♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 28, 2015

" ချစ်သူတွေ ချိန်းတွေ့ချင်ရင်.. လူစည်ကားရာနေရာတွေမှာ ချိန်းတွေ့ကြပါ" (အန္တရယ်က မဖိတ်ခေါ်ပဲ လာတတ်လို့ ဖတ်ကြည့်ကြပါ)

 
(ချစ်သူတွေချိန်းတွေ့ကြမယ်ဆိုရင် စားသောက်ဆိုင်... လူများသော ပန်းခြံ...  စုံတွဲတွေ များသော ပန်းခြံ..တွေမှာ ချိန်းတွေ
့ကြတာ ပိုကောင်းပါတယ်.... အနမ်းမိုးတွေ တိတ်တခိုးရွာချင်တော့ ကိုယ်နေတဲ့အိမ်မှာ ချိန်းတွေ့ကြပေါ့...လူကြီးမိဘတွေ
ကို လည်း ကိုယ့်ချစ်သူဆိုတာကို တခါတည်းမိတ်ဆက်ပေးထားကြပေါ့...အိမ်ခန်းထဲမှာ ဖြောင့်ဖြောင့် ချိန်းတွေ့နိုင်တာပေါ့
....မိဘကိုကြောက်ရင် သူငယ်ချင်းအိမ်မှာ ချိန်းကြပေါ့....လူဆိတ်တဲ့ နေရာတွေမှာ အချိန်မတော် ချိန်းတွေ့ကြမယ်ဆိုရင်
 အခုလိုခေတ်အခါကြီးမှာ အသက်အန္တရာယ်သာမက အမျိုးမျိုး ဘေးဒုက္ခတွေ့ကြုံနိုင်ပါတယ်........အောက်ကသတင်း
လေးကို တချက်ဖတ်ကြည့်ပါ...)
 
အင်းစိန်မြို့နယ် အောင်ဇေယျတံတားပေါ်တွင် စုံတွဲတစ်တွဲကို ဓားထောက်ခြိမ်းခြောက် လုယက်ပြီး မိန်းကလေးအား အဓမ္မပြုကျင့်မှု ဖြစ်ပွားကာ ယင်းအမှုကို စုံစမ်းဖော်ထုတ်နေသည့် ရဲတပ်ကြပ်တစ်ဦး ဓားဖြင့် ခုတ်သတ်ခံရ

အင်းစိန်မြို့နယ် အောင်ဇေယျတံတားပေါ်၌ စကားပြောနေကြသည့် စုံတွဲတစ်တွဲအား အမျိုးသားတစ်ဦးက ဓားထောက်ခြိမ်းခြောက် လုယက်ကာ မိန်းကလေးဖြစ်သူအား သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းက သတင်းရရှိသည်။
ယင်းသို့ ဓားထောက်ခြိမ်းခြောက်ပြီး သားမယား ပြုကျင့်ခဲ့သည့်ဖြစ်စဉ်မှာ ဇူလိုင် ၂၅ ရက် ည ၉ နာရီခန့်တွင် အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်နေ အထည်ချုပ်စက်ရုံ တစ်ရုံတွင်လုပ်သည့် ကို....... (၂၀) နှစ် သည် ၎င်း၏ ချစ်သူဖြစ်သော မ.......(၂၀)နှစ် နှင့်အတူ ယင်းမြို့နယ် အောင်ဇေယျကြိုးတံတားပေါ်၌ စကားပြောနေ
ကြကြောင်း ကို.... ၏ ပြောပြချက်အရ သိရသည်။
“ကျွန်တော်တို့ စကားပြောနေတဲ့ အချိန်မှာ ကျွန်တော်တို့အနားကို အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ရောက်လာတယ်။ သူဆီမှာပါလာတဲ့ ငှက်ကြီးတောင်ဓားနဲ့ ကျွန်တော့်ကိုထောက်ပြီး ကျွန်တော့်ရဲ့ ဖုန်းနဲ့ ကျွန်တော့်ချစ်သူ ဖုန်းကိုတောင်းတယ်။ ပြီးတော့ ပိုက်ဆံတစ်သောင်းရယ်၊ ကျွန်တော့်ချစ်သူရဲ့ ကျပ် ၇၀၀၀၀ လောက်တန်တဲ့ နားကပ်တစ်ရန်ကိုယူတယ်” ဟု ကို..... (၂၀) နှစ်က The Daily Eleven သတင်းစာသို့ ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။
ယင်းနောက် ကို......နှင့် မ......တို့အား အဆိုပါအမျိုးသားက ယင်းတံတားပေါ်ရှိ ရဲကင်းထဲသို့ ခေါ်ဆောင်ကာ ကို......အား ၀မ်းလျားမှောက်ကာ ဓားဖြင့်ထောက်ထားခဲ့ပြီး ထိုအချိန်တွင် မ....... အား သားမယား ပြုကျင့်ကာ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
“ရဲကင်းကနေ သူမထွက်ခင်မှာ ကျွန်တော်တို့ကို ရဲမတိုင်နဲ့ တိုင်တယ်လို့ ကြားရင်တော့ သတ်ပြီးတော့ အစဖျောက်ပစ်မယ်လို့ ခြိမ်းခြောက်သွားတယ်။ သူ့ပုံစံကတော့ ပါးရိုးနည်းနည်းကြီးတယ်။ အရပ်က ၅ ပေ ၄ လက်မလောက်ရှိတယ်။ သွားဖုံးထူတယ်။ အသားညိုတယ်။ သူ့ကိုကျွန်တော်တို့ တစ်ခါမှ မမြင်ဖူးဘူး” ဟု ကို......က ဆက်လက်ပြောပြသည်
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ကို.... မှာ မ.......အား ခေါ်ဆောင်ကာ ၎င်း၏နေအိမ်သို့ ပြန်သွားခဲ့ပြီး ရပ်ကွက်ရုံး၌ လက်မှတ်ထိုး လက်ထပ်ယူခဲ့ကြောင်း သိရပြီး ဇူလိုင် ၂၆ ရက် နံနက်ပိုင်းတွင်မှ ကို..... အလုပ်လုပ်ရာ အထည်ချုပ်စက်ရုံမှ တာဝန်ရှိသူများ၏ အကူအညီဖြင့် ရဲစခန်းသို့ တိုင်တန်းအမှုဖွင့်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ အောင်ဇေယျတံတားပေါ်တွင် ဖြစ်ပွားခဲ့သည့် အခင်းဖြစ်စဉ်မှ ကျူးလွန်သူအား စုံစမ်းရန် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးဌာနမှ နယ်ထိန်းရဲတပ်ကြပ် ချစ်ကိုကိုမောင်သည် ဇူလိုင် ၂၆ ရက် ညနေ ၅ နာရီခွဲက အင်းစိန်မြို့နယ် ကမ်းနားလမ်း အနောက်ရပ်ကွက်၊ အောင်ဇေယျအိမ်ရာလမ်းရှိ လမင်းရိပ် အမည်ရှိ လက်ဖက်ရည်ဆိုင်ရှေ့တွင် ၁၀ အိမ်မှူးတစ်ဦးနှင့် စကားပြောနေခဲ့ကြောင်း သိရသည်။
ထိုစဉ် ယင်းမြို့နယ် ရွာမအနောက်ရပ်ကွက်နေ သက်အောင် (ခ) တက်ပု အသက် (၂၀) နှစ်ဆိုသူက ဓားရှည်အား ကိုင်ဆောင်၍ လည်းကောင်း၊ ရွာမအလယ် ရပ်ကွက်နေ ချစ်ကို (၂၇) နှစ်သည် စကေဘာအား ကိုင်ဆောင်၍ လည်းကောင်း ရောက်ရှိလာပြီး ရဲတပ်ကြပ်အား ၀ိုင်းဝန်းပြီး ဓားဖြင့်ခုတ်ကာ စကေဘာဖြင့် ထိုးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ရဲအရာတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ယင်းသို့ အခုတ်၊ အထိုးခံရမှုကြောင့် ရဲတပ်ကြပ်မှာ ဦးခေါင်းယာ ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဦးခေါင်းဝဲဘက် ပြတ်ရှ တစ်ချက်၊ ရင်ညွှန့်ထိုးသွင်း တစ်ချက်၊ ယာနို့ထိုးသွင်း တစ်ချက်၊ ၀ဲလက်ထိုးသွင်းတစ်ချက်၊ ယာနံဘေး ထိုးသွင်းနှစ်ချက်၊ ယာခါး ထိုးသွင်းတစ်ချက်၊ ၀ဲပခုံးအခုတ်ခံရမှု လေးချက်၊ ယာပခုံး အခုတ်ခံရမှုတစ်ချက်၊ ၀ဲဒူးအခုတ်ခံရမှု တစ်ချက်၊ ညာဒူးအခုတ်ခံရမှု တစ်ချက် စုစုပေါင်း ဓားခုတ်ဒဏ်ရာနှင့် ထိုးသွင်းဒဏ်ရာ ၁၅ ချက် ရရှိကာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
..

 Credit :        Eleven Media Group

No comments:

Subscribe

လာလည်သူများ

free counters