♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 27, 2015

" ချစ်သူကောင်မလေးကို အဝှါပြုရင်း စိတ်မထိန်းနိုင်ပဲ ကိုက်ခဲ့တဲ့ အတွက် အဖမ်းခံရတဲ့ ကို မောင်မောင်ဘူး "


အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ချစ်သူ ကောင်မလေးကို ချစ်တင်းနှီးနှောရင်း ကိုက် ခဲ့တဲ့အတွက် အကြမ်းဖက်မှု နဲ့ အဖမ်းခံထားရပါတယ်။

အသက် ၂၄ နှစ်အရွယ် Samuel Price ဆိုသူဟာ သူ့ရဲ့ အသက် ၂၀ အရွယ် ချစ်သူကောင်မလေး Elizabeth Sandlin နဲ့ ချစ်တင်းနှီးနှောနေစဉ်မှာပဲ လက်လွန် ကာ အကြမ်းဖက်မှု အသွင်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

သူတို့ စုံတွဲဟာ ချစ်သူများနေ့မှာ စာတိုတွေ အပြန်အလှန်ပေးပို့ခဲ့ပြီးနောက်မှာမှ အတူတူ အိပ်စက်ခဲ့ကြတာဖြစ်တယ်လို့ ဆိုထားကြပါတယ်။

မြောက် ဝေလ ပြည်နယ် ၊ Mold မြို့မှာရှိတဲ့ Magistrates တရားရုံးမှာ ထွက်ဆိုကြားနာခဲ့ရတာကတော့ Sandlin ဟာ Price က သူမကို လည်ပင်းကို ကိုက်ပြီး ဆံပင်ကို ဆွဲခဲ့တဲ့အတွက် သူမငိုခဲ့ရတယ်လို့ ထွက်ဆိုခဲ့ပါတယ်။

အဲဒီအချိန်မှာ အရက်မူးနေတဲ့ Price က သူမကို အိပ်ယာ ထဲ ပြန်လာဖို့ ခေါ်ခဲ့ပြီး အဲဒီတစ်ကြိမ်မှာတော့ သူမရဲ့ တင်ပါးနဲ့ ပေါင်တွေကို ကိုက် ခဲ့တဲ့အတွက် ကြီးမားတဲ့ အနာရွတ် တွေဖြစ်လာခဲ့ပါတယ်တဲ့။

မနက် ၄ နာရီခွဲလောက်မှာတော့ Sandlin ဟာ တက္ကစီနဲ့ အိမ်ကိုပြန်သွားခဲ့ပြီး ဂါတ်ကို ဖုန်းဆက် အကြောင်းကြားခဲ့တာပဲ ဖြစ်ပါတယ်။

Price ကတော့ အဖမ်းခံရတဲ့အခါမှာ အကြမ်းဖက်မှုဆိုတာကို ငြင်းဆိုခဲ့ပြီး သူမကို စိတ်ပါအောင် နှိုးဆွပေးနေခြင်းသာ ဖြစ်တယ်လို့ထွက်ဆိုခဲ့ပါတယ်။ ဒါပေမယ့် Sandlin ရဲ့ တင်ပါးနဲ့ပေါင် မှာ ရှိတဲ့ အကိုက်ခံထားရတဲ့ ဒဏ်ရာတွေရဲ့ ဓါတ်ပုံတွေကို တွေ့တဲ့အခါမှာတော့ တရားရုံးက အကြမ်းဖက်မှု အဖြစ် သတ်မှတ်ပြီး ဒဏ်ငွေ ပေးဆောင်စေခဲ့ပါတယ်။

Price ဟာ နာရီ ၄၀ စာ လစာ မရပဲ အလုပ်လုပ်ရမှာဖြစ်ပြီး ဒဏ်ငွေအနေနဲ့ စတာလင်ပေါင် ၂၀၀ အပြင် Sandlin ကိုလည်း လျော်ကြေးအနေနဲ့ စတာလင်ပေါင် ၈၄၀ ပေးဆောင်ခဲ့ရပါသေးတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref & Credit : www.knowledge.thithtoolwin.com

No comments:

Subscribe

လာလည်သူများ

free counters