♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 1, 2015

" တရုတ်လူမျိုးတစ်ဦး ခြင်ကိုက်ခံရပြီးနောက် မျက်နှာ ပူဖောင်းလို ဖူးရောင်လာ "

ခြင်တစ်ကောင်ကြောင့် ဒုက္ခ ရောက်သွားသူကတော့  အသက် (၃၀)နှစ် အရွယ်ရှိ တရုတ်နိုင်ငံသား Mr Zhang ဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ အရှေ့ပိုင်း ကျန်ဆုအရပ် ဒေသမှာ နေထိုင်တဲ့  Mr Zhang ဟာ မေလ ကုန်ခါနီးမှာ ကိုက်ခံရတဲ့ ခြင်ကြောင့် မျက်နှာတစ်ခုလုံး ရောင်ယမ်းနေပြီး ပူဖောင်းလို ဖြစ်နေလို့ ဆရာဝန်တွေ ကိုယ်တိုင် အံ့အားသင့် သွားခဲ့ပါတယ်။
Mr Zhang ဟာ အလုပ်မှာ ရှိနေစဉ်အတွင်း ကိုက်ခံရတာ ဖြစ်ပြီး အစောပိုင်းမှာ မဆိုစလောက်လေး ယောင်ကိုင်းနေပေမယ့် နှစ်လ ကြာပြီးတဲ့ နောက်မှာတော့ မျက်နှာတစ်ခုလုံး ယောင်ယမ်းလာပြီး လုံးဝ လျော့ကျခြင်း မရှိတာကြောင့် ဆေးရုံမှာ လာရောက် ကုသမှု ခံယူခဲ့ရကြောင်း သိရပါတယ်။

ဆရာဝန်တွေကတော့ Mr Zhang ဟာ ကူးစက်တတ်တဲ့ ရောဂါမျိုးမပာုတ်ဘဲ ခြင်ကိုက်ခံရမှုကြောင့် အဆိပ်တက်ပြီး ဒီလိုဖြစ်သွာခြင်း ဖြစ်ကြောင်း၊ အခြားဆက်စပ်တဲ့ ရောဂါတွေလည်း

ရှာမတွေ့ကြောင်း၊ ရေခဲအုံပေးပါကတဖြည်းဖြည်း လျော့သွားမယ်လို့ မျှော်လင့်ရကြောင်း ဟြေကြားခဲ့ပါတယ်။

Mr Zhang ဟာ ဇွန် (၁၅)ရက်မှာ အဖျားရောဂါ ရရှိခဲ့ပေမယ့် ခြင်ကိုက်မှုနဲ့ ဆက်စပ်တဲ့ ဝေဒနာတွေ မရှိကြောင်း သိရပါတယ်။ ဆရာဝန်တစ်ဦးက Mr Zhang ဟာ အလွန်ဆိုးရွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း၊ သို့သော် စိုးရိမ်စရာ အခြေအနေ မပာုတ်ကြောင်း ဟြေကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ Mr Zhang ဟာ  အိမ်မှာ အနားယူပြီး ဆေးကုသမှုတွေ ပြုလုပ်နေပြီး အကောင်းဆုံး ကုထုံးတွေနဲ့ ကုသခွင့်ရဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။

Credit : ဖိုးသူတော်(www.phothutaw.com)
Credit : messenger

No comments:

Subscribe

လာလည်သူများ

free counters