပါအဝင် ယင်းလူဦးရေ အရေအတွက်လောက်ထိများနိုင်ပါတယ်။


 



ဖိုးသူတော်(www.phothutaw.com)
Credit : yoyarlay

No comments:

Subscribe

လာလည်သူများ

free counters