♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 26, 2015

" မလုံ့တလုံ ဝတ်စားပြီး ဓာတ်ပုံရိုက်တဲ့ လေယာဉ်မယ်ကို အလုပ်မှ ထုတ်ပယ် "

ခန္ဓာကိုယ် အသားပေး ဓာတ်ပုံများ နှင့် သီချင်း ဗီဒီယိုအား ရိုက်ကူးခဲ့သူ တူ ရကီ လေယာဉ်မယ်အား လေကြောင်း လိုင်းပိုင်ရှင် က အလုပ်မှ ထုတ်ပယ်ခဲ့ ကြောင်း သိရ သည်။
အီတလီ မဂ္ဂဇင်း၏ ဂေါ့သစ်စတိုင် ဓာတ်ပုံ ဖန်တီးမှုတွင် အသက် ၃၁ နှစ် အရွယ် Zuhal Sengul သည် ခန္ဓာ ကိုယ်အလှ ပေါ်လွင်သော မလုံ့တလုံ ဓာတ်ပုံများ ရိုက်ကူး သည့် အတွက် အဆို ပါ တူရကီ လေကြောင်းလိုင်း မှ ထုတ် ပယ်ခဲ့ခြင်း ဖြစ်သည်။
 လေယာဉ်မယ် များအား ရိုးရှင်း သော သွင်ပြင် ပုံစံကိုသာ လက်ခံအား ပေးသည့် အနေဖြင့် အဆိုပါ လေယာဉ် မယ်အား အလုပ် မှ ထုတ်ပယ်ခဲ့ခြင်း ဖြစ် သည်။
”ရိုးရိုးရှင်းရှင်း မိတ်ကပ်အပြင် အဆင်၊ သန့်ရှင်း သပ်ရပ်တဲ့ ပုံစံကသာ ဝန်ဆောင်မှု ကဏ္ဍက ဝန်ထမ်းတွေနဲ့ ပိုမို သင့်တော်ပါတယ်” ဟု အဆို ပါလေ ကြောင်းလိုင်း ၏ ကြေညာချက်တွင် ရေးသား ဖော်ပြထားသည်။
မစ္စ Zuhal အား အလုပ် ထုတ်ပယ် ခြင်းသည် တူရကီနိုင်ငံ၏ ရိုးရာ ဝတ်စုံ တန်ဖိုးထားမှု အပေါ် လုပ်ဆောင်ရာ၌ တွန်းအား သဖွယ် ဖြစ်လာနိုင်ကြောင်း နှင့် တူရကီနိုင်ငံ သည် ပိုမိုရှေးရိုး စွဲပြီး ဘာသာတရား

ကို ကိုင်းရှိုင်း လာကြောင်း လေကြောင်း ဆိုင်ရာ အလုပ်သမား သမဂ္ဂ ဥက္ကဌက ဆိုသည်။

ယမန်နှစ်က အဆိုပါ လေကြောင်း လိုင်းသည် ဝန်ထမ်း အမျိုးသမီးများအား နှုတ်ခမ်းနီ ဆိုးခြင်းကို တားမြစ်ခဲ့သည်။ သို့ရာတွင် ဆိုရှယ် မီဒီယာများက ယင်း ကိစ္စ အပေါ် မကျေနပ်သံ များ ထွက်ပေါ် လာပြီးနောက် ယင်း တားမြစ်ချက်ကို ပြန်ဖျက်ပေးခဲ့ ရသည်။


Credit : http://www.thefreenote.com/2014/12/blog-post_72.html?m=1

 
Turkish လေယာဉ်မယ် 
 

ဓါတ်ပုံ ..ရောရောသမမွှေ

No comments:

Subscribe

လာလည်သူများ

free counters