♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 29, 2015

" ချစ်သူရဲ့ စိတ်ကုန်မှုကို မရရှိအောင် ရှောင်ရှားနိုင်မယ်ဆိုရင်......"

ဒီစာလေးကတော့ချစ်သူကိုအမြဲလက်တွဲဖို့ရည်ရွယ်ထားတဲ့သူတွေဖတ်ဖို့ရေးလိုက်တာပါ။ ချစ်သူတွေဖြစ်
လာပြီးဆိုရင်အချင်းချင်းပဋိပက္ခဖြစ်လို့စိတ်ညစ်ရတာတွေတော့ရှိကောင်းရှိမှာပါ။   ဒါပေမယ့်သင့်ကြောင့် 
လွန်ကြူးတဲ့စိတ်ညစ်စရာတွေ များလာရင်တော့ သင့်ရဲ့ချစ်သူက သင့်ကိုစိတ်ကုန်တဲ့ အဆင့်ရောက်လာပါ
လိမ့်မယ်။  စိတ်ကုန်တာတွေ စုလာရင်တော့ သင့်ကိုစိတ်ထဲက ပါထုက်လိုက်ပါလိမ့်မယ်။ ဒါကြောင့်ချစ်သူ
ရဲ့စိတ်ကုန်ခြင်း မခံရလေအောင်၊ ချစ်သူကို စိတ်မညစ်စေရအောင် အတက်နိုင်ဆုံး ဂရုစိုက်သင့်ပါတယ်

အလွန်အမင်းသ၀န်တိုခြင်းကိုရှောင်ကြဉ်ပါ။

တကယ်တော့သ၀န်တိုတယ်ဆိုတာကအချစ်ကြီးလို့ဖြစ်လာရတဲ့ခံစားမှုမျိုးပါ။သင့်တင့်မျှတသော
သ၀န်တို
ခြင်းကတော့ သင့်ချစ်သူသင့်ကို ပိုချစ်အောင် စွမ်းဆောင်ပေးနိုင်ပေမဲ့၊ သူ့ရဲ့ သိက္ခာနဲ့အရှက်ပါထိခိုက်စေ
လောက်အောင်သ၀န်ကြောင်လာရင်တော့သင့်ချစ်သူ့ကသင့်ကိုစိတ်ကုန်သွားပါလိမ့်မယ်။

သဘောထားမကွဲလွဲအောင်ဂရုစိုက်ပါ။
သင့်ချစ်သူရဲ့ဆုံးဖြတ်ချက်တစ်ခုကမမှားဘူးဆိုရင်၊သင်လက်ခံနိုင်တဲ့အတိုင်းအတာတစ်ခုမှာပဲဆိုရင်တော့
သင့်သဘောထက်ချစ်သူရဲ့သဘောထားကိုအတက်နိုင်ဆုံးလိုက်လျောပေးပါ။ဒါမှလဲသဘောထားချင်း
ကိုက်ညီမှုရပြီးချစ်သူနဲ့အဆင်ပြေနိုင်ပါ။ဒီနေရာမှာသူ့သဘောတရားကိုလက်ခံနိုင်ရဲ့သားနဲ
ကိုယ့်စိတ်တိုင်းကျမဖြစ်လို့အပြင်းအထန်မဆန့်ကျင်ပါနဲ့။ချစ်သူကိုနားမလည်ပဲသင်ထင်တာတွေ
ကိုပဲတယူသန်နေရင်တော့သင့်ချစ်သူကသင့်ကိုစိတ်ကုန်သွားပါလိမ့်မယ်
 
ချစ်သူကိုလျစ်လျရှူမထားမိပါစေနဲ့

မင်းအချိန်တွေကိုလဲချစ်သူအတွက်ပေးနိုင်အောင်ကြိုးစားပါ။တကယ်လို့မင်းကအရမ်းအလုပ်များတဲ့သူဖြစ်ရင်တောင်သီးသန့်အချိန်တော့ပေးနိုင်ပါစေ။တကယ်လို့ချစ်သူကိုအချိန်မပေးနိုင်တဲ့အကြောင်းပြချက်နဲ့လျစ်လျူရှူထားမိရင်တော့ သူ့အနေနဲ့ပထမဆုံးဝမ်းနည်းခံစားရမှာပါ။
လျစ်လျုရှုတာ များလာရင် သူ.အနေနဲ့ဝမ်းနည်းတာတွေကဒေါသအဖြစ်ပြောင်းလဲပြီးသင့်ကိုစိတ်ကုန်သွားပါလိမ့်မယ်။


Credit :  ဖိုးသူတော် (www.phothutaw.com)
Credit : Original up-loader

No comments:

Subscribe

လာလည်သူများ

free counters