♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 28, 2015

" ဆူရှီ စားပုံစားနည်း "

ဆူရှီကို အနောက်တိုင်းအစားအစာ ဆန်းဝှစ်ရှ်လိုမျိုး သဘောထားနိုင်ပါတယ်။ သယ်ယူလို့
လွယ်ကူတယ်၊ အလွယ်တကူ စားသုံးနိုင်တယ်၊ အဓိကအစားအစာအနေနဲ့ စားသုံးနိုင်သလို
အမျိုးအစားစုံလည်း ရနိုင်ပါတယ်။

သင်က ခုမှ ဆူရှီကို စားပြီးမြည်းစမ်း ကြည့်သူဆိုရင် (သို့) ဆူရှီစားပုံစားနည်းတွေနဲ့
သိပ်ပြီးအကျွမ်းတ၀င် မရှိသေးဘူးဆိုရင် အောက်မှာဖော်ပြပေးတဲ့ ဆူရှီစားသုံးနည်းလေးကို
ဖတ်ကြည့်လိုက်ပါ။

နောက်တစ်ခါ ဆူရှီသွားစားဖြစ်တဲ့အခါ ခုနည်းလမ်းလေးတွေကို ပျော်ပျော်ကြီး အသုံးချလိုက်ပေါ့။


အပြင်ထမင်းပတ်ဆူရှီ 
အပြင်ထမင်းပတ်ဆူရှီ
 
၁။ ဆူရှီတစ်ခုကို တစ်လုတ်တည်းပဲ စားပါ။ နှစ်ကိုက်စားမယ်ဆိုလည်း လက်ခံနိုင်ပါတယ်။ ဒါပေမဲ့
ကိုက်ပြီးသား ဆူရှီတစ်ဝက်ကို ပန်းကန်ထဲ ပြန်မထည့်ပါနဲ့။ ဆူရှီတစ်ခုကို တူနဲ့ ကောက်ယူလိုက်ပြီ
ဆိုတာနဲ့ တစ်ခါတည်းနဲ့ စားနိုင်သလို တစ်ဝက်ကျန်နေသေးရင်လည်း ဆက်စားဖို့ အဆင်သင့်
တူနဲ့ ညှပ်ကိုင်ထားပါ။


အပြင်ရေညှိပတ်ဆူရှီ 
အပြင်ရေညှိပတ်ဆူရှီ
 
၂။ ပဲငံပြာရည်အများကြီး မစားပါနဲ့။ ငံပြာရည်ခွက်ထဲ ဆူရှီကို နှစ်ပြီးတို့တယ်ဆိုတာ အစားအစာ
ပြင်ပေးတဲ့သူကို စော်ကားရာရောက်ပါတယ်။ အကြောင်းကတော့ ဆူရှီက အရသာမရှိလို့
ပဲငံပြာရည်အများကြီး တို့စားရတယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်လို့ပါပဲ။ ဒီတော့ အနံ့လေးရရုံ
အနည်းငယ်လောက်ပဲ တို့စားပါ။


အသုပ်ပုံစံဆူရှီ 
 အသုပ်ပုံစံဆူရှီ
 
၃။ Nigirisushi (အသားစိမ်းဆူရှီ) ကို စားတော့မယ်ဆိုရင် ဆူရှီကိုယူလိုက်ပြီး အပေါ်ပိုင်း
(အသားတင်ထားတဲ့အပိုင်း)ကို ပဲငံပြာရည်နဲ့ တို့ရပါမယ်။ ပါးစပ်ထဲ ထည့်တဲ့ အခါမှာတော့
ဖင်ပိုင်း(ထမင်းအပိုင်း)ကို ဦးဆုံးထည့်ပါ။ ဒီလိုဆိုရင် ဆူရှီထဲက ငါးကို လျှာက သေသေချာချာ
အရသာခံမိစေမှာပါ။ နောက်တစ်ချက်က ပဲငံပြာရည်က ထမင်းတွေကို အတုံးလိုက်ကနေ
ပုံစံပျက်သွားစေနိုင်ပါတယ်။



 
၎။ သင်နေရာယူပြီးတဲ့အခါ အရှေ့မှာ လာချပေးတဲ့ ရေစိုအ၀တ်ငယ်ကို အသုံးပြုပါ။
အစာမစားခင်နဲ့ စားပြီးနောက်ပိုင်းမှာ လက်ချောင်းတွေကို သန့်စင်နိုင်ဖို့ ဖြစ်ပါတယ်။ အ၀တ်ကို
အသုံးပြုပြီးတဲ့အခါ ခေါက်ပြီး သူ့နေရာမှာ ပြန်ထားပါ။ (ပုံမှန်အားဖြင့် ခြင်းတောင်းငယ် (သို့)
လင်ပန်းထဲမှာ ထည့်ထားတတ်ပါတယ်) အစားစားနေချိန်မှာလည်း လိုအပ်ရင် အသုံးပြုနိုင်ပါတယ်။
အဲဒီအ၀တ်စိုနဲ့ သင့်မျက်နှာကို သုတ်တယ်ဆိုရင်လည်း ဒါဟာ ယဉ်ကျေးတဲ့အပြုအမူပဲ ဖြစ်ပါတယ်။

၅။ သင့်ရဲ့လက်ချောင်းတွေကို တူ၊ ဇွန်းအစား အသုံးပြုနိုင်ပါတယ်။ လူတော်တော်များများက တူကို
အသုံးပြုကြပေမယ့် ဆူရှီကို ရိုးရာဓလေ့အားဖြင့် လက်နဲ့ယူစားကြတာမို့ ဆိုင်တွေမှာလည်း
လက်နဲ့ ယူစားလို့ရပါတယ်။ မလုပ်သင့်တာကတော့ ခက်ရင်းနဲ့ ဓားကို မတောင်းမိဖို့ပါပဲ။ ဆူရှီက
အသားကင် မဟုတ်ဘူး။ တချို့ဆိုင်တွေကတော့ ခက်ရင်း၊ ဓားတောင်းတတ်တဲ့သူတွေကို
စိတ်ကျေနပ်စေချင်တာမို့ တောင်းတဲ့အခါ ချပေးတတ်ပါတယ်။ တချို့ကတော့ ဒီအပြုအမူကို
နည်းနည်းရိုင်းပျတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။

Nigirisushi ကို ပုံမှန်အားဖြင့် လက်နဲ့ စားကြပါတယ်။ သူ့ကို ဖိသိပ်ထည့်ထားတာ မဟုတ်လို့
တူနဲ့ ယူတယ်ဆိုရင် ပါးစပ်ထဲမရောက်ခင်မှာ အလိပ်ပြေကျသွားနိုင်ပါတယ်။

အပြင်မှာ ရေညှိပတ်ထားတဲ့ ဆူရှီလိပ်ပဲဖြစ်ဖြစ်၊ ရေညှိကိုအတွင်းဘက်မှာထားပြီး ထမင်းကို
အပြင်မှာ လိပ်ထားတဲ့ ဆူရှီကိုပဲဖြစ်ဖြစ် တူနဲ့ရော၊ လက်နဲ့ပါ ယူစားနိုင်ပါတယ်။

လိပ်မထားဘဲ ပန်းကန်ထဲမှာ အသုပ်ပုံစံမျိုးပြင်ပေးတဲ့ ဆူရှီပုံစံမျိုး (Chirashizushi) ကိုတော့
တူနဲ့ စားတာ ပိုကောင်းပါတယ်။ ဆိုင်က ခွင့်ပြုတယ်ဆိုရင်တော့ ခက်ရင်းနဲ့လည်း စားနိုင်ပါတယ်။

wikihow.com



Credit : http://myanmar.mmtimes.com/index.php/timeout/tea-break/14945-2015-06-30-17-20-15.html

No comments:

Subscribe

လာလည်သူများ

free counters