
ပါဝင်ပစ္စည်းများ
ရွှေကြည်မှုန့် ၁ ပေါင်
ထောပတ် ၃ဇွန်း( ထမင်စားဇွန်း)
သကြား ၁/၂ ပေါင်
နို့ ၁ ဖန်ခွက်
နို့ဆီ ၁/၂ ဗူး
ကော်ဖီမိတ် ၁ခွက် (coffee mate) နို့မှုန့်လိုပါပဲ
ရေဆူ ခန့်မှန်း
အုန်းသီး အနည်းငယ်
ဘိန်းစေ့ အနည်းငယ်
ပြုလုပ်နည်း
ဒယ်အိုးတည်ပြီး ထောပတ်( Ghee) ထမင်းစားဇွန်း (၃) ဇွန်းထည့်။ ပူလာရင် သစ်ကြားစေ့(မထည့်ရင် လည်းရပါတယ်။ အိမ်မှာ ပိုနေလို့ပါ) ကို သေးသေးလေးတွေ လုပ်ပြီးကြော်ပါတယ်။ နီဝါရောင်လေး သန်း လာ ရင် ဆယ်ထား။ ကျန်တဲ့ ထောပတ်ထဲ ရွှေကြည်မှုန့်ထည့်ပြီး လှော်ပါတယ်။ ရွှေကြည်လည်း နီဝါရောင် လေး ဖြစ်လာရင်၊ သကြား၊ နို့ဆီ၊ နို့ ၊ ကော်ဖီမိတ် (Nestle) ထည့်ပြီး ရောမွှေပါတယ်။ ရေဆူထည့်ပြီး မွှေ ပေး ရေခန်းသွားရင် မုန့်သား ရမရ လက်လေးနဲ့ချေကြည့်။ ကျမကတော့ ပါစပ်ထဲ ထည့်ပြီး ကြည့်ပါတယ်း) သစ်ကြားစေ့တွေ ထည့်မွှေပြီး မုန့်သား ရလာရင် ဖုတ်မဲ့ အိုးထဲထောပတ်သုတ်ပြီး ရွှေကြည်တွေလောင်း ထည့်၊ မုန့်မျက်နှာပြင်ညီအောင်ညှိပြီး ဘိန်းစေ့၊
အုန်းသီးဖတ်တွေ ဖြူးပြီး အိုဗင်ထဲ မိနစ် ၂၀ ဖုတ်ပါ။ 350 Fံပါ။
ပုံပါဆနွင်းမကင်းမွှေးမွှေးလေးရရှိမှာဖြစ်ပါတယ်။

အန်တီတင့်ရဲ့ ဆနွင်းမကင်း

ပါဝင်ပစ္စည်း
ဂျုံရွှေကြည်မှုန့်၊
နွားနို့၊
အုန်းနို့၊
ကြက်ဥ၊
ဂီးထောပတ်၊
သကြား၊
ဘိန်းစေ့၊
နို့စိမ်း (အစိမ့် နှစ်သက်သူများအတွက်သာ) တို့ဖြစ်ပါတယ်။

ပြုလုပ်နည်း
ကြက်ဥကို ပန်းကန်တစ်ခုတွင် ခလောက်ပြီး ဂျုံရွှေကြည်မှုန့် နွားနို့၊ အုန်းနို့၊ သကြား နို့စိမ်း တို့နဲ့ရောမွှေပါ။

မွှေပြီးလျှင် ဂီး ထောပတ်ကိုထည့်ပြီး ဆက်မွှေပါ။


ဒန်အိုးတစ်လုံးတွင် မွှေပြီးမုန့်ရည်ကိုထည့်ကာ မီးဖြင့်အပူပေးပါ။



အောက်ခြေမကပ်အောင် တစ်ချက်တစ်ချက် မွှေပေးပါ (သစ်သားယောင်းမနှင့် သုံးကပိုအဆင်ပြေပါတယ် မရှိလျှင်လည်း အဆင်ပြေတာနဲ့သုံးလို့ရပါတယ်)
အရည်ပစ်လွန်းလျှင် နွားနို့ထပ်ရောလိုက်ပါ။
မုန့်ရည် ပွက်လာလျှင် စဉ်ဆက်မပြတ်မွှေရပါတော့မည်။
အချိန် ကြာလာလျှင် အနံ့မွှေးလာမည် မရသေးပါ။ဆက်တိုက်မွှေပေးပါ။
အိုးတွင် မုန့်နှစ်များ ထွက်လာသော ဂီး ထောပတ်ဆီနှင့်အတူ လိုက်၍ပတ်ချာလည်လာလျှင် ဂီးထောပတ်သုတ်ထားသော မုန့်ထည့်ဘန်းသို့ လောင်း ထည့်လိုက်ပါ။
မျက်နှာပြင်ညှိပေးပြီး အပေါ်မှ ဘိန်းစေ့လေးများ ဖြူးခြင်းဖြင့် ဆနွင်းမကင်းတစ်ဘန်းရပါပြီ။
(မီးသွေးမီးခဲရဲရဲနဲ့ ဆနွင်းမကင်းအိုး အပေါ်ဖက်ကို တင်ပြီး မီးအုံးပေးရင် အရောင်ပိုလှပါတယ်)
Credit : Myanmar Traditional Food
No comments:
Post a Comment