♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 1, 2015

" ဦးနှောက်ကို ဘယ်အရာတွေက တဖြည်းဖြည်း ပျက်စီးစေတာလဲ.... မောင်"

စာရိုက်တဲ့အခါ အမှားတွေ များ လာတာမျိုး၊ အရင်ကလောက် စိတ်ကူးစိတ်သန်းတွေ မကောင်း တော့တာမျိုး စတာတွေ ကြုံလာ ရခြင်းဟာ ဦးနှောက်ဆဲလ်တစ်ခုခု ယိုယွင်းလာတာကို သတိပေး လိုက်တာပါပဲ။ နေ့စဉ်လုပ်မိတဲ့ အရာတွေကနေ ဦးနှောက်ကို တဖြည်းဖြည်း ပျက်စီးစေနိုင်တာ ကြောင့် ထပ်မလုပ်မိရလေအောင် ဖော်ပြပေးလိုက်ပါတယ်။
နေထိုင်မကောင်းဖြစ်ရင် ဆရာဝန်တွေ အကြံပြုသလို စိတ် ရောကိုယ်ပါ ကောင်းကောင်းနား နေဖို့ လိုပါတယ်။ နေမကောင်း ဖြစ်တဲ့အချိန်မှာ ဦးနှောက်ဟာ အ လုပ်တွေ ပိုလုပ်ရတာကြောင့် အတွေးနယ်ချဲ့ပြီး စဉ်းစားတာမျိုး တွေ ရှောင်ပြီး အိပ်စက်အနားယူ သင့်ပါတယ်။

အလုပ်သွားဖို့ အချိန်နီးလို့ ကတိုက်ကရိုက်လုပ်ရင်း မနက် စာလွတ်သွားတာမျိုးတွေအဖြစ် များလာရင် ဦးနှောက်ဆီကို အာ ဟာရရောက်တာနည်းပြီး ဦး နှောက်စွမ်းဆောင်ရည်တွေ လျော့ကျစေနိုင်ပါတယ်။ မနက်စာ မစားဘဲ နေတာဟာ သွေးတွင်း သကြားဓာတ်ကို လျော့ကျစေတဲ့ အပြင် ဦးနှောက်ကျန်းမာစေဖို့ လိုအပ်တဲ့အာဟာရတွေ ယုတ် လျော့ကုန်တာမို့ မနက်စာတော့ ပုံမှန်စားပေးဖို့ လိုအပ်ပါတယ်။
နောက်တစ်ချက်ကတော့ အစားစားလွန်းတာပါ။ ခန္ဓာကိုယ် အတွက် လိုအပ်တာထက်ပိုပြီး စားရင် အင်ဆူလင်ထုတ်လုပ်မှု ကို ပြဿနာရှိနိုင်ပါတယ်။ ဒါနဲ့ ဆက်စပ်ပြီး အ၀လွန်၊ ဆီးချိုရော ဂါတွေဖြစ်နိုင်လို့
လိုတာထက် ပို မစားဖို့ရှောင်ရပါမယ်။

ဦးနှောက်ဟာ ရေဓာတ်လုံလောက်စွာရဖို့ လိုတာကြောင့် ရေမသောက်ဘဲ အကြာကြီးနေတာ မျိုးက ဦးနှောက်ဆဲလ်တွေကို ထိ ခိုက်စေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်လိုအပ်နေရင် ဦးနှောက် က နေပြန်လည်စုပ်ယူတာကြောင့် ရေများများ သောက်ပေးဖို့ လို အပ်ပါတယ်။
သွေးတွင်းသကြားဓာတ် တွေ မြင့်လွန်းရင် မှတ်ဉာဏ်နဲ့ သင်ယူနိုင်စွမ်းတွေကို ထိခိုက်နိုင် တာမို့ အချိုတွေ စားလွန်းတဲ့ အ လေ့အထကို ရှောင်ရပါမယ်။ ဦး နှောက်ကို စိတ်ဖိစီးမှုက အဆိုးရွား ဆုံး ထိခိုက်နိုင်တာမို့ စိတ်ဖိစီးမှု မဖြစ်ဘဲ တက်ကြွလန်းဆန်းနေ အောင် ပြင်ဆင်ထားဖို့ လိုအပ်ပါ တယ်။

အိပ်မပျော်လို့ တစ်ညလုံး ချက်တင်ထိုင်တာ၊ ရုပ်ရှင်ကြည့် တာတွေကလည်း ဦးနှောက်ကို ထိခိုက်စေတာကြောင့် အိပ်ချိန် မှန်မှန် ရှိနေစေဖို့လည်း လုပ် ဆောင်ရမှာပါ။ နောက်တစ်ချက် ကတော့ ဆေးလိပ်သောက်တာ ပါ။ ဆေးလိပ်သောက်တာ ကြာ လာလေ မှတ်ဉာဏ်အတွက် ဆိုး ကျိုးပေးလာလေပဲ ဖြစ်ပါတယ်။ ဦးနှောက်ကို အနားမပေးဘဲ တစ် ချိန်လုံးထိုင်ပြီး တီဗီကြည့်တာမျိုး၊ ဂိမ်းကစားတာမျိုးတွေကို တတ် နိုင်သမျှ လျှော့ချဖို့ လိုအပ်ပါ တယ်။
Ref: healthmeup

Credit : http://www.7daydaily.com/story/43070

No comments:

Subscribe

လာလည်သူများ

free counters