♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 27, 2015

"ကျုပ်ကားထဲမှာ အဲဒါကို ကျုပ်မိန်းမ တွေ့ကတည်းကပဲဗျာ" ( ဟာသ )

လုပ်ငန်းခွင်ထဲမှာ အမျိုးသားတစ်ဦးဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် အမျိုးသားတစ်ဦး နားကပ်တစ်ဖက်
ဝတ်ထားတာကို သတိထားမိလိုက်ပါတယ်။

သူငယ်ချင်းဖြစ်သူဟာ ဖက်ရှင်နဲ့ ပတ်သက်ပြီး အထူးအဆန်းတွေလုပ်တာ စိတ်မ၀င်စားတတ်သူမို့
ခုလို ရုတ်တရက် ပြောင်းလဲလာတဲ့ အပြင်အဆင်ကိုကြည့်ပြီး စိတ်ဝင်စားသွားပါတော့တယ်။

အမျိုးသား ၁ - "ခင်ဗျား နားကပ်ဝတ်ရတာ ကြိုက်မှန်း ကျွန်တော် မထင်မိဘူးဗျာ"

အမျိုးသား ၂ (ရှက်ကိုးရှက်ကန်း အမူအရာနဲ့) - "နားကပ်လေး တစ်ဖက် ၀တ်ထားတာကို
ထူးထူးဆန်းဆန်းတွေ တွေးမနေပါနဲ့ဗျာ"


အမျိုးသား ၁ (ခဏအသံတိတ်သွားပြီး သိချင်စိတ်ကို မထိန်းနိုင်ဟန်နဲ့) -"ဒီနားကပ်ကို
ဘယ်တုန်းက တပ်လိုက်တာလဲဗျ.. ဟင်"

အမျိုးသား ၂ - "ကျုပ်ကားထဲမှာ အဲဒါကို ကျုပ်မိန်းမတွေ့ကတည်းကပဲဗျာ"

 


Credit : ဖိုးသူတော် (www.phothutaw.com)
Credit : mmtimes

No comments:

Subscribe

လာလည်သူများ

free counters